သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ

ပြီသိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြော
International-news

သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ

မောင်ယဿ ( စက်တင်ဘာ ၂၈ )

တိုင်းပြည်အကျိုးစီးပွား ကာကွယ်ဖို့နဲ့ ကိုယ်တိုင်းပြည်လုံခြုံရေးအတွက် စစ်တပ်တွေကို တည်ဆောက်တဲ့ နေရာ သိပ်ပြီး ရိုးသားပြနေစရာ မလိုဘူးလို့ ဥရောပနိုင်ငံတွေကို ပြင်သစ်သမ္မတက ဒီကနေ့ ပြောလိုက်ပါတယ်။

သူက ဂရိနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၅၀၀ ကျော်ဖိုး စစ်သင်္ဘော ၃စင်းကို ရောင်းချဖို့ အတွက်ဒီနေ့မနက် လက်မှတ်ထိုးပြီးနောက်မှာ အထက်ပါစကားကိုပြောလိုက်တာပါပဲ ။

ပြီးခဲ့တဲ့ ရက်တွေတုန်းက သြစတေးလျှကို ရေငုတ်သင်္ဘောရောင်းဖို့ အတွက် ပြော ပြီးဆိုပြီးမှာ အမေရိကန်နဲ့ ဗြိတိန်တို့ က ဖြတ်ခုတ်သွားလို့ မကျေမနပ်ဖြစ်ကာ အမေရိကန်နဲ့ သြစတေးလျှက ပြင်သစ်သံအမတ်တွေကို ပြန်ခေါ်တဲ့ ပူပူနွေးနွေး ကိစ္စအပြီးမှာ သူက ဂရိနိုင်ငံကိုစစ်သဘောင်္တွေ ရောင်းပြီး အဲ့ဒိစကားကို မကျေမနပ်ပြော လိုက်တာပါပဲ ၊
“ ဥရောပ နိုင်ငံတွေကိုပြောချင်တာက သိပ်ပြီး ရိုးသားပြမနေကြပါနဲ့ လို့ ဆိုတာပါပဲ ၊ နိုင်ငံရေးအာဏါဆိုတာ အခုလို ခက်ခက် ခဲခဲ ကာလတွေမှာ ဆိုရင် လက်နက်ပါဝါ ပေါ်မူတည်ပြီး စကားပြောရတာပါ။

ကျနော်တို့ က ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ် ၊ ကျနော်တို့ မှာ လက်နက်ပါဝါရှိတယ်ဆိုတာကို ပြဖို့အတွက် လိုအပ် နေပါ တယ်။ အဲ့ဒိလက်နက်တွေကို ထုတ်သုံး ဖို့ လို ဆိုလိုတာမဟုတ်ပါဘူး ၊

တည်ဆောက် တပ်ဆင် ထားတယ် ဆိုတာကို သိအောင်တော့ လုပ်ပြ ရမှာပဲ” လို့ သူက ဂရိဝန်ကြီးချုပ် ကာရီရာကော့် မစ်ဆိုတာကီနဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်ပွဲမှာ ဆိုသွားပါတယ်။

“ ကျနော်တို့ က အမေရိကန်နဲ့ လိုက်တွဲနေရတဲ့ မဟာမိတ် မဟုတ်ပါဘူး ၊ လိုက်ပြီး အစားထိုးစရာလည်း မလိုပါဘူး ၊ နေတိုးရဲ့ စစ်ရေးကိစ္စတွေကို ကိုယ်တိုင် တာဝန်ယူနိုင်ရမှာပါ။ ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ် ဆိုတဲ့ အစွမ်းအစ နဲ့ နိဂုံး ချုပ်ရမှာပါ” လို့လည်း ဆိုပါတယ်။

ဂရိအစိုးရက စစ်သင်္ဘော ၃စင်းအပြင် ပြင်သစ် ဖိုက်တာဂျက်တွေ ကိုလည်း ဝယ်ယူဖို့အတွက် သဘောတူညီချက်တွေ လုပ်ခဲ့ပါတယ်။ မြေထပြင်လယ်ဒေသထဲကို ထိုးထွက်နေတဲ့ ဂရိနိုင်ငံကို အကာအကွယ် ပေးဖို့အတွက် လည်း ပြင်သစ်က ဥရောပ သမဂ္ဂ ကို တောင်း ဆိုထားတာလည်းရှိပါတယ်။

REF: reuter,Photo :Credit  in cyprus

zawgyi


မောင်ယဿ ( စက်တင်ဘာ ၂၈ )








REF: reuter
Photo : in cyprus

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ
International-news
ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ မောင်ယဿ ( အောက်တိုဘာ၂ ) ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သောကြာနေ့က ထုတ်ပြန်ချက်အရ တရုတ်ဗုံးကျဲလေယာဉ်အစင်း ၂၀ ကျော်က ထိုင်ဝမ်လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာလို့ အမြန်ဆုံးထွက်ခွာပေးဖို့ သတိပေးလိုက် ရတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးရဲ့ အဆို အရ တရုတ်ဗုံးကျဲလေယာဉ်တွေ က အသုတ် ၂ သုတ်ခွဲပြီး ထိုင်ဝမ်လေပိုင်နက်ထဲကို ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပထမအသုတ်က ဗုံးကျဲလေယာဉ် ၂၅ စင်းပါပြီး အဲ့ ဒိလေယာဉ်တွေထဲမှာ နျူကလိယဗုံးတွေတင်တဲ့ လေယာဉ်တွေလည်း ပါပါတယ်။ ဒုတိယအသုတ် လေယာဉ် ၁၃ စင်းပါပြီး ညဖက်မှာဝင်ရောက်လာခဲ့တာလို့ လည်း ဆိုပါတယ်။ အဲ့ဒိလေယာဉ် …

ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ
International-news
ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ

ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ မောင်ယဿ ( အောက်တိုဘာ ၂ ) ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူ ဂါဗင်နယူးဆမ်က ပြည်နယ်အတွင်း ရှိ အစိုးရ ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ ၊ကျောင်းသားတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးခွင့်မရဘဲဖြစ်နေတဲ့အတွက် ကာကွယ်ဆေး ထိုးပေးဖို့လိုအပ်နေတဲ့အကြောင်း ဒီကနေ့ လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။ သူက ကလေးတွေကို ကာကွယ်ဆေးထိုးဖို့အတွက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါး အာဏါပိုင် အဖွဲ့ (FDA) အနေနဲ့ ခွင့်ပြုသင့်တဲ့ ကိစ္စတွေကို ခွင့်ပြုလို့ရရင် ခွင့်ပြုဖို့ မလိုအပ်ဘဲ နှောင့်နှေးမှု တွေကို မလုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ အမေရိကားမှာ အခြေခံအဆင့် စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး …

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …