သမိုင္းသင္႐ိုးၫႊန္းတမ္းထဲေရာက္သြားတဲ့ ကီႏူးရိဗ္
- By : Phoe Linn
- Category : International-news

သမိုင္းသင္႐ိုးၫႊန္းတမ္းထဲေရာက္သြားတဲ့ ကီႏူးရိဗ္
အေမရိကန္သမိုင္းမွာ မိုးေမွ်ာ္တိုက္ေပၚက ေန႔လည္စာ ဆိုတဲ့ဓာတ္ပုံ အထင္ကရရွိခဲ့ပါတယ္။ ၁၉၃၂ ခုႏွစ္တုန္းက နယူးေယာက္ခ္ၿမိဳ႕ ကို ေခာတ္သစ္ပုံစံျပဳျပင္ေျပာင္းလဲဖို႔အတြက္ မိုးေမွ်ာ္တိုက္ေတြ ေဆာက္ခဲ့ၾကတယ္။ ေရာ္ကီဖဲလား အေဆာက္အအုံ ႀကီးကိုေဆာက္ ေတာ့ အေဆာက္အဦး မၿပီးခင္မွာ ေျမျပင္ကေန ေပ၈၅၀ ျမင့္တဲ့ သံယက္မ တန္းႀကီးေပၚမွာ ေ႐ႊ႕ေျပာင္း အလုပ္သမားေတြ ေန႔လယ္ စာ စားေနၾကတာကို ဓာတ္ပုံဆရာက မွတ္တမ္းတင္ၿပီး မဂၢဇင္း တစ္ ခု မွာ ေဖာ္ ျပ ခဲ့ ပါ တယ္ ။ ။
အဲ့ဒိသမိုင္းကို ယူကရိန္းက အလယ္တန္း သမိုင္းသင္႐ိုးၫႊန္းတမ္းထဲမွာ ထည့္သြင္းေတာ့ ေန႔လယ္စားစားေနတဲ့ပုံရယ္ ပုံေအာက္မွာ လူတစ္ေယာက္က ခုံတန္းလ်ားတစ္ခုမွာ အစာစားေနတဲ့ပုံ နဲ႔ႏႈိင္းယွဥ္ျပခဲ့တယ္။ ခုံတန္းလ်ားေပၚမွာ စားစရာေတြနဲ႔ အစာစားေနတဲ့သူက Matrix ႐ုပ္ရွင္ကားထဲက မင္းသား ကီႏူးရိဗ္ ျဖစ္ ေန ပါ တယ္။ ။
ကီႏူးရိဗ္က ၂၀၁၀က ပန္းၿခံေဘး ခုံတန္းလ်ားေပၚမွာ ဆန္းဒဝစ္ခ်္ စားေနတဲ့ပုံကို “sad Keanu” ဆိုၿပီး သူ႔အမွတ္တရ ဓာတ္ပုံ႐ိုက္ၿပီး လိုင္းေပၚတင္ထားခဲ့တဲ့ ဓာတ္ပုံပါ။ အခုေတာ့ စာအုပ္ထုတ္ေဝသူနဲ႔ စာေရးသူကို ျပည္သူေတြက ကမာၻ႔သမိုင္းစာမ်က္ႏွာထဲကို ကီႏူးရိဗ္က ဘယ္လိုလုပ္ေရာက္ေနတာလဲ ဆိုၿပီး ေျပာ ဆို ေဝ ဖန္ ေန ၾက ပါ တယ္။ ။
သင္႐ိုးၫႊန္းတမ္းစာအုပ္ကိုေရးတဲ့ သမိုင္းပါေမာကၡ အိုင္ဟာရွခ်ဳပတ္ က “ စာအုပ္ကို သ႐ုပ္ေဖာ္ပုံေတြထည့္ေတာ့ အဲ့ဒိစာမ်က္ႏွာအတြက္ ဓာတ္ပုံေတြထည့္ဖို႔ ဒီဇိုင္နာက က်ေနာ့္ကို ပုံေတြျပပါတယ္။ က်ေနာ္က ပုံကို အေသးစိတ္မၾကည့္ျဖစ္ပဲ ေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕ ေန႔လယ္စာ တစ္ခုနဲ႔ သာမာန္လူတစ္ေယာက္ရဲ႕ ေန႔လယ္စာ တစ္ခုကြာျခားပုံကိုျပခ်င္တာရယ္ အစားတစ္လုပ္အတြက္ ပင္ပန္းဆင္းရဲၾကပုံကို ျပခ်င္တာေလာႀကီးသြားလို႔ သတိမထားမိလိုက္ဘူးျဖစ္သြားတာပါ။ အခုသတိထားမိလိုက္ေတာ့ ဘဝအတြက္သိမ္းထားစရာတစ္ခုျဖစ္သြားတာပါ”လို႔ သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ ေရးတင္ခဲ့ပါတယ္။ရွခ်ဴပတ္က ကေလးေတြ ပုံႏွိပ္စာအုပ္ကို သတိထားၾကည့္တာကို ဝမ္း သာ ပါ တယ္ လို႔ ဆို ပါ တယ္။ ။
သံယက္မတန္းေပၚက အလုပ္သမား ၁၁ ေယာက္ေန႔လယ္စာ စားေနတာကို ၁၂ေယာက္ျဖစ္ေအာင္ ေျပာၾကတဲ့သူေတြအတြက္ကေတာ့ စိတ္မေကာင္းဘူးလို႔လည္း ဆို လိုက္ ပါ တယ္။
ေမာင္ယႆ REF: fox news photo;amazon .com
Unicode
သမိုင်းသင်ရိုးညွှန်းတမ်းထဲရောက်သွားတဲ့ ကီနူးရိဗ်
အမေရိကန်သမိုင်းမှာ မိုးမျှော်တိုက်ပေါ်က နေ့လည်စာ ဆိုတဲ့ဓာတ်ပုံ အထင်ကရရှိခဲ့ပါတယ်။ ၁၉၃၂ ခုနှစ်တုန်းက နယူးယောက်ခ်မြို့ ကို ခောတ်သစ်ပုံစံပြုပြင်ပြောင်းလဲဖို့အတွက် မိုးမျှော်တိုက်တွေ ဆောက်ခဲ့ကြတယ်။ ရော်ကီဖဲလား အဆောက်အအုံ ကြီးကိုဆောက် တော့ အဆောက်အဦး မပြီးခင်မှာ မြေပြင်ကနေ ပေ၈၅၀ မြင့်တဲ့ သံယက်မ တန်းကြီးပေါ်မှာ ရွှေ့ပြောင်း အလုပ်သမားတွေ နေ့လယ် စာ စားနေကြတာကို ဓာတ်ပုံဆရာက မှတ်တမ်းတင်ပြီး မဂ္ဂဇင်း တစ် ခု မှာ ဖော် ပြ ခဲ့ ပါ တယ် ။ ။
အဲ့ဒိသမိုင်းကို ယူကရိန်းက အလယ်တန်း သမိုင်းသင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းတော့ နေ့လယ်စားစားနေတဲ့ပုံရယ် ပုံအောက်မှာ လူတစ်ယောက်က ခုံတန်းလျားတစ်ခုမှာ အစာစားနေတဲ့ပုံ နဲ့နှိုင်းယှဉ်ပြခဲ့တယ်။ ခုံတန်းလျားပေါ်မှာ စားစရာတွေနဲ့ အစာစားနေတဲ့သူက Matrix ရုပ်ရှင်ကားထဲက မင်းသား ကီနူးရိဗ် ဖြစ် နေ ပါ တယ်။ ။
ကီနူးရိဗ်က ၂၀၁၀က ပန်းခြံဘေး ခုံတန်းလျားပေါ်မှာ ဆန်းဒဝစ်ချ် စားနေတဲ့ပုံကို “sad Keanu” ဆိုပြီး သူ့အမှတ်တရ ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ထားခဲ့တဲ့ ဓာတ်ပုံပါ။ အခုတော့ စာအုပ်ထုတ်ဝေသူနဲ့ စာရေးသူကို ပြည်သူတွေက ကမ္ဘာ့သမိုင်းစာမျက်နှာထဲကို ကီနူးရိဗ်က ဘယ်လိုလုပ်ရောက်နေတာလဲ ဆိုပြီး ပြော ဆို ဝေ ဖန် နေ ကြ ပါ တယ်။ ။
သင်ရိုးညွှန်းတမ်းစာအုပ်ကိုရေးတဲ့ သမိုင်းပါမောက္ခ အိုင်ဟာရှချုပတ် က “ စာအုပ်ကို သရုပ်ဖော်ပုံတွေထည့်တော့ အဲ့ဒိစာမျက်နှာအတွက် ဓာတ်ပုံတွေထည့်ဖို့ ဒီဇိုင်နာက ကျနော့်ကို ပုံတွေပြပါတယ်။ ကျနော်က ပုံကို အသေးစိတ်မကြည့်ဖြစ်ပဲ ရွှေ့ပြောင်းလုပ်သားတွေရဲ့ နေ့လယ်စာ တစ်ခုနဲ့ သာမာန်လူတစ်ယောက်ရဲ့ နေ့လယ်စာ တစ်ခုကွာခြားပုံကိုပြချင်တာရယ် အစားတစ်လုပ်အတွက် ပင်ပန်းဆင်းရဲကြပုံကို ပြချင်တာလောကြီးသွားလို့ သတိမထားမိလိုက်ဘူးဖြစ်သွားတာပါ။ အခုသတိထားမိလိုက်တော့ ဘဝအတွက်သိမ်းထားစရာတစ်ခုဖြစ်သွားတာပါ”လို့ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးတင်ခဲ့ပါတယ်။ရှချူပတ်က ကလေးတွေ ပုံနှိပ်စာအုပ်ကို သတိထားကြည့်တာကို ဝမ်း သာ ပါ တယ် လို့ ဆို ပါ တယ်။ ။
သံယက်မတန်းပေါ်က အလုပ်သမား ၁၁ ယောက်နေ့လယ်စာ စားနေတာကို ၁၂ယောက်ဖြစ်အောင် ပြောကြတဲ့သူတွေအတွက်ကတော့ စိတ်မကောင်းဘူးလို့လည်း ဆို လိုက် ပါ တယ်။
မောင်ယဿ REF: fox news photo;amazon .com
No Comments