သဘာဝ Toner ””’

သဘာဝ Toner '''''
Health

သဘာဝ Toner ””’

ပ်ိဳပ်ိဳေမတို႔ အတြက္ ေငြကုန္ ေၾကးက်လည္း သက္သာ အလြယ္တကူ အနီး အနားမွာလည္း

ရရွိေနတဲ့ သဘာဝက ေပးထားတဲ့ သစ္သီးဝလံမ်ား ထဲက ဖရဲသီးဟာ အေကာင္းဆုံးေသာ မ်က္ႏွာျပင္ အေရျပား အားေဆးတစ္မ်ိဳး ျဖစ္ပါတယ္ ။

ဓာတုပစၥည္းမ်ား နဲ႔ ေဖာ္စပ္ထားတဲ့ Toner မ်ားစြာ ရွိေပမဲ့ သဘာဝက ေပးတဲ့ သစ္သီးမ်ားရဲ႕အစြမ္းဟာ အႏၲရာယ္ ပိုကင္း ေစႏိုင္တာမို႔ လုပ္ေဆာင္ၾကည့္ပါလို႔ တိုက္တြန္း ခ်င္ပါတယ္ ။ ။

ျပဳလုပ္ရမွာ ကေတာ့……

ဖရဲသီး အရည္ကို ဂြမ္း ဒါမွမဟုတ္ စြပ္က်ယ္စ သန႔္သန႔္ တစ္စနဲ႔ စုပ္ယူၿပီး မ်က္ႏွာျပင္နဲ႔ လည္ပင္းတစ္ဝိူက္ကို လိမ္းေပးျခင္းျဖင့္ အသားအေရကို တင္းရင္း စိုေျပလာေစမွာ ျဖစ္ပါတယ္ ။ ။

ဗီတာမင္စီ နဲ႔ ေအတို႔ပါဝင္တဲ့ အတြက္ အသားအေရကို ၾကည္လင္ ေတာက္ပ ေစပါတယ္ ။ ။

ပ်က္စီးေသဆုံးေနတဲ့ ဆဲလ္ေတြကို ျပဳျပင္ေပးၿပီး အသစ္ျပန္လည္ ေမြးဖြားေပးပါတယ္ ။ ။

ေျခာက္ေသြ႕တဲ့ အသားအေရ ပိုင္ရွင္ေတြအတြက္ ဖရဲသီးအရည္ကို ပ်ားရည္နဲ႔ ေရာၿပီးလိမ္းေပးပါ ။

အဆီျပန္တတ္သူေတြကေတာ့ ဖရဲသီးအရည္ ခ်ည့္သီးသန႔္ လိမ္းေပးရမွာ ျဖစ္ပါတယ္ ။ ။

ေပါင္တင္မယ္ ဆိုရင္…..

ဖရဲသီးကို အသုံးျပဳၿပီး ေပါင္းတင္ႏိုင္ပါတယ္ ။ ဖရဲသီးကို အရည္အထိ မျဖစ္ေစပဲ ႀကိတ္ေခ်လို႔

မ်က္ႏွာနဲ႔ လည္ပင္းတို႔မွာ လိမ္က်ံ ကပ္ ထား ေပး ပါ ။ ၁၅ မိနစ္ခန႔္ၾကာရင္ မ်က္ႏွာကို ေရေအးနဲ႔ ေဆးပါ ။ ။

ေနပူထဲ အၿမဲလိုလို သြားလာေနရတဲ့ သူေတြ မ်က္ႏွာျပင္မွာ ေနေလာင္ကြက္ ျဖစ္ေနသူေတြ အေနနဲ႔ ကေတာ့ ဖရဲသီးနဲ႔ သခြားသီးကို ဆတူေရ ာႀကိတ္ေခ်ၿပီးလိမ္းေပးပါ ။ မိနစ္၂၀ခန႔္ၾကာရင္ ေရေဆး ခ် လိုက္ ပါ ။ ။

ေနေလာင္ခံရျခင္းေၾကာင့္ ျဖစ္ေပၚေနတဲ့ အသားအေရညစ္ေနမုွကို ျပန္လည္သန႔္စင္လာေစၿပီး

ႏုညံ ညက္ေညာတဲ့ အေရျပား အလွကို ရရွိမွာ ျဖစ္ ပါ တယ္ ။ ။

ဖရဲသီးရဲ႕ အက်ိဳးေပး ေကာင္းျခင္းကို သိရၿပီ ဆိုေတာ့ စမ္းလုပ္ၾကည့္ဖို႔က သင့္ တာ ဝန္ ပါ လ္ု႔ိ ….

စႏၵီျမင့္မိုရ္#

Unicode

သဘာဝ Toner ””’

ပျိုပျိုမေတို့ အတွက် ငွေကုန် ကြေးကျလည်း သက်သာ အလွယ်တကူ အနီး အနားမှာလည်း

ရရှိနေတဲ့ သဘာဝက ပေးထားတဲ့ သစ်သီးဝလံများ ထဲက ဖရဲသီးဟာ အကောင်းဆုံးသော မျက်နှာပြင် အရေပြား အားဆေးတစ်မျိုး ဖြစ်ပါတယ် ။

ဓာတုပစ္စည်းများ နဲ့ ဖော်စပ်ထားတဲ့ Toner များစွာ ရှိပေမဲ့ သဘာဝက ပေးတဲ့ သစ်သီးများရဲ့အစွမ်းဟာ အန္တရာယ် ပိုကင်း စေနိုင်တာမို့ လုပ်ဆောင်ကြည့်ပါလို့ တိုက်တွန်း ချင်ပါတယ် ။ ။

ပြုလုပ်ရမှာ ကတော့……

ဖရဲသီး အရည်ကို ဂွမ်း ဒါမှမဟုတ် စွပ်ကျယ်စ သန့်သန့် တစ်စနဲ့ စုပ်ယူပြီး မျက်နှာပြင်နဲ့ လည်ပင်းတစ်ဝိူက်ကို လိမ်းပေးခြင်းဖြင့် အသားအရေကို တင်းရင်း စိုပြေလာစေမှာ ဖြစ်ပါတယ် ။ ။

ဗီတာမင်စီ နဲ့ အေတို့ပါဝင်တဲ့ အတွက် အသားအရေကို ကြည်လင် တောက်ပ စေပါတယ် ။ ။

ပျက်စီးသေဆုံးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးပြီး အသစ်ပြန်လည် မွေးဖွားပေးပါတယ် ။ ။

ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် ဖရဲသီးအရည်ကို ပျားရည်နဲ့ ရောပြီးလိမ်းပေးပါ ။

အဆီပြန်တတ်သူတွေကတော့ ဖရဲသီးအရည် ချည့်သီးသန့် လိမ်းပေးရမှာ ဖြစ်ပါတယ် ။ ။

ပေါင်တင်မယ် ဆိုရင်…..

ဖရဲသီးကို အသုံးပြုပြီး ပေါင်းတင်နိုင်ပါတယ် ။ ဖရဲသီးကို အရည်အထိ မဖြစ်စေပဲ ကြိတ်ချေလို့

မျက်နှာနဲ့ လည်ပင်းတို့မှာ လိမ်ကျံ ကပ် ထား ပေး ပါ ။ ၁၅ မိနစ်ခန့်ကြာရင် မျက်နှာကို ရေအေးနဲ့ ဆေးပါ ။ ။

နေပူထဲ အမြဲလိုလို သွားလာနေရတဲ့ သူတွေ မျက်နှာပြင်မှာ နေလောင်ကွက် ဖြစ်နေသူတွေ အနေနဲ့ ကတော့ ဖရဲသီးနဲ့ သခွားသီးကို ဆတူရေ ာကြိတ်ချေပြီးလိမ်းပေးပါ ။ မိနစ်၂၀ခန့်ကြာရင် ရေဆေး ချ လိုက် ပါ ။ ။

နေလောင်ခံရခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ အသားအရေညစ်နေမုှကို ပြန်လည်သန့်စင်လာစေပြီး

နုညံ ညက်ညောတဲ့ အရေပြား အလှကို ရရှိမှာ ဖြစ် ပါ တယ် ။ ။

ဖရဲသီးရဲ့ အကျိုးပေး ကောင်းခြင်းကို သိရပြီ ဆိုတော့ စမ်းလုပ်ကြည့်ဖို့က သင့် တာ ဝန် ပါ လ်ု့ိ ….

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ရေခဲပြင် အင်ဒီယာနာဂျုံးလို့ အမည်ရတဲ့ သူရေခဲပြင် အက်ကွဲကြောင်းထဲ ကျပြီး ကွယ်လွန်
Health
ရေခဲပြင် အင်ဒီယာနာဂျုံးလို့ အမည်ရတဲ့ သူရေခဲပြင် အက်ကွဲကြောင်းထဲ ကျပြီး ကွယ်လွန်

ရေခဲပြင် အင်ဒီယာနာဂျုံးလို့ အမည်ရတဲ့ သူရေခဲပြင် အက်ကွဲကြောင်းထဲ ကျပြီး ကွယ်လွန် ကိုနာဒ် စတက်ဖင် ဆိုသူက ဂရင်းလန်း ရေခဲပြင်ပေါ်မှာ အနှစ် ၃၀ ကျော်ကြာ နေထိုင်ခဲ့ပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို လေ့လာကာ သုတေသန ပြုနေသူ ဟာ မနေ့က ရေခဲပြင် အက်ကွဲကြောင်းထဲကို ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိုနာဒ်က ဂရင်းလန်းကျွန်းက ရေခဲတွေ အရည်ပျော်မှုကို မှတ်တမ်းပြုနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်တမ်းအရ နှစ်စဉ် ရေခဲတွေ အရည်ပျော်နှုန်းကို မှတ်တမ်း ပြုကာ ပင်လယ်ရေ မြင့်တက်လာမှုနဲ့ ပင်လယ်ကမ်းစပ်နေ လူအဖွဲ့အစည်းတွေ ဘယ်လောက် ထိခိုက် …