”သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ”
- By : Phoe Linn
- Category : Life Style
- Tags: life style

”သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ”
မည်သူမဆို အသက်အရွယ်ဆိုတာ ရပ်တန့်မနေပါဘူး။ တစ်နေ့ထက် တစ်နေ့ တစ်နှစ်ထက် တစ်နှစ် ကြီးပြင်းလာခြင်းသာ ဖြစ်တာမို့ သင် ထိုအသက်အရွယ် ကြီးပြင်းလာတဲ့အခါ အနေအထိုင်နဲ့အပြုအမူများကို ထိန်းသိမ်းစောင့်ရှောက်မှု ရှိမှသာ အသက်ကြီးခြင်းမှာ ပျော်စရာကောင်းပြီး အမြဲတမ်း နုပျိုတဲ့ ခံစားချက်ကို ရရှိလာပြီး သစ်လွင်လှပတဲ့ အတွေ့အကြုံသစ်တွေ မြင့်မားလာမှာ ဖြစ်ပါတယ်။
အမူအကျင့် ကောင်းလေးတွေဟာ သင့်ကို အထူးအထောက်အကူ ပြုစေမှာမို့ ရှာဖွေ ဖော်ပြလိုက်ပါတယ်။
၁ ။ အသက်အရွယ် ကြီးလာခြင်းဟာ ဘဝရဲ့စိန်ခေါ်မှုတစ်ခု ဖြစ်သလို အတွေ့အကြုံ ရင့်ကျက်တည်ငြိမ်လာမှုလည်း ဖြစ်ပါတယ်။ ဘယ်လို အခက်အခဲမျိုးတွေ တွေ့ကြုံပါစေ သင်ဟာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ လိုအပ်သလို ဟာသအမြင် အတွေးကလေးတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။
အဆိုးမြင် သဘောထားတွေကို ဖယ်ရှားပါ။ အကောင်းမြင်တတ်အောင် လေ့ကျင့် နေထိုင်ပါ။ ပြုံးပါ ရယ်မောပါ။ ပြုံးရယ်ခြင်းဟာ စိတ်ခံစားမှု ကောင်းစေတဲ့ ကျန်းမာစေတဲ့ ဓာတ်တွေ ထွက်ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။
၂။ မိတ်ဆွေ သူငယ်ချင်းများ၊ ဆွေမျိုးမိသားစုဝင်များနဲ့ နီးကပ်စွာ နေထိုင်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်း ရှိပါစေ။ မိတ်ဆွေ သူငယ်ချင်းမိသားစု ဆွေမျိုးသားချင်း စတဲ့အသိုင်းအဝိုင်ထဲမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူတွေဟာ ပိုမိုအသက်ရှည်ပြီး ကျန်းမာရေး ထိခိုက်နိုင်မှု နည်းပါးတယ်လို့ သုတေသနပြုသူတွေက ဆိုကြပါတယ်။
၃။ အသက်အရွယ် ကြီးရင့်လာတဲ့ အခါမှာ အစားအစာကို အဆက်မပြတ် စားသုံးနေခြင်းကို ရှောင်ကျဉ်ပါ။ အစားစားချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား ဖြည့်စွက်အစာတွေကို မစားပဲ ကြာနိုင်သမျှ ကြာကြာ နေပေးပါ။
အစာဖြတ်နိုင်ခြင်းဟာ ကိုယ်တွင်း ဟော်မုန်းအဆင့်ကို လျှော့ကျစေပြီး ကင်ဆာ၊ အယ်လ်ဇိုင်းမားရောဂါတို့ကနေ ကာကွယ်ပေးတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပြီး ဖြစ်ပါတယ်။
၄။ သင့်ရဲ့ မျက်နှာပြင်အသားအရေကို အရေးအကြောင်းများ နည်းပါးစေပြီး တွန့်ခေါက်ခြင်းများ ကင်းဝေးစေရန် ညအိပိတဲ့အခါမှာ ပက်လက်အနေအထား အိပ်စက်ပါ။ မှောက်အိပ်ခြင်း ဘေးတိုက် အိပ်ခြင်းတွေဟာ မျက်နှာပြင် အရေးအကြောင်းဖြစ်ပေါ်မှုကို အားပေးတာကြောင့် ဖြစ်ပါတယ်။
၅။ အသက် ကြီးလာတာနဲ့အမျှ ကော်လာဂျင်ထုတ်လုပ်မှုဟာ နှေးလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အရေးအကြောင်းနဲ့ အသားအရေ ခြောက်သွေ့မှုတွေ ဖြစ်လာတာလို့ ဆိုပါတယ်။ ဒါကြောင့်မို့ ကော်လာဂျင်ပါဝင်တဲ့ ဖြည့်စွက်ဆေးတို့ကို မှီဝဲခြင်းဟာ အသားအရေရဲ့ တင်းအားကို တိုးစေပြီး နုပျို ကြည့်ကောင်းလာစေမှာ ဖြစ်ပါတယ်။
၆။ သင့်ကိုယ်သင် ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် မျက်နှာကို အိုမင်းရင့်ရော်မှု တားဆီးတဲ့ ခရင်မ်လိမ်းပါ။ ရေချိုးပြီးချိန်မှာ တစ်ကိုယ်လုံးကို အစိုဓာတ် ထိန်းပေးတာမျိုး နိပ်နယ်တာ လေ့ကျင့်ခန်းလုပ်တာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေပဲ စားပေးတာမျိုးကို ပြုလုပ် ပေးရပါမယ်။
၇။ အသက်အရွယ် ကြီးလာတဲ့ အခါမှာ သင့်ဦးခေါင်းဆံပင်နဲ့ မျက်နှာသွင်ပြင်တွေဟာ ပြောင်းလဲလာတတ်တာမို့ ဆံပင်ပုံစံအသစ်ကို ပြောင်းလဲပေးခြင်းအားဖြင့် အသက်အရွယ်ထက် ပိုမိုတဲ့နုပျိုမှုကို ဖြစ်ပေါ်စေပါတယ်။
၈။ သင့်အိမ်မှာ နေ့စဉ် ရရှိနေလေ့ရှိတဲ့ ဆန်ဆေးရည်ဟာ သင့်မျက်နှာပြင် ဝင်းစိုတောက်လက်မှုကို အားဖြည့်ပေးမဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ခြင်းကြောင့် သူ့မှာပါဝင်တဲ့ ဗီတာမင်သတ္ထုဓာတ်နဲ့ အမိုင်နို အက်စစ်ဓာတ်တွေကြောင့် အသားအရေကို နုပျိုတောက်ပစေတာပဲ ဖြစ်ပါတယ်။
ကဲမိတ်ဆွေတို့ရေ အသက်အရွယ် ကြီးလာခြင်းကို စိတ်မပျက်ပါနဲ့ အလုပ်တွေလည်း များများလုပ်ပါ စဉ်းစား တွေးခေါ်ပေးပါ။ ဒါမှသာ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု တိုးတက်စေပြီး ကျန်းမာဖျတ်လတ် နုပျိုစွာ မိမိကိုယိကိုယ် ယုံကြည်မှု ရှိလာမှာ ဖြစ်ပါတယ်။ ကဲ အသက်အရွယ်ကို တွေးပြီး စိတ်မပူကြကြေးနော်…..
# စန္ဒီမြင့်မိုရ်
Zawgyi
”သင္အသက္အ႐ြယ္ ႀကီးလာၿပီဆိုရင္ ဘာေတြ လုပ္သင့္သလည္းဆိုတာ”
မည္သူမဆို အသက္အ႐ြယ္ဆိုတာ ရပ္တန႔္မေနပါဘူး။ တစ္ေန႔ထက္ တစ္ေန႔ တစ္ႏွစ္ထက္ တစ္ႏွစ္ ႀကီးျပင္းလာျခင္းသာ ျဖစ္တာမို႔ သင္ ထိုအသက္အ႐ြယ္ ႀကီးျပင္းလာတဲ့အခါ အေနအထိုင္နဲ႔အျပဳအမူမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္မႈ ရွိမွသာ အသက္ႀကီးျခင္းမွာ ေပ်ာ္စရာေကာင္းၿပီး အၿမဲတမ္း ႏုပ်ိဳတဲ့ ခံစားခ်က္ကို ရရွိလာၿပီး သစ္လြင္လွပတဲ့ အေတြ႕အႀကဳံသစ္ေတြ ျမင့္မားလာမွာ ျဖစ္ပါတယ္။
အမူအက်င့္ ေကာင္းေလးေတြဟာ သင့္ကို အထူးအေထာက္အကူ ျပဳေစမွာမို႔ ရွာေဖြ ေဖာ္ျပလိုက္ပါတယ္။
၁ ။ အသက္အ႐ြယ္ ႀကီးလာျခင္းဟာ ဘဝရဲ႕စိန္ေခၚမႈတစ္ခု ျဖစ္သလို အေတြ႕အႀကဳံ ရင့္က်က္တည္ၿငိမ္လာမႈလည္း ျဖစ္ပါတယ္။ ဘယ္လို အခက္အခဲမ်ိဳးေတြ ေတြ႕ႀကဳံပါေစ သင္ဟာ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းႏိုင္ဖို႔ လိုအပ္သလို ဟာသအျမင္ အေတြးကေလးေတြ ရွိေနဖို႔လည္း လိုအပ္ပါတယ္။
အဆိုးျမင္ သေဘာထားေတြကို ဖယ္ရွားပါ။ အေကာင္းျမင္တတ္ေအာင္ ေလ့က်င့္ ေနထိုင္ပါ။ ၿပဳံးပါ ရယ္ေမာပါ။ ၿပဳံးရယ္ျခင္းဟာ စိတ္ခံစားမႈ ေကာင္းေစတဲ့ က်န္းမာေစတဲ့ ဓာတ္ေတြ ထြက္ရွိႏိုင္လို႔ပဲ ျဖစ္ပါတယ္။
၂။ မိတ္ေဆြ သူငယ္ခ်င္းမ်ား၊ ေဆြမ်ိဳးမိသားစုဝင္မ်ားနဲ႔ နီးကပ္စြာ ေနထိုင္ၿပီး ေပါင္းသင္းဆက္ဆံေရး ေကာင္းျခင္း ရွိပါေစ။ မိတ္ေဆြ သူငယ္ခ်င္းမိသားစု ေဆြမ်ိဳးသားခ်င္း စတဲ့အသိုင္းအဝိုင္ထဲမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိသူေတြဟာ ပိုမိုအသက္ရွည္ၿပီး က်န္းမာေရး ထိခိုက္ႏိုင္မႈ နည္းပါးတယ္လို႔ သုေတသနျပဳသူေတြက ဆိုၾကပါတယ္။
၃။ အသက္အ႐ြယ္ ႀကီးရင့္လာတဲ့ အခါမွာ အစားအစာကို အဆက္မျပတ္ စားသုံးေနျခင္းကို ေရွာင္က်ဥ္ပါ။ အစားစားခ်ိန္ တစ္ခ်ိန္နဲ႔ တစ္ခ်ိန္ၾကား ျဖည့္စြက္အစာေတြကို မစားပဲ ၾကာႏိုင္သမွ် ၾကာၾကာ ေနေပးပါ။
အစာျဖတ္ႏိုင္ျခင္းဟာ ကိုယ္တြင္း ေဟာ္မုန္းအဆင့္ကို ေလွ်ာ့က်ေစၿပီး ကင္ဆာ၊ အယ္လ္ဇိုင္းမားေရာဂါတို႔ကေန ကာကြယ္ေပးတဲ့အျပင္ ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းထားၿပီး ျဖစ္ပါတယ္။
၄။ သင့္ရဲ႕ မ်က္ႏွာျပင္အသားအေရကို အေရးအေၾကာင္းမ်ား နည္းပါးေစၿပီး တြန႔္ေခါက္ျခင္းမ်ား ကင္းေဝးေစရန္ ညအိပိတဲ့အခါမွာ ပက္လက္အေနအထား အိပ္စက္ပါ။ ေမွာက္အိပ္ျခင္း ေဘးတိုက္ အိပ္ျခင္းေတြဟာ မ်က္ႏွာျပင္ အေရးအေၾကာင္းျဖစ္ေပၚမႈကို အားေပးတာေၾကာင့္ ျဖစ္ပါတယ္။
၅။ အသက္ ႀကီးလာတာနဲ႔အမွ် ေကာ္လာဂ်င္ထုတ္လုပ္မႈဟာ ေႏွးလာတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္မို႔ အေရးအေၾကာင္းနဲ႔ အသားအေရ ေျခာက္ေသြ႕မႈေတြ ျဖစ္လာတာလို႔ ဆိုပါတယ္။ ဒါေၾကာင့္မို႔ ေကာ္လာဂ်င္ပါဝင္တဲ့ ျဖည့္စြက္ေဆးတို႔ကို မွီဝဲျခင္းဟာ အသားအေရရဲ႕ တင္းအားကို တိုးေစၿပီး ႏုပ်ိဳ ၾကည့္ေကာင္းလာေစမွာ ျဖစ္ပါတယ္။
၆။ သင့္ကိုယ္သင္ ထိန္းသိမ္း ေစာင့္ေရွာက္ေသာအားျဖင့္ မ်က္ႏွာကို အိုမင္းရင့္ေရာ္မႈ တားဆီးတဲ့ ခရင္မ္လိမ္းပါ။ ေရခ်ိဳးၿပီးခ်ိန္မွာ တစ္ကိုယ္လုံးကို အစိုဓာတ္ ထိန္းေပးတာမ်ိဳး နိပ္နယ္တာ ေလ့က်င့္ခန္းလုပ္တာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအေသာက္ေတြပဲ စားေပးတာမ်ိဳးကို ျပဳလုပ္ ေပးရပါမယ္။
၇။ အသက္အ႐ြယ္ ႀကီးလာတဲ့ အခါမွာ သင့္ဦးေခါင္းဆံပင္နဲ႔ မ်က္ႏွာသြင္ျပင္ေတြဟာ ေျပာင္းလဲလာတတ္တာမို႔ ဆံပင္ပုံစံအသစ္ကို ေျပာင္းလဲေပးျခင္းအားျဖင့္ အသက္အ႐ြယ္ထက္ ပိုမိုတဲ့ႏုပ်ိဳမႈကို ျဖစ္ေပၚေစပါတယ္။
၈။ သင့္အိမ္မွာ ေန႔စဥ္ ရရွိေနေလ့ရွိတဲ့ ဆန္ေဆးရည္ဟာ သင့္မ်က္ႏွာျပင္ ဝင္းစိုေတာက္လက္မႈကို အားျဖည့္ေပးမဲ့ ေဆးတစ္လက္ ျဖစ္ပါတယ္။ ဆန္ေဆးရည္နဲ႔ မ်က္ႏွာသစ္ျခင္းေၾကာင့္ သူ႔မွာ ပါဝင္တဲ့ ဗီတာမင္သတၳဳဓာတ္နဲ႔ အမိုင္ႏို အက္စစ္ဓာတ္ေတြေၾကာင့္ အသားအေရကို ႏုပ်ိဳေတာက္ပေစတာပဲ ျဖစ္ပါတယ္။
ကဲမိတ္ေဆြတို႔ေရ အသက္အ႐ြယ္ ႀကီးလာျခင္းကို စိတ္မပ်က္ပါနဲ႔ အလုပ္ေတြလည္း မ်ားမ်ားလုပ္ပါ စဥ္းစား ေတြးေခၚေပးပါ။ ဒါမွသာ မွတ္ဉာဏ္နဲ႔ အာ႐ုံစူးစိုက္မႈ တိုးတက္ေစၿပီး က်န္းမာဖ်တ္လတ္ ႏုပ်ိဳစြာ မိမိကိုယိကိုယ္ ယုံၾကည္မႈ ရွိလာမွာ ျဖစ္ပါတယ္။ ကဲ အသက္အ႐ြယ္ကို ေတြးၿပီး စိတ္မပူၾကေၾကးေနာ္…..
# စႏၵီျမင့္မိုရ္
No Comments