သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။
- By : Phoe Linn
- Category : beauty-tip
- Tags: ့health & beauty

သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။
နေ့တစ်နေ့တာရဲ့ မနက်ခင်းနဲ့ နေ့လယ်ခင်းတွေမှာ ရုံးသွားတာဖြစ်ဖြစ် အလုပ်သွားတာဖြစ်ဖြစ် ပွဲလမ်းရှိလို့အပြင်ထွက်တာမျိုးဖြစ်ဖြစ် အပြင်ထွက်ဖို့ ကိစ္စတစ်ခုခု ရှိနေတယ်ဆိုရင် ပျိုပျိုမေတို့ရဲ့မလုပ်မဖြစ် လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုကတော့ မိတ်ကပ်လိမ်း အလှပြုပြင်ခြင်းပါပဲ။
ဒီလို မိတ်ကပ်လိမ်းပြီး အပြင်ကိစ္စတွေ သွားလာပြီးရင် အိမ်ပြန်ရောက်တဲ့ အခါမှာ မဖြစ်မနေလုပ်သင့်တဲ့ အလုပ်ကတော့ ညအိပ်ရာမဝင်ခင် လိမ်းထားတဲ့ မိတ်ကပ်တွေကို ပြန်ဖျက်ဖို့ပါပဲ။
ဘာကြောင့်လည်းဆိုတော့ ညအိပ်ယာဝင်တဲ့အခါ မိတ်ကပ်တွေကို မဖျက်မိဘူးဆိုရင် ချွေးပေါက်တွေထဲ အညစ်အကြေးတွေ ပိတ်ဆို့ပြီး ဝက်ခြံ ထွက်လွယ်တာမျိုးစတဲ့ အရေပြား ပြဿနာတွေများစွာ ဖြစ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။
သင် မိတ်ကပ်ဖျက်တဲ့ အခါမှာ သဘာဝအတိုင်း မိမိကိုယ်တိုင်ပြု လုပ်ထားတဲ့ cleanserလေးနဲ့ ဖျက်မယ်ဆိုရင် ဓာတုဆေးဝါးအန္တရာယ် ကင်းဝေးစေပါတယ်။ ဒါကြောင့်မို့ ကိုယ်တိုင် ပြုလို့လို့ရနိုင်တဲ့ Rose Water Cleansing Gel လေးကို ပြုလုပ်ကြည့်ကြပါစို့။
အရင်ဆုံး ဖော်စပ်ဖို့ လိုအပ်တာတွေ ကတော့…
နှင်းဆီပွင့်ဖတ်ရည် ခွက်တစ်ခွက်ရဲ့ လေးပုံ တစ်ပုံစာ။
ရှားဇောင်းလက်ပတ်အနှစ် ထမင်းစားဇွန်း တစ်ဇွန်း။
ဂလစ်ဆရင်း ထမင်းစားဇွန်း တစ်ဝက်
Castile soap ထမင်းစားဇွန်း လေးပုံ တစ်ပုံစာ။ (စူပါမားကက်များတွင် ရနိုင်ပါသည်)
Rose Essential Oil အစက် အနည်းငယ်ခန့်။
ပြုလုပ်နည်း. … ဦးစွာ သန့်စင်သော ပန်းကန်လုံး တစ်လုံးထဲကို နှင်းဆီပွင့်ဖတ်ရည် ထည့်ပါ။ နောက်ပြီးရင် ရှားဇောင်းလက်ပတ်အနှစ် ပေါင်းထည့်ပါ။ ပြီးရင် Castile Soap ကို ပါဝင် အချိုးအဆအတိုင်း ထည့်ပါ။
အဲ့သည်အထဲကို ဂလစ်စရင်းထည့်ပြီး မွှေပေးပါ။ နောက်ဆုံးမှ Rose Essential Oil အစက်အနည်းငယ်ခန့်ကို ထည့်ပြီး သမအောင် မွှေပါ။ မွှေတဲ့အခါမှာ အမြှုပ်များမထဖို့ သတိထားပါ။
ပြီးတဲ့အခါ ပုလင်းတစ်လုံးထဲ ထည့်ပြီး သိမ်းလိုက်ပါ။ ခြောက်သွေ့အေးစက်တဲ့ နေရာမှာ သိမ်းမယ်ဆိုရင်တော့ ၇ရက် ကျော်ထားခံပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းထားမယ် ဆိုရင်တော့ ဆယ်ရက်နဲ့ အထက် အထားခံမှာ ဖြစ်ပါတယ်။
အသုံးပြုနည်း….. Cotton pad မှာ အဲ့ဒီ့gelကို အနည်းငယ်ဆွတ်ပါ။ ပြီးရင်အဲ့ဒီ့ cotton pad နဲ့ သင့်မျက်နှာပေါ်က မိတ်ကပ် အညစ်အကြေးနဲ့ အဆီများကို ဖယ်ရှားပစ်လိုက်ပါ။ ရေနွေးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။
မျက်နှာကို ခြောက်သွေ့အောင် သုတ်ပြီး အစိုဓာတ်ထိန်း ခရင်မ်အပျော့စားကို လိမ်းလိုက်ပြီး အိပ်စက်လိုက်ပါ။ သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်နဲ့ သင့်အလှကို ကြွရွစေလိုက်ပါ။
# စန္ဒီမြင့်မိုရ်
Zawgyi
သင္ကိုယ္တိုင္ ျပဳလုပ္ထားတဲ့ သန႔္စင္ေသာ သဘာဝ မ်က္ႏွာသန႔္စင္ ဂ်ယ္လ္( Rose Water Cleansing Gel)နဲ႔ သင့္အလွကို ထိန္းသိမ္းပါ။
ေန႔တစ္ေန႔တာရဲ႕ မနက္ခင္းနဲ႔ ေန႔လယ္ခင္းေတြမွာ ႐ုံးသြားတာျဖစ္ျဖစ္ အလုပ္သြားတာျဖစ္ျဖစ္ ပြဲလမ္းရွိလို႔အျပင္ထြက္တာမ်ိဳးျဖစ္ျဖစ္ အျပင္ထြက္ဖို႔ ကိစၥတစ္ခုခု ရွိေနတယ္ဆိုရင္ ပ်ိဳပ်ိဳေမတို႔ရဲ႕မလုပ္မျဖစ္ လုပ္ေလ့ရွိတဲ့ အလုပ္တစ္ခုကေတာ့ မိတ္ကပ္လိမ္း အလွျပဳျပင္ျခင္းပါပဲ။
ဒီလို မိတ္ကပ္လိမ္းၿပီး အျပင္ကိစၥေတြ သြားလာၿပီးရင္ အိမ္ျပန္ေရာက္တဲ့ အခါမွာ မျဖစ္မေနလုပ္သင့္တဲ့ အလုပ္ကေတာ့ ညအိပ္ရာမဝင္ခင္ လိမ္းထားတဲ့ မိတ္ကပ္ေတြကို ျပန္ဖ်က္ဖို႔ပါပဲ။
ဘာေၾကာင့္လည္းဆိုေတာ့ ညအိပ္ယာဝင္တဲ့အခါ မိတ္ကပ္ေတြကို မဖ်က္မိဘူးဆိုရင္ ေခြၽးေပါက္ေတြထဲ အညစ္အေၾကးေတြ ပိတ္ဆို႔ၿပီး ဝက္ၿခံ ထြက္လြယ္တာမ်ိဳးစတဲ့ အေရျပား ျပႆနာေတြမ်ားစြာ ျဖစ္လာႏိုင္လို႔ပဲ ျဖစ္ပါတယ္။
သင္ မိတ္ကပ္ဖ်က္တဲ့ အခါမွာ သဘာဝအတိုင္း မိမိကိုယ္တိုင္ျပဳ လုပ္ထားတဲ့ cleanserေလးနဲ႔ ဖ်က္မယ္ဆိုရင္ ဓာတုေဆးဝါးအႏၲရာယ္ ကင္းေဝးေစပါတယ္။ ဒါေၾကာင့္မို႔ ကိုယ္တိုင္ ျပဳလို႔လို႔ရႏိုင္တဲ့ Rose Water Cleansing Gel ေလးကို ျပဳလုပ္ၾကည့္ၾကပါစို႔။
အရင္ဆုံး ေဖာ္စပ္ဖို႔ လိုအပ္တာေတြ ကေတာ့…
ႏွင္းဆီပြင့္ဖတ္ရည္ ခြက္တစ္ခြက္ရဲ႕ ေလးပုံ တစ္ပုံစာ။
ရွားေဇာင္းလက္ပတ္အႏွစ္ ထမင္းစားဇြန္း တစ္ဇြန္း။
ဂလစ္ဆရင္း ထမင္းစားဇြန္း တစ္ဝက္
Castile soap ထမင္းစားဇြန္း ေလးပုံ တစ္ပုံစာ။ (စူပါမားကက္မ်ားတြင္ ရႏိုင္ပါသည္)
Rose Essential Oil အစက္ အနည္းငယ္ခန႔္။
ျပဳလုပ္နည္း. … ဦးစြာ သန႔္စင္ေသာ ပန္းကန္လုံး တစ္လုံးထဲကို ႏွင္းဆီပြင့္ဖတ္ရည္ ထည့္ပါ။ ေနာက္ၿပီးရင္ ရွားေဇာင္းလက္ပတ္အႏွစ္ ေပါင္းထည့္ပါ။ ၿပီးရင္ Castile Soap ကို ပါဝင္ အခ်ိဳးအဆအတိုင္း ထည့္ပါ။
အဲ့သည္အထဲကို ဂလစ္စရင္းထည့္ၿပီး ေမႊေပးပါ။ ေနာက္ဆုံးမွ Rose Essential Oil အစက္အနည္းငယ္ခန႔္ကို ထည့္ၿပီး သမေအာင္ ေမႊပါ။ ေမႊတဲ့အခါမွာ အျမႇဳပ္မ်ားမထဖို႔ သတိထားပါ။
ၿပီးတဲ့အခါ ပုလင္းတစ္လုံးထဲ ထည့္ၿပီး သိမ္းလိုက္ပါ။ ေျခာက္ေသြ႕ေအးစက္တဲ့ ေနရာမွာ သိမ္းမယ္ဆိုရင္ေတာ့ ၇ရက္ ေက်ာ္ထားခံပါတယ္။ ေရခဲေသတၱာထဲမွာ သိမ္းထားမယ္ ဆိုရင္ေတာ့ ဆယ္ရက္နဲ႔ အထက္ အထားခံမွာ ျဖစ္ပါတယ္။
အသုံးျပဳနည္း….. Cotton pad မွာ အဲ့ဒီ့gelကို အနည္းငယ္ဆြတ္ပါ။ ၿပီးရင္အဲ့ဒီ့ cotton pad နဲ႔ သင့္မ်က္ႏွာေပၚက မိတ္ကပ္ အညစ္အေၾကးနဲ႔ အဆီမ်ားကို ဖယ္ရွားပစ္လိုက္ပါ။ ေရေႏြးေႏြးနဲ႔ မ်က္ႏွာသစ္လိုက္ပါ။
မ်က္ႏွာကို ေျခာက္ေသြ႕ေအာင္ သုတ္ၿပီး အစိုဓာတ္ထိန္း ခရင္မ္အေပ်ာ့စားကို လိမ္းလိုက္ၿပီး အိပ္စက္လိုက္ပါ။ သင္ကိုယ္တိုင္ ျပဳလုပ္ထားတဲ့ သန႔္စင္ေသာ သဘာဝ မ်က္ႏွာသန႔္စင္ ဂ်ယ္လ္နဲ႔ သင့္အလွကို ႂကြ႐ြေစလိုက္ပါ။
# စႏၵီျမင့္မိုရ္
No Comments