သင္ အသက္ေလးဆယ္ေက်ာ္ၿပီလား…….

သင္ အသက္ေလးဆယ္ေက်ာ္ၿပီလား
Health

သင္ အသက္ေလးဆယ္ေက်ာ္ၿပီလား…….

လူဆိုသည္မွာ တစ္ေန႔တျခား အသက္အ႐ြယ္ ငယ္သြားသည္ဟူ၍ မရွိေပ။ အသက္သည္ကား တစ္ေန႔တျခားႀကီးလာမည္သာတည္း။

အထူးသျဖင့္ သင့္အသက္သည္ ေလးဆယ္ေက်ာ္ အတြင္းသို႔ ဝင္ေရာက္လာၿပီ ဆိုပါက က်န္းမာေရး
ဆိုင္ရာ အသိမ်ား အစားအေသာက္ဆိုင္ရာ လိုက္နာမူွမ်ား ရွိရန္ လိုအပ္လာၿပီဟု သိထားရေပမည္။

အခ်ိဳ႕အသက္ေလးဆယ္ေက်ာ္မွ ပို၍ ႏုပ်ိဳလွပ လာျခင္းကို ၾကည့္လွ်င္ ထိုႏုပ်ိဳလွပ သူတို႔၏ ေနနည္းထိုင္နည္း စားေသာက္နည္းမ်ားမွာ က်န္းမာေရး ဂ႐ုစိုက္ျခင္းမ်ား ပါဝင္ေနသည္ကို ေတြ႕ရေပလိမ့္မည္။
အသက္ေလးဆယ္ေက်ာ္မွ ဘဝကိုစသည္ဟုဆိုထားျခင္းေၾကာင့္ သင္သည္ အသက္ ေလးဆယ္ေက်ာ္တြင္ လွပႏုပ်ိဳ က်န္းမာ သြက္လက္ ထက္ျမက္ ေနသင့္ေပသည္။

သို႔ဆိုလွ်င္ မည္သို႔ လိုက္နာေနထိုင္ က်င့္ႀကံမည္နည္း။ အမ်ားႀကီး မလိုပါ လိုက္နာမူ နည္းနည္းႏွင့္
အားထုတ္မူွ အသင့္အတင့္တို႔သည္ သင့္အား အက်ိဳးထူးမ်ားစြာ ရရွိေစႏိုင္ပါသည္။

လူ႔ ခႏၶာကိုယ္တြင္းမွ အစိပ္အပိုင္းမ်ားႏွင့္ အေပၚယံ ဖုံးအုပ္ထားသည့္ အေရျပးဆိုသည္မွာ က်န္းမာေရးႏွင့္ ညီၫြတ္သည့္ အဆီဓာတ္ ေရဓာတ္ မရွိမျဖစ္ အာဟာရဓာတ္မ်ာ းျဖစ္ေသာ အသားဓာတ္၊ သတၳဳဓာတ္၊ ဗီတာမင္ဓာတ္တို႔ လုံေလာက္စြာလိုအပ္ပါသည္။

သို႔မွသာ အသားအေရ စိုေျပ ေတာက္ပၿပီး က်န္းမာႏုပ်ိဳမွာ ျဖစ္ပါတယ္။ ဟင္း႐ြက္ဟင္းသီး၊ သစ္သီး၊ ငါး၊ ပဲသီး၊ ပဲေစ့အစို အေျခာက္၊ အေစ့ အဆန္ႏွင့္ ပင္လယ္ငါး စသည့္ အစားအစာမ်ားတြင္ အင္တီေအာက္ဆီးဒင့္ႏွင့္ ဗီတာမင္ဓာတ္၊ သတၳဳဓာတ္ဆားမ်ား ႂကြယ္ဝပါသည္။

ထို႔ေၾကာင့္ ထိုသို႔ အစားအစာမ်ားကို ေ႐ြးခ်ယ္ စားသုံး ေပးရေပမည္။ လူသည္ အသက္အ႐ြယ္ အနည္းငယ္ရလာၿပီ ဆိုပါက ေရဓာတ္ ခန္းေျခာက္ျခင္းသည္ သဘာဝ တစ္ခုလိုပင္ျဖစ္၏။

အေရျပားအစိုဓာတ္ထိန္း ခရင္မ္မ်ား Moisturizer ေဘာ္ဒီလိုးရွင္းမ်ား mask မ်ား အစရွိသျဖင့္ ဓာတုေဆးဝါးပါ ပစၥည္းမ်ား သုံးစြဲျခင္းထက္ သဘာဝမွ ေပးအပ္ထားေသာ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ အရည္႐ႊမ္းသည့္ သစ္သီးဝလံမ်ားကို ဂ႐ုတစိုက္ စားသုံးျခင္းသည္ ပို၍ အက်ိဳးထူးကို ရရွိေစပါသည္။

ရာသီစာျဖစ္ေသာ ေထာပတ္သီး၊ သေဘာသႌး၊ ကန္စြန္းဥ၊ ျငဳပ္ပြ အစိမ္း၊ အနီ၊ အဝါ ၊ ဘလူးဘယ္ရီ၊ ပန္းေဂၚဖီ အျဖဴ၊ အစိမ္း အစရွိသည့္ သစ္သီးဝလံမ်ားတြင္ ဗီတာမင္ဓာတ္မ်ား ႂကြယ္ဝစြာ ပါဝင္ၿပီး လူရဲ႕အေရျပားကို မ်ားစြာ အက်ိဳးျပဳတဲ့အတြက္ ေန႔စဥ္ အစားအစာထဲတြင္ ထည့္သြင္း ေပးသင့္ေပသည္။

ထို႔အျပင္ လမ္းေလွ်ာက္ျခင္း၊ ေလ့က်င့္ခန္း ပုံမွန္လုပ္ျခင္း၊ ကိုယ္လက္လူွပ္ရွားမူွကို အစဥ္ သတိျပဳျခင္း၊ ေသြးလည္ပတ္အား ေကာင္းမြန္ေစရန္ ေနထိုင္ ေလ့က်င့္ျခင္း ၊ေခြၽး စိုေနေစျခင္း စသည့္ ကိုယ္လက္ေလ့က်င့္ခန္းမ်ားအား ပုံမွန္ ျပဳလုပ္ေပးျခင္းသည္ မိမိတို႔ ေရာက္ရွိလာသည့္ အသက္အ႐ြယ္ႏွင့္ မိမိတို႔ က်န္းမာေရး မွ်တမူွ ရွိေနေစမည္ျဖစ္သည္။

ေလးဆယ္ ေက်ာ္ေသာ္လည္း က်န္းမာေရး ဂ႐ုစိုက္ျခင္းအားျဖင့္ ႏုပ်ိဳသည့္ ေကာင္းျခင္းလကၡဏာမ်ား ရရွိႏိုင္ေပသည္ဟု အႀကံျပဳလိုက္ရပါသည္။

#စႏၵီျမင့္မိုရ္

Unicode

သင် အသက်လေးဆယ်ကျော်ပြီလား…….

လူဆိုသည်မှာ တစ်နေ့တခြား အသက်အရွယ် ငယ်သွားသည်ဟူ၍ မရှိပေ။ အသက်သည်ကား တစ်နေ့တခြားကြီးလာမည်သာတည်း။

အထူးသဖြင့် သင့်အသက်သည် လေးဆယ်ကျော် အတွင်းသို့ ဝင်ရောက်လာပြီ ဆိုပါက ကျန်းမာရေး
ဆိုင်ရာ အသိများ အစားအသောက်ဆိုင်ရာ လိုက်နာမူှများ ရှိရန် လိုအပ်လာပြီဟု သိထားရပေမည်။

အချို့အသက်လေးဆယ်ကျော်မှ ပို၍ နုပျိုလှပ လာခြင်းကို ကြည့်လျှင် ထိုနုပျိုလှပ သူတို့၏ နေနည်းထိုင်နည်း စားသောက်နည်းများမှာ ကျန်းမာရေး ဂရုစိုက်ခြင်းများ ပါဝင်နေသည်ကို တွေ့ရပေလိမ့်မည်။
အသက်လေးဆယ်ကျော်မှ ဘဝကိုစသည်ဟုဆိုထားခြင်းကြောင့် သင်သည် အသက် လေးဆယ်ကျော်တွင် လှပနုပျို ကျန်းမာ သွက်လက် ထက်မြက် နေသင့်ပေသည်။

သို့ဆိုလျှင် မည်သို့ လိုက်နာနေထိုင် ကျင့်ကြံမည်နည်း။ အများကြီး မလိုပါ လိုက်နာမူ နည်းနည်းနှင့်
အားထုတ်မူှ အသင့်အတင့်တို့သည် သင့်အား အကျိုးထူးများစွာ ရရှိစေနိုင်ပါသည်။

လူ့ ခန္ဓာကိုယ်တွင်းမှ အစိပ်အပိုင်းများနှင့် အပေါ်ယံ ဖုံးအုပ်ထားသည့် အရေပြးဆိုသည်မှာ ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီဓာတ် ရေဓာတ် မရှိမဖြစ် အာဟာရဓာတ်မျာ းဖြစ်သော အသားဓာတ်၊ သတ္ထုဓာတ်၊ ဗီတာမင်ဓာတ်တို့ လုံလောက်စွာလိုအပ်ပါသည်။

သို့မှသာ အသားအရေ စိုပြေ တောက်ပပြီး ကျန်းမာနုပျိုမှာ ဖြစ်ပါတယ်။ ဟင်းရွက်ဟင်းသီး၊ သစ်သီး၊ ငါး၊ ပဲသီး၊ ပဲစေ့အစို အခြောက်၊ အစေ့ အဆန်နှင့် ပင်လယ်ငါး စသည့် အစားအစာများတွင် အင်တီအောက်ဆီးဒင့်နှင့် ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်ဆားများ ကြွယ်ဝပါသည်။

ထို့ကြောင့် ထိုသို့ အစားအစာများကို ရွေးချယ် စားသုံး ပေးရပေမည်။ လူသည် အသက်အရွယ် အနည်းငယ်ရလာပြီ ဆိုပါက ရေဓာတ် ခန်းခြောက်ခြင်းသည် သဘာဝ တစ်ခုလိုပင်ဖြစ်၏။

အရေပြားအစိုဓာတ်ထိန်း ခရင်မ်များ Moisturizer ဘော်ဒီလိုးရှင်းများ mask များ အစရှိသဖြင့် ဓာတုဆေးဝါးပါ ပစ္စည်းများ သုံးစွဲခြင်းထက် သဘာဝမှ ပေးအပ်ထားသော ဟင်းသီးဟင်းရွက်များနှင့် အရည်ရွှမ်းသည့် သစ်သီးဝလံများကို ဂရုတစိုက် စားသုံးခြင်းသည် ပို၍ အကျိုးထူးကို ရရှိစေပါသည်။

ရာသီစာဖြစ်သော ထောပတ်သီး၊ သဘောင်္သီး၊ ကန်စွန်းဥ၊ ငြုပ်ပွ အစိမ်း၊ အနီ၊ အဝါ ၊ ဘလူးဘယ်ရီ၊ ပန်းဂေါ်ဖီ အဖြူ၊ အစိမ်း အစရှိသည့် သစ်သီးဝလံများတွင် ဗီတာမင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး လူရဲ့အရေပြားကို များစွာ အကျိုးပြုတဲ့အတွက် နေ့စဉ် အစားအစာထဲတွင် ထည့်သွင်း ပေးသင့်ပေသည်။

ထို့အပြင် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ကိုယ်လက်လူှပ်ရှားမူှကို အစဉ် သတိပြုခြင်း၊ သွေးလည်ပတ်အား ကောင်းမွန်စေရန် နေထိုင် လေ့ကျင့်ခြင်း ၊ချွေး စိုနေစေခြင်း စသည့် ကိုယ်လက်လေ့ကျင့်ခန်းများအား ပုံမှန် ပြုလုပ်ပေးခြင်းသည် မိမိတို့ ရောက်ရှိလာသည့် အသက်အရွယ်နှင့် မိမိတို့ ကျန်းမာရေး မျှတမူှ ရှိနေစေမည်ဖြစ်သည်။

လေးဆယ် ကျော်သော်လည်း ကျန်းမာရေး ဂရုစိုက်ခြင်းအားဖြင့် နုပျိုသည့် ကောင်းခြင်းလက္ခဏာများ ရရှိနိုင်ပေသည်ဟု အကြံပြုလိုက်ရပါသည်။

#စန္ဒီမြင့်မိုရ်

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …