သင္ ပင္ပန္းႏြမ္းနယ္ ေနလား

သင္ ပင္ပန္းႏြမ္းနယ္ ေနလား
Article

သင္ ပင္ပန္းႏြမ္းနယ္ ေနလား

ပင္ပန္းႏြမ္းနယ္ျခင္းကို သင္ခံစား ေနရ ပါသလား ။ သင့္ရဲ႕ ခႏၶာကိုယ္ကို မသယ္ပိုးခ်င္ ေလာက္ေအာင္ အားအင္ ခ်ိနဲ႔ ေနသလိုမ်ိဳး ျဖစ္ေန တာဟာ သင့္မွာ အေၾကာင္းရင္း တစ္ခုခု ရွိေနၿပီဆိုတာ သိလိုက္ပါ ။

႐ိုး႐ိုးရွင္းရွင္း အိပ္ငိုက္ျခင္းမ်ိဳးနဲ႔ မတူေအာင္ မလႈပ္ရွားခ်င္ စိတ္တက္ႂကြျခင္း မရွိ ႏြမ္းနယ္ျခင္းမ်ား ခံစားေနရၿပီ ဆိုရင္ အေၾကာင္းရင္းကို သိဖို႔ ႀကိဳးစားၾကည့္ပါ ။ ေန႔စဥ္ ဘဝထဲမွာ မိမိရဲ႕ လူွပ္ရွား ေနထိုင္ စားေသာက္မႈ ပုံစံေတြေၾကာင့္ ျဖစ္လာရတဲ့ ႏြမ္းနယ္မႈကို သိရွိေစဘို႔ အခ်က္ အခ်ိဳ႕ကိုေဖာ္ျပေပး လိုက္ပါတယ္ ။

အစား မမွန္ျခင္း

မ်ားေသာအားျဖင့္ လူတိုင္းမွာ ေန႔စဥ္ အလုပ္အကိုင္မ်ား စိတ္ဖိစီးမႈမ်ား အေၾကာင္းအရာမ်ားစြာနဲ႔ ႐ုန္းကန္ ေနထိုင္ ၾကရတဲ့အခါ အစားအေသာက္ မမွန္ျခင္းမ်ားျဖစ္တတ္ ၾကပါတယ္ ။

အိပ္ေရးဝဝမအိပ္ရတဲ့ အခါ ႏြမ္းနယ္ သလိုမ်ိဳး အစားအေသာက္မ်ားကို ဦးစားေပး မေ႐ြးခ်ယ္ရင္လည္း ပင္ပန္းႏြမ္းနယ္မႈကို ျဖစ္ေစပါတယ္ ။

အစာကို ျပည့္ဝစြာ မစားတာမ်ိဳး ဒါမွမဟုတ္ အဟာရျပည့္မဲ့ အစားအေသာက္ကို မေ႐ြးခ်ယ္ မိတာမ်ိဳးေတြဟာ ႏြမ္းနယ္ျခင္းရဲ႕ ေနာက္ကြယ္က မထင္မရွားလကၡဏာ ေတြပဲ ျဖစ္ပါတယ္ ။

ေသြးထဲမွာရွိတဲ့ သၾကားဓာတ္ကို ႐ုတ္တရက္ ျမင့္တက္ သြားေစတဲ့ အစားအေသာက္ ေတြဟာ ခဏအတြင္းမွာ ခႏၶာကိုယ္တြင္းရွိ သၾကားဓာတ္ေတြကို က်ဆင္းသြားေစၿပီး ပင္ပန္းႏြမ္းနယ္ျခင္း ကို ခံစားရ ေစတာပဲ ျဖစ္ပါတယ္ ။

ဒါေၾကာင့္မို႔ မိမိမွာ ပုံမွန္ မဟုတ္တဲ့ ပင္ပန္းျခင္းမ်ိဳး ခံစား ေနရၿပီဆိုရင္ အစာ အာဟာရမွ် တမႈ ရွိေအာင္ ဂ႐ုစိုက္ ေပးရမွာ ျဖစ္ပါတယ္ ။

အသီးအႏွံ အ႐ြက္ အသားနဲ႔ ကစီဓာတ္ေတြကို အခ်ိဳးအစား မွ်တေအာင္ စားေပရမွာ ျဖစ္ပါတယ္ ။ အခ်ိဳနဲ႔ သၾကားဓာတ္ျမင့္မားတဲ့အစားအေသာက္ေတြကို ေရွာင္ၿပီး စားေသာက္ ျခင္းဟာ ခဏခ်င္း အတြင္းမွာပဲ အားအင္ ျပည့္ၿဖိဳးလန္းဆန္းေနေစမွာ ျဖစ္ပါတယ္ ။

စိတ္က်ျခင္း

စိတ္ဓာတ္က်ဆင္းျခင္း စိတ္က်ေဝဒနာခံစားေနရျခင္းေတြျဖစ္ေနၿပီဆိုရင္ စိတ္ေၾကာင့္႐ုပ္ပိုင္းဆိုင္ရာကိုပါထိခိုက္ ျခင္းမ်ားျဖစ္ေပၚလာတတ္တာပဲျဖစ္ပါတယ္။စိတ္ဓာတ္က်လာတဲ့အခါမွာ လူဟာဝမ္းနည္းမႈ စိုးရိမ္ပူပန္မႈေတြျဖစ္ေပၚလာၿပီး ႐ုပ္ပိုင္းဆိုင္ရာ ကိုက္ခဲနာက်င္မႈ ႏြမ္းနယ္ႏုံးခ်ိမႈနဲ႔အိပ္စက္မေပ်ာ္ျခင္းမ်ား ျဖစ္ေပၚခံစားရႏိုင္တာကိုေတြ႕ရပါတယ္။

ဒါေၾကာင့္မို႔ မိမိကိုယ္တိုင္ျဖစ္ေစ မိမိရဲ႕အနီးအနားမွာရွိေနသူေတြမွာျဖစ္ေစ ဒီလိုျပႆနာမ်ိဳးေတြႀကဳံလာရၿပီဆိုရင္ မေပါ့ပါနဲ႔ ဆရာဝန္နဲ႔သာတိုင္ပင္ပါ။ကုသမႈကိုခံယူပါ။

စိတ္က်ျခင္းအေျခအေနမ်ိဳးျဖစ္လာၿပီဆိုရင္ ကုသမႈတစ္ခုမရွိပါက အေျခအေနဆိုး႐ြားမႈမ်ိဳးကိုေတြ႕ႀကဳံခံစားလာရမွာျဖစ္ပါတယ္။အခွန္တိုတိုမွာျပန္လည္ေကာင္းမြန္လာဖိုမလြယ္ကူပါ။

သင့္ေတာ္တဲ့ကုထုံး မွန္ကန္တဲ့ေဆးဝါး ေ႐ြးခ်ယ္မႈေတြ အစကေနအစျပဳ လုပ္ႏိုင္ဖို႔အတြက္ မိမိကိုယ္ကိုယ္ နဂိုမူလပုံမွန္မဟုတ္ပဲ ပင္ပန္းႏြမ္းနယ္ျခင္းမ်ိဳးျဖစ္ေမၿပီလားဆိုတာကို ဂ႐ုစိုက္ၾကည့္ဖို႔လိုပါတယ္။

အစားအေသာက္နဲ႔ဓာတ္မတည့္ျခင္း”’လူေတြသတိမထားမိတဲ့အခ်က္တစ္ခုကေတာ့မိမိတို႔ကိုယ္တိုင္မွာ အခ်ိဳ႕အစားအေသာက္မ်ားနဲ႔ဓာတ္မတည့္ျခင္းမ်ိဳးရွိေနျခင္းပါပဲ။

အခ်ိဳ႕အစားအေသာက္ေတြနဲ႔ဓာတ္မတည့္မႈေတြေၾကာင့္တာရွည္ ပင္ပန္းႏြမ္းနယ္မႈကိုျဖစ္ေပၚေစပါတယ္။ အစာစားၿပီးအိပ္ငိုက္လာတာမ်ိဳးျဖစ္ခဲ့ရင္ ဒီအစားအေသာက္ကိုမိမိခႏၶာကိုယ္က လက္မခံႏိုင္တာ အဆိုပါ အစားအေသာက္ကို တုန႔္ျပန္တာလို႔ ယူဆရမွာျဖစ္ပါတယ္။ဒါေၾကာင့္မို႔ မိမိဟာ ဘယ္လို အစားအေသာက္ေတြကို စားၿပီးတိုင္ းဒီလိုလကၡဏာမ်ိဳးျဖစ္တတ္တာလဲ ဆိုတာေလ့လာရပါမယ္။

သိရွိၿပီဆိုရင္ ဆင္ခ်င္ရမွာပဲဖစ္ပါတယ္။ အစားအေသာက္နဲ႔ဓာတ္မတည့္ျခင္းမ်ိဳးျဖစ္ေနၿပီဆိုရင္ ဆရာဝန္နဲ႔သင္တိုင္ပင္သင့္ၿပီလို႔ဆိုခ်င္ပါတယ္။ ဘာကိုမွပင္ပင္ပန္းပန္းမလုပ္ပါပဲနဲ႔ ပင္ပန္းႏြမ္းနယ္မူွျဖစ္ေနၿပီဆိုရင္ သင့္မွာ က်န္းမာေရးခ်ိဳ႕ယြင္းျခင္းသာျဖစ္ေၾကာင္းသိလိုက္ပါ။

လန္းဆန္းတက္ႂကြမူွကိုတည္ေဆာက္ဖို႔ ႏြမ္းနယ္မႈ ကိုတြန္းလွန္ၾကပါစို႔…..။

စႏၵီျမင့္မိုရ္#

Unicode

သင် ပင်ပန်းနွမ်းနယ် နေလား

ပင်ပန်းနွမ်းနယ်ခြင်းကို သင်ခံစား နေရ ပါသလား ။ သင့်ရဲ့ ခန္ဓာကိုယ်ကို မသယ်ပိုးချင် လောက်အောင် အားအင် ချိနဲ့ နေသလိုမျိုး ဖြစ်နေ တာဟာ သင့်မှာ အကြောင်းရင်း တစ်ခုခု ရှိနေပြီဆိုတာ သိလိုက်ပါ ။

ရိုးရိုးရှင်းရှင်း အိပ်ငိုက်ခြင်းမျိုးနဲ့ မတူအောင် မလှုပ်ရှားချင် စိတ်တက်ကြွခြင်း မရှိ နွမ်းနယ်ခြင်းများ ခံစားနေရပြီ ဆိုရင် အကြောင်းရင်းကို သိဖို့ ကြိုးစားကြည့်ပါ ။ နေ့စဉ် ဘဝထဲမှာ မိမိရဲ့ လူှပ်ရှား နေထိုင် စားသောက်မှု ပုံစံတွေကြောင့် ဖြစ်လာရတဲ့ နွမ်းနယ်မှုကို သိရှိစေဘို့ အချက် အချို့ကိုဖော်ပြပေး လိုက်ပါတယ် ။

အစား မမှန်ခြင်း

များသောအားဖြင့် လူတိုင်းမှာ နေ့စဉ် အလုပ်အကိုင်များ စိတ်ဖိစီးမှုများ အကြောင်းအရာများစွာနဲ့ ရုန်းကန် နေထိုင် ကြရတဲ့အခါ အစားအသောက် မမှန်ခြင်းများဖြစ်တတ် ကြပါတယ် ။

အိပ်ရေးဝဝမအိပ်ရတဲ့ အခါ နွမ်းနယ် သလိုမျိုး အစားအသောက်များကို ဦးစားပေး မရွေးချယ်ရင်လည်း ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ် ။

အစာကို ပြည့်ဝစွာ မစားတာမျိုး ဒါမှမဟုတ် အဟာရပြည့်မဲ့ အစားအသောက်ကို မရွေးချယ် မိတာမျိုးတွေဟာ နွမ်းနယ်ခြင်းရဲ့ နောက်ကွယ်က မထင်မရှားလက္ခဏာ တွေပဲ ဖြစ်ပါတယ် ။

သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို ရုတ်တရက် မြင့်တက် သွားစေတဲ့ အစားအသောက် တွေဟာ ခဏအတွင်းမှာ ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်တွေကို ကျဆင်းသွားစေပြီး ပင်ပန်းနွမ်းနယ်ခြင်း ကို ခံစားရ စေတာပဲ ဖြစ်ပါတယ် ။

ဒါကြောင့်မို့ မိမိမှာ ပုံမှန် မဟုတ်တဲ့ ပင်ပန်းခြင်းမျိုး ခံစား နေရပြီဆိုရင် အစာ အာဟာရမျှတမှု ရှိအောင် ဂရုစိုက် ပေးရမှာ ဖြစ်ပါတယ် ။

အသီးအနှံ အရွက် အသားနဲ့ ကစီဓာတ်တွေကို အချိုးအစား မျှတအောင် စားပေရမှာ ဖြစ်ပါတယ် ။ အချိုနဲ့ သကြားဓာတ်မြင့်မားတဲ့အစားအသောက်တွေကို ရှောင်ပြီး စားသောက် ခြင်းဟာ ခဏချင်း အတွင်းမှာပဲ အားအင် ပြည့်ဖြိုးလန်းဆန်းနေစေမှာ ဖြစ်ပါတယ် ။

စိတ်ကျခြင်း

စိတ်ဓာတ်ကျဆင်းခြင်း စိတ်ကျဝေဒနာခံစားနေရခြင်းတွေဖြစ်နေပြီဆိုရင် စိတ်ကြောင့်ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက် ခြင်းများဖြစ်ပေါ်လာတတ်တာပဲဖြစ်ပါတယ်။စိတ်ဓာတ်ကျလာတဲ့အခါမှာ လူဟာဝမ်းနည်းမှု စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာပြီး ရုပ်ပိုင်းဆိုင်ရာ ကိုက်ခဲနာကျင်မှု နွမ်းနယ်နုံးချိမှုနဲ့အိပ်စက်မပျော်ခြင်းများ ဖြစ်ပေါ်ခံစားရနိုင်တာကိုတွေ့ရပါတယ်။

ဒါကြောင့်မို့ မိမိကိုယ်တိုင်ဖြစ်စေ မိမိရဲ့အနီးအနားမှာရှိနေသူတွေမှာဖြစ်စေ ဒီလိုပြဿနာမျိုးတွေကြုံလာရပြီဆိုရင် မပေါ့ပါနဲ့ ဆရာဝန်နဲ့သာတိုင်ပင်ပါ။ကုသမှုကိုခံယူပါ။စိတ်ကျခြင်းအခြေအနေမျိုးဖြစ်လာပြီဆိုရင် ကုသမှုတစ်ခုမရှိပါက အခြေအနေဆိုးရွားမှုမျိုးကိုတွေ့ကြုံခံစားလာရမှာဖြစ်ပါတယ်။အခှန်တိုတိုမှာပြန်လည်ကောင်းမွန်လာဖိုမလွယ်ကူပါ။

သင့်တော်တဲ့ကုထုံး မှန်ကန်တဲ့ဆေးဝါး ရွေးချယ်မှုတွေ အစကနေအစပြု လုပ်နိုင်ဖို့အတွက် မိမိကိုယ်ကိုယ် နဂိုမူလပုံမှန်မဟုတ်ပဲ ပင်ပန်းနွမ်းနယ်ခြင်းမျိုးဖြစ်မေပြီလားဆိုတာကို ဂရုစိုက်ကြည့်ဖို့လိုပါတယ်။

အစားအသောက်နဲ့ဓာတ်မတည့်ခြင်း”’လူတွေသတိမထားမိတဲ့အချက်တစ်ခုကတော့မိမိတို့ကိုယ်တိုင်မှာ အချို့အစားအသောက်များနဲ့ဓာတ်မတည့်ခြင်းမျိုးရှိနေခြင်းပါပဲ။

အချို့အစားအသောက်တွေနဲ့ဓာတ်မတည့်မှုတွေကြောင့်တာရှည် ပင်ပန်းနွမ်းနယ်မှုကိုဖြစ်ပေါ်စေပါတယ်။ အစာစားပြီးအိပ်ငိုက်လာတာမျိုးဖြစ်ခဲ့ရင် ဒီအစားအသောက်ကိုမိမိခန္ဓာကိုယ်က လက်မခံနိုင်တာ အဆိုပါအစားအသောက်ကိုတုန့်ပြန်တာလို့ယူဆရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ မိမိဟာဘယ်လိုအစားအသောက်တွေကိုစားပြီးတိုင်းဒီလိုလက္ခဏာမျိုးဖြစ်တတ်တာလဲဆိုတာလေ့လာရပါမယ်။

သိရှိပြီဆိုရင် ဆင်ချင်ရမှာပဲဖစ်ပါတယ်။ အစားအသောက်နဲ့ဓာတ်မတည့်ခြင်းမျိုးဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့သင်တိုင်ပင်သင့်ပြီလို့ဆိုချင်ပါတယ်။ ဘာကိုမှပင်ပင်ပန်းပန်းမလုပ်ပါပဲနဲ့ ပင်ပန်းနွမ်းနယ်မူှဖြစ်နေပြီဆိုရင် သင့်မှာ ကျန်းမာရေးချို့ယွင်းခြင်းသာဖြစ်ကြောင်းသိလိုက်ပါ။

လန်းဆန်းတက်ကြွမူှကိုတည်ဆောက်ဖို့ နွမ်းနယ်မှု ကိုတွန်းလှန်ကြပါစို့…..။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေ
Article
သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး လူသားတွေ အသိချင်ဆုံး အရာက သေသွားပြီးရင် ဘာဖြစ်မလဲဆိုတဲ့ အကြောင်းအရာပါ။ သေခြင်းတရား က လူသားတွေအတွက် စိတ်အနှောက်အယှက်ပေး နိုင်ဆုံး အရာပဲဖြစ်ပါတယ်။ လူသားတွေက သဘာ၀ ဘေးအန္တရာယ်တွေကို တစ်ခုပြီး တစ်ခု ကျော်လွှားနိုင်အောင် ကြိုးစားနေ ကြပေမဲ့ ဒိကနေ့ အထိ မကျော်လွှားနိုင် မခုခံနိုင်တဲ့ အကြောင်းတရားတွေ ထဲမှာ သေခြင်းတရားကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားက ၁၂နှစ်အရွယ် ကောင်မလေး တစ်ယောက်ကတော့ သေခြင်းတရားကနေ ပြန်ပြီး ရှင်သန် လာနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၈ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ပရိုဘိုလင်ဂို …

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်
Article
ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန် တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်က သူတို့ရဲ့ ဆိုင်ဝမှာ ပေါင်ချိန်စက်တစ်ခုကိုထားပြီး အစား အသောက် မမှာခင်မှာ ပေါင်အရင် ချိန်ပါလို့ စာတန်း ကပ်ထားတာကြောင့် စားသုံးသူတွေက အဲ့ဒိ ပေါင်ချိန် ရမယ့် ကိစ္စကို မကျေမနပ် ဖြစ်လို့ ဆိုင်ရှင်ကို အချေအတင်ပြောရာမှ ပြဿနာ မကြီးထွားလာခင်မှာ ဆိုင်ရှင်က တောင်းပန်လိုက်ရပါတယ်။ ဟူနန်ပြည်နယ် ချန်းရှာမြို့က ချူအီရန် အမဲကြော် ဆိုင်က ဆိုင်ရှင်က သတင်းစာကို “ ကျနော်တို့ က သမ္မတကြီး ရှီကျင့်ဖျင် မိန့်ခွန်းထဲကအတိုင်း တိုင်းပြည်အတွင်းမှာ အစားအသောက်တွေ အလေအလွင့် မဖြစ်အောင် ချိန်တွယ် စားသောက်နိုင်ဖို့အတွက် ဆိုင်ဝမှာ မီနူးနဲ့ ပေါင်ချိန်စက်ကို …

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု
Article
၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု ၂၀၂၀ ထဲကို ဝင်လာတာ အခုဆိုရင် ၈လထဲကို ရောက်လာခဲ့ပါပြီ။ အမှတ်မထင် ဖြစ်ရပ် ၈ခုက ကမ္ဘာကြီး ပျက်သွားနိုင်လောက်တဲ့ အနေအထားမျိုးနဲ့ ဖြစ်ပျက် သွားပါတယ်။ ဖြစ်ရပ်တွေ ဖြစ်ပွားတဲ့ ဒေသက လူတွေကတော့ တကယ်ပဲ ကမ္ဘာကြီး ပျက်သွားပြီလို့ အောက်မေ့ ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ကမ္ဘာကြီးကတော့ ဒီအတိုင်း ရှိနေပါသေးတယ်။ သြစတေလျှ တောမီး ။ ။ ၂၀၁၉ ကတည်းက လောင်နေတဲ့ သြတေးလျှ တောမီးက ၂၀၂၀ ထဲ ဝင်တဲ့အထိ မငြိမ်းနိုင်ဘူး ဖြစ်နေခဲ့တယ်။ အရေးပေါ် …