- By : Phoe Linn
- Category : beauty-tip

Basal….
Reflex….
Psychic…
ယူဆလို့ ရပါတယ် ။
စန္ဒီမြင့်မိုရ်#
Unicode
သင်ကိုယ် အလေးချိန် ကျချင်ရင် ငိုပါ
ပညာရှင် အချို့ရဲ့ လေ့လာ သုံးသပ်ချက် အရ ငိုကြွေးခြင်း က ကိုယ် အလေးချိန်ကို ကျဆင်း နိုင်တယ်လို့ တွေ့ရှိခဲ့ ကြပါတယ် ။ ငိုကြွေးတယ် ဆိုရာမှာ သင်တို့ရဲ့ နာကျင်မှု ၊ စိတ်ဖိအား ၊ ဝမ်းနည်းခြင်း ၊ ပျော်ရွှင်ခြင်း စတဲ့ စိတ်ခံစားချက် အပေါ်မှာ အလို အလျောက် တုံ့ပြန်မှု တစ်ခုပဲ ဖြစ်ပါတယ် ။
မျက်ရည်ကို Basal ၊ Reflex ၊ Psychic ဆိုပြီး သုံးမျိုး ခွဲလို့ ရပါတယ် ။
Basal….
ဆိုတာ ကတော့ မျက်လုံးရဲ့စိုစွတ်မှု ကို ထိန်းသိမ်း ပေးတဲ့ အခြေခံ မျက်ရည်ပဲ ဖြစ်ပါတယ် ။
Reflex….
ဆိုတာ ကတော့ လေပြင်းနဲ့ မီးခိုး တို့လို ပြင်ပ ဖိအား တွေကြောင့် ဖြစ်လာတဲ့ မျက်ရည်ပါ ။
Psychic…
ဆိုတာ ကတော့ စိတ်ခံစားမှု ကြောင့်ကျတဲ့ မျက်ရည်ပဲ ဖြစ်ပါတယ် ။ ဒီမျက်ရည် အမျိုးအစားဟာ ဆိုရင် ကိုယ် အလေးချိန်ကို လျော့ကျစေနိုင် တာပဲ ဖြစ်တယ်လို့ မကြာသေးမှီက ပညာရှင်တို့ လေ့လာ တွေ့ရှိမှုမှာ ဖော်ပြ ထားခဲ့တာ ဖြစ်ပါတယ် ။
စိတ်ခံစားချက်တွေ မြင့်တက် လာတိုင်း မျက်ရည် ကျတာဟာ ကော်တီဇုန်း ဟော်မုန်း ပမာဏ မြင့်တက်လာမှု နဲ့ ဆက်နွယ် နေလို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ် ။ စိတ်ခံစားမှု ကြောင့်ကျတဲ့ မျက်ရည်ဟာ ခန္ဓာကိုယ် ထဲကနေ အဆိပ်အတောက် များစွာ ကိုလည်း ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ် ။
ငိုကြွေးခြင်း ဆိုတာက စိတ်ဖိအား များလာတဲ့ အချိန်မှာ စုပုံ လာတဲ့ အဆိပ်အတောက် တွေကို ဖယ်ထုတ်ပေးတဲ့ ဖြစ်စဉ် တစ်ခုလို့
ယူဆလို့ ရပါတယ် ။
စိတ်ဖိအား ဖြစ်စေတဲ့ ဟော်မုန်း တွေကို ငိုကြွေး တာကနေ ထုတ်ပစ် လိုက်တာမို့ စိတ်ဖိအား မြင့်တက် လာတိုင်း ခန္ဓာကိုယ်က အဆီတွေ ပိုတိုးပြီး စုမလာနိုင် တော့ပါ ။ ပညာရှင်တွေ အဆိုကတော့ ည ၇ နာရီ ကနေ ၁၀ နာရီ ကြားဟာ မျက်ရည်ကျ ငိုကြွေးဖို့ အကောင်းဆုံးအချိန်လို့ အကြံပြု ထားပါတယ် ။
ကဲ ငိုကြွေးခြင်းနဲ့ ဝိတ်ချ ကြပါစို့… ။
စန္ဒီမြင့်မိုရ်#
No Comments