သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင်

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္
beauty-tip

သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင်

သင့်ရဲ့နှုတ်ခမ်းတစ်စုံကို အလှတွေ ပိုမိုပေါ်လွင်ပြီး ပိုမို တောက်ပလာစေဖို့ဆိုရင် နှုတ်ခမ်းနီဆိုးခြင်းကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကဲဒါဆို နှုတ်ခမ်းလှလှလေး တစ်စုံကို ရရှိဖို့အတွက် ဘယ်လိုအချက်တွေ လိုအပ်သလဲ ဆိုတာကို ဆက်ဖတ်ကြည့်လိုက်ပါစို့။

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္1

၁. လိုက်ဖက် ပါစေ…

သင့်ရဲ့ မျက်နှာပြင်ပေါ်မှာ လှပပြီး စွဲဆောင်မှုရှိမဲ့ နှုတ်ခမ်းတစ်စုံ ရရှိဖို့အတွက် သင်အသုံးပြုမဲ့ နှုတ်ခမ်းနီနဲ့ သင့်ရဲ့ နှုတ်ခမ်းတစ်ဝုှိက်မှာ ပုံဖော်မဲ့ ခဲတံရဲ့အရောင်ဟာ အရောင်နှစ်ခု လိုက်ဖက်မှုရှိပြီး တူညီမျှတ ဟာမိုနီကျနေဖို့ လိုအပ်ပါတယ်။

၂. မှန်ကန်စွာ စတင်ပါ…

သင့်နှုတ်ခမ်းမှာ နှုတ်ခမ်းနီ ဆိုးတော့မယ်ဆိုရင် ပထမဦးစွာ အပေါ်နှုတ်ခမ်းကနေ စတင် ဆိုးပေးရပါမယ်။ အပြင်ဘက်ကနေ အလယ်ကို ဆွဲယူလာပြီး ဆိုးပါ။ ခဲတံအသုံးပြုချိန်မှာလည်း သင့်နှုတ်ခမ်းသားကို သတိထားပြီး ဆွဲပါ။

သင် နှုတ်ခမ်းနီ ဆိုးတဲ့အခါ ဘေးဘက်ကနေ နှုတ်ခမ်းအလယ်ကို ဆွဲယူ ဆိုးပေးခြင်းအားဖြင့် နှုတ်ခမ်းမှာ အရေးအကြောင်း ဖြစ်ပေါ်မှုကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

၃. အောက်နှုတ်ခမ်း ဆွဲရင်…

နှုတ်ခမ်းနီဆေးသားကို သင့်အောက်နှုတ်ခမ်းမှာ ဆွဲတော့မယ်ဆိုရင် သတိထားရပါမယ်။ အောက်နှုတ်ခမ်းသားကို ပုံဖော်ချိန်မှာ လက်ငြိမ်ဖို့ကိုတော့ အထူးသတိပြုရမှာ ဖြစ်ပါတယ်။ အများစုကတော့ အောက်နှုတ်ခမ်းသားကို ထူထဲနေအောင် ပုံဖော်လေ့ရှိပါတယ်။ အတတ်နိုင်ဆုံး သင့်နှုတ်ခမ်းသားကို သဘာဝကျကျသာ ပုံဖော်ပေးဖို့ လိုအပ်ပါတယ်။

 

၄. အစက်ချနည်းနဲ့ ပုံဖော်စို့….

သင့်နှုတ်ခမ်းသားတွေကို ပုံဖော်တဲ့အခါမှာ နှုတ်ခမ်းသား ပုံဖော်မဲ့ ခဲတံကို အသုံးပြုတဲ့အခါ တစ်ချက်ထဲ မဆွဲပဲ မိမိလိုချင်တဲ့ နှုတ်ခမ်းပုံလေးအတိုင်း အစက်ကလေးများကို အရင်ချပြီးမှ အစက်ကလေးတွေကို ပြန်ဆက်ပြီး ဆွဲတာမျိုးက ပိုပြီး ပုံဖော်မှု ပီပြင်ကာ သဘာဝကျစေမှာ ဖြစ်ပါတယ်။ တစ်ဆင့်ချင်းဆွဲပီး ပုံဖော်မှုက နှုတ်ခမ်းဘေးတွေကို စွန်းထင်းမှုကင်းဖို့ စိတ်ချရပါတယ်။

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္2

၅. ရေစိုတစ်သျှူး သုံးပါ….

သင်နှုတ်ခမ်းနီ ဆိုးပြီးတဲ့အခါ သင့်နှုတ်ခမ်းသားတစ်ဝုှိက်မှာ မလိုအပ်တဲ့ ပေကျံ စွန်းထွက်နေခြင်းတွေကို ရေစိုတစ်သျှူးကလေး အသုံးပြုပြီး ဖယ်ရှားပေးပါ။ သင့်စိတ်ကြိုက် နှုတ်ခမ်းနီအရောင်ကို အသုံးပြုနိုင်ပြီး အရောင်ရင့်တွေကတော့ သင့်နှုတ်ခမ်းကို ပိုမိုစွဲဆောင်မှု ရှိနိုင်တာမို့ ရွေးချယ်သင့်ပါတယ်။

အရောင်ရင့်နှုတ်ခမ်းနီကို ရွေးချယ် သုံးစွဲပြီးရင်တော့ အပြင်က ပြန်ရောက်တဲ့အခါ နှုတ်ခမ်းနီကိုဖျက်ဆေးလေးနဲ့ အမြန်ဖျက်ပေးဖို့ကိုတော့ မမေ့လိုက်ပါနဲ့နော်….. ကဲဒါဆို လှပပြီးစွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းအလှကို ပိုင်ဆိုင်နိုင်ပါပြီလို့…။

# စန္ဒီမြင့်မိုရ်

Zawgyi

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္

သင့္ရဲ႕ႏႈတ္ခမ္းတစ္စုံကို အလွေတြ ပိုမိုေပၚလြင္ၿပီး ပိုမို ေတာက္ပလာေစဖို႔ဆိုရင္ ႏႈတ္ခမ္းနီဆိုးျခင္းကို ဂ႐ုစိုက္ေပးဖို႔ လိုအပ္ပါတယ္။ ကဲဒါဆို ႏႈတ္ခမ္းလွလွေလး တစ္စုံကို ရရွိဖို႔အတြက္ ဘယ္လိုအခ်က္ေတြ လိုအပ္သလဲ ဆိုတာကို ဆက္ဖတ္ၾကည့္လိုက္ပါစို႔။

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္3

၁. လိုက္ဖက္ ပါေစ…

သင့္ရဲ႕ မ်က္ႏွာျပင္ေပၚမွာ လွပၿပီး စြဲေဆာင္မႈရွိမဲ့ ႏႈတ္ခမ္းတစ္စုံ ရရွိဖို႔အတြက္ သင္အသုံးျပဳမဲ့ ႏႈတ္ခမ္းနီနဲ႔ သင့္ရဲ႕ ႏႈတ္ခမ္းတစ္ဝုွိက္မွာ ပုံေဖာ္မဲ့ ခဲတံရဲ႕အေရာင္ဟာ အေရာင္ႏွစ္ခု လိုက္ဖက္မႈရွိၿပီး တူညီမွ်တ ဟာမိုနီက်ေနဖို႔ လိုအပ္ပါတယ္။

၂. မွန္ကန္စြာ စတင္ပါ…

သင့္ႏႈတ္ခမ္းမွာ ႏႈတ္ခမ္းနီ ဆိုးေတာ့မယ္ဆိုရင္ ပထမဦးစြာ အေပၚႏႈတ္ခမ္းကေန စတင္ ဆိုးေပးရပါမယ္။ အျပင္ဘက္ကေန အလယ္ကို ဆြဲယူလာၿပီး ဆိုးပါ။ ခဲတံအသုံးျပဳခ်ိန္မွာလည္း သင့္ႏႈတ္ခမ္းသားကို သတိထားၿပီး ဆြဲပါ။

သင္ ႏႈတ္ခမ္းနီ ဆိုးတဲ့အခါ ေဘးဘက္ကေန ႏႈတ္ခမ္းအလယ္ကို ဆြဲယူ ဆိုးေပးျခင္းအားျဖင့္ ႏႈတ္ခမ္းမွာ အေရးအေၾကာင္း ျဖစ္ေပၚမႈကို ဟန႔္တားႏိုင္မွာ ျဖစ္ပါတယ္။

၃. ေအာက္ႏႈတ္ခမ္း ဆြဲရင္…

ႏႈတ္ခမ္းနီေဆးသားကို သင့္ေအာက္ႏႈတ္ခမ္းမွာ ဆြဲေတာ့မယ္ဆိုရင္ သတိထားရပါမယ္။ ေအာက္ႏႈတ္ခမ္းသားကို ပုံေဖာ္ခ်ိန္မွာ လက္ၿငိမ္ဖို႔ကိုေတာ့ အထူးသတိျပဳရမွာ ျဖစ္ပါတယ္။ အမ်ားစုကေတာ့ ေအာက္ႏႈတ္ခမ္းသားကို ထူထဲေနေအာင္ ပုံေဖာ္ေလ့ရွိပါတယ္။ အတတ္ႏိုင္ဆုံး သင့္ႏႈတ္ခမ္းသားကို သဘာဝက်က်သာ ပုံေဖာ္ေပးဖို႔ လိုအပ္ပါတယ္။

၄. အစက္ခ်နည္းနဲ႔ ပုံေဖာ္စို႔….

သင့္ႏႈတ္ခမ္းသားေတြကို ပုံေဖာ္တဲ့အခါမွာ ႏႈတ္ခမ္းသား ပုံေဖာ္မဲ့ ခဲတံကို အသုံးျပဳတဲ့အခါ တစ္ခ်က္ထဲ မဆြဲပဲ မိမိလိုခ်င္တဲ့ ႏႈတ္ခမ္းပုံေလးအတိုင္း အစက္ကေလးမ်ားကို အရင္ခ်ၿပီးမွ အစက္ကေလးေတြကို ျပန္ဆက္ၿပီး ဆြဲတာမ်ိဳးက ပိုၿပီး ပုံေဖာ္မႈ ပီျပင္ကာ သဘာဝက်ေစမွာ ျဖစ္ပါတယ္။ တစ္ဆင့္ခ်င္းဆြဲပီး ပုံေဖာ္မႈက ႏႈတ္ခမ္းေဘးေတြကို စြန္းထင္းမႈကင္းဖို႔ စိတ္ခ်ရပါတယ္။

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္4

၅. ေရစိုတစ္သွ်ဴး သုံးပါ….

သင္ႏႈတ္ခမ္းနီ ဆိုးၿပီးတဲ့အခါ သင့္ႏႈတ္ခမ္းသားတစ္ဝုွိက္မွာ မလိုအပ္တဲ့ ေပက်ံ စြန္းထြက္ေနျခင္းေတြကို ေရစိုတစ္သွ်ဴးကေလး အသုံးျပဳၿပီး ဖယ္ရွားေပးပါ။ သင့္စိတ္ႀကိဳက္ ႏႈတ္ခမ္းနီအေရာင္ကို အသုံးျပဳႏိုင္ၿပီး အေရာင္ရင့္ေတြကေတာ့ သင့္ႏႈတ္ခမ္းကို ပိုမိုစြဲေဆာင္မႈ ရွိႏိုင္တာမို႔ ေ႐ြးခ်ယ္သင့္ပါတယ္။

အေရာင္ရင့္ႏႈတ္ခမ္းနီကို ေ႐ြးခ်ယ္ သုံးစြဲၿပီးရင္ေတာ့ အျပင္က ျပန္ေရာက္တဲ့အခါ ႏႈတ္ခမ္းနီကိုဖ်က္ေဆးေလးနဲ႔ အျမန္ဖ်က္ေပးဖို႔ကိုေတာ့ မေမ့လိုက္ပါနဲ႔ေနာ္….. ကဲဒါဆို လွပၿပီးစြဲေဆာင္မႈရွိတဲ့ ႏႈတ္ခမ္းအလွကို ပိုင္ဆိုင္ႏိုင္ပါၿပီလို႔…။

# စႏၵီျမင့္မိုရ္

No Comments

Leave a Reply

Your email address will not be published.

''အသက္အ႐ြယ္နဲ႔ အလွျပဳျပင္မႈ''1
beauty-tip
အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ

”အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ” ဆယ်ကျော်သက်အရွယ် မိန်းကလေးများ အတွက်က အလှပြုပြင်ရာမှာ အထူးသတိပြုနေစရာ မလိုအပ်သော်လည်း အသက် ငါးဆယ်ကျော် အရွယ်ကို ရောက်လာပြီ ဆိုရင်တော့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်တွေ ရှိလာပါပြီ။ အသက်အရွယ် ငါးဆယ်ကျော် လာပြီဆိုရင် မျက်တွင်းချိုင့်ခြင်း ပါးပြင်အရေပြားများ တင်းရင်မှု မရှိတော့ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မျက်တွင်းချိုင့်ခြင်း မဖြစ်ရအောင် အဆင့်တစ်အနေနဲ့ ဟိုင်ရာလူရိုနစ်အက်စစ်၊ ရက်တီနောအက်စစ် နျူရိုပက်တိုက် ပါဝင်တဲ့ လိုးရှင်းတွေဟာ ဆိုရင် ကိုလာဂျင်နဲ့ အီလက်စတင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် မျက်ဝန်းတစ်ဝှိုက်ကို လိမ်းပေးပြီး မျက်တွင်းမချိုင့်အောင် ကာကွယ်နိုင်ပါတယ်။ အဆင့်နှစ်ကတော့ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ မိတ်ကပ် …

သဘာဝ မ်က္ႏွာသန႔္စင္ ဂ်ယ္လ္
beauty-tip
သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။

သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။ နေ့တစ်နေ့တာရဲ့ မနက်ခင်းနဲ့ နေ့လယ်ခင်းတွေမှာ ရုံးသွားတာဖြစ်ဖြစ် အလုပ်သွားတာဖြစ်ဖြစ် ပွဲလမ်းရှိလို့အပြင်ထွက်တာမျိုးဖြစ်ဖြစ် အပြင်ထွက်ဖို့ ကိစ္စတစ်ခုခု ရှိနေတယ်ဆိုရင် ပျိုပျိုမေတို့ရဲ့မလုပ်မဖြစ် လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုကတော့ မိတ်ကပ်လိမ်း အလှပြုပြင်ခြင်းပါပဲ။ ဒီလို မိတ်ကပ်လိမ်းပြီး အပြင်ကိစ္စတွေ သွားလာပြီးရင် အိမ်ပြန်ရောက်တဲ့ အခါမှာ မဖြစ်မနေလုပ်သင့်တဲ့ အလုပ်ကတော့ ညအိပ်ရာမဝင်ခင် လိမ်းထားတဲ့ မိတ်ကပ်တွေကို ပြန်ဖျက်ဖို့ပါပဲ။ ဘာကြောင့်လည်းဆိုတော့ ညအိပ်ယာဝင်တဲ့အခါ မိတ်ကပ်တွေကို မဖျက်မိဘူးဆိုရင် ချွေးပေါက်တွေထဲ အညစ်အကြေးတွေ ပိတ်ဆို့ပြီး ဝက်ခြံ ထွက်လွယ်တာမျိုးစတဲ့ အရေပြား ပြဿနာတွေများစွာ ဖြစ်လာနိုင်လို့ပဲ …

''ဆံသားေကာက္ေသာ အမ်ိဳးသားမ်ားအတြက္ စတိုင္က်ေစရန္ နည္းလမ္းအခ်ိဳ႕''
beauty-tip
”ဆံသားကောက်သော အမျိုးသားများအတွက် စတိုင်ကျစေရန် နည်းလမ်းအချို့”

”ဆံသားကောက်သော အမျိုးသားများအတွက် စတိုင်ကျစေရန် နည်းလမ်းအချို့” အချို့အချို့သောအမျိုးသားများရဲ့ ဆံသားတွေဟာ ကောက်ကြောင်းရှိတဲ့ သဘောမျိုးဖြစ်ပြီး အချို့အချို့သောအမျိုးသားများ မှာတော့ ဆံသားတွေဟာ ကောက်ကောက်ကွေးကွေးတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုဆံသားကောက်ကြောင်း ရှိတဲ့ အမျိုးသားတွေနဲ့ ဆံသားကောက်ကွေးနေတဲ့ အမျိုးသားတွေအနေနဲ့ မိမိတို့ရဲ့ ဆံပင်ကို ပုံစံကျန လှပအောင် ပုံဖော်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒီလိုပြဿနာတွေကို ဘယ်လို ဖြေရှင်းမလည်း? ”ဆံသားကောက်ပြီး ကြမ်းသူများအတွက်” သင့်ရဲ့ဆံပင်သားတွေ ကောက်ကွေးပြီး ဆံသားဟာ ကြမ်းနေတယ်ဆိုရင် သင့်မှာ ဆံသားတွေ ထူထဲမုှကြောင့် ပုံသွင်းရ ခက်ခဲတတ်ပါတယ်။ သင်ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ထဲမှာ ပျော့ဆေးကိုပါ ပေါင်းစပ်ထားတဲ့ ရှမ်ပူမျိုးကို သုံးပေးပါ။ နေ့စဉ်လည်း ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားကို ခြောက်သွေ့အောင် …