Health
ပထမဆုံး ပြောချင်တာက
ရေသောက်ခြင်း
နောက်တစ်ခုက
မနက်စာ”’
မနက်စာစားခြင်းကြောင့် တစ်နေ့တာ ဆာလောင်မှူကို ထိန်းနိုင်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစား အစာ များကိုစားချင်တဲ့ စိတ်လျော့ကျစေတယ်လို့ ဆိုပါတယ် ။
စန္ဒီမြင့်မိုရ်#
Unicode
သင့် ကျန်းမာရေး အတွက် အစားအသောက် ဘယ်လို ရွေးမလည်း
ကျန်းမာခြင်းသည် မင်္ဂလာမည်၏ ။
ယနေ့သင့် စားသောက်နေထိုင်မှု ပုံစံသည် သင့်ကျန်းမာရေးသာ ဖြစ်၏ ။
ကျန်းမာ သက်ရှည် ဝေဒနာတွေ ကင်းဖို့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်မှု ပုံစံ ရွေးချယ်ဖို့လိုအပ် ပါတယ် ။
စားသောက်မှု ပုံစံဟာ သင့်ကျန်းမာမှုရဲ့ အခြေခံ အုတ်မြစ်ပဲဖြစ် ပါတယ် ။
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ဖို့ ဆိုရာမှာ အစာရှောင်စရာ အစား လျော့စရာ မိမိ နှစ်သက်ရာ အစာကို စွန့်ပစ်ရတာမျိုး မဟုတ်ပါ ။
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားရမဲ့ အလေ့အကျင့်ဟာ မခက်ခဲပါ မရှုပ် ထွေးပါ အပြောင်း အလဲများစွာ မရှိပါ ။
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နိုင်မှု အလေ့အကျင့် ရပြီဆိုရင် သင့်တွင် စွဲကပ်လာမည့် ဆီးချို သွေးတိုး နှလုံးတို့နှင့် ပတ်သက်သည့် ရောဂါဖြစ်မှုများ လျော့ကျသွားမှာ ဖြစ်ပြီး ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန် စေပြီး စိတ်ခံစားမှုလည်း ကောင်းမွန် တိုးတက်လာမှာဖြစ် ပါတယ် ။
ပထမဆုံး ပြောချင်တာက
ရေသောက်ခြင်း
ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နူှန်း က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ် ။ ကိုယ်တွင်း အင်္ဂါတွေရဲ့ လည်ပတ်မှု ကောင်းမွန်စေရန် ရေဓာတ် လိုအပ်ပါတယ် ။
သင့်ကျန်းမာရေး အရသော်လည်းကောင်း ရာသီဥတု နေထိုင်ရာ ဒေသတစ်နေ့တာ လှုပ်ရှားမှု စသဖြင့်အပေါ်မှာ တည်မှီပြီး တစ်ဦးနဲ့ တစ်ဦး လိုအပ်သော ရေဓာတ်ပမာဏ ကွဲပါတယ် ။
အပူအအေး မျှတတဲ့ ဒေသများမှာ နေထိုင်ကြသူ အမျိုးသားတွေ အတွက်က တစ်နေ့ကို ၃.၇ လီတာလိုအပ်ပြီး အမျိုးသမီးတွေ အတွက်တော့ ၂.၇ လိုအပ် ပါတယ် ။
ရေဓာတ်လို့ ဆိုရာမှာ သောက်ရေ အပြင် အခြားသော အချိုရည်စသဖြင့် အရည် တစ်မျိုးမျိုးကိုလည်းပေါင်းခည့်နိုင်ပါတယ် ။
နောက်တစ်ခုက
မနက်စာ”’
လေ့လာသူများ တွေ့ရှိချက် အရ မနက်စောစောအစာ breakfast ကို ပုံမှန်စားသုံးပေးခြင်းဟာ ကိုယ်အလေးချိန်ကို ပုံမှန် ဖြစ်အောင် ထိန်းပေးနိုင်တယ်လို့ ဆိုပါတယ် ။
မနက်စာစားခြင်းကြောင့် တစ်နေ့တာ ဆာလောင်မူှကို ထိန်းနိုင်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစား အစာ များကိုစားချင်တဲ့ စိတ်လျော့ကျစေတယ်လို့ ဆိုပါတယ် ။
မနက်စာကို ကောက်နှံ ပါဝင်စာ ပရိုတင်း နို့နဲ့နို့ထွက်အစာ ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ စတဲ့အစာအုပ်စုမှ နှစ်မျိုးပါဝင်ပါစေ ။ မနက်စာကို အိပ်ယာနိုးထပြီးနောက် နှစ်နာရီအကြာတွင် စားပေးရပါမည် ။
နောက်ထပ် ပြောချင်တာကတော့ အစားအစာ ရွေးချယ်ပါ ဆိုတာပဲဖြစ်ပါတယ် ။
အစာစားတဲ့ အခါမှာ ဗိုက်ပြည့်ရင် ပြီးရော ဆိုတဲ့ ပုံစံကို ရှောင်ရပါမယ် ။ ကျန်းမာရေးနဲ့ ညီညွတ်သည်ဖြစ်စေ မညီညွတ်သည် ဖြစ်စေ အစဉ်ပြေသလို စားတာမျိုး မလုပ်ပဲ ထိန်းသိမ်း စောင့်ရှောက်ပြီ းစားသောက်တဲ့ အကျင့်လေးရှိဖို့တော့ လိုအပ်ပါတယ် ။
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ သီးနှံသ၊းငါးများကို စားပေးပါ ။
အသင့်ထုတ်ပိုးစာတွေကိုရှောင်ပါအပြင်ဘန်းလှတဲ့ကယ်လိုရီ အဆီနဲ့အချိုများတာတွေကိုရှောင်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကိုလည်းအလွန်အကျွံဖြင့်မစားသုံးပါနှင့်။
နောက်ဆုံးပြောချင်တာက
သတိရှိရှိစား သုံးပေးရန်ပဲဖစ်ပါတယ်။ အမှတ်သတိနဲ့စားတဲ့အလေ့အကျင့်ကိုပြုလုပ်ပေးပါ။
အစားစားတဲ့အခါ Mindful Eating ဆိုတဲ့အဆိုကို လိုက်နာပါ။ဗုဒ္ဓဘာသာဝင်တွေအနေနဲ့တော့သိပြီးဖြစ်ပါတယ်။သတိနဲ့ဖြည်းဖြည်းချင်း စားသုံးပေးရမှာဖြစ်တယ်။သို့မှသာခန္ဓာကိုယ်ကလိုအပ်သလောက်ကိုသာစားမိမှာဖြစ်ပါတယ်။
ဦးနှောက်ကိုဗီုက်ပြည့်ကြောင်သတင်းပို့နိုင်ဖို့ မိနစ်၂၀ အချိန်လိုအပ်တယ်လို့ ဆိုထားပါတယ်။ညနက်မှအစာစားတဲ့အကျင့်ကိုလည်းရှောင်ရပါမယ်။အိပ်ယာဝငဖို့တစ်နာရီအလိုမှာအစာအများကြီးမစားမိပါစေနဲ့ ညစာကိုအတတ်နိုင်ဆုံးလျော့စားပါ။
ညအိပ်ယာဝင်ခါနီးအစာစားခြင်းဟာ ကိုယ်အလေးချိန်ကိုမြင့်တက်စေပြီး ဆီးချိုသွေးချိုနှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွေဝင်လွယ်ပါတယ်။အစာအိမ်ကိုလည်းဒုက္ခပေးနိုင်ပါတယ်။
ကဲဒါဆိုကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုစားသောက်နေထိုင်မလည်းဆိုတာကို သင်တို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီပေါ့….
စန္ဒီမြင့်မိုရ်#
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …