သင့္ေၾကာင့္ တိုင္းျပည္ မီးမေလာင္ပါေစႏွင့္

လမ္းမေတာ္၊ သံေဈး မီးေလာင္ေနသည္
Article

သင့္ေၾကာင့္ တိုင္းျပည္ မီးမေလာင္ပါေစႏွင့္

မနက္ ၆ နာရီ ေက်ာ္တယ္ဆို႐ုံရွိေသး။ မီးသတ္ကား ဥဩသံေတြက ရန္ကုန္ၿမိဳ႕လယ္ ဆူညံ၍ သြားသည္။ အိပ္ရာထက္ ေက်ာဆန႔္ေနေသာ က်ေတာ္ ကမန္းကတန္း ထၿပီး ျမန္မာႏိုင္ငံ၊ မီးသတ္တပ္ဖြဲ႕ Page ထဲ ဝင္ၾကည့္လိုက္ေတာ့ လမ္းမေတာ္၊ သံေဈး မီးေလာင္ေနသည္တဲ့။

သတင္းသမား၏ ဗီဇစိတ္က ခႏၶာကို လႈံေဆာ္လိုက္သည္ဟုပင္ ဆိုရမည္။ က်ေတာ္သည္ ကင္မရာကို လြယ္လိုက္၏။ ဖုန္းကို ေဘာင္းဘီေဘးအိတ္ထဲ ၾကည့္လိုက္ၿပီး ကမန္းက တန္း ေျပးဆင္းကာ (ေျပာရလွ်င္ မ်က္ႏွာပင္ မသစ္ခဲ့) တကၠစီ ငွား၊ သံေဈးသို႔ အေရာက္သြားပါေတာ့သည္။

(ငလုမ တကၠစီ၊ က်ေတာ့္လည္ပင္းက ကင္မရာရယ္၊ ဥဩ ဆြဲသံေတြရယ္၊ က်ေတာ္သြားမည့္ လမ္းမေတာ္ဆိုတာရယ္ ေပါင္းစပ္ၿပီး ဆူးေလက လမ္းမေတာ္ကို ၂၅၀၀ ေတာင္းေလ၏။ ကိုယ္ကလည္း အျမန္ေရာက္ခ်င္ေတာ့ ေပးလိုက္ရပါသည္။ ခုမွ ေတြးေတြးၿပီး က်ိန္ဆဲေနတာ ဟြန႔္)

သံေဈး ေရာက္ေတာ့ မီးခိုးလုံးမ်ားက မႈိင္းညႇိဳ႕၍ ေကာင္းကင္ယံသို႔ ထိုးထြက္ေနၿပီ။ အဦးဆုံး သတိရမိတာကေတာ့ Yangon Book Plaza ျဖစ္သည္။ ေျမမႈန္လြင္ရဲ႕ အဲဒီ YBP ကို စာခ်စ္စိတ္ႏွင့္ စိုးရိမ္လိုက္မိသည္။ သို႔ေပတည့္ ၾကည့္လိုက္ေတာ့ မီးခိုးေတြ မိုးလုံးမႈိင္းေနသည္က ဒုတိယထပ္။ YBP က ငါးထပ္။ ကံတရား ေစာင့္ေရွာက္ပါေစ အသင္ ေျမမႈန္လြင္ဟုသာ ဆုေတာင္းၿပီး ကင္မရာထုတ္ကာ ႐ိုက္ေတာ့သည္။

လမ္းမေတာ္ လူကူး ကုန္းေက်ာ္တံတားေပၚတြင္ လူတို႔ကား ျပည့္ႏွက္ေန၏။ ဒီတံတား မေတာ္ က်ိဳးမ်ားက်ခဲ့ရင္ တစ္ပူေပၚ ေနာက္တစ္ပူ ဆင့္ရခ်ိမ့္မည္ဟု က်ေတာ္ေတြးမိသည္။ မီးကား အတြင္းမွာ လႈိက္၍ လႈိက္၍ ေလာင္ေနသည္မို႔ မည္းနက္ေသာ မီးခိုးေငြ႕တို႔သည္သာ လုံး၍ လုံး၍ အျပင္သို႔ ထြက္ေန၏။ မီးကိုကား တစ္ခ်က္တစ္ခ်က္က လြဲ၍ မျမင္ရ။

ၿမိဳ႕နယ္ေပါင္းစုံမွ မီးသတ္ယာဥ္မ်ား တစ္စီးၿပီး တစ္စီး ေရာက္လာေန၏။ နာေရးကူညီမႈအသင္း (ရန္ကုန္)က မီးသတ္ယာဥ္မ်ားေရာ၊ ပရဟိတ အဖြဲ႕အစည္း ေပါင္းစုံက ေရသယ္ယာဥ္မ်ားေရာ၊ လူနာတင္ယာဥ္မ်ားပါ သံေဈးေရွ႕တြင္ ျပည့္သိပ္ေနေတာ့သည္။

ၾကက္‌ေျခနီ အမွတ္အသားပါ အလံငယ္သည္လည္း ေလတြင္ တလြင့္လြင့္။ က်ေတာ္သည္ ကင္မရာခလုတ္ကို လႊတ္ကာ ဖုန္းထုတ္ၿပီး Live လႊင့္ရန္ ဆုံးျဖတ္မိေလသည္။ အခ်ိန္ႏွင့္ တေျပးညီ အမ်ားျပည္သူကို သိေစလိုေသာ သတင္းသမားတစ္ေယာက္၏ ေလာဘ။

ဤသို႔ျဖင့္ ပါေလရာဖုန္းကေလးထုတ္၊ သံေဈးမီးေလာင္မႈကို မိနစ္ ၆၀ နီးပါးခန႔္ Live လႊင့္ခဲ့ပါသည္။ ထိုသို႔ Live ႐ိုက္ကူးရင္း က်ေတာ္ သတိျပဳလိုက္မိသည္ကေတာ့ မီးသတ္တပ္ဖြဲ႕၏ သူ႐ို႕ အႏၲရာယ္ကို အမႈမထား။ အျမန္ဆုံး မီးၿငိမ္းေရး၊ ပိတ္မိသူမ်ား ကယ္တင္ေရးတို႔ကို သူ႔အပိုင္းႏွင့္သူ၊ သူ႔တာဝန္ႏွင့္သူ ထမ္းေဆာင္ေနၾကသည့္ ျမင္ကြင္းပင္ျဖစ္ပါသည္။

မီးကို အျပင္က ျငႇိမ္းသူ ျငႇိမ္းသည္။ အထဲဝင္ဖို႔ ႀကိဳးစားသူက ေအာက္စီဂ်င္ဘူးမ်ားျဖင့္ ႀကိဳးစားသည္။ ပိတ္မိေနသူမ်ားကို ကယ္ဖို႔ စီစဥ္သူက စီစဥ္သည္။

ကိရိယာ ယႏၲယားမ်ားကလည္း ယခင္ေခတ္ကလို ခ်ိဳက်ိဳးနား႐ြက္ပဲ့မ်ား မဟုတ္ေတာ့သည့္အတြက္ သူ႔အစုႏွင့္သူ စနစ္တက် လုပ္ေဆာင္သြားသည္မွာ ျမန္မာျပည္သား တစ္ဦးအေနျဖင့္ ၾကက္သီးထဖြယ္ ျမင္ကြင္းဟုပင္ ဆိုပါရေစ။ ျမန္မာႏိုင္ငံ၏ မီးသတ္တပ္ဖြဲ႕ကား အေျပာင္းလဲႀကီး ေျပာင္းလဲခဲ့ပါၿပီ။ ထူးဆန္းျခင္းႀကီးစြာ ေျပာင္းလဲခဲ့ပါၿပီ။ ထိုအတြက္ ၾကည္ႏူးရပါ၏။

မနက္ ၆ နာရီဆိုတာ ေ႐ႊျမန္မာအမ်ားစု အိပ္ေကာင္းတုန္း အခ်ိန္။ သူ႐ို႕ကား အခ်က္ေပး ေခါင္းေလာင္းသံ ၾကားသည္ႏွင့္ ကမန္းကတန္းထ၊ ယူနီေဖာင္း ဝတ္။ မီးေလာင္ရာသို႔ အေျပးလာရသည္။ တာဝန္ ထမ္းၾကရသည္။

မ်က္ရည္လည္သည္အထိ ျဖစ္ရသည့္ ျမင္ကြင္းကား ထိုသို႔ ေစာစီးစြာ တာဝန္ထမ္းေဆာင္ေနၾကရသည့္ မီးသတ္ရဲေဘာ္မ်ားကို လမ္းမေတာ္ေန ျပည္သူတခ်ိဳ႕က လက္ဖက္ရည္ လိုက္ေဝငွေနသည့္ ျမင္ကြင္းပင္ ျဖစ္ပါသည္။ (က်ေတာ့္ Live ထဲမွာ ၾကည့္ပါေလ)

သံဈေးမီး

Posted by Ko USwe on Wednesday, February 19, 2020

https://m.facebook.com/story.php?story_fbid=211879076877090&id=100041649981186

က်ေတာ္ ယခု ညဘက္ေရာက္မွ မနက္က ကိုယ္ Liveလႊင့္ခဲ့သည္ကို ျပန္ၾကည့္ရပါသည္။ ထိုအခါ ကြီးစိမ္းမ်ားက မီးေလာင္ရာသို႔ ဦးစြာ ေရာက္လာသည္ကိုလည္း ျမင္ေတြ႕လိုက္ရျပန္ပါသည္။ ဟြန႔္

(သင့္ေၾကာင့္ တိုင္းျပည္ မီးမေလာင္ပါေစႏွင့္)

ကိုဦးေဆြ

Unicode

သင့်ကြောင့် တိုင်းပြည် မီးမလောင်ပါစေနှင့်

မနက် ၆ နာရီ ကျော်တယ်ဆိုရုံရှိသေး။ မီးသတ်ကား ဥဩသံတွေက ရန်ကုန်မြို့လယ် ဆူညံ၍ သွားသည်။ အိပ်ရာထက် ကျောဆန့်နေသော ကျတော် ကမန်းကတန်း ထပြီး မြန်မာနိုင်ငံ၊ မီးသတ်တပ်ဖွဲ့ Page ထဲ ဝင်ကြည့်လိုက်တော့ လမ်းမတော်၊ သံဈေး မီးလောင်နေသည်တဲ့။

သတင်းသမား၏ ဗီဇစိတ်က ခန္ဓာကို လှုံဆော်လိုက်သည်ဟုပင် ဆိုရမည်။ ကျတော်သည် ကင်မရာကို လွယ်လိုက်၏။ ဖုန်းကို ဘောင်းဘီဘေးအိတ်ထဲ ကြည့်လိုက်ပြီး ကမန်းက တန်း ပြေးဆင်းကာ (ပြောရလျှင် မျက်နှာပင် မသစ်ခဲ့) တက္ကစီ ငှား၊ သံဈေးသို့ အရောက်သွားပါတော့သည်။

(ငလုမ တက္ကစီ၊ ကျတော့်လည်ပင်းက ကင်မရာရယ်၊ ဥဩ ဆွဲသံတွေရယ်၊ ကျတော်သွားမည့် လမ်းမတော်ဆိုတာရယ် ပေါင်းစပ်ပြီး ဆူးလေက လမ်းမတော်ကို ၂၅၀၀ တောင်းလေ၏။ ကိုယ်ကလည်း အမြန်ရောက်ချင်တော့ ပေးလိုက်ရပါသည်။ ခုမှ တွေးတွေးပြီး ကျိန်ဆဲနေတာ ဟွန့်)

သံဈေး ရောက်တော့ မီးခိုးလုံးများက မှိုင်းညှို့၍ ကောင်းကင်ယံသို့ ထိုးထွက်နေပြီ။ အဦးဆုံး သတိရမိတာကတော့ Yangon Book Plaza ဖြစ်သည်။ မြေမှုန်လွင်ရဲ့ အဲဒီ YBP ကို စာချစ်စိတ်နှင့် စိုးရိမ်လိုက်မိသည်။ သို့ပေတည့် ကြည့်လိုက်တော့ မီးခိုးတွေ မိုးလုံးမှိုင်းနေသည်က ဒုတိယထပ်။ YBP က ငါးထပ်။ ကံတရား စောင့်ရှောက်ပါစေ အသင် မြေမှုန်လွင်ဟုသာ ဆုတောင်းပြီး ကင်မရာထုတ်ကာ ရိုက်တော့သည်။

လမ်းမတော် လူကူး ကုန်းကျော်တံတားပေါ်တွင် လူတို့ကား ပြည့်နှက်နေ၏။ ဒီတံတား မတော် ကျိုးများကျခဲ့ရင် တစ်ပူပေါ် နောက်တစ်ပူ ဆင့်ရချိမ့်မည်ဟု ကျတော်တွေးမိသည်။ မီးကား အတွင်းမှာ လှိုက်၍ လှိုက်၍ လောင်နေသည်မို့ မည်းနက်သော မီးခိုးငွေ့တို့သည်သာ လုံး၍ လုံး၍ အပြင်သို့ ထွက်နေ၏။ မီးကိုကား တစ်ချက်တစ်ချက်က လွဲ၍ မမြင်ရ။

မြို့နယ်ပေါင်းစုံမှ မီးသတ်ယာဉ်များ တစ်စီးပြီး တစ်စီး ရောက်လာနေ၏။ နာရေးကူညီမှုအသင်း (ရန်ကုန်)က မီးသတ်ယာဉ်များရော၊ ပရဟိတ အဖွဲ့အစည်း ပေါင်းစုံက ရေသယ်ယာဉ်များရော၊ လူနာတင်ယာဉ်များပါ သံဈေး ရှေ့တွင် ပြည့်သိပ်နေတော့သည်။

ကြက်‌ခြေနီ အမှတ်အသားပါ အလံငယ်သည်လည်း လေတွင် တလွင့်လွင့်။ ကျတော်သည် ကင်မရာခလုတ်ကို လွှတ်ကာ ဖုန်းထုတ်ပြီး Live လွှင့်ရန် ဆုံးဖြတ်မိလေသည်။ အချိန်နှင့် တပြေးညီ အများပြည်သူကို သိစေလိုသော သတင်းသမားတစ်ယောက်၏ လောဘ။

ဤသို့ဖြင့် ပါလေရာဖုန်းကလေးထုတ်၊ သံဈေးမီးလောင်မှုကို မိနစ် ၆၀ နီးပါးခန့် Live လွှင့်ခဲ့ပါသည်။ ထိုသို့ Live ရိုက်ကူးရင်း ကျတော် သတိပြုလိုက်မိသည်ကတော့ မီးသတ်တပ်ဖွဲ့၏ သူရို့ အန္တရာယ်ကို အမှုမထား။ အမြန်ဆုံး မီးငြိမ်းရေး၊ ပိတ်မိသူများ ကယ်တင်ရေးတို့ကို သူ့အပိုင်းနှင့်သူ၊ သူ့တာဝန်နှင့်သူ ထမ်းဆောင်နေကြသည့် မြင်ကွင်းပင်ဖြစ်ပါသည်။

မီးကို အပြင်က ငြှိမ်းသူ ငြှိမ်းသည်။ အထဲဝင်ဖို့ ကြိုးစားသူက အောက်စီဂျင်ဘူးများဖြင့် ကြိုးစားသည်။ ပိတ်မိနေသူများကို ကယ်ဖို့ စီစဉ်သူက စီစဉ်သည်။

ကိရိယာ ယန္တယားများကလည်း ယခင်ခေတ်ကလို ချိုကျိုးနားရွက်ပဲ့များ မဟုတ်တော့သည့်အတွက် သူ့အစုနှင့်သူ စနစ်တကျ လုပ်ဆောင်သွားသည်မှာ မြန်မာပြည်သား တစ်ဦးအနေဖြင့် ကြက်သီးထဖွယ် မြင်ကွင်းဟုပင် ဆိုပါရစေ။ မြန်မာနိုင်ငံ၏ မီးသတ်တပ်ဖွဲ့ကား အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါပြီ။ ထူးဆန်းခြင်းကြီးစွာ ပြောင်းလဲခဲ့ပါပြီ။ ထိုအတွက် ကြည်နူးရပါ၏။

မနက် ၆ နာရီဆိုတာ ရွှေမြန်မာအများစု အိပ်ကောင်းတုန်း အချိန်။ သူရို့ကား အချက်ပေး ခေါင်းလောင်းသံ ကြားသည်နှင့် ကမန်းကတန်းထ၊ ယူနီဖောင်း ဝတ်။ မီးလောင်ရာသို့ အပြေးလာရသည်။ တာဝန် ထမ်းကြရသည်။

မျက်ရည်လည်သည်အထိ ဖြစ်ရသည့် မြင်ကွင်းကား ထိုသို့ စောစီးစွာ တာဝန်ထမ်းဆောင်နေကြရသည့် မီးသတ်ရဲဘော်များကို လမ်းမတော်နေ ပြည်သူတချို့က လက်ဖက်ရည် လိုက်ဝေငှနေသည့် မြင်ကွင်းပင် ဖြစ်ပါသည်။ (ကျတော့် Live ထဲမှာ ကြည့်ပါလေ)

https://m.facebook.com/story.php?story_fbid=211879076877090&id=100041649981186

ကျတော် ယခု ညဘက်ရောက်မှ မနက်က ကိုယ် Liveလွှင့်ခဲ့သည်ကို ပြန်ကြည့်ရပါသည်။ ထိုအခါ ကွီးစိမ်းများက မီးလောင်ရာသို့ ဦးစွာ ရောက်လာသည်ကိုလည်း မြင်တွေ့လိုက်ရပြန်ပါသည်။ ဟွန့်

(သင့်ကြောင့် တိုင်းပြည် မီးမလောင်ပါစေနှင့်)

ကိုဦးဆွေ

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

lunchbox
Article
“ဘာေကာင္ႀကီးလဲ ဘဘ”

“ဘာေကာင္ႀကီးလဲ ဘဘ” က်ေတာ္ ညည ထမင္းဘူးေတြ လိုက္ေဝရာမွာ အေနာ္ရထာ လမ္းနဲ႔ ၃၃ လမ္းထိပ္ ဆုံရာ ပလက္ေဖာင္းေပၚ နားခိုၾကတဲ့ အိမ္ေျခမဲ့ မိသားတစ္စုကို အၿမဲနီးပါး ဆုံရတယ္ ။ အၿမဲ နီးပါးလို႔ သုံးႏႈန္းရတာကေတာ့ မိုး႐ြာတဲ့ ေန႔မ်ိဳးေတြ ဒါမွမဟုတ္ ပလက္ေဖာင္းထက္ လူအသြားအလာ မ်ားေန ခဲ့ရင္ သူ႐ို႕မိသားစုကို မေတြ႕ ရတတ္ဘူး ။ က်ေတာ္ ေရွ႕ပိုင္းမွာ သူတို႔ မိသားစုအေၾကာင္း ‌နည္းနည္း ပါးပါး ေရးဖူး ေသးတယ္ ။ မိသားစုလို႔ က်ေတာ္က ေရးေန တာ ။ တကယ္ေတာ့ ဖေအ မပါတဲ့ အိမ္ေျခမဲ့ …

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕
Article
နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕ ဒုတိယ ကမာၻ စစ္အတြင္းမွာ နာဇီပါတီက ပါတီဝင္ေတြက ဂ်ာမဏီစစ္တပ္ တိုက္လို႔ ႏိုင္ခဲ့တဲ့ ၿမိဳ႕ေတြတိုင္းကို အေနာက္က လိုက္လာၿပီး ၿမိဳ႕ထဲက ခ်မ္းသာသူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို လုယက္ယူငင္ခဲ့ပါတယ္။ ဘာလင္ၿမိဳ႕ က်ရႈံးသြားတဲ့အခ်ိန္မွာ ႐ုရွား တပ္နီေတာ္က ဘာလင္ၿမိဳ႕ထဲက အိမ္ေတြမွာ ပိုင္ဆိုင္မႈေတြကို ျပန္လည္ လုယက္ယူ ႏိုင္ေပမဲ့ ဥေရာပတစ္လႊားက အဖိုးတန္ပစၥည္း ေတာ္ေတာ္မ်ားမ်ား ျပန္မရခဲ့ပါဘူး။ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ပါတယ္။ အဲ့ဒိကိစၥကို စိတ္ဝင္စားေနတဲ့ အေမရိကန္ အေျခစိုက္ ဝိုက္ဆန္သည္ စင္တာက ႏွစ္ေပါင္းမ်ားစြာ ေျခရာခံၿပီး ေနာက္မွာေတာ့ အာဂ်င္တီးနားမွာ နာဇီပါတီဝင္ ၁၂၀၀၀ရဲ႕ ဆြစ္ဘဏ္အေကာင့္ကို စတင္ …

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္
Article
ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္ က်ေနာ္တို႔ စားေနတဲ့ ဒူးရင္းသီးနဲ႔ ပိႏၷဲသီးက စမတ္ဖုန္းေတြလို အားသြင္းသုံးရတဲ့ ပစၥည္းေတြအတြက္ အားျပန္ျဖည့္လို႔ရတဲ့ လွ်ပ္စစ္ သိုေလွာင္ႏိုင္တဲ့ အစြမ္းရွိတယ္ ဆိုတာကို သိရင္ အံ့အားသင့္ေနမလား။ ၾသစေတးလွ် ႏိုင္ငံက သိပၸံ ပညာရွင္ အုပ္စု တစ္စုကေတာ့ သူတို႔ရဲ႕ ေတြ႕ရွိမႈကို သက္ေသျပဖို႔အတြက္ ႀကိဳးစားေနပါတယ္။ ဒူးရင္းသီးနဲ႔ ပိႏၷဲသီး အူတိုင္ေတြမွာ အလြန္ အစြမ္းထက္တဲ့ လွ်ပ္သို စြမ္းအားေတြ ရွိတယ္ ဆိုတာကို ေတြ႕ ရွိေနပါတယ္။ ေနာက္ၿပီးေတာ့ တကယ္ အားျပန္ျဖည့္လြယ္တဲ့ ပါဝါဘန႔္ေတြ ျဖစ္ေနတယ္ ဆိုတာကိုလည္း ေတြ႕ရွိ ခဲ့ၾကပါတယ္။ ဒူရင္းသီးတို႔ ပိႏၷဲသီးတို႔ဆိုတာ ျမန္မာျပည္မွာေတာ့ …