သင့္သက္တမ္းမွာ”””
- By : Kaung Khant
- Category : Funny

သင့္သက္တမ္းမွာ”””
လူတိုင္း လူတိုင္းဟာ မိမိတို႔ ေနထိုင္ခြင့္ ရွိေနသမွ် သက္တမ္းမွာ က်န္းမာျခင္း ေပ်ာ္႐ႊင္ျခင္းေတြ နဲ႔ သာ တည္ေဆာက္ ေနထိုင္ခ်င္ၾကတာ သဘာဝပါ။ သို႔ေသာ္လည္း မိမိတို႔ရဲ႕ စားေသာက္ေနထိုင္ မူွကို ဆင္ခ်င္ဖို႔ ဂ႐ုျပဳဖို႔ ကိုေတာ့ ေမ့ေလ်ာ့ ေနၾက သူခ်ည့္ပင္ မဟုတ္ပါလား။ သင့္အေနနဲ႔ ေနထိုင္သမွ် သက္တမ္းတစ္ေလွ်ာက္မွာ က်န္းမာ ေပ်ာ္႐ႊင္စြာ ရွိေနဖို႔
အမ်ားႀကီး က်င့္ႀကံဖို႔ မလိုပါ ။ ၾကည့္ ၾကည့္ ၾက ပါ စို႔….။
ဟင္းသီး ဟင္း႐ြက္ စားပါ””’
ဟင္းသီး ဟင္း႐ြက္မ်ားမွာ အမွ်င္ဓာတ္ဗီတာမင္ နဲ႔သတၳဳဓာတ္ေတြ မ်ားစြာပါဝင္တာမို႔နာတာရွည္ေရာဂါမ်ား မျဖစ္ပြားေအာင္ ကာကြယ္ ေပးႏိုင္ပါတယ္။ အစိမ္းရင့္ေရာင္ ဟင္းသီး ဟင္း႐ြက္ေတြထဲမွာ ဗီတာမင္ေက ပါဝင္တဲ့အတြက္ေၾကာင့္ အ႐ိုးအဆစ္ေတြကို
သန္မာေစပါတယ္။ ကန္စြန္းဥ မုန္လာဥနီ စသည္တို႔မွာဆိုရင္ ဗီတာမင္ေအပါဝင္တာမို႔မ်က္လုံးနဲ႔ အေရျပား က်န္းမာေရးကို မ်ားစြာ အေထာက္ အကူ ျပဳ ပါ တယ္။
ပိုးမႊားမ်ား ဝင္ေရာက္ ကူးစက္ျခင္းကိုလည္း ဟန႔္တား ေပးႏိုင္ ပါတယ္။ ပညာရွင္မ်ားရဲ႕ ေလ့လာေတြ႕ရွိမူွ အရ သင့္ရဲ႕ စားေသာက္ျခင္းတြင္ တစ္ေန႔လွ်င္ ခရမ္းခ်ဥ္သီး တစ္ႀကိမ္ထည့္သြင္း စားေသာက္ေပး ပါ က ဆီးက်ိတ္ကင္ဆာနဲ႔ ဆက္စပ္မူွ ရွိတဲ့ DNA ပ်က္ဆီးမူွကို ကာကြယ္ ေပးႏိုင္ ပါတယ္လို႔ ပညာရွင္မ်ားက ေျပာ ပါ တယ္။
ပဲအမ်ိဳး””’
ပဲအမ်ိဳးမ်ိဳးဟာလည္း အမွ်င္ဓာတ္ ႂကြယ္ဝတယ္လို႔ ဆိုပါတယ္။ အမွ်င္ဓာတ္ ႂကြယ္ဝတဲ့ ပဲအမ်ိဳးမ်ိဳးကို တစ္ပတ္တြင္ သုံးႀကိမ္ ေလးႀကီမ္ စားေပးရမယ္လို႔ ဆိုပါတယ္။ အမွ်င္ဓာတ္ ေတြဟာ ေသြးဖိအား ေလ်ာ့နည္းေစၿပီး ေသြးတြင္း ကိုလက္စထေရာကို က်ဆင္းေစကာ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ ေပးႏိုင္ပါတယ္။ အစာေခ်ဖ်က္မူွကို ကူညီႏိုင္တဲ့ အတြက္ အစာအိမ္ကို ေကာင္းမြန္မူွ ရရွိေစပါတယ္။
အမွ်င္ဓာတ္ စားသုံးျခင္းဟာ ဗိုက္ကိုျပည့္တင္းသလို ခံစားရတာေၾကာင့္ အစာ မၾကာ ခဏ စားလို စိတ္ကို ေလ်ာ့နည္းေစၿပီး ကိုယ္အေလးခ်ိန္တက္ျခင္း ကင္းေဝးေစပါတယ္။ အသုပ္မ်ား သုပ္စားတဲ့အခါ စြပ္ျပဳတ္တို႔ျပဳတ္ေသာက္တဲ့အခါမ်ိဳးမွာ ပဲကိုထည့္သြင္းၿပီး ျပဳလုပ္ေပးပါ။ ပဲအမ်ိဳးမ်ိဳးက ေနရတဲ့ ကာဗိုဟိုက္ၿဒိတ္ဟာဆိုရင္ ေသြးတြင္းသၾကားဓာတ္ကိုတည္ၿငိမ္ေစတာမို႔ ဆီးခ်ိဳေသြးခ်ိဳ ရွိသူမ်ားအတြက္ အလြန္သင့္ေတာ္တယ္လို႔ဆိုထားပါတယ္။
ငါးအမ်ိဳးမ်ိဳး”””
အသားမ်ားမ်ားစားျခင္းကေန ငါးမ်ားမ်ားစားျခင္းကို ေျပာင္းလိုက္ပါ။ငါးမ်ားထဲမွာ တူနာငါး ဆယ္လ္မြန္ငါးတို႔ဟာဆိုရင္ က်န္းမာေရးအတြက္အလြန္အက်ိဳးမ်ားတယ္လို႔ဆိုပါတယ္။ငါးမွာပါဝင္တဲ့ DHA, EPA ေတြဟာဦးေႏွာက္နဲ႔အာ႐ုံေၾကာ အဖြဲ႕အစည္းကို မ်ားစြာအေထာက္အကူျပဳပါတယ္။တစ္ပတ္ကို ငါးႏွစ္ႀကိမ္ စားသုံးေပးပါက သတိေမ့ေရာဂါ ျဖစ္ပြားႏိုင္ေခ်ေတြကိုေလ်ာ့နည္းေစပါတယ္။
ငါးႀကီးဆီကိုစားသုံးပါ ငါးႀကီးဆီဟာေသြးတြင္းမေကာင္းတဲ့ အဆီကိုေလ်ာ့နည္းေစၿပီး ေကာင္းတဲ့အဆီကို မ်ားေစပါတယ္။ေသြးေၾကာနံရံေတြ ေရာင္ရမ္းျခင္း ကိုေလွ်ာ့ခ်ေပးၿပီး ေသြးခဲပိတ္ဆို႔မူွကိုကာကြယ္ေပးပါတယ္။
ဘယ္ရီသီး””’
ဘယ္ရီသီးစာရင္းဝင္ေတြျဖစ္တဲ့စေတာ္ဘယ္ရီ သီး ဘလူးဘယ္ရီသီးခရင္မ္ဘယ္ရီသီး စတဲ့အမ်ိဳးအစားေတြမွာ အင္တီေအာက္ဆီးဒင့္ေတြမ်ားစြာပါဝင္
ပါတယ္။ဒီအသီးမ်ားမွာပါဝင္တဲ့ အစြမ္းထက္ေပၚလီဖီေနာက ကင္ဆာေရာဂါကိုကာကြယ္ေပးၿပီးဦးေႏွာက္တြင္းမွ ဆဲလ္မ်ားကို ပ်က္ဆီးမူွမရွိေစရန္ ကာကြယ္ေပးႏိုင္ပါတယ္လို႔ဆိုထားပါတယ္။
သံလြင္ဆီ””
ဟင္းခ်က္တဲ့အခါ သံလြင္ဆီကိုထည့္ခ်က္ေပးပါ။သံလြင္ဆီမွာ မိုႏိုမျပည့္ဝဆီပါဝင္ၿပီး ဦးေႏွာက္မွတ္ဉာဏ္အတြက္မ်ားစြာအက်ိဳးျပဳပါတယ္။သံလြင္ဆီထဲမွာပါဝင္တဲ့ ျဒပ္ေပါင္းတစ္မ်ိဳးက စတီး႐ြိဳက္မဟုတ္တဲ့အကိုက္အခဲေပ်ာက္ေဆးေတြကဲ့သို႔ ေရာင္ရမ္းမူွနဲ႔နာက်င္မူွေတြကိုေလ်ာ့ပါးေစပါတယ္။ေလ့လာမူွမ်ားအရ သံလြင္ဆီဟာခႏၶာကိုယ္တြင္းေကာင္းတဲ့အဆီဓာတ္ကိုတိုးပြားေစပါတယ္။
အင္တီေအာက္ဆီးဒင့္ႂကြယ္ဝတဲ့အစားအစာမ်ားကိုစာသုံးျခင္းဟာ ခႏၶာကိုယ္ထဲမွာျဖစ္ေပၚေနတဲ့ဓာတ္တိုးျဖစ္စဥ္ေတြကိုတားဆီးေပးပါတယ္။ ဓာတ္တိုးျဖစ္စဥ္ေတြဟာ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မူွကိုျဖစ္ေစတယ္လို႔ဆိုပါတယ္။ အင္တီေအာက္ဆီဒင့္ ပါဝင္တဲ့ အစားအစာေတြကေတာ့ ဘယ္ရီသီး၊ မုန္လာဥနီ၊ စေတာ္ဘယ္ရီသီး၊ သေဘၤာသီး၊ ေ႐ႊဖ႐ုံသီးနဲ႔ ခရမ္းခ်ဥ္သီးတို႔ပဲထစ္ပါတယ္။
သင့္ကိုယ္သင္ က်န္းမာေနေစဖို႔ဆိုရင္က်န္းမာေနေစရန္နည္းလမ္းေကာင္းေတြကို လိုက္နာက်င့္သုံးေပးမွသာသင့္ရဲ႕ ေန႔စဥ္လူမူွဘဝဟာ ေပ်ာ္႐ႊင္ၾကည္ႏူးမူွကိုရရွိေစမွာပါလို႔ အႀကံျပဳတိုက္တြန္းလိုက္ပါတယ္။
စႏၵီျမင့္မိုရ္#
Unicode
သင့်သက်တမ်းမှာ”””
လူတိုင်း လူတိုင်းဟာ မိမိတို့ နေထိုင်ခွင့် ရှိနေသမျှ သက်တမ်းမှာ ကျန်းမာခြင်း ပျော်ရွှင်ခြင်းတွေ နဲ့ သာ တည်ဆောက် နေထိုင်ချင်ကြတာ သဘာဝပါ။ သို့သော်လည်း မိမိတို့ရဲ့ စားသောက်နေထိုင် မူှကို ဆင်ချင်ဖို့ ဂရုပြုဖို့ ကိုတော့ မေ့လျော့ နေကြ သူချည့်ပင် မဟုတ်ပါလား။ သင့်အနေနဲ့ နေထိုင်သမျှ သက်တမ်းတစ်လျှောက်မှာ ကျန်းမာ ပျော်ရွှင်စွာ ရှိနေဖို့
အများကြီး ကျင့်ကြံဖို့ မလိုပါ ။ ကြည့် ကြည့် ကြ ပါ စို့….။
ဟင်းသီး ဟင်းရွက် စားပါ””’
ဟင်းသီး ဟင်းရွက်များမှာ အမျှင်ဓာတ်ဗီတာမင် နဲ့သတ္ထုဓာတ်တွေ များစွာပါဝင်တာမို့နာတာရှည်ရောဂါများ မဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေထဲမှာ ဗီတာမင်ကေ ပါဝင်တဲ့အတွက်ကြောင့် အရိုးအဆစ်တွေကို
သန်မာစေပါတယ်။ ကန်စွန်းဥ မုန်လာဥနီ စသည်တို့မှာဆိုရင် ဗီတာမင်အေပါဝင်တာမို့မျက်လုံးနဲ့ အရေပြား ကျန်းမာရေးကို များစွာ အထောက် အကူ ပြု ပါ တယ်။
ပိုးမွှားများ ဝင်ရောက် ကူးစက်ခြင်းကိုလည်း ဟန့်တား ပေးနိုင် ပါတယ်။ ပညာရှင်များရဲ့ လေ့လာတွေ့ရှိမူှ အရ သင့်ရဲ့ စားသောက်ခြင်းတွင် တစ်နေ့လျှင် ခရမ်းချဉ်သီး တစ်ကြိမ်ထည့်သွင်း စားသောက်ပေး ပါ က ဆီးကျိတ်ကင်ဆာနဲ့ ဆက်စပ်မူှ ရှိတဲ့ DNA ပျက်ဆီးမူှကို ကာကွယ် ပေးနိုင် ပါတယ်လို့ ပညာရှင်များက ပြော ပါ တယ်။
ပဲအမျိုး””’
ပဲအမျိုးမျိုးဟာလည်း အမျှင်ဓာတ် ကြွယ်ဝတယ်လို့ ဆိုပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ ပဲအမျိုးမျိုးကို တစ်ပတ်တွင် သုံးကြိမ် လေးကြီမ် စားပေးရမယ်လို့ ဆိုပါတယ်။ အမျှင်ဓာတ် တွေဟာ သွေးဖိအား လျော့နည်းစေပြီး သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေကာ ဝမ်းချုပ်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ အစာချေဖျက်မူှကို ကူညီနိုင်တဲ့ အတွက် အစာအိမ်ကို ကောင်းမွန်မူှ ရရှိစေပါတယ်။
အမျှင်ဓာတ် စားသုံးခြင်းဟာ ဗိုက်ကိုပြည့်တင်းသလို ခံစားရတာကြောင့် အစာ မကြာ ခဏ စားလို စိတ်ကို လျော့နည်းစေပြီး ကိုယ်အလေးချိန်တက်ခြင်း ကင်းဝေးစေပါတယ်။ အသုပ်များ သုပ်စားတဲ့အခါ စွပ်ပြုတ်တို့ပြုတ်သောက်တဲ့အခါမျိုးမှာ ပဲကိုထည့်သွင်းပြီး ပြုလုပ်ပေးပါ။ ပဲအမျိုးမျိုးက နေရတဲ့ ကာဗိုဟိုက်ဒြိတ်ဟာဆိုရင် သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်စေတာမို့ ဆီးချိုသွေးချို ရှိသူများအတွက် အလွန်သင့်တော်တယ်လို့ဆိုထားပါတယ်။
ငါးအမျိုးမျိုး”””
အသားများများစားခြင်းကနေ ငါးများများစားခြင်းကို ပြောင်းလိုက်ပါ။ငါးများထဲမှာ တူနာငါး ဆယ်လ်မွန်ငါးတို့ဟာဆိုရင် ကျန်းမာရေးအတွက်အလွန်အကျိုးများတယ်လို့ဆိုပါတယ်။ငါးမှာပါဝင်တဲ့ DHA, EPA တွေဟာဦးနှောက်နဲ့အာရုံကြော အဖွဲ့အစည်းကို များစွာအထောက်အကူပြုပါတယ်။တစ်ပတ်ကို ငါးနှစ်ကြိမ် စားသုံးပေးပါက သတိမေ့ရောဂါ ဖြစ်ပွားနိုင်ချေတွေကိုလျော့နည်းစေပါတယ်။
ငါးကြီးဆီကိုစားသုံးပါ ငါးကြီးဆီဟာသွေးတွင်းမကောင်းတဲ့ အဆီကိုလျော့နည်းစေပြီး ကောင်းတဲ့အဆီကို များစေပါတယ်။သွေးကြောနံရံတွေ ရောင်ရမ်းခြင်း ကိုလျှော့ချပေးပြီး သွေးခဲပိတ်ဆို့မူှကိုကာကွယ်ပေးပါတယ်။
ဘယ်ရီသီး””’
ဘယ်ရီသီးစာရင်းဝင်တွေဖြစ်တဲ့စတော်ဘယ်ရီ သီး ဘလူးဘယ်ရီသီးခရင်မ်ဘယ်ရီသီး စတဲ့အမျိုးအစားတွေမှာ အင်တီအောက်ဆီးဒင့်တွေများစွာပါဝင်
ပါတယ်။ဒီအသီးများမှာပါဝင်တဲ့ အစွမ်းထက်ပေါ်လီဖီနောက ကင်ဆာရောဂါကိုကာကွယ်ပေးပြီးဦးနှောက်တွင်းမှ ဆဲလ်များကို ပျက်ဆီးမူှမရှိစေရန် ကာကွယ်ပေးနိုင်ပါတယ်လို့ဆိုထားပါတယ်။
သံလွင်ဆီ””
ဟင်းချက်တဲ့အခါ သံလွင်ဆီကိုထည့်ချက်ပေးပါ။သံလွင်ဆီမှာ မိုနိုမပြည့်ဝဆီပါဝင်ပြီး ဦးနှောက်မှတ်ဉာဏ်အတွက်များစွာအကျိုးပြုပါတယ်။သံလွင်ဆီထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးက စတီးရွိုက်မဟုတ်တဲ့အကိုက်အခဲပျောက်ဆေးတွေကဲ့သို့ ရောင်ရမ်းမူှနဲ့နာကျင်မူှတွေကိုလျော့ပါးစေပါတယ်။လေ့လာမူှများအရ သံလွင်ဆီဟာခန္ဓာကိုယ်တွင်းကောင်းတဲ့အဆီဓာတ်ကိုတိုးပွားစေပါတယ်။
အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့အစားအစာများကိုစာသုံးခြင်းဟာ ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်နေတဲ့ဓာတ်တိုးဖြစ်စဉ်တွေကိုတားဆီးပေးပါတယ်။ ဓာတ်တိုးဖြစ်စဉ်တွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မူှကိုဖြစ်စေတယ်လို့ဆိုပါတယ်။ အင်တီအောက်ဆီဒင့် ပါဝင်တဲ့ အစားအစာတွေကတော့ ဘယ်ရီသီး၊ မုန်လာဥနီ၊ စတော်ဘယ်ရီသီး၊ သင်္ဘောသီး၊ ရွှေဖရုံသီးနဲ့ ခရမ်းချဉ်သီးတို့ပဲထစ်ပါတယ်။
သင့်ကိုယ်သင် ကျန်းမာနေစေဖို့ဆိုရင်ကျန်းမာနေစေရန်နည်းလမ်းကောင်းတွေကို လိုက်နာကျင့်သုံးပေးမှသာသင့်ရဲ့ နေ့စဉ်လူမူှဘဝဟာ ပျော်ရွှင်ကြည်နူးမူှကိုရရှိစေမှာပါလို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။
စန္ဒီမြင့်မိုရ်#
No Comments