သက်သက်လွတ် သမားတွေအတွက် ကြက်ဥတု ထုတ်တော့မယ်

သက်သက်လွတ် သမားတွေအတွက် ကြက်ဥတု ထုတ်တော့မယ်
International-news

သက္သက္လြတ္ သမားေတြအတြက္ ၾကက္ဥတု ထုတ္ေတာ့မယ္

ျပင္သစ္သူ ၂ ေယာက္က သက္သက္လြတ္ စားတဲ့သူေတြအတြက္ ရည္႐ြယ္ၿပီး ၾကက္ဥတု တစ္မ်ိဳးကို ထုတ္ လုပ္ လိုက္ ပါ တယ္။ ။

ၾကက္ဥတု ကို ေလမာဗယ္အုဖ္ လို႔ နာမည္ ေပး ထား ပါ တယ္။ ထူးဆန္းတဲ့ ဥ လို႔ အဓိပၸါယ္ ရ ပါ တယ္။ ။

ပဲရစ္ၿမိဳ႕က ဇီဝေဗဒ ပညာရွင္ ၂ ဦးျဖစ္တဲ့ ဖိလစ္ပိုင္ ႏြယ္ဖြား ဆူလဲရီ နဲ႔ ရွားလင္းသာဗီေဆာက္ တို႔က ၂၀၂၀ ႏွစ္မွာ ေလမာဗယ္အုဖ္ကို ေဈးကြက္ထဲကို တင္ပို႔ေတာ့မွာပါ ။ ။

သူတို႔က လတ္တေလာမွာေတာ့ ၾကက္ဥတုမွာ ပါဝင္တဲ့ ပါဝင္ ပစၥည္းေတြကို မေဖာ္ျပေသးပါဘူး။ ။

ေဈးကြက္ထဲကို ပို႔ေတာ့မယ္ဆိုရင္ ေတာ့ ၾကက္ဥတုမွာ ပါတဲ့ ပါဝင္ ပစၥည္းေတြရယ္ လုပ္ပုံလုပ္နည္းေတြကို ရွင္းျပမွာပါလို႔ ဆိုတယ္။ ။

ျပင္သစ္ အစားအေသာက္ ႀကီးၾကပ္ေရး အာဏါပိုင္ေတြရဲ႕ ခြင့္ျပဳခ်က္ေတာ့ ရထားၿပီးပါၿပီ။ ၾကက္ဥတုက ပဲကို အေျချပဳၿပီး ျပဳလုပ္ထားပါတယ္။ ။

အထဲမွာပါတဲ့ အာဟာရ တန္ဖိုးကိုလည္း ထိန္းညႇိ တြက္ထားပါတယ္။ အစားအေသာက္ အာဏါပိုင္ေတြနဲ႔ ဘယ္အပိုင္းကို အတိုးအေလ်ာ့ လုပ္မယ္ဆိုတာ ကို လည္း ညႇိႏႈိင္းေနဆဲ ျဖစ္ပါတယ္။

ေလမာဗယ္အုဖ္က တကယ့္ ၾကက္မတစ္ေကာင္ရဲ႕ ဥအတိုင္း အရသာကို ေပးေပမယ့္ အထဲမွာပါဝင္တဲ့ အာဟာရ တန္ဖိုးက တြက္ခ်က္ၿပီး ထည့္သြင္းထားတဲ့ အတြက္ေၾကာင့္ က်န္းမာေရး လိုက္စားသူေတြအတြက္ အထူးသင့္ေတာ္တဲ့ စားစရာ တစ္ခုျဖစ္လာမွာပါ။ ။

အနံ႔ကိုေတာ့ ၾကက္ဥစိမ္းေတြမွာ ရတဲ့ညႇိစို႔စို႔ အနံ႔ေလ်ာ့ထားၿပီး အဆီဓာတ္ရယ္ အသားဓာတ္ကိုလည္း ေလ်ာ့ၿပီး ထည့္ထားပါတယ္။ ။

စူပါမားကတ္ေတြမွာ တင္ၿပီး ေရာင္းႏိုင္ဖို႔ စက္႐ုံေဆာက္ၿပီး ထုတ္လုပ္ရမွာမို႔ လတ္တေလာမွာ ရွယ္ယာ ပါတနာ ေတြကို ဖိတ္ေခၚထားၿပီးပါၿပီ။ ။

ၾကက္ဥတုရဲ႕ အားသာခ်က္က အာဟာရကို တြက္ခ်က္ထားတာရယ္ သဘာဝ အရသာအတိုင္း ခံစားႏိုင္တာရယ္ ၾကက္ဥခြံကို သဘာဝ ပတ္ဝန္းက်င္ကို အေႏွာက္အယွက္ မျဖစ္ေအာင္ လုပ္ ထား တာ ရယ္ တို႔ ပဲ ျဖစ္ ပါ တယ္။ ။

ေမာင္ယႆ REF: euronews photo;facebook

Unicode

သက်သက်လွတ် သမားတွေအတွက် ကြက်ဥတု ထုတ်တော့မယ်

ပြင်သစ်သူ ၂ ယောက်က သက်သက်လွတ် စားတဲ့သူတွေအတွက် ရည်ရွယ်ပြီး ကြက်ဥတု တစ်မျိုးကို ထုတ် လုပ် လိုက် ပါ တယ်။ ။

ကြက်ဥတု ကို လေမာဗယ်အုဖ် လို့ နာမည် ပေး ထား ပါ တယ်။ ထူးဆန်းတဲ့ ဥ လို့ အဓိပ္ပါယ် ရ ပါ တယ်။ ။

ပဲရစ်မြို့က ဇီဝဗေဒ ပညာရှင် ၂ ဦးဖြစ်တဲ့ ဖိလစ်ပိုင် နွယ်ဖွား ဆူလဲရီ နဲ့ ရှားလင်းသာဗီဆောက် တို့က ၂၀၂၀ နှစ်မှာ လေမာဗယ်အုဖ်ကို ဈေးကွက်ထဲကို တင်ပို့တော့မှာပါ ။ ။

သူတို့က လတ်တလောမှာတော့ ကြက်ဥတုမှာ ပါဝင်တဲ့ ပါဝင် ပစ္စည်းတွေကို မဖော်ပြသေးပါဘူး။ ။

ဈေးကွက်ထဲကို ပို့တော့မယ်ဆိုရင် တော့ ကြက်ဥတုမှာ ပါတဲ့ ပါဝင် ပစ္စည်းတွေရယ် လုပ်ပုံလုပ်နည်းတွေကို ရှင်းပြမှာပါလို့ ဆိုတယ်။ ။

ပြင်သစ် အစားအသောက် ကြီးကြပ်ရေး အာဏါပိုင်တွေရဲ့ ခွင့်ပြုချက်တော့ ရထားပြီးပါပြီ။ ကြက်ဥတုက ပဲကို အခြေပြုပြီး ပြုလုပ်ထားပါတယ်။ ။

အထဲမှာပါတဲ့ အာဟာရ တန်ဖိုးကိုလည်း ထိန်းညှိ တွက်ထားပါတယ်။ အစားအသောက် အာဏါပိုင်တွေနဲ့ ဘယ်အပိုင်းကို အတိုးအလျော့ လုပ်မယ်ဆိုတာ ကို လည်း ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

လေမာဗယ်အုဖ်က တကယ့် ကြက်မတစ်ကောင်ရဲ့ ဥအတိုင်း အရသာကို ပေးပေမယ့် အထဲမှာပါဝင်တဲ့ အာဟာရ တန်ဖိုးက တွက်ချက်ပြီး ထည့်သွင်းထားတဲ့ အတွက်ကြောင့် ကျန်းမာရေး လိုက်စားသူတွေအတွက် အထူးသင့်တော်တဲ့ စားစရာ တစ်ခုဖြစ်လာမှာပါ။ ။

အနံ့ကိုတော့ ကြက်ဥစိမ်းတွေမှာ ရတဲ့ညှိစို့စို့ အနံ့လျော့ထားပြီး အဆီဓာတ်ရယ် အသားဓာတ်ကိုလည်း လျော့ပြီး ထည့်ထားပါတယ်။ ။

စူပါမားကတ်တွေမှာ တင်ပြီး ရောင်းနိုင်ဖို့ စက်ရုံဆောက်ပြီး ထုတ်လုပ်ရမှာမို့ လတ်တလောမှာ ရှယ်ယာ ပါတနာ တွေကို ဖိတ်ခေါ်ထားပြီးပါပြီ။ ။

ကြက်ဥတုရဲ့ အားသာချက်က အာဟာရကို တွက်ချက်ထားတာရယ် သဘာဝ အရသာအတိုင်း ခံစားနိုင်တာရယ် ကြက်ဥခွံကို သဘာဝ ပတ်ဝန်းကျင်ကို အနှောက်အယှက် မဖြစ်အောင် လုပ် ထား တာ ရယ် တို့ ပဲ ဖြစ် ပါ တယ်။ ။

မောင်ယဿ REF: euronews photo;facebook

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …