International-news
Unicode
သက်သက်လွတ် သမားတွေအတွက် ဝက်သားတု
အင်ပေါ့ဇေးဘယ် အစားအသောက် ကုမ္ပဏီက ယမန်နှစ်က ထုတ်ခဲ့တဲ့ အမဲသားတု ရဲ့ နောက်ဆက် တွဲ အဖြစ် ဒီနှစ်မှာ ဝက်သားတု ကို သက်သက်လွတ် သမားတွေအတွက် သီးသန့် ထုတ်လိုက် ပါတယ်လို့ စီနတ် သတင်းဌာနက ဖော်ပြလိုက် ပါတယ် ။ အခုဆိုရင် အင်ပေါ့ဇေးဘယ်က အမဲသားတု ဘာဂါအပြင် ဝက်သားတု ဘာဂါကိုလည်း ထုတ်လုပ်တော့ မှာပါ ။
ဝက်သားနဲ့ အနံ့ အရသာ တူအောင် လုပ်ထားပြီး မူဆလင် နိုင်ငံက ဝက်သား မစားသူတွေ အတွက်လည်း ဝက်သားကို မြည်းစမ်းလို့ ရအောင် ရည်ရွယ် ပါတယ်လို့ ဆိုတယ် ။ အစားအသောက် ကုမ္ပဏီက ဝက်သားတုကို ပရိုတိန်း အဓိကရဖို့ ပဲပိစပ်ကို အခြေပြုပြီး ထုတ်လုပ်ဖို့ အတွက် စဉ်းစားခဲ့ ပါတယ် ။ အဲ့ဒိနောက် အဆီဓာတ် ရဖို့ နေကြာဆီနဲ့ စားအုန်းဆီ ကို ထည့်သွင်း ပါတယ် ။ ပြီးတော့မှ အမိုင်နို အက်ဆစ် ၊ ဗီတာမင် နဲ့ သကြားဓာတ် တွေကို ထည့်ပါ တယ် ။
အသားမှာ ပါတဲ့ သံဓာတ်ကိုတော့ တွက်ချက် ပြီးနောက် အနံ့ နဲ့ အရသာ ကို ထည့်ကာ အသားတု လုပ်ပါတယ် လို့ ဆိုပါတယ် ။ စီနတ်ရုပ်သံ မှာ ဝက်သားတု စားဖို့အတွက် မူဆလင် တွေကို ရွေးချယ်ပြီး စားစေ ကာ အင်တာဗျူးခဲ့ ပါတယ် ။ ဝက်သားတု စားခဲ့တဲ့ အာဘာဟီတီက “ အစကတော့ တော်တော် ခက်တာပေါ့ ။ မုန်လာဥနံ့ ရယ် သခွားနံ့ ကလေးရတော့ စားချင် လာတယ် ။ အဲ့ဒါနဲ့ ဖဲ့စားကြည့်တော့ ကြက်သားနဲ့ သိပ်မကွာပါဘူး”လို့ ပြောသွားတယ် ။
သက်သက်လွတ် သမားတွေအတွက် ဝက်သားတု2
သူမက ဘာသာရေးဆိုင်ရာ ကိစ္စတွေနဲ့ ငြိစရာ ဘာမှမရှိဘူး ။ လည်လှီးသားလို့ ပြောရ အောင်လဲ ဝက်သားတု အမဲသားတု မှာ ဘာ တိရစ္ဆာန် အာဟာရ တွေ မပါဘူး လို့လည်း ပြောသွား ပါသေးတယ် ။ ဝက်သားတု စားခဲ့တဲ့ မူဆတာဖာ အူမားဆိုသူ မူဆလင် အမျိုးသားကတော့ “နဂို ကတည်းက ကျနော်က ဝက်သား မကြိုက်ဘူး ။ ကျနော် စမ်း စားကြည့်တယ် ။ လူတွေက မေးတယ် ဘယ်လိုလဲတဲ့ ။ ကျနော်က ဖြေလိုက်တယ် ။ နိုးပါပဲ ။ မကြိုက်ဘူး ။
ဝက်သားတု စားပြီး မိနစ် အနည်းငယ် ကြာတော့ ဗိုက်ထဲမှာ သရိုးသရီ ဖြစ်သလို ခံစားရတယ် ” လို့ ပြောသွား ပါတယ် ။ အခုတော့ အင်ပေါ့ဇေဘယ် အစားအသောက် ကုမ္ပဏီက ထုတ်လုပ် လိုက်တဲ့ အမဲသားတု ဝက်သားတု နဲ့ အခြားသော အသားတု တွေကြောင့် ကမ္ဘာ ဘာသာရေး မည်သည့် အဖွဲ့အစည်းမှ အသားကို အထူး တလည်ရှောင် စရာမလိုတော့ပါလို့ ဆိုတယ် ။
မောင် ယ ဿ REF : world of buzz
No Comments
Leave a Reply
Your email address will not be published.
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …