Health
အသီးအရွက် သက်တံ
ငါး
သင့်ရဲ့နေ့စဉ်အစားအစာများထဲကနေသက်ရှည်နုပျိုမှူကိုရှာဖွေပါ။
စန္ဒီမြင့်မိုရ်#
Unicode
သက်ရှည် ကျန်းမာ ချင်သလား
သင့် အနေနဲ့ သက်ရှည် ကျန်းမာရေး အတွက် နေ့စဉ် ဘ ာတွေ လုပ်သင့်တယ် ဘယ်လို နေထိုင်သင့်တယ် ဆိုတာကို သိထားပြီးပြီလား ။ မသိသေး ရင်လည်း သိရအောင် သိထားပြီး ရင်လည်းမမေ့ ရအောင် ဖတ်ကြည့်ပါဦးလို့ ပြောချင် ပါတယ် ။
အသီးအရွက် သက်တံ
သင့်ရဲ့နေ့စဉ် အစားအစာများ ထဲမှာအသီးအရွက် များကို သက်တံ ရောင်လို စုံနေဖို့ ကြိုးစားပါ ။အသီးအရွက် တွေကို အရောင်စုံအောင် စားသုံးတာဟာ နာတာရှည် ရောဂါ ဖြစ်ပွားမူှ ကို တားဆီး နိုင်ပြီး ကိုယ်အလေးချိန်ကို ထိမ်းသိမ်း နိုင်ကာ သက်ရှည် ကျန်းမာ စေပါတယ် လို့ ဆိုထားပါတယ် ။ အသီးအရွက် အရောင်စုံအော င်စားပေးခြင်းက ရောဂါ မျိုးစုံကို တိုက်ထုတ် နိုင်တဲ့ မတူကွဲပါးအာဟာရ ဓာတ်တွေရယ် အင်တီ အောက်ဆီးဒင့်ရယ်ကို ရရှိစေ လို့ပဲ ဖြစ်ပါတယ် ။
နက်ပြာရောင် ဘလူးဘယ်ရီသီး ကနေ အန်သို ဆိုင်ရာနင်ကို ရရှိပြီး ကင်ဆာဆဲလ် တွေကို တိုက်ထုတ်ရာမှာ ကူညီပါတယ် ။ လိမ္မော်ရောင် မုန်လာဥနီ ကနေ ဘီတာကယ်ရိုတင်းကို ရရှိပြီးခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင် ပေးပါတယ် ။ နေ့စဉ် မိမိတို့ရဲ့ စားသုံးမူှ ထဲမှာ သက်တန့်လိုအရောင်စုံ အသီးအရွက် တွေထဲက တစ်မျိုး နှစ်မျိုး သုံးမျိုးခန့် ပါဝင်ဖို့ ဂရုပြု ပေးရုံနဲ့ သင့်အသက ရှည်ကျန်းမာမူှဟာ တိုးတက် ကောင်းမွန်လာစေမှာ ဖြစ်ပါတယ် ။
ငါး
သင့်အနေနဲ့ ငါးစားပေးဖို့မမေ့သင့်ပါ ။ ငါးတွေမှာပါဝင်တဲ့ အိုမီဂါ ၃ အဆီတွေဖြစ်တဲ့ အီကို ဆာပန်တနောရစ်အက်စစ်(EPA) နဲ့ ဒိုကိုဆာဟက်စနောရစ် အက်စစ်(DHAတွေဟာ အရွယ်တင်နုပျိုစေဖို့ များစွ ာအထောက်အကူ ဖြစ်စေပါတယ် ။ဆန်ဖရန်စ္စကို ဆေးရုံကြီးမှ နှလုံးရောဂါကုပါရဂူ ဒေါက်တာရေမန်ဖာဇန်နဲ့ အဖွဲ့ကပြုလုပ်ခဲ့တဲ့ သုတေသနမှာ EPAနဲ့ DHAတွေက ခရိုမိုဇုမ်းအဆင့် အထိ ရင့်ရော်မူှမဖြစ်အောင် လုပ်ဆောင်ပေးတယ်လို့ တွေ့ရှိခဲ့ကြပြီး ဆေးပညာ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ် ။
သွေးတွင်းမှာEPA နဲ့ DHA တွေမြင့်မားစွာရှိနေပါကနှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပြီး
ခရိုမိုဇုမ်းတွေရဲ့ကြီးရင့်မူှကိုလည်းနှေးကွေးစေတယ်လို့ဆိုပါတယ်။အဆီများတဲ့ဆယ်လ်မွန်ငါး
ဆာဒင်ငါးတွေမှာများစွာပါဝင်တယ်လို့ဆိုထားပါတယ်။သင်ဟာငါးကိုမကြိုက်နှစ်သက်ဘူးဆိုရင် EPA နဲ့ DHA ရရှိအောင်ငါးကြီးဆီလိုဆေးဝါးများသောက်သုံးပေးပါလို့ဆိုထားပါတယ် ။
လက်ဖက်စိမ်းလက်ဘက်ရည်””လက်ဖက်စိမ်းလက်ဘက်ရည်သောက်သုံးခြင်းဟာသင့်ကိုအရွယ်တင်နုပျိုစေပါတယ်။လက်ဖက်စိမ်းလက်ဘက်ရည်ထဲမှာအင်တီအောက်ဆီးဒင့် အက်ပီဂယ်လိုကက်တီချင်-၃-ဂဲလိပ် (ECGE)ပါဝင်တာမို့နေ့စဉ်သောက်သုံးပါက ကိုယ်အလေးချိန်တစ်ပတ်အတွင်းသုံးပေါင်ခန့်ကျဆင်းစေတယ်လို့ အမေရိကန်ဆေးပညာရှင်များကဆိုထားပါတယ်။တစ်နေ့ကိုသုံးခွက်ကနေငါးခွက်အထိသောက်သုံးပါ။အဆီတွေကိုလျော့နည်းပြီးကျန်းမာနုပျိုစေပါတယ်လို့ဆိုပါတယ်။
သင့်ရဲ့နေ့စဉ်အစားအစာများထဲကနေသက်ရှည်နုပျိုမူှကိုရှာဖွေပါ။
စန္ဒီမြင့်မိုရ်#
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …