ဝူဟန်မြို့ မှာတော့ ဝါးတားပါတီ ရေပါတီ နဲ့ ပျော်နေကြပြီ

ဝူဟန်မြို့ မှာတော့ ဝါးတားပါတီ ရေပါတီ နဲ့ ပျော်နေကြပြီ
Article

ဝူဟန်မြို့ မှာတော့ ဝါးတားပါတီ ရေပါတီ နဲ့ ပျော်နေကြပြီ

ကော်ရိုနာဗိုင်းရက် အမျိုးအစား တစ်ခုဖြစ်တဲ့ ကိုဗစ်-၁၉ ဗိုင်းရက် ပြန့်နှံမှု ကို စတင်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ ဒီတစ်ပတ် အားလပ်ရက်မှာ မြို့သူမြို့သားတွေရဲ့ ဝါးတားပါတီ ရေပါတီ ကို ပျော်ပျော်ကြီး ကစားနေချိန်မှာ ဝူဟန်မြို့ရဲ့ အဝေးတစ်နေရာက မက္ကဆီကို အမေရိကန် ဘရာဇီးနဲ့ အိန္ဒိယ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးရဲ့ ဒဏ်ကို အလူးအလဲ ခံနေရပါတယ်။

လက်ရှိ ကမ္ဘာနဲ့ တစ်ဝှန်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ဦးရေ မှာ ၂၂ သန်း ကျော်သွားပါပြီ။ အဲ့ဒိ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ခုလုံး ကျွမ်းထိုး မှောက်ခုံ ဖြစ်နေရပါတယ်။

ဝူဟန်မြို့ မှာတော့ ဝါးတားပါတီ ရေပါတီ နဲ့ ပျော်နေကြပြီ1

ပီပီအီး ဝတ်စုံတွေ မလုံလောက်တဲ့ ပြဿနာကို ကြုံ နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ၊ မက်စ် တွေ မလုံမလောက်ဖြစ်နေတဲ့ ပြည်သူတွေ ၊ အစားအသောက် ရှားပါးလာလို့ ဆိုင်တွေမှာ တန်းစီ စောင့်ဆိုင်းနေရတဲ့ လူတွေ တိုင်းပြည် စီးပွားရေး ကျဆင်း နေလို့ ခေါင်းခဲနေရတဲ့ အစိုးရတွေ က တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကြောင့် တိုင်းပြည်တိုင်း နီးပါးမှာ အလုပ်တွေ ရှုပ်နေရပါတယ်။

ကွာရင်တိုင်း၊ ဆိုရှယ်ဒစ္စတန့် ၊ လော့ခ်ဒေါင်း ၊ မက်စ်တပ်ရန်၊ လက်ဆေးရန် အစရှိတဲ့ စကားလုံးတွေက ဝူဟန်မြို့သူမြို့သားတွေအတွက် ကျန်ခဲ့ပါပြီ။ ရေပါတီ ဆင်နွဲဖို့အတွက် စိတ်အားထက်သန်နေတဲ့ သူတို့ရဲ့ မျက်နှာပေါ်က အပြုံးတွေက ရွန်းလက် နေပါတယ်။

ဝူဟန်မြို့ မှာတော့ ဝါးတားပါတီ ရေပါတီ နဲ့ ပျော်နေကြပြီ2

ရေကန်ထဲမှာ ဆိုရှယ်ဒစ္စတန့် မရှိ မက်စ်တပ်ထားတာ မရှိဘဲ အားလုံး ပျော်ရွှင် နေကြပါတယ်။ ဧပြီလကနေ စပြီး ၇၆ ရက်ကြာ လော့ခ်ဒေါင်းချပြီး နောက်မှာတော့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ ပေးလိုက်ပါပြီး ကန့်သက်ချက် အနည်းငယ်တောင် မရှိတော့ပဲ မြို့က အရင်လို အသက်ဝင်မှုတွေနဲ့ ပြန်လည် လှုပ်ရှား လာပါပြီ။

ကိုဗစ်-၁၉ လုံးဝ ကင်းစင်သွားပြီလို့ မဆိုနိုင်ပေမဲ့ ဝူဟန်သားတွေအတွက် ကတော့ အခုချိန်က ပါတီ ပွဲတွေလုပ်ဖို့ အချိန်ကျပြီလို့ မှတ်ထင် နေကြပါတယ်။

ဝူဟန်မြို့က ရေကူးကန်တွေမှာ DJ စက်တွေက လာတဲ့ လျှပ်စစ်ဂီတနဲ့ အတူ မြူးတူး ပျော်ပါးနေကြပါပြီ။ ထောင်ပေါင်းများစွာသော လူတွေက ဆိုရှယ်ဒစ္စတန့်မရှိ မက်စ်မတပ်ဘဲ အုပ်စုလိုက်ကြီး ကဲနေကြပါတယ်။ ဝူဟန် မြို့က မာယာကမ်းခြေ ရေကစားဥယျာဉ်မှာ ကခုန် နေကြပါတယ်။

ရေစီး ရာဘာရုပ်တွေနဲ့ ဂီတရဲ့ အရသာကို ကောင်းကောင်းကြီး ခံစားနေကြပါတယ်။ အဲ့ဒိပန်းခြံကို ဇွန်လ အကုန်ထဲက ပြန်ဖွင့်ထားတာပါ။ လူအဝင်နည်းလို့ ပန်ခြံပိုင်ရှင်က တစ်ဝက်ကြေးနဲ့ ဝင်ခွင့်ပေးလိုက်လို့ လူတွေ အုံခဲပြီး ဝင်ရောက် လာကြပါတယ်။ အခုဆိုရင် စနေ တနင်္ဂနွေ အားလပ်ရက်တွေဆိုရင် ရေကစား ဥယျာဉ်ထဲမှာ တစ်နေ့ကို လူ ၁၅၀၀၀ လောက် ဝင်ရောက် နေပါတယ်။

ကမ္ဘာနိုင်ငံအသီးသီးက ကိုဗစ်-၁၉ ဗိုင်းရက်ကို အထိတ်တလန့် ဖြစ်နေချိန်မှာတော့ ဗိုင်ရက် အစပြုတဲ့ ဝူဟန်မှာကတော့ ဝါးတားပါတီ ရေပါတီနဲ့ ပျော်ပျော် ပါးပါး ကဲနေကြပါတယ်။

မောင်ယဿ, REF: world of buzz, photo; cnn

Zawgyi

ဝူဟန္ၿမိဳ႕ မွာေတာ့ ဝါးတားပါတီ ေရပါတီ နဲ႔ ေပ်ာ္ေနၾကၿပီ

ေကာ္႐ိုနာဗိုင္းရက္ အမ်ိဳးအစား တစ္ခုျဖစ္တဲ့ ကိုဗစ္-၁၉ ဗိုင္းရက္ ျပန႔္ႏွံမႈ ကို စတင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာေတာ့ ဒီတစ္ပတ္ အားလပ္ရက္မွာ ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ ဝါးတားပါတီ ေရပါတီ ကို ေပ်ာ္ေပ်ာ္ႀကီး ကစားေနခ်ိန္မွာ ဝူဟန္ၿမိဳ႕ရဲ႕ အေဝးတစ္ေနရာက မကၠဆီကို အေမရိကန္ ဘရာဇီးနဲ႔ အိႏၵိယ ႏိုင္ငံေတြမွာ ကိုဗစ္-၁၉ ေရာဂါပိုးရဲ႕ ဒဏ္ကို အလူးအလဲ ခံေနရပါတယ္။

လက္ရွိ ကမာၻနဲ႔ တစ္ဝွန္း ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရသူ ဦးေရ မွာ ၂၂ သန္း ေက်ာ္သြားပါၿပီ။ အဲ့ဒိ ကပ္ေရာဂါေၾကာင့္ ကမာၻတစ္ခုလုံး ကြၽမ္းထိုး ေမွာက္ခုံ ျဖစ္ေနရပါတယ္။

ပီပီအီး ဝတ္စုံေတြ မလုံေလာက္တဲ့ ျပႆနာကို ႀကဳံ ေနရတဲ့ က်န္းမာေရး ဝန္ထမ္းေတြ ၊ မက္စ္ ေတြ မလုံမေလာက္ျဖစ္ေနတဲ့ ျပည္သူေတြ ၊ အစားအေသာက္ ရွားပါးလာလို႔ ဆိုင္ေတြမွာ တန္းစီ ေစာင့္ဆိုင္းေနရတဲ့ လူေတြ တိုင္းျပည္ စီးပြားေရး က်ဆင္း ေနလို႔ ေခါင္းခဲေနရတဲ့ အစိုးရေတြ က တစ္ကမာၻလုံးမွာ ကိုဗစ္-၁၉ ေၾကာင့္ တိုင္းျပည္တိုင္း နီးပါးမွာ အလုပ္ေတြ ရႈပ္ေနရပါတယ္။

ကြာရင္တိုင္း၊ ဆိုရွယ္ဒစၥတန႔္ ၊ ေလာ့ခ္ေဒါင္း ၊ မက္စ္တပ္ရန္၊ လက္ေဆးရန္ အစရွိတဲ့ စကားလုံးေတြက ဝူဟန္ၿမိဳ႕သူၿမိဳ႕သားေတြအတြက္ က်န္ခဲ့ပါၿပီ။ ေရပါတီ ဆင္ႏြဲဖို႔အတြက္ စိတ္အားထက္သန္ေနတဲ့ သူတို႔ရဲ႕ မ်က္ႏွာေပၚက အၿပဳံးေတြက ႐ြန္းလက္ ေနပါတယ္။

ေရကန္ထဲမွာ ဆိုရွယ္ဒစၥတန႔္ မရွိ မက္စ္တပ္ထားတာ မရွိဘဲ အားလုံး ေပ်ာ္႐ႊင္ ေနၾကပါတယ္။ ဧၿပီလကေန စၿပီး ၇၆ ရက္ၾကာ ေလာ့ခ္ေဒါင္းခ်ၿပီး ေနာက္မွာေတာ့ ပိတ္ဆို႔မႈေတြကို ေျဖေလွ်ာ့ ေပးလိုက္ပါၿပီး ကန႔္သက္ခ်က္ အနည္းငယ္ေတာင္ မရွိေတာ့ပဲ ၿမိဳ႕က အရင္လို အသက္ဝင္မႈေတြနဲ႔ ျပန္လည္ လႈပ္ရွား လာပါၿပီ။

ကိုဗစ္-၁၉ လုံးဝ ကင္းစင္သြားၿပီလို႔ မဆိုႏိုင္ေပမဲ့ ဝူဟန္သားေတြအတြက္ ကေတာ့ အခုခ်ိန္က ပါတီ ပြဲေတြလုပ္ဖို႔ အခ်ိန္က်ၿပီလို႔ မွတ္ထင္ ေနၾကပါတယ္။

ဝူဟန္ၿမိဳ႕က ေရကူးကန္ေတြမွာ DJ စက္ေတြက လာတဲ့ လွ်ပ္စစ္ဂီတနဲ႔ အတူ ျမဴးတူး ေပ်ာ္ပါးေနၾကပါၿပီ။ ေထာင္ေပါင္းမ်ားစြာေသာ လူေတြက ဆိုရွယ္ဒစၥတန႔္မရွိ မက္စ္မတပ္ဘဲ အုပ္စုလိုက္ႀကီး ကဲေနၾကပါတယ္။ ဝူဟန္ ၿမိဳ႕က မာယာကမ္းေျခ ေရကစားဥယ်ာဥ္မွာ ကခုန္ ေနၾကပါတယ္။

ေရစီး ရာဘာ႐ုပ္ေတြနဲ႔ ဂီတရဲ႕ အရသာကို ေကာင္းေကာင္းႀကီး ခံစားေနၾကပါတယ္။ အဲ့ဒိပန္းၿခံကို ဇြန္လ အကုန္ထဲက ျပန္ဖြင့္ထားတာပါ။ လူအဝင္နည္းလို႔ ပန္ၿခံပိုင္ရွင္က တစ္ဝက္ေၾကးနဲ႔ ဝင္ခြင့္ေပးလိုက္လို႔ လူေတြ အုံခဲၿပီး ဝင္ေရာက္ လာၾကပါတယ္။ အခုဆိုရင္ စေန တနဂၤေႏြ အားလပ္ရက္ေတြဆိုရင္ ေရကစား ဥယ်ာဥ္ထဲမွာ တစ္ေန႔ကို လူ ၁၅၀၀၀ ေလာက္ ဝင္ေရာက္ ေနပါတယ္။

ကမာၻႏိုင္ငံအသီးသီးက ကိုဗစ္-၁၉ ဗိုင္းရက္ကို အထိတ္တလန႔္ ျဖစ္ေနခ်ိန္မွာေတာ့ ဗိုင္ရက္ အစျပဳတဲ့ ဝူဟန္မွာကေတာ့ ဝါးတားပါတီ ေရပါတီနဲ႔ ေပ်ာ္ေပ်ာ္ ပါးပါး ကဲေနၾကပါတယ္။

ေမာင္ယႆ, REF: world of buzz, photo; cnn

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေ
Article
သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး

သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး လူသားတွေ အသိချင်ဆုံး အရာက သေသွားပြီးရင် ဘာဖြစ်မလဲဆိုတဲ့ အကြောင်းအရာပါ။ သေခြင်းတရား က လူသားတွေအတွက် စိတ်အနှောက်အယှက်ပေး နိုင်ဆုံး အရာပဲဖြစ်ပါတယ်။ လူသားတွေက သဘာ၀ ဘေးအန္တရာယ်တွေကို တစ်ခုပြီး တစ်ခု ကျော်လွှားနိုင်အောင် ကြိုးစားနေ ကြပေမဲ့ ဒိကနေ့ အထိ မကျော်လွှားနိုင် မခုခံနိုင်တဲ့ အကြောင်းတရားတွေ ထဲမှာ သေခြင်းတရားကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားက ၁၂နှစ်အရွယ် ကောင်မလေး တစ်ယောက်ကတော့ သေခြင်းတရားကနေ ပြန်ပြီး ရှင်သန် လာနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၈ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ပရိုဘိုလင်ဂို …

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်
Article
ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်

ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန် တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်က သူတို့ရဲ့ ဆိုင်ဝမှာ ပေါင်ချိန်စက်တစ်ခုကိုထားပြီး အစား အသောက် မမှာခင်မှာ ပေါင်အရင် ချိန်ပါလို့ စာတန်း ကပ်ထားတာကြောင့် စားသုံးသူတွေက အဲ့ဒိ ပေါင်ချိန် ရမယ့် ကိစ္စကို မကျေမနပ် ဖြစ်လို့ ဆိုင်ရှင်ကို အချေအတင်ပြောရာမှ ပြဿနာ မကြီးထွားလာခင်မှာ ဆိုင်ရှင်က တောင်းပန်လိုက်ရပါတယ်။ ဟူနန်ပြည်နယ် ချန်းရှာမြို့က ချူအီရန် အမဲကြော် ဆိုင်က ဆိုင်ရှင်က သတင်းစာကို “ ကျနော်တို့ က သမ္မတကြီး ရှီကျင့်ဖျင် မိန့်ခွန်းထဲကအတိုင်း တိုင်းပြည်အတွင်းမှာ အစားအသောက်တွေ အလေအလွင့် မဖြစ်အောင် ချိန်တွယ် စားသောက်နိုင်ဖို့အတွက် ဆိုင်ဝမှာ မီနူးနဲ့ ပေါင်ချိန်စက်ကို …

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု
Article
၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု

၂၀၂၀ အတွင်းမှာ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အထင်ကရ ဖြစ်ရပ် ၈ခု ၂၀၂၀ ထဲကို ဝင်လာတာ အခုဆိုရင် ၈လထဲကို ရောက်လာခဲ့ပါပြီ။ အမှတ်မထင် ဖြစ်ရပ် ၈ခုက ကမ္ဘာကြီး ပျက်သွားနိုင်လောက်တဲ့ အနေအထားမျိုးနဲ့ ဖြစ်ပျက် သွားပါတယ်။ ဖြစ်ရပ်တွေ ဖြစ်ပွားတဲ့ ဒေသက လူတွေကတော့ တကယ်ပဲ ကမ္ဘာကြီး ပျက်သွားပြီလို့ အောက်မေ့ ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ကမ္ဘာကြီးကတော့ ဒီအတိုင်း ရှိနေပါသေးတယ်။ သြစတေလျှ တောမီး ။ ။ ၂၀၁၉ ကတည်းက လောင်နေတဲ့ သြတေးလျှ တောမီးက ၂၀၂၀ ထဲ ဝင်တဲ့အထိ မငြိမ်းနိုင်ဘူး ဖြစ်နေခဲ့တယ်။ အရေးပေါ် …