
International-news








Unicode

ဝူဟန် ထူးဆန်းတုတ်ကွေး လူလူချင်းကူးပြီလို့ဆို

မနှစ် ကတည်းက တရုတ်နိုင်ငံ ဝူဟန် မြို့မှာ ဖြစ်ပွားတဲ့ ထူးဆန်းတုတ်ကွေး ရောဂါက လူလူချင်းမကူးပါဘူးလို့ ကျန်းမာရေး အရာရှိတွေ ပြောနေတဲ့ ကြားက တစ်ယောက်ပြီး တစ်ယောက် ဖြစ်နေလို့ အခု WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဝူဟန် ထူးဆန်းတုတ်ကွေးက လူလူချင်း ကူးစပ်ကြောင်း အသိပေး လိုက်ရပါပြီ ။

စထရိတ်တိုင်း သတင်းစာ ထဲမှာ ဝူဟန်မြူနီစပါယ် ဆေးရုံက ဝန်ထမ်း ၁၅ ယောက် လည်း ရောဂါလက္ခဏါ တွေ့ရပြီလို့ ဖော်ပြပါရှိ ပါတယ် ။ အဲ့ဒိထဲက တစ်ယောက် ကို ဆေးရုံတင်ပြီး စမ်းသက် ကုသနေရပါတယ် ။ ဝူဟန်မှာ ရောဂါ စဖြစ်တဲ့ လူ ၄၄ ယောက်မှာ တစ်ယောက် စပြီး သေဆုံး သွားပါပြီ ။ မနေ့က ( တင်္နလာနေ့ ) ဝူဟန်အာဏါ ပိုင်တွေက ထူးဆန်းတုတ်ကွေးရောဂါ ထက်မံဖြစ်ပွားသူ ၁၃၆ ယောက်ရှိနေပြီး စုစုပေါင်း ၂၁၈ ယောက် ဝူဟန်မြို့မှာ ဖြစ်ပွားနေကြာင်း ထုတ်ပြန် ကြေညာပါတယ် ။

ချိုင်းနား ဒေလီးကတော့ ဝူဟန်မှာ ၁၉၈ ယောက်၊ ဂွမ်ဒေါင်ပြည်နယ် မှာ ၁၄ ယောက် နဲ့ မြို့တော်ဘေဂျင်းမှာ ၅ ယောက် ရောဂါ ဖြစ်ပွားနေတယ်လို့ ဆိုတယ် ။ ဇန်ဝါရီလ ၁၁ ရက် နောက်ဆုံးရ သတင်းအရ သေဆုံးသူ ၄ ယောက် ရှိနေပြီး ထိုင်း တောင်ကိုရီးယား နဲ့ ဂျပန် နိုင်ငံ တွေကတော့ နယ်စပ်ကိုဖြတ်ကျော်ပြီး ဝူဟန် ထူးဆန်းတုတ်ကွေးက သူတို့ နိုင်ငံထဲကို ဝင်ရောက် လာပြီလို့ ကြေညာ ထားပါတယ် ။

ဗီယက်နမ် စင်ကာပူ မလေးရှား ထိုင်ဝမ် တို့ကတော့ ရောဂါပြန့်နှံ့ခြင်း ရှိမရှိကို မကြေညာသေးပါ ။ ကျန်းမာရေးအာဏါပိုင် တွေက ဒီတုတ်ကွေးက လူလူချင်းမကူး ပါ ဘူးလို့ ဆိုနေချိန်မှာ အမျိုးသားကျန်းမာရေး ကော်မရှင်မှ ဒေါက်တာ ကျောင်နန်းရှန်က လူလူချင်း ကူးပါတယ်ဆိုပြီး ဖွင့်ချ လိုက်တာပါ လို့ စီအန်အေ သတင်းက ဖော်ပြခဲ့တယ် ။

တရုတ်နျစ်ကူးရာသီချိန် ဖြစ်တဲ့ အတွက် သန်းနဲ့ ချီတဲ့ တရုတ်တွေ ခရီးသွား နေတဲ့ အတွက်ကြောင့် ဝူဟန်ထူးဆန်းတုတ်ကွေး က ထပ်မံပြန့်နှံ့ဖွယ်ရာ ရှိနေပါတယ် ။ ဇန်နဝါရီလ ၁၀ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အထိ လူဦးရေ သန်း ၃ ထောင် လောက် ခရီးသွား ကြမှာ ဖြစ်လို့ WHOက ခရီးသွား လုပ်ငန်းအားလုံး မဖြစ်မနေ ဂရုစိုက်ကြပါလို့ သတိပေး ထားပါတယ် ။

မောင်ယဿ REF: world of buzz

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
International-news
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန် ဆန္ဒပြ မှုများကို မနိမ်နှင်းခင်မှာ နယူးယောက်ခ် ရဲတွေက ဆန္ဒပြသူ တွေနဲ့ တစ်သားထဲ ရှိကြောင်း ဆန္ဒပြသူ တွေရဲ့ ရှေ့မှာ ရဲအချို့က ဒူးထောက်ပြီး နေပြတဲ့ပုံတွေရယ် ဆန္ဒပြသူတွေကို အကြမ်း ဖက်နေ တဲ့ပုံတွေက လိုင်းပေါ်မှာ ပလူပျံလာတော့ ရဲတွေက ငြိမ်းချမ်းရေးကို အလိုရှိတယ် ။ ရဲတွေက အကြမ်းဖက်တယ် ဆိုတဲ့ သဘောထားတွေ ကွဲလွဲမှု ဖြစ်လာပါတယ် ။ တစ်ဘက်နဲ့ တစ်ဘက် မင်းတို့ ပုံတွေက သက်သက် ဝါဒဖြန့် တာဆိုပြီး အငြင်းပွားမှု တွေဖြစ်ကာ စကားလုံးတွေနဲ့ ရန်ဖြစ် ကုန်ကြပါတယ် ။ ပုံမှာပါတာက …

ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ
International-news
ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ

ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ အမေရိကန် အဆိုတော် ကချေသည် စမန်သာဂျိမ်းကို လိုင်းပေါ်မှာ စကားလုံးတွေနဲ ညှင်းပန်းနှိပ်စက်မှုက သူသိများ ကျော်ကြားခဲ့ သလို အခုလည်း ကေပေါ့ပ်က နာမည်ကြီး အဆိုတော် ဘာဘီကို မလေးရှား ဖန်တွေက လိုင်းပေါ်ကနေဝိုင်းပြီး လှောင်ပြောင် သရော်နေပါတယ် ။ ဘာဘီနဲ့ မလေးရှား လိုင်းသုံးသူများ ကြားက အခြေအတင် ဖြစ်မှုက တစ်စစ လူသိများလာပြီး ဘာဘီ တင်တဲ့ပို့စ်ကို ဝိုင်းရှယ် ကြတော့တာပါပဲ ။ တောင်ကိုရီးယား FLY WITH ME အမျိုးသမီးဝိုင်းက အဆိုတော် ဆိုယောင်းကို ဘာဘီလို့ လူသိများပါတယ် ။ …