
International-news







မောင်ယဿ


Unicode

ဝူဟန်မှာ ရောဂါ ဖြစ်တဲ့သူ နည်းလာလို့ ကုသဆောင် အချို့ စပိတ်ပြီ

ကမ္ဘာပေါ်မှာ ဝူဟန် ထူးဆန်းတုတ်ကွေး ကိုဗစ်-၁၉ ပြန့်နှံ့ မှုက တစ်နေ့ထက် တစ်နေ့ တိုးလာနေတဲ့ အချိန်မှာပဲ ရောဂါပိုး စဖြစ်တဲ့ ဝူဟန် မြို့မှာတော့ ရောဂါ ဖြစ်တဲ့ သူတွေ နည်းလာလို့ ဆေးရုံ အဖြစ် လုပ်ထားတဲ့ ကုသဆောင် အချို့ကို ပိတ်သိမ်း နေရပါပြီ ။

ရှန်ဟိုင်းသား အမည်ရ သတင်းစာ အဆိုအရ ဝူဟန် ယာယီ ဆေးရုံ နဲ့ ကုသဆောင် တွေကို သန့်ရှင်းရေးတွေ လုပ်ပြီး ပိတ်သိမ်း နေပါ တယ် လို့ သိရပါတယ် ။ ဇန်နဝါရီလ တုန်းကဆိုရင် ရောဂါပိုး ပြန့်နှံ့မှုက တောမီး လောင်သလို နေရာ အနှံ့ ဖြစ်နေခဲ့ ပါတယ် ။ အားကစားရုံ တွေ အစည်းအဝေး ခန်းမရှည်တွေ စာသင်ကျောင်း တွေကို ယာယီဆေးရုံ ကုသဆောင်တွေ အဖြစ် အသုံးပြုခဲ့ ပါတယ် ။

အဲ့လို လုပ်ခဲ့ရတာ ကလည်း အရေအတွက် များစွာတဲ့ လူနာ တွေကို ထားဖို့ နေရာ မလုံလောက်တဲ့ အတွက် ကြောင့်ပါပဲ ။ ယာယီ ကုသဆောင် တွေက လူနာ ဒါဇင်ပေါင်း များစွာကို တစ်နေရာတည်းမှာ ထားပြီး ကုသလို့ ရတဲ့ အတွက်ကြောင့် ထိရောက်မှု ရှိခဲ့ ပါတယ် ။ ယာယီ ကုသဆောင်တွေ ကနေ သေဆုံးသူ တစ်ဦးပဲ ရှိခဲ့ပါတယ် ။

အကောင်းဆုံး ကုသမှုတွေ လုပ်နိုင်ခဲ့ ပါတယ် ။ မတ်လ ၉ ရက်နေ့မှာ ရောဂါ ဖြစ်သူ ၁၇ ယောက်ပဲရှိ တဲ့အတွက် ရောဂါစ ဖြစ်တဲ့ အချိန်ကနေစပြီး အဲ့ဒိနေ့ အထိ အနည်းဆုံး ရောဂါဖြစ်တဲ့နေ့ ဖြစ်ခဲ့ ပါတယ် ။ အခုဆိုရင် ယာယီ ကုသဆောင် ၁၆ ခု ကို စပိတ် လိုက်ပါပြီ ။ အခုတော့ မျှော်လင့်ချက် ရောင်ခြည် စသန်း နေပါပြီ ။ နေ့သစ် တွေဆီကို တစ်ဖြည်းဖြည်းနဲ့ ချဉ်းကပ် နေနိုင်ပါပြီ ။

တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဝူဟန်မြို့ကို သွားပြီး တရုတ် အစိုးရအနေနဲ့ ကိုဗစ်-၁၉ကို ကောင်းကောင် ထိန်းချုပ် နိုင်ပြီလို့ ဟစ်ကြွေးခဲ့ ပါတယ် ။ သမ္မတ ကိုယ်တိုင် သွားရောက်ပြီးအားပေးခဲ့လို့ ဆေးကုသပိုင်းဆိုင်ရာတွေ ထိရောက်တဲ့ အပြင် အကူအညီတွေ အများကြီး ရခဲ့ပါတယ် ။ တရုတ် တစ်နိုင်ငံလုံးမှာ ရောဂါ ဖြစ်ပွားသူ ၈၀၇၄၅ ယောက် ဖြစ်ပွားခဲ့ ပါပြီ ၃၁၃၆ သေဆုံး ခဲ့ရပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; shanghiist

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …