ဝူဟန္ဗိုင္းရက္က ေမလဆိုရင္ ၿပီးသြာမွာပါ

ဝူဟန္ဗိုင္းရက္က ေမလဆိုရင္ ၿပီးသြာမွာပါ``
International-news

ဝူဟန္ဗိုင္းရက္က ေမလဆိုရင္ ၿပီးသြာမွာပါ

ေရာဂါေဗဒ ကြၽမ္းက်င္သူေတြက ဝူဟန္ ထူးဆန္းတုတ္ေကြး ေရာဂါက ၂၀၂၀ ေမလေရာက္ရင္ ၿပီးဆုံးသြားမွာပါလို႔ ခန႔္မွန္း ေျပာဆိုေနၾက ပါတယ္။ ၂၀၂၀ ေဖေဖာ္ဝါရီလ ၆ရက္ေန႔ အထိ ရရွိတဲ့ သတင္းအရ ဝူဟန္ ထူးဆန္းတုတ္ေကြးေၾကာင့္ ေသဆုံးသူ ၅၀၀ ေက်ာ္သြားၿပီး ကူးစပ္ခံရသူမွာ ၂၈၀၀၀ ေက်ာ္သြားပါၿပီ ။ ၂၀၀၃ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ဆားစ္ေရာဂါ ျပန႔္ပြားႏႈန္းထက္ အလြန္ျမင့္မားပါတယ္။ ကြၽမ္းက်င္သူ ေတြက လွ်င္ျမန္စြာ ျပန႔္ပြားတဲ့ ဗိုင္းရက္ေတြက လွ်င္ျမန္စြာပဲ ေပ်ာက္ကြယ္ေလ့ ရွိပါတယ္လို႔ဆိုပါတယ္။

ဒီခန႔္မွန္းခ်က္ ေတြကို ေဟာေျပာသူေတြကေတာ့ စင္ကာပူ ေယာင္လိုလင္းေဆးေက်ာင္းက လက္ေထာက္ ပါေမာကၡ ဆိုမန္နီ နဲ႔ပါေမာကၡ သန္ဘ္ယာ တို႔ျဖစ္ပါတယ္။ သူတို႔က လက္ရွိျဖစ္ပြားေနတဲ့ ေကာ္႐ိုနာဗိုင္းရက္က ဆားစ္နဲ႔ ေတာ္ေတာ္ေလးကို ဆင္တူပါတယ္။ သူတို႔က ရာသီ လိုက္ ျဖစ္တတ္တဲ့ ေရာဂါတစ္ခုလို႔ပဲ သက္မွတ္ရမွာျဖစ္ၿပီး ေမလေရာက္လို႔ တ႐ုတ္ႏိုင္ငံမွာ အပူခ်ိန္ ျပန္ျမႇင့္တက္လာတဲ့အခါ ဗိုင္းရက္ ပိုးက သူ႔လိုလို ကြယ္ေပ်ာက္သြားမွာ ျဖစ္ပါတယ္လို႔ ဆိုတယ္။ တုတ္ေကြးသဘာဝက ဒီဇင္ဘာမွာ စတင္တယ္ ၊ဇန္နဝါရီမွာ အျမင့္ဆုံး ကိုေရာက္ၿပီး ေဖေဖာ္ဝါရီလထဲေရာက္လာရင္ ကူးစက္မႈႏႈန္း က်လာကာ ေနာက္ပိုင္းတြင္ ေပ်ာက္ကြယ္သြားပါတယ္။

သမပိုင္း ရာသီရွိတဲ့ ႏိုင္ငံေတြမွာျဖစ္တဲ့ တုတ္ေကြပိုးေတြက်ေတာ့ ကူးစပ္ႏိုင္ရန္အတြက္ အေထာက္အကူ ေပးတဲ့ပတ္ဝန္းက်င္ ေတြျဖစ္ တဲ့ ေလထု ေျခာက္ေသြ႕ မႈ ေလထုထဲရွိ အပူခ်ိန္ပမာဏ နဲ႔ ေနေရာင္တြင္ ပါဝင္ေသာ ခရမ္းလြန္ေရာင္ျခည္ ပမာဏနဲ႔ သက္ဆိုင္ ပါတယ္။ ၂၀၀၃ ခုႏွစ္ တုန္းကလည္း ေႏြရာသီ ဝင္လာေတာ့ ဆားစ္ေရာဂါက လုံးဝ ကြယ္ေပ်ာက္သြားခဲ့တယ္။ ေဆာင္းရာသီမွာ ကူးစပ္မႈ ပိုျမန္ရတဲ့ အေၾကာင္းအရင္းက ေအးလို႔ လူေတြက အျပင္မထြက္ဘဲ အိမ္တြင္းေအာင္းေလ့ ရွိတာေၾကာင့္ တစ္ဦးနဲ႔တစ္ဦး ထိေတြ႕မႈ ပိုမ်ားတဲ့ အတြက္ ကူးစပ္မႈ ျမန္တာလည္း ျဖစ္ႏိုင္ပါတယ္။ ပိုးက ေအးတဲ့ရာသီမွာ သလိပ္ေတြ အက်ိအခြၽဲေတြမွာ ပိုမိုၾကာ ၾကာေနႏိုင္တာ အတြက္လည္း ျဖစ္ပါတယ္။

ဗိုင္းရက္ေတြက ၆ ဒီကရီနဲ႔ ၂၀ ဒီကရီၾကားမွာ ပိုမိုလွ်င္ျမန္စြာ ေပါက္ပြားႏိုင္တဲ့ အတြက္ေၾကာင့္ ေအးျမတဲ့ ရာသီက သူတို႔ကို ျပန႔္ပြားဖို႔ အကူအညီေပးေနသလို ျဖစ္ေနပါတယ္။ ဆားစ္ေရာဂါတုန္းက အဲယားကြန္းကို အသုံးျပဳလြန္တဲ့ ေဟာင္ေကာင္တို႔ စင္ကာပူတို႔မွာ ေရာဂါက ၾကာ ေနတာျဖစ္တယ္လို႔ သူတို႔က ဆိုခဲ့ပါတယ္။

ေမာင္ယႆ ref; world of buzz photo;

Unicode

ဝူဟန်ဗိုင်းရက်က မေလဆိုရင် ပြီးသွာမှာပါ

ရောဂါဗေဒ ကျွမ်းကျင်သူတွေက ဝူဟန် ထူးဆန်းတုတ်ကွေး ရောဂါက ၂၀၂၀ မေလရောက်ရင် ပြီးဆုံးသွားမှာပါလို့ ခန့်မှန်း ပြောဆိုနေကြ ပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီလ ၆ရက်နေ့ အထိ ရရှိတဲ့ သတင်းအရ ဝူဟန် ထူးဆန်းတုတ်ကွေးကြောင့် သေဆုံးသူ ၅၀၀ ကျော်သွားပြီး ကူးစပ်ခံရသူမှာ ၂၈၀၀၀ ကျော်သွားပါပြီ ။ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါ ပြန့်ပွားနှုန်းထက် အလွန်မြင့်မားပါတယ်။ ကျွမ်းကျင်သူ တွေက လျှင်မြန်စွာ ပြန့်ပွားတဲ့ ဗိုင်းရက်တွေက လျှင်မြန်စွာပဲ ပျောက်ကွယ်လေ့ ရှိပါတယ်လို့ဆိုပါတယ်။

ဒီခန့်မှန်းချက် တွေကို ဟောပြောသူတွေကတော့ စင်ကာပူ ယောင်လိုလင်းဆေးကျောင်းက လက်ထောက် ပါမောက္ခ ဆိုမန်နီ နဲ့ပါမောက္ခ သန်ဘ်ယာ တို့ဖြစ်ပါတယ်။ သူတို့က လက်ရှိဖြစ်ပွားနေတဲ့ ကော်ရိုနာဗိုင်းရက်က ဆားစ်နဲ့ တော်တော်လေးကို ဆင်တူပါတယ်။ သူတို့က ရာသီ လိုက် ဖြစ်တတ်တဲ့ ရောဂါတစ်ခုလို့ပဲ သက်မှတ်ရမှာဖြစ်ပြီး မေလရောက်လို့ တရုတ်နိုင်ငံမှာ အပူချိန် ပြန်မြှင့်တက်လာတဲ့အခါ ဗိုင်းရက် ပိုးက သူ့လိုလို ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်လို့ ဆိုတယ်။ တုတ်ကွေးသဘာဝက ဒီဇင်ဘာမှာ စတင်တယ် ၊ဇန်နဝါရီမှာ အမြင့်ဆုံး ကိုရောက်ပြီး ဖေဖော်ဝါရီလထဲရောက်လာရင် ကူးစက်မှုနှုန်း ကျလာကာ နောက်ပိုင်းတွင် ပျောက်ကွယ်သွားပါတယ်။

သမပိုင်း ရာသီရှိတဲ့ နိုင်ငံတွေမှာဖြစ်တဲ့ တုတ်ကွေပိုးတွေကျတော့ ကူးစပ်နိုင်ရန်အတွက် အထောက်အကူ ပေးတဲ့ပတ်ဝန်းကျင် တွေဖြစ် တဲ့ လေထု ခြောက်သွေ့ မှု လေထုထဲရှိ အပူချိန်ပမာဏ နဲ့ နေရောင်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည် ပမာဏနဲ့ သက်ဆိုင် ပါတယ်။ ၂၀၀၃ ခုနှစ် တုန်းကလည်း နွေရာသီ ဝင်လာတော့ ဆားစ်ရောဂါက လုံးဝ ကွယ်ပျောက်သွားခဲ့တယ်။ ဆောင်းရာသီမှာ ကူးစပ်မှု ပိုမြန်ရတဲ့ အကြောင်းအရင်းက အေးလို့ လူတွေက အပြင်မထွက်ဘဲ အိမ်တွင်းအောင်းလေ့ ရှိတာကြောင့် တစ်ဦးနဲ့တစ်ဦး ထိတွေ့မှု ပိုများတဲ့ အတွက် ကူးစပ်မှု မြန်တာလည်း ဖြစ်နိုင်ပါတယ်။ ပိုးက အေးတဲ့ရာသီမှာ သလိပ်တွေ အကျိအချွဲတွေမှာ ပိုမိုကြာ ကြာနေနိုင်တာ အတွက်လည်း ဖြစ်ပါတယ်။

ဗိုင်းရက်တွေက ၆ ဒီကရီနဲ့ ၂၀ ဒီကရီကြားမှာ ပိုမိုလျှင်မြန်စွာ ပေါက်ပွားနိုင်တဲ့ အတွက်ကြောင့် အေးမြတဲ့ ရာသီက သူတို့ကို ပြန့်ပွားဖို့ အကူအညီပေးနေသလို ဖြစ်နေပါတယ်။ ဆားစ်ရောဂါတုန်းက အဲယားကွန်းကို အသုံးပြုလွန်တဲ့ ဟောင်ကောင်တို့ စင်ကာပူတို့မှာ ရောဂါက ကြာ နေတာဖြစ်တယ်လို့ သူတို့က ဆိုခဲ့ပါတယ်။

မောင်ယဿ ref; world of buzz photo;

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …