
Entertainment









မောင်ယဿ
REF: Msn

Unicode

ဝူဟန်တုတ်ကွေးကြောင့် ဟောင်ကောင် ရုပ်ရှင်လုပ်ငန်း အကြီးအကျယ် ထိခိုက်

တရုတ်နိုင်ငံ ဖြစ်ပေါ်နေတဲ့ ဝူဟန် တုတ်ကွေးရောဂါ ကူးစက်ပျံ့နှံ့ နေမှုကြောင့် တရုတ်နှစ်ကူး အားလပ်ရက် ကို ရုံတင်နိုင်ရန် အားခဲထားကြတဲ့ ဟောင်ကောင် ရုပ်ရှင် ကုမ္ပဏီများ အရှုံးပေါ်ကုန်ကြတယ် လို့ အာရှနယူးက ဆိုတယ်။

ရုပ်ရှင်လုပ်ငန်းတစ်ခုက ဂျေးနီက တရုတ်နှစ်ကူးမှာ တရုတ်ပြည်မှာ ရုံတင်မယ့် ရုပ်ရှင်ကား ၇ကား ရှိပါတယ်။ တစ်ကားမှ ရုံမတင်ရဲဘူး ဖြစ်နေတယ်။ ကုမ္ပဏီတွေ ကလည်း ပြည်မကြီးထဲကို မဝင်ရဲဘူး ဖြစ်နေတယ်။ အားလုံးက စိုးတထိတ်ထိတ ်ဖြစ်နေတော့ ဘယ်သူမှ မရဲဘူး ဖြစ်နေတယ်။

အခုတော့ ထုတ်လုပ်မှု ကုန်ကျစရိတ် က သက်သက် အရှုံးပြတော့မယ်လို့ ဆိုတယ်။ အဲ့ဒိ ရုံတင်မယ့် ကားတွေထဲမှာ အက်ရှင်မင်းသား ဒိုနီယန်ရဲ့ Polar Rescue ကားလည်း ပါပါတယ်။ အဲ့ဒိကားက ချန်ဘဲမောင်းတိန် မှာ စပြီး ရုံတင်နေပါတယ်။ နှစ်သစ်ကူး ရက်စတယ်ဆိုတာနဲ့ ရုံတင်ရက် မရ နိုင်လို့ တစ်ပတ်လောက်စောပြီး နယ်ရုံတွေမှာ စပြီးပြတာပါ။

ဒါပေမဲ့ ကော်ရိုနာ တုတ်ကွေး ရောဂါက စပြီးပျံ့ပြီဆိုတော့ ဖလင်ကိုဖျော်ဖြေရေး ကုမ္ပဏီက လက်လျော့ပြီး ဟောင်ကောင်ကို ပြန်ခဲ့ရပါတယ်။ ရုပ်ရှင်ပြတာထက် သူတို့ ဘေးကင်းဖို့နဲ့ ကျန်းမာဖို့ အတွက်ကို ဦးစားပေးလိုက်ရပါတယ်။ ရုပ်ရှင်ကုမ္ပဏီကတော့ နိုဝင်ဘာလ ရောက်မှပဲ နောက်တစ်ခါ ပြည်မကြီးထဲကို ပြန်ဝင်လာတော့မယ်လို့ ဆိုတယ်။

မင်းသားဒိုနီယန်ကတော့ “ကျနော်တို့မှာ က အချိန်စာရင်းဆိုတာ ရှိပါတယ်။ အခုလို အခြေအနေမှာ အားလုံး ပျက်သွားပါတယ်။ အချို့ ကားကြီးတွေဆိုရင် တော်တော် အကုန်အကျ ခံထားတာ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ။ ကျန်းမာဖို့နဲ့ ဘေးကင်းဖို့က ပို အရေးကြီးပါတယ်” လို့ ဆိုတယ်။

ဖလင်ကို ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် အလက်ဇန်းဒါး ဝေါင်က “ကျနော့်မှာ သရုပ်ဆောင် ၃၀၀ နဲ့ နေ့စား ၅၀၀ ရှိပါတယ်။ ဒါ့အပြင် စက်အဖွဲ့တွေကလည်း ရှိပါသေးတယ်။ ပြည်မကြီးထဲကို ရုပ်ရှင် လာရိုက်တယ်။ ရောဂါ ဖြစ်တယ်လည်းဆိုရော သူတို့ကိုဘယ်လိုမှ ထိန်းလို့ မရတော့ဘူး။

ရုပ်ရှင်ရိုက်တာကို ရပ်ထားလိုက်ရတယ်။ သူတို့ကို စပေါ် ပေးထားပြီးသား ရပ်လိုက်ရတယ် ဆိုတော့ နောက် ၃လစာကို ရှင်းပေးရတော့မယ်” လို့ ဆိုပါတယ်။ အခုတော့ ရုပ်ရှင်ရိုက် လုပ်ငန်းတွေပါ အကျပ်အတည်း ဖြစ်ကုန်ကျပါတယ်။

မောင်ယဿ
REF: Msn

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …