International-news
မောင်ယဿ REF: msn
Photo; koreaboo
Unicode
ဝူဟန်တုတ်ကွေးနဲ့ပတ်သက်လို့ ဟာသပြောမိတဲ့ WAY V အဖွဲ့ လေ့ကျင့်ရေးမှူး အပြစ်တင်ခံနေရ
တရုတ်နိုင်ငံ မှာဖြစ်ပွားနေတဲ့ ဝူဟန်ထူးဆန်းတုတ်ကွေးရောဂါက ဆတ်ဆတ်ထိမခံတဲ့ အနေအထားပါ။ လူ၈ သောင်းကျော် ကူးစက်ခံ နေရပြီး ၂၆၀၀ ကျော်သေဆုံးသွားပြီဖြစ်လို့ ဒီရောဂါ နဲ့ပတ်သက်လာရင် တရုတ်အစိုးရကနေပြီးတော့ အားလုံးသော လူအဖွဲ့စည်း တွေက အထူးဂရုစိုက်နေကြရပါတယ်။
အထိခိုက်မခံတဲ့ အချိန်မှာ တရုတ် လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ WAY V ရဲ့ အက လေ့ကျင့်ရေးမှူး က သူ့ရဲ့ အင်စတာဂရမ်မှာ မတော်တရော်စကားကို ပြောမိလိုက်လို့ လိုင်းပေါ်မှာ အုတ်အုတ် ကြပ်ကြပ်ဖြစ်ခဲ့ပါတယ်။
ကိုရီးယားဘိုး သတင်းဌာန အဆိုအရ လူတစ်ယောက်က အဲ့ဒိအုပ်စုရဲ့ TAKE OVER THE MOON အယ်လ်ဘမ် ဓာတ်ပုံကို သူ့ဖေ့စ်ဘုတ် စာမျက်နှာပေါ်ကို တင်ခဲ့ပါတယ် လို့ဆိုတယ်။ ခက်တာက ပုံစာမှာ အဲ့ဒိလူရေးခဲ့တဲ့ စာက WAY Vအဖွဲ့ကို အားပေးတဲ့ ပရိသက်တွေကို စိတ်ဆိုး ဒေါသထွက်စေပါတယ်။
သူက WAY V ရဲ့ အောင်မြင်မှုက ကော်ရိုနာဗိုင်းရက်တောင် မတားဆီးနိုင်တော့ပါဘူး လို့ ရေးတင်ခဲ့တာပါ။ ပြီးတော့ စာအဆုံးမှာ မီးလောင်နေတဲ့ အီမိုဂျီပုံလေးတွေပါ တွဲတင်လိုက်ပါသေးတယ်။ အဲ့ဒိမှာအဲ့ဒိဖွဲ့ အားပေးတဲ့ သူတွေက ဒေါသထွက်ပြီး ပို့စ်တင်သူကို ဝိုင်းပြီးအပြစ်တင်ကြတော့တာပါပဲ။ ဒီလိုမျိုး လူတွေသေကျေ ထိခိုက်နာကျင်တာကိုဟာသလုပ် ပြီး ပြောစရာကောင်းလား။
လက်ရှိ ဖြစ်နေတဲ့ အခြေအနေကို ပေါ့ပေါ့ပါးပါးလေးပြောထွက်ရက်တယ်။ လူတွေ အများကြီးသေ နေတာ လေ။ ဘယ်လိုဦးနှောက်နဲ့ စဉ်းစားပြီးပြောတာလဲလို့ တစ်ယောက်က ဆိုပါတယ်။ နောက်တစ်ယောက်က အရွန်းဖောက်စရာ ခေါင်းစဉ်ရှားနေ လို့ လား။ ပြောစရာတွေအများကြီးရှိပါတယ်။
ဒီလို လူတွေသေကြေ နေတဲ့ကိစ္စကို နောက်စရာမဟုတ်ပါဘူးဗျာ လို့ ရေးတင်တဲ့သူက ရေးတင်ပါတယ်။ နောက်ဆုံး လူတွေဝိုင်းပြီးပြောကြလို့ WAY V ရဲ့ အကလေ့ကျင်ရေးမှူးက သူ့ရဲ့အကောင့်ကို ပိတ်ပစ်လိုက်ရတဲ့ အထိဖြစ်သွားပါတယ်။ တရုတ် WAY V လူငယ်ဝိုင်းက ကိုးရီးယား NCT127 ရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါတယ်။
တရုတ်ဝိုင်းက ပရိသက်နဲ့ပြဿနာတက်တော့တောင်ကိုရီယားမှာပါ လာပြီး ပြောဆိုသံတွေပါလာပါတယ်။ ဘယ်လိုလူတွေနဲ့အဲ့ဒိဖွဲ့ ကိုဖွဲ့ခွင့်ပေးထားတာလဲ ဆိုပြီးတော့မေးခွန်းတွေ အထုတ်ခံနေရတယ်။ သူတို့ရဲ့မတ်လ၆ရက်နေ့ထုတ်မယ့် အယ်လ်ဘမ် အသစ်အတွက် ထိခို်က်မှုတွေ ရှိလာနိုင်ပါတယ်။
မောင်ယဿ REF: msn
Photo; koreaboo
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …