
International-news














မောင်ယဿ REF: upi
Photo: romagna

Unicode

ဝိုင်နဲ့ မျက်နှာသစ်လိုက်ရတဲ့ အီတလီမြောက်ပိုင်းသားတွေ

အီတလီနိုင်ငံမြောက်ပိုင်း မိုဒီနာမြို့ နားက ဆက်တီကာနီအပိုင်မှာ နေထိုင်သူတွေက မနက်ကို မျက်နှာသစ်ဖို့အတွက် ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့ သူတို့မျက်စေ့ကို သူတို့ မယုံနိုင်အောင် ဖြစ်သွားပါတယ်။

ရေပိုက်ခေါင်းကနေ စပျစ်နံ့ သင်းသင်းနဲ့ နှစ်ချို့ ဝိုင်တွေ ထွက်ကျ လာလို့ ပါ။ ဝိုင်တောင်မှ အီတလီနာမည်ကြီး လမ်ဘရူစကို ဝိုင်တွေပါပဲ။

ဒေသခံတွေက သိသိချင်းမှာ အရမ်း ပျော်သွားပါတယ်။ ချက်ခြင်းကိုပဲ ဆိုရှယ် မီဒီယာတွေ ပေါ်ကို အလုအယက် ဝိုင်းတင်ကြ တော့ တာပါပဲ။ ဓာတ်ပုံတွေ ဗီဒီယိုဖိုင်တွေ လိုင်ပေါ်မှာ ပလူပျံသွားပါတယ်။

ဒါပေမဲ့ ဘယ်သူကမှ မကောင်းတဲ့ စိတ်နဲ့ မပြောကြပါဘူး။ ဆက်တီကာနီ အပိုင်နားမှာက လန်ဘရူစကို ဂရာစပါရိုဆာ ဒိကတ်စတယ်ဗတ်ထရို ဝိုင်ချက်စက်ရုံ ရှိပါတယ်။

အဲ့ဒိ စက်ရုံက နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် အများသုံး ရေပိုက်လိုင်းထဲကို စပျစ်ဝိုင်တွေ ဝင်ရောက်သွားတာပါလို့ ဆိုတယ်။

သူတို့က လွန်ခဲ့တဲ့ နှစ်၂၀၀၀ ကျော်က ဂျီဆပ်ရဲ့ ပုံပြင်ဇာတ်လမ်းထဲက ဂါလီလီယန်မြို့က ကန်နာ အရပ်က မင်္ဂလာဆောင်မှာ ရေတွေက စပျစ်ဝိုင်တွေ ဖြစ်သွားခဲ့တာနဲ့ နှိုင်းယှဉ်ပြီး ပြောကြပါတယ်။

တကယ်ြ့ဖစ်စဉ်ကတော့ ဝိုင်ချက်စက်ရုံက ဝိုင်စည်တွေကို ရေဆေးဖို့အတွက် ရေပိုက်တွေကို စည်တွေနဲ့ တစ်ခါတည်း ချိတ်ဆက်ထားတယ်။ ဝိုင်စည်တွေမှာ စပျစ်ရည်တွေကို ဖြည်ပြီးတော့ ဖိအားပေးထားပါတယ်။

အဲ့ဒိဖိအားဒဏ်ကို ရေပိုက်ခေါင်းတွေရဲ့ အဆို့ရှင်တွေက မခံနိုင်တော့လို့ ပွင့်ထွက်သွားတဲ့ အခါမှာတော့ ရေပိုက်တွေက တစ်ဆင့် ပင်မရေပိုက်ကြီးထဲကို စပျစ်စည်တွေရဲ့ ဖိအားကြောင့် ဝိုင်တွေက ဝင်ရောက် သွားပါတော့တယ်။

အဲ့ဒါနဲ့ မြို့ထဲက အိမ်ရာအချို့ဆီကို စပျစ်ဝိုင်တွေ ရောက်သွားပါတော့တယ်။ “ပျော်တော့ ပျော်စရာကြီးဗျ။ တစ်မနက်လုံး မီးဖိုချောင်သန့်ရှင်းရေး လုပ်ရပေမဲ့ ဝိုင်နံ့သင်းသင်းလေးနဲ့ ဆိုတော့ဗျာ ဘာပြောရမှန်း တောင်မသိဘူး။

ရေပိုက်တွေကို ပြန်ပြီး ဆေးရတာပေါ့။ ထွက် ထွက်ချင်းကဆို ဟ ဘာလဲပေါ့ ငါတို့ကို ဘုရားသခင်က ကောင်းချီးပေးတာလား လို့တောင် တွေးမိတယ်”လို့ မူရီဇီယို အဂ်ပီကဒေသခံ သတင်းစာကို ဆိုပါတယ်။

မြို့ မြူနီစပါယ်ကတော့ ရက်ကွက်ထဲက လူတွေကို လာရောက် တောင်းပန်ကြပါတယ်။ နေထိုင်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ အန္တရာယ်မရှိပါဘူး။

အဲ့ဒိဝိုင်တွေက ပုလင်းတွေထဲကို ထည့်ဖို့အတွက် အရန်သင့် ဖြစ်နေတဲ့ဝိုင်တွေပါ။ သောက်သုံးလို့ရတဲ့ အဆင့်တွေပါလို့ လိုက်လံ ရှင်းလင်းခဲ့ပါတယ်။

မောင်ယဿ REF: upi
Photo: romagna

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုဗစ်-၁၉ ကြောင့် ၃၄ နှစ် အရွယ် အမေရိကန် အဆိုတော် ကွယ်လွန်
International-news
ကိုဗစ်-၁၉ ကြောင့် ၃၄ နှစ် အရွယ် အမေရိကန် အဆိုတော် ကွယ်လွန်

ကိုဗစ်-၁၉ ကြောင့် ၃၄ နှစ် အရွယ် အမေရိကန် အဆိုတော် ကွယ်လွန် အမေရိကန် မြူးဇစ် ဝိုင်းတစ်ဝိုင်း ဖြစ်တဲ့ Dream Street ဝိုင်းရဲ့ အဆိုတော်ဟောင်း ဖြစ်သူ ခရစ္စထရူဒေး ဖြစ်သူက ကိုဗစ်-၁၉ ကူးစက် ရောဂါနဲ့ ဇွန်လ ၂ ရက် နေ့က ကွယ်လွန်ခဲ့ ပါတယ် ။ TMZ သတင်းဌာန အဆိုအရ ထရူးဒေး ဟာ ကယ်လီဖိုးနီးယား က ဘာဘန့် ဆေးရုံမှာ ကော်ရိုနာဗိုင်းရက် ရောဂါကြောင့် ဖြစ်တဲ့ ဆင့်ပွားရောဂါ တွေနဲ့ သေဆုံး ခဲ့ရတယ်လို့ ဆိုတယ် ။ ထရူးဒေးရဲ့ တွစ်တာ အကောင့်မှာ …

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ
International-news
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆိုက်ဘေးရီးယားမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ လောင်စာကန် ကနေ ဒီဇယ်ဆီ ခန့်မှန်းချေ တန်၂ သောင်းလောက် ယိုစိမ့်မှု ဖြစ်ခဲ့လို့ တိုင်းပြည်အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ခဲ့ပါတယ် ။ ဒီဇယ်ကွက်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အနီးအနားက မြစ်ချောင်းတွေထဲကို စီးဆင်း သွားခဲ့တယ် ။ လောင်စာဆီ ပေါက်ကျမှု က မော်စကိုမြို့မှ မိုင် ၁၈၀၀ ဝေးတဲ့ နော်အစ် မြို့စွန်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွား ခဲ့တာပါ ။ …

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …