ဝိတ္ေလ်ာ့ဖို႔ဆိုတာ

ဝိတ္ေလ္ာ့ဖို႔ဆိုတာ
Health

zawgyi

ဝိတ္ေလ်ာ့ဖို႔ဆိုတာ … … .. ။ ။

အခုလိုကာလမ်ိဳးမွာ အမ်ိဳးသမီးအမ်ားစုဟာ အိမ္ထဲမွာအေနမ်ားေနၾကတာမို႔ ကိုယ္အေလးခ်ိန္တက္ေနမွာမလြဲပါ ။

ကိုယ္အေလးခ်ိန္က်ဆင္းဖို႔ အခ်ိန္အမ်ားႀကီးေပးၿပီးလည္း မလုပ္ေဆာင္ႏိုင္တာမို႔ အခ်ိန္ေပးရသက္သာၿပီး လိုက္နာရလြယ္ကူမဲ့ နည္းစနစ္ေလးမ်ား ကို ၫႊန္ျပေပးခ်င္ပါတယ္ ။

သင့္အေနနဲ႔ ကိုယ္အေလးခ်ိန္ကို သဘာဝနည္း နဲ႔ေလွ်ာ့ခ်ႏိုင္ဖို႔ဆိုစိတ္ရွည္ဖို႔ေတာ့လိုေနတာေပါ့ ။ ကိုယ္အေလးခ်ိန္ကို ေအာင္ျမင္စြာေလွ်ာ့ခ်ႏိုင္သူေတြကို သင္ေလ့လာၾကည့္ပါ ။

သူတို႔မွာသူမ်ားနဲ႔မတူတဲ့ အေလ့အထေတြပိုင္ဆိုင္တာကို ေတြ႕ရပါလိမ့္မယ္ ။ ကဲေလ့လာၾကည့္ၾကပါစို႔…. ။ ။

ေန႔စဥ္အခ်ိန္ေတြထဲမွာ … … … ။ ။

သင့္ရဲ႕ေန႔စဥ္အခ်ိန္ေတြထဲမွာ ေန႔စဥ္ကိုယ္လက္လႈပ္ရွားမႈကို ျပဳလုပ္ေပးျခင္းအားျဖင့္ ရွိေနတဲ့ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ေပး႐ုံမက ကိုယ္အေလးခ်ိန္ကို တက္မလာေစဖို႔လည္း ကာကြယ္ေပးပါတယ္ ။

သင့္ရဲ႕ အားလပ္ခ်ိန္မွာ လႈပ္ရွားမႈမ်ားမ်ား လုပ္ႏိုင္ေလႀကံ့ခိုင္မႈပိုမိုလာၿပီး အဆီေတြ က်လာေလျဖစ္မွာပါ ။ ကိုယ္အေလးခ်ိန္ကို ေအာင္ျမင္စြာ ေလွ်ာ့ခ်ႏိုင္သူေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ တစ္ပတ္မွာ ငါးနာရီေလာက္အခ်ိန္ေပးၿပီး ေလ့က်င့္ခန္းလုပ္ျခင္းပါပဲ ။

မနက္စာ … … … ။ ။

မနက္ခင္းစာကိုလုံးဝမစားျခင္းကို ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်သူေတြ မလုပ္သင့္တဲ့နည္းျဖစ္ပါတယ္ ။

မနက္စာကိုမစားမိျခင္းဟာ အစာစားခ်င္စိတ္ကိုပိုမို ျမင့္တက္လာေစၿပီး ဗိုက္စာေနခ်ိန္ အစားကိုမေရွာင္ႏိုင္ပဲ ျမင္ရာေတြ႕ရာကိုစားမိတတ္ပါတယ္ ။ ႏွလုံးေရာဂါနဲ႔ဆီးခ်ိဳေရာဂါျဖစ္မႈကို အားေပးရာေရာက္ႏိုင္ပါတယ္ ။

အစားအစာရဲ႕အဓိက လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အမွ်င္ဓာတ္မ်ားတဲ့မနက္စာကိုစားရင္ သင္ လမ္းေလွ်ာက္ၿပီးခ်ိန္မွာ အဆီေလာင္ကြၽမ္းႏႈန္းကို ႏွစ္ဆတိုးေစမယ္ဆိုတာပါပဲ ။

အစာပမာဏထိန္းျခင္း … … … ။ ။

အဓိကကေတာ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်သူေတြ အစားအေသာက္ကိုေရွာင္တာ နည္းပါးေပေသာ္လည္း အစားအစာ စားေသာက္မႈ ပမာဏကိုစားေသာက္တဲ့ အစားအစာတိုင္းမွာထိန္းခ်ဳပ္ႏိုင္ျခင္း ရွိႏိုင္တာကလွ်ိဳ႕ဝွက္ခ်က္ပါပဲ ။

ေကာင္းေသာအစားအစာ … … … ။ ။

ေကာင္းေသာအစားအစာကို ေ႐ြးခ်ယ္စားသုံးၾကရမွာကလည္း အဓိကက်ပါတယ္ ။ လတ္ဆတ္တဲ့ အပင္ထြက္အစားအစာမ်ားကို အဓိကထားၿပီး ေ႐ြးခ်ယ္ပါ ။

အခြံခြၽတ္မထားတဲ့ ေကာက္ႏွံစာကိုမ်ားမ်ားစားၿပီး မေကာင္းတဲ့အဆီမ်ားကို ေရွာင္တာကလည္း ကိုယ္အေလးခ်ိန္ကို ထိန္းႏိုင္မဲ့အခ်က္တစ္ခုပါပဲ ။ အသင့္စား အစာေတြကိုေရွာင္က်ဥ္ၿပီး
သစ္သီးဝလံနဲ႔ဟင္းသီးဟင္း႐ြက္ေတြကို မ်ားမ်ားစားေပးဖို႔ပါပဲ ။

စိတ္ဖိစီးမႈ … … … ။ ။

လူတိုင္းလူတိုင္းမွာ စိတ္ဖိစီးမႈ ရွိေနတတ္တာမလြဲပါ ။ အခ်ိဳ႕သူမ်ားဟာ စိတ္ဖိစီးမႈမ်ားလာၿပီ ဆိုရင္ အစားအစာကိုအရင္ကစားသုံးတာထက္ ပိုၿပီးစားျဖစ္တတ္ၾကပါတယ္ ။

စိတ္ဖိစီးမႈမ်ားတဲ့အခါ အိပ္ေရးပ်က္တတ္ပါတယ္ ။ အိပ္ေရးမဝတဲ့အခါ စိတ္ဖိစီးမႈကိုခံႏိုင္ရည္နည္းၿပီး ဗိုက္ပိုဆာလာတတ္ပါတယ္ ။ ဒါေၾကာင့္မို႔ သင့္ကိုယ္သင္စိတ္ဖိစီးမႈနည္းေအာင္ ေလ့က်င့္ေနထိုင္ပါ ။

အားေပးမႈ … … … ။ ။

ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ႏိုင္သူေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ဘာပဲလုပ္လုပ္ အားေပးသူေတြမ်ားတာပဲျဖစ္တယ္ ။

အိမ္မွာျဖစ္ေစအလုပ္မွာျဖစ္ေစ ပါတ္ဝန္းက်င္မွာျဖစ္ေစ အားေပးတတ္သူေတြ မ်ားခဲ့ရင္ မိမိရဲ႕ကိုယ္အေလးခ်ိန္ကို ပိုမိုထိန္းခ်ဳပ္ႏိုင္တယ္ လို႔ဆိုပါတယ္။

မိမိကိုယ္ကိုယ္ယုံၾကည္မႈ … … … ။ ။

ကိုယ္အေလးခ်ိန္ကို ေအာင္ျမင္စြာခ်ႏိုင္သူေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ကိစၥမ်ားစြာမွာမိမိကိုယ္ကိုယ္ယုံၾကည္ခ်က္အျပည့္ရွိၾကတာပဲျဖစ္ပါတယ္ ။

ဒါေၾကာင့္မို႔ေျပာခ်င္တာကကိုယ္အေလးခ်ိန္ ခ်ခ်င္တဲ့သူေတြဟာ မိမိကိုယ္ကို လုပ္ႏိုင္ေၾကာင္း ယုံၾကည္မႈအျပည့္ရွိေနဖို႔က အဓိကလွ်ိဳ႕ဝွက္ခ်က္ပဲလို႔ ဆိုခ်င္ပါတယ္ ။

credit to စႏၵီျမင့္မိုရ္

unicode

ဝိတ်လျော့ဖို့ဆိုတာ … … .. ။ ။

အခုလိုကာလမျိုးမှာ အမျိုးသမီးအများစုဟာ အိမ်ထဲမှာအနေများနေကြတာမို့ ကိုယ်အလေးချိန်တက်နေမှာမလွဲပါ ။

ကိုယ်အလေးချိန်ကျဆင်းဖို့ အချိန်အများကြီးပေးပြီးလည်း မလုပ်ဆောင်နိုင်တာမို့ အချိန်ပေးရသက်သာပြီး လိုက်နာရလွယ်ကူမဲ့ နည်းစနစ်လေးများ ကို ညွှန်ပြပေးချင်ပါတယ် ။

သင့်အနေနဲ့ ကိုယ်အလေးချိန်ကို သဘာဝနည်း နဲ့လျှော့ချနိုင်ဖို့ဆိုစိတ်ရှည်ဖို့တော့လိုနေတာပေါ့ ။ ကိုယ်အလေးချိန်ကို အောင်မြင်စွာလျှော့ချနိုင်သူတွေကို သင်လေ့လာကြည့်ပါ ။

သူတို့မှာသူများနဲ့မတူတဲ့ အလေ့အထတွေပိုင်ဆိုင်တာကို တွေ့ရပါလိမ့်မယ် ။ ကဲလေ့လာကြည့်ကြပါစို့…. ။ ။

နေ့စဉ်အချိန်တွေထဲမှာ … … … ။ ။

သင့်ရဲ့နေ့စဉ်အချိန်တွေထဲမှာ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပေးခြင်းအားဖြင့် ရှိနေတဲ့ကိုယ်အလေးချိန်ကို လျှော့ချပေးရုံမက ကိုယ်အလေးချိန်ကို တက်မလာစေဖို့လည်း ကာကွယ်ပေးပါတယ် ။

သင့်ရဲ့ အားလပ်ချိန်မှာ လှုပ်ရှားမှုများများ လုပ်နိုင်လေကြံ့ခိုင်မှုပိုမိုလာပြီး အဆီတွေ ကျလာလေဖြစ်မှာပါ ။ ကိုယ်အလေးချိန်ကို အောင်မြင်စွာ လျှော့ချနိုင်သူတွေရဲ့ လျှို့ဝှက်ချက်ကတော့ တစ်ပတ်မှာ ငါးနာရီလောက်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ ။

မနက်စာ … … … ။ ။

မနက်ခင်းစာကိုလုံးဝမစားခြင်းကို ကိုယ်အလေးချိန်လျှော့ချသူတွေ မလုပ်သင့်တဲ့နည်းဖြစ်ပါတယ် ။

မနက်စာကိုမစားမိခြင်းဟာ အစာစားချင်စိတ်ကိုပိုမို မြင့်တက်လာစေပြီး ဗိုက်စာနေချိန် အစားကိုမရှောင်နိုင်ပဲ မြင်ရာတွေ့ရာကိုစားမိတတ်ပါတယ် ။ နှလုံးရောဂါနဲ့ဆီးချိုရောဂါဖြစ်မှုကို အားပေးရာရောက်နိုင်ပါတယ် ။

အစားအစာရဲ့အဓိက လျှို့ဝှက်ချက်ကတော့ အမျှင်ဓာတ်များတဲ့မနက်စာကိုစားရင် သင် လမ်းလျှောက်ပြီးချိန်မှာ အဆီလောင်ကျွမ်းနှုန်းကို နှစ်ဆတိုးစေမယ်ဆိုတာပါပဲ ။

အစာပမာဏထိန်းခြင်း … … … ။ ။

အဓိကကတော့ ကိုယ်အလေးချိန်လျှော့ချသူတွေ အစားအသောက်ကိုရှောင်တာ နည်းပါးပေသော်လည်း အစားအစာ စားသောက်မှု ပမာဏကိုစားသောက်တဲ့ အစားအစာတိုင်းမှာထိန်းချုပ်နိုင်ခြင်း ရှိနိုင်တာကလျှို့ဝှက်ချက်ပါပဲ ။

ကောင်းသောအစားအစာ … … … ။ ။

ကောင်းသောအစားအစာကို ရွေးချယ်စားသုံးကြရမှာကလည်း အဓိကကျပါတယ် ။ လတ်ဆတ်တဲ့ အပင်ထွက်အစားအစာများကို အဓိကထားပြီး ရွေးချယ်ပါ ။

အခွံချွတ်မထားတဲ့ ကောက်နှံစာကိုများများစားပြီး မကောင်းတဲ့အဆီများကို ရှောင်တာကလည်း ကိုယ်အလေးချိန်ကို ထိန်းနိုင်မဲ့အချက်တစ်ခုပါပဲ ။ အသင့်စား အစာတွေကိုရှောင်ကျဉ်ပြီး
သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေကို များများစားပေးဖို့ပါပဲ ။

စိတ်ဖိစီးမှု … … … ။ ။

လူတိုင်းလူတိုင်းမှာ စိတ်ဖိစီးမှု ရှိနေတတ်တာမလွဲပါ ။ အချို့သူများဟာ စိတ်ဖိစီးမှုများလာပြီ ဆိုရင် အစားအစာကိုအရင်ကစားသုံးတာထက် ပိုပြီးစားဖြစ်တတ်ကြပါတယ် ။

စိတ်ဖိစီးမှုများတဲ့အခါ အိပ်ရေးပျက်တတ်ပါတယ် ။ အိပ်ရေးမဝတဲ့အခါ စိတ်ဖိစီးမှုကိုခံနိုင်ရည်နည်းပြီး ဗိုက်ပိုဆာလာတတ်ပါတယ် ။ ဒါကြောင့်မို့ သင့်ကိုယ်သင်စိတ်ဖိစီးမှုနည်းအောင် လေ့ကျင့်နေထိုင်ပါ ။

အားပေးမှု … … … ။ ။

ကိုယ်အလေးချိန် လျှော့ချနိုင်သူတွေရဲ့ လျှို့ဝှက်ချက်ကတော့ ဘာပဲလုပ်လုပ် အားပေးသူတွေများတာပဲဖြစ်တယ် ။

အိမ်မှာဖြစ်စေအလုပ်မှာဖြစ်စေ ပါတ်ဝန်းကျင်မှာဖြစ်စေ အားပေးတတ်သူတွေ များခဲ့ရင် မိမိရဲ့ကိုယ်အလေးချိန်ကို ပိုမိုထိန်းချုပ်နိုင်တယ် လို့ဆိုပါတယ်။

မိမိကိုယ်ကိုယ်ယုံကြည်မှု … … … ။ ။

ကိုယ်အလေးချိန်ကို အောင်မြင်စွာချနိုင်သူတွေရဲ့ လျှို့ဝှက်ချက်ကတော့ ကိစ္စများစွာမှာမိမိကိုယ်ကိုယ်ယုံကြည်ချက်အပြည့်ရှိကြတာပဲဖြစ်ပါတယ် ။

ဒါကြောင့်မို့ပြောချင်တာကကိုယ်အလေးချိန် ချချင်တဲ့သူတွေဟာ မိမိကိုယ်ကို လုပ်နိုင်ကြောင်း ယုံကြည်မှုအပြည့်ရှိနေဖို့က အဓိကလျှို့ဝှက်ချက်ပဲလို့ ဆိုချင်ပါတယ် ။

credit to စန္ဒီမြင့်မိုရ်

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို
Uncategorized
ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို

ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို တရုတ်နိုင်ငံ ရှန်ဇန် ဒေသဆိုင်ရာ အစိုးရက ဘရာဇီးကနေ သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကော်ရိုနာဗိုင်းရက်စ် တွေ့လို့ စားသုံးသူတွေ အနေနဲ့ အထူး သတိထားပြီး ဝယ်ယူကြဖို့အတွက် နှိုးဆော်ချက် ပြုထားပါတယ်။ ရေခဲရိုက် ပင်လယ်စာတွေ နဲ့အတူ တွဲပြီး သင်္ဘောပေါ်က ချလာတဲ့အတွက် ကြက်တောင်ပံတွေကို ထုတ်ထားတဲ့ အထုတ်တွေမှာ ကော်ရိုနာ ဗိုင်းရက်စ်တွေ ပါရှိလာပါတယ်လို့ အာဏါပိုင်တွေက ဆိုပါတယ်။   သင်္ဘောတင်တုန်းက သေသေချာချာ စစ်ဆေးပြီးမှ တင်တာ ဖြစ်ပေမဲ့ ဆိပ်ကမ်း အတင်အချ လုပ်တဲ့ အခါမှာ ရောဂါပိုးတွေ ကူးစက် …