
ဝိညာဥ္မ်ား၏မ်က္ရည္
အခ်ိန္က ၁၉၆၉-၇၀ ပါတ္ဝန္းက်င္။
ကူမင္တန္ တ႐ုတ္ျဖဴမ်ား
ျမန္မာျပည္သို႔ဝင္ေရာက္က်ဴးေက်ာ္ခ်ိန္။
မဂၤလာဒုံတပ္ရင္း ၁၀၆၊
တပ္ရင္းမႉး ဗိုလ္မႉးႀကီးစိန္ရ။
အထက္အမိန႔္က်လာ၍
ကူမင္တန္တ႐ုတ္မ်ားအား ႏွိမ္နင္းရန္
ဗိုလ္ႀကီးေမာင္ခ်ိဳ၊
ဗိုလ္ႀကီးအုန္းေက်ာ္၊
ဗိုလ္ႀကီးကိုကိုႀကီး တို႔ကို ကြပ္ကဲခိုင္း၍
တပ္ရင္း၁၀၆ တပ္ဖြဲ႕ဝင္မ်ားအားေစလႊတ္လိုက္သည္။
ဗိုလ္ႀကီး၃ ေယာက္ကြပ္ကဲလာေသာတပ္
ကူမင္တန္တ႐ုတ္ျဖဴမ်ားရွိရာသို႔
တက္ႂကြစြာခ်ီတက္လာၾက၏။
စစ္သားမ်ား နားေနခ်ိန္တြင္
သီခ်င္းဆိုသူကဆို၊
ဘာဂ်ာေလးအိတ္ထဲကထုတ္ မႈတ္သူကမႈတ္၊
မယ္ဒလင္တီးသူကတီး ႏွင့္
က်န္ရစ္ခဲ့ေသာမိသားစုမ်ားအား
ကိုယ့္နည္းကိုယ့္ဟန္ျဖင့္
အလြမ္းေျဖေနၾကပါသည္။
ဗိုလ္ႀကီး၃ ေယာက္မွလည္း၊
တစ္ျခားတပ္သားမ်ားႏွင့္႐ြာထဲဝင္ကာ
႐ြာသားမ်ားအလုပ္မ်ားကို
ကူညီလုပ္ကိုင္ေပးရင္း
ရင္းႏွီးခင္မင္သြားကာ ႐ြာသူ႐ြာသားမ်ားကလည္း
စစ္သားမ်ားအတြက္ထမင္းဟင္းမ်ားခ်က္ျပဳတ္ကာ
စားေသာက္ေပ်ာ္႐ႊင္ေနၾကသည္မွာ
ေတြးၾကည့္႐ုံႏွင့္မ်က္ရည္လည္ေလာက္ပါသည္။
မနက္အာ႐ုံတက္ခ်ိန္
႐ြာသားမ်ားအိပ္ေမာက်ေနခ်ိန္တြင္
တပ္ရင္း၁၀၆ တိတ္ဆိတ္စြာ ထြက္ခြာခဲ့ၾကသည္။
႐ြာသူ႐ြာသားမ်ားႏိုးခ်ိန္တြင္
တပ္ဖြဲ႕ဝင္မ်ားမရွိေတာ့။
ကားတစ္တန္
ေျခလ်င္တစ္တန္ျဖင့္ ခ်ီတက္လာၾကေသာ
၁၀၆ တပ္ဖြဲ႕ဝင္မ်ားသည္
တစ္ျဖည္းျဖည္းႏွင့္ရန္သူ႔နယ္ေျမႏွင့္နီးကပ္ရာသို႔
ေရာက္လာခဲ့ၾကသည္။
ေတာကိုျဖတ္ ေတာင္ကိုေက်ာ္ႏွင့္
သတိႀကီးစြာထား၍ တိတ္ဆိတ္စြာ စည္းကမ္းတစ္က်
ခ်ီတက္လာေသာ ျမန္မာ့တပ္မေတာ္သားမ်ား
ရန္သူကိုေခ်မႈန္းရန္အသင့္အေနအထားျဖင့္
အနီေရာင္နယ္ေျမသို႔ခ်ဥ္းကပ္လာၾကသည္။
ဗိုလ္ႀကီးေမာင္ခ်ိဳ မွ
ညာဘက္လက္သီးဆုပ္၍
အေပၚသို႔ေျမႇာက္ကာ ထိုင္ခ်လိုက္သည္ႏွင့္
ဆင့္ကဲဆင့္ကဲအခ်က္ျပကာ
တပ္ဖြဲ႕ဝင္မ်ားအားလုံး တိတ္ဆိတ္စြာထိုင္လိုက္ၾက၏။
ေရွ႕တြင္သတ္ကြင္း၊
ယင္းသတ္ကြင္းကိုေရွာင္သြားဖို႔ရာ
ေဘးပါတ္ပါတ္လည္တြင္ေတာင္ႀကီးမ်ားႏွင့္
ေဂ်ာက္ႀကီးမ်ားရွိေနသည္။
ေရွ႕ခရီးဆက္ဖို႔
ယင္းသတ္ကြင္းကို ျဖတ္ရေတာ့မည္။
ျဖတ္သင့္မျဖတ္သင့္ ဗိုလ္ႀကီး ၃ေယာက္
ဆုံးျဖတ္ရေတာ့မည္။
သူတို႔၃ေယာက္ မဲခြဲဆုံးျဖတ္ေတာ့
ျဖတ္မည္က ၂ေယာက္၊
မျဖတ္ဘူးက ၁ေယာက္ ႏွင့္
ျဖတ္မည့္ဘက္ကႏိုင္သြားသည္။
မည္သူကျဖတ္မည္
မည္သူကေတာ့မျဖတ္ဘူးဆိုတာေတာ့
နံမည္အတိအက်မမွတ္မိေတာ့ပါ။
သိေတာ့သိေပမယ့္မွားမွာစိုးလို႔နဲ႔
ဒါကက်ေတာ္ေျပာခ်င္သည့္အဓိကမဟုတ္၍
ထားခဲ့လိုက္ပါသည္။
ရန္သူကပါတ္လည္ရွိေတာင္ကုန္းမ်ားတြင္
ရွိေနႏိုင္သည္။
ျဖတ္ကိုျဖတ္ရေတာ့မည္။
ဗိုလ္ႀကီး၃ေယာက္ႏွင့္
ဗိုလ္မ်ား၊တပ္ၾကပ္ႀကီးမ်ား
ေျမပုံတြင္ေသခ်ာတြက္ခ်က္၍
ျဖတ္မည့္စည္းလမ္းေၾကာင္းမ်ားခ်၊
ေရွ႕ ပြိဳင့္ ၂ ေယာက္လႊတ္၍
စံနစ္တက်တက္ကာ
သတ္ကြင္းကိုစတင္ျဖတ္ၾကပါေတာ့သည္။
သတ္ကြင္းအလယ္ခန႔္အေရာက္တြင္
႐ုတ္တရက္
ဝီစီမႈတ္သံစထြက္လာခဲ့သည္။
ထို႔ေနာက္ ခရာမႈတ္သံမ်ားက်ယ္ေလာင္စြာ
ေနရာအႏွံ႔မွထြက္ေပၚလာသည္။
(တ႐ုတ္ျဖဴတပ္မ်ား စတိုက္လွ်င္
ယခုလို ဝီစီမႈတ္၊ ခရာသံမ်ားႏွင့္
စစ္သားအုပ္လိုက္ႀကီး တန္း၍
ေသနတ္တစ္ခ်က္ခ်င္းပစ္ကာ
လမ္းေလွ်ာက္တက္လာျခင္းသည္
တ႐ုတ္ျပည္ကြန္ျမဴနစ္
စစ္ေရးအဓိပတိ ‘ဆြန္ဇူး’ စစ္က်မ္းထဲကအတိုင္းပင္)။
“ေနရာယူ”
ဗိုလ္ႀကီး ေမာင္ခ်ိဳမွ
က်ယ္ေလာင္ျပတ္သားစြာေအာ္လိုက္သည့္ေနာက္တြင္
ယင္းေနရာ၌
ဝီစီသံ၊ ခရာသံ၊ ေသနတ္သံမ်ား၊ ေအာ္ဟစ္သံမ်ား
ေခ်ာက္ျခားဘြယ္ရာအတိျဖစ္ခဲ့ပါသည္။
ဗိုလ္ႀကီးေမာင္ခ်ိဳ မွ က်ည္ထိ၍လဲက်သြားေသာ
ဝါယာလက္စက္တပ္သားဆီအတင္းေျပးသည္။
စက္ကိုကိုင္ကာ
တပ္ရင္းကိုဆက္သြယ္ပါေတာ့သည္။
တုန္ရီေသာလက္မ်ားျဖင့္
စက္ကိုကိုင္ကာ နားေထာင္ေနေသာ
၁၀၆ တပ္ရင္းမႉးဗိုလ္မႉးႀကီးစိန္ရ
(ဦးေနဝင္းလက္ထက္တြင္ ပို႔/ဆက္ဝန္ႀကီး)
မွ ဒလဇတ္ၫႊန္ၾကားေနပါသည္။
‘ေမာင္ခ်ိဳ အားတင္းထား၊
ငါတို႔ တပ္ကူလႊတ္လိုက္ၿပီ၊
ေရာက္ခါနီးၿပီ၊ ရဲေဘာ္ေတြကို ေတာင့္ခိုင္းထား’
မ်က္ရည္ဝဲေနသည့္ၾကားမွ ဒလဇတ္ေအာ္ေနျခင္းျဖစ္သည္။
ဗိုလ္ႀကီးေမာင္ခ်ိဳ အေျခအေနကိုေမာ့ၾကည့္သည္။
ေဘးပါတ္ပါတ္လည္တြင္
ညကမွ ႐ြာသားမ်ားႏွင့္ေပ်ာ္႐ႊင္ကခုန္ခဲ့ၾကသည့္
သူ၏တပ္သားမ်ား၊
မယ္ဒလင္တီးေဖ်ာ္ေျဖခဲ့ေသာ
မင္းသား႐ူး သူ၏ တပ္သား၊
ဘာဂ်ာအမႈတ္ေကာင္းသည့္သူ၏တပ္သား၊
အမိန႔္ကိုအၿမဲမလြဲမေသြ
နားေထာင္တတ္သူ
သူ၏ ဒုတပ္ၾကပ္
ေဘးတြင္ အတုန္းအ႐ုန္းလဲက်ေနၾကသည္။
မီးခိုးမ်ား ဖုန္မ်ားျဖင့္
ရွင္းရွင္းလင္းလင္းမျမင္ရ၊
ဗိုလ္ႀကီးအုန္းေက်ာ္ ကသူႏွင့္မလွမ္းမကမ္းတြင္
ေသနတ္ဒါဏ္ရာမ်ားျဖင့္
က်ဆုံးသြားၿပီကိုေတြ႕လိုက္ရသည္။
ဗိုလ္ႀကီးေမာင္ခ်ိဳ အံကိုႀကိတ္၍
ေတာက္ေခါက္လိုက္သည္။
ၿပီးေတာ့
ေမွာက္လ်က္သားႏွင့္စက္ကိုျပန္ကိုင္ကာ
သူအေရးတႀကီးသတင္းပို႔ရမည့္သူ၏တာဝန္ကို
ေက်ပြန္ေအာင္သူလုပ္ေတာ့သည္။
ရန္သူ႔အင္အား၊ လက္နက္၊ တိုက္ပြဲအေျခအေနကို
တိက် တည္ၿငိမ္ ေအးစက္ေသာအသံျဖင့္
သတင္းပို႔၏။
ဗိုလ္မႉးႀကီးစိန္ရက
ဗိုလ္ႀကီးေမာင္ခ်ိဳအသံကိုၾကားသည္ႏွင့္
အေျခအေနကိုသိ၍
” ေမာင္ခ်ိဳ ေတာင့္ထား၊ေတာင့္ထား”
ရႈီက္သံျဖင့္ေအာ္ပါသည္။
သူ႔ပါတ္ပါတ္လည္တြင္ကား
အနည္းငယ္မွ်သာက်န္ရစ္ေတာ့ေသာ
၁၀၆ တပ္အရာရွိမ်ား။
ၿပီးေတာ့သူတို႔မ်က္ရည္မ်ား။
ပို႔ရမည့္သတင္းအားလုံးပို႔ၿပီးေသာအခါ
ဗိုလ္ႀကီးေမာင္ခ်ိဳ
ေခါင္းတစ္ခ်က္ထပ္ေမာ့ၾကည့္သည္၊
ျမင္ကြင္းကို ရွင္းလင္းစြာေတြ႕လိုက္ရသည္၊
သူ႔ရဲေဘာ္မ်ား
အတုန္းအ႐ုန္း က်ဆုံးသြားၾကၿပီျဖစ္သည္၊
ေတာက္တစ္ခ်က္ေခါက္ အံတစ္ခ်က္ႀကိတ္ကာ
သူ႔ ကာဘိုင္ေသနတ္ကိုဆြဲယူၿပီး
က်ဆုံးသြားၿပီျဖစ္တဲ့
ေဘးကရဲေဘာ္တစ္ေယာက္ေသနတ္ကိုယူ
ၿပီးေတာ့
သူ႔၉မမ ပစၥတိုႀကီးကိုထုတ္
Safty Trigger ျဖဳတ္ ေမာင္းတင္ အိတ္ထဲျပန္ထည့္၊
ၿပီးေတာ့မတ္တပ္ထရပ္လိုက္သည္။
ဝါယာလက္စက္က
တပ္ရင္းမႉးဗိုလ္မႉးႀကီးစိန္ရ၏
တုန္ရီ၍က်ယ္ေလာင္လြန္းလွသည့္ ေအာ္သံက
ထြက္ေပၚေနဆဲ၊
“ေမာင္ခ်ိဳ” “ေမာင္ခ်ိဳ” “ေမာင္ခ်ိဳ”
ေသနတ္ ၂ လက္ကို
ဘယ္ညာပိုက္၍ ေမာင္းခလုတ္ႏွိပ္
အတြဲလိုက္ပစ္ကာ
“က်ား” ဟု ငယ္သံပါေအာင္ေအာ္၍
ပစ္တက္တက္လာေသာ
ဗိုလ္ႀကီးေမာင္ခ်ိဳအား
ရန္သူတ႐ုတ္ျဖဴတပ္မ်ား
႐ုတ္တရက္ ေငးၾကည့္ၿပီးေၾကာင္ေနကာ
တစ္ေယာက္ၿပီးတစ္ေယာက္ လဲက်ကုန္၏။
ခဏၾကာေသာ္
ေသနတ္၂လက္ျပဳတ္က်သြားၿပီး
လဲက်လာေသာခႏၶာကိုယ္
ေျမႀကီးသို႔မထိမိခင္
‘ဗိုလ္ႀကီးေမာင္ခ်ိဳ’ ၏
အသက္ဝိညာဥ္
ကုန္ဆုံးခဲ့ၿပီျဖစ္သည္။
‘တပ္ၾကပ္ႀကီး ေမာင္တူး’ (နံမည္အရင္း မွားမည္စိုး၍လႊဲထား)။
‘ဗိုလ္ႀကီးေမာင္ခ်ိဳ’ မနီးမေဝးတြင္
ေသနတ္မွန္၍လဲက်ေနသည္၊၊
တိုက္ပြဲၿပီးခ်ိန္တြင္ တ႐ုတ္စစ္သားမ်ားက
လဲက်ေနေသာ ၁၀၆ တပ္ဖြဲ႕ဝင္မ်ားအား
တစ္ေယာက္မက်န္ ဘက္နက္မ်ားျဖင့္
လိုက္ထိုးသတ္သည္။
ေသၿပီဆိုတာကို
ေသခ်ာေအာင္လုပ္ျခင္းျဖစ္သည္။
တပ္ၾကပ္ႀကီး ေမာင္တူးေနရာေရာက္လာေသာ
တ႐ုတ္စစ္သားမွေမာင္တူးအား
ဘက္နက္ျဖင့္ ထိုးလိုက္သည့္အခါ
ေသခ်င္ေယာင္ေဆာင္ေနေသာ
ေမာင္တူး၏လည္ပင္းကိုရွပ္ထိသြားသည္။
နာလြန္းေပမယ့္ မလႈပ္၊
ဝီစီမႈတ္၍ျပန္မထြက္သြားခင္
တ႐ုတ္ျဖဴစစ္သားတစ္ခ်ိဳ႕
ဗိုလ္ႀကီးေမာင္ခ်ိဳ ၏ဝိညဥ္မဲ့ခႏၶာကိုယ္ေဘးတြင္
သူကိုင္ေသာ ကာဘိုင္ေသနတ္အား
စိုက္၍သူ႔ဦးထုပ္အားေသနတ္ေပၚတင္၍
ထြက္ခြာသြားၾကေတာ့သည္။
ခံစားခ်က္မ်ိဳးစုံႏွင့္ေမာင္တူး
မ်က္ရည္သြင္သြင္က်ကာ
ေနာက္ကစစ္ကူတပ္ေရာက္လာၿပီး
ေမာင္တူး ကံေကာင္းေထာက္မစြာ
အသက္ရွင္က်န္ရစ္သည္။
ဗိုလ္ႀကီးေမာင္ခ်ိဳႏွင့္
ဗိုလ္ႀကီးအုန္းေက်ာ္က်ဆုံးၿပီး
ဗိုလ္ႀကီးကိုကိုႀကီးမွာ
ဒါဏ္ရာျဖင့္ေတာင္ေအာက္လိမ့္ဆင္းသြားရာမွ
တ႐ုတ္ျဖဴတပ္မ်ား
ဖမ္းဆီးျခင္းခံရၿပီး
၎တို႔မွ ဒါဏ္ရာေပ်ာက္ကင္းသည္ထိ
ကုသေပးၿပီး စည္း႐ုံးမရသည့္အဆုံးတြင္
ျပန္လႊတ္ေပးခဲ့သည္။
တပ္ၾကပ္ႀကီးေမာင္တူးႏွင့္
ဗိုလ္ႀကီးကိုကိုႀကီးတို႔၂ ေယာက္သာ
အသက္ရွင္က်န္ရစ္၍
ေနာင္တြင္
‘ေန႔ျမင္ညေပ်ာက္ ၁၀၆’ ဟူ၍ေတာင္စကား
ေပၚခဲ့သည္။
ယင္းတိုက္ပြဲတြင္ ပါဝင္ေခါင္းေဆာင္လာေသာ
ဗိုလ္ႀကီးေမာင္ခ်ိဳသည္
အမွန္တကယ္က
သူ႔နားရက္ျဖစ္သည္၊
သူငယ္ခ်င္းဗိုလ္ႀကီးတစ္ေယာက္
မဂၤလာေဆာင္ရွိ၍
သူ႔အစား လိုက္ပါသြားခဲ့ရျခင္းျဖစ္သည္။
ယင္းတိုက္ပြဲတြင္က်ဆုံးၿပီး
‘သူရ တံဆိပ္’အား
ထိုက္တန္စြာရရွိခဲ့သည္။
ေနာင္တြင္
ယင္းအသက္ေဘးမွ
လြတ္ေျမာက္ခဲ့သူ တပ္ၾကပ္ႀကီးေမာင္တူးမွ
ထိုတိုက္ပြဲအေၾကာင္း
စာအုပ္ေရးထုတ္ခဲ့ပါသည္။
ထိုအျဖစ္ဆိုးႀကီး
မျဖစ္ခင္ ၂လ ခန႔္အလို
ရန္ကုန္
မဂၤလာဒုံ ေဂါက္ကြင္းဘူတာနေဘးကြင္းႀကီး
အသက္ ၃၀ႏွစ္နီးပါးခန႔္ရွိသည့္
လူလတ္ပိုင္းတစ္ေယာက္ကေျပး၍
ေနာက္မွ ၇ ႏွစ္႐ြယ္ေကာင္ေလးတစ္ေယာက္
အတင္းေျပးလိုက္ေနသည္။
‘ဦး ကိုရေအာင္လိုက္မယ္ေဟ့’ ဟုေအာ္ကာ
အတင္းေျပးလိုက္လာေနေသာေကာင္ေလးကိုၾကည့္၍
ထိုလူမွာ သနားလာပုံရသည္၊
ေမာသလိုလုပ္၍ အမိခံလိုက္သည္၊
ေကာင္ေလးမွ ထိုသူအားအတင္းဖက္နမ္း၍
‘ သားႏိုင္ၿပီ၊ ဦးရႈံးၿပီ၊ ဦးကုန္းပိုးရေတာ့မယ္၊ေဟး လုပ္ေတာ့’ ဟုဆိုကာ
ထိုသူ႔အေပၚ အတင္းခြတက္ပါေတာ့သည္။
တက္ၿပီးမွအျမင့္ေၾကာက္၍မ်က္ေစ့မ်က္ႏွာပ်က္ကာဒူးေတြတုန္လာၿပီး
‘ဦး သားကိုကယ္ပါဦး၊ သားျပဳတ္က်ရင္
ေသမွာ၊ သားမထိမ္းႏိုင္ေတာ့ဘူး ဝူး ဝူး’ ႏွင့္
လွ်ပ္စီးလက္သလိုျဖစ္ပ်က္ေနေသာ ထိုေကာင္ေလးအားထိုလူမွ
‘ေအာင္မယ္ေလးသားရယ္ ဒါေၾကာက္စရာလား၊
ဒါနဲ႔မ်ားစစ္ဗိုလ္လုပ္ခ်င္ေသးတယ္’
‘ဦးရွိပါတယ္သားရယ္၊
ဘာမွမျဖစ္ေစရပါဘူး၊
‘ညီညီ’
မင္းက စစ္ဗိုလ္လုပ္ခ်င္တဲ့စိတ္ရွိေသးလို႔လား’
‘ဟာ ‘ဦးခ်ိဳ’ ကလည္း လုပ္မွာပဲ’ ဆိုေတာ့
ထိုလူ အားရပါးရေအာ္ရယ္ေနပါေတာ့တယ္။
ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ပါၿပီ။
က်ေတာ္ ထိုင္ေနက်
က်ေတာ့္ Friends ေတြသိတဲ့
ေတာင္ကုန္းေပၚက
သစ္ပင္ေလးေအာက္မွာ
ဒီစာအဆုံးသတ္ကိုေရးေနမိပါတယ္။
အေပၚက ေကာင္ေလးက
က်ေတာ္ျဖစ္ၿပီး
ထိုလူကေတာ့ ဗိုလ္ႀကီးေမာင္ခ်ိဳ ေပါ့။
ဗိုလ္ႀကီးေမာင္ခ်ိဳဟာ
က်ေတာ့္အေမရဲ႕ညီမအရင္းအငယ္ဆုံး(အန္တီေထြး)ရဲ႕ခင္ပြန္းျဖစ္ၿပီး၊
က်ေတာ္ႏွင့္အေမက ဦးခ်ိဳ တို႔ဆီေက်ာင္းပိတ္ရက္
စေန၊တနဂၤေႏြတိုင္းလိုလိုသြားပါတယ္၊
မဂၤလာဒုံ တပ္ရင္း ၁၀၆ ဟာ
က်ေတာ့္ငယ္ကာလအမွတ္တရေတြထဲမွာပါပါတယ္။
ကိုယ္ခ်စ္ခင္တဲ့လူေပါင္းမ်ားစြာ
ဆုံးရႈံးခဲ့ရဘူးပါတယ္။
ဦးခ်ိဳနဲ႔အန္တီေထြးတို႔မွာ
သားေလး(က်ေတာ့္ညီေလး)
တစ္ေယာက္ထဲပဲရွိၿပီး
အန္တီေထြးလည္းမႏွစ္ကမွဆုံးပါးသြားခဲ့တာပါ။
ဦးခ်ိဳ က်ဆုံးစဥ္က
ညီေလးက လသားေလးပဲရွိပါေသးတယ္။
သူ႔နံမည္က ‘မိုးသိမ္း’ ျဖစ္ၿပီး
က်ေတာ္ေရးတဲ့ Post တိုင္းကိုဖတ္ၿပီး
လက္သီးေထာင္ အားေပးေနက်ေပါ့။
ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းႏွင့္
ဒုဗိုလ္မႉးႀကီးေဇာ္ေဇာ္သို႔။
• စစ္သားဆိုတာ တိုက္ရည္ခိုက္ရည္ကြၽမ္းက်င္တယ္။
ကိုယ္ကြၽမ္းက်င္တာနဲ႔
တိုင္းျပည္ကိုေစာင့္ေရွာက္ရတယ္။
• ဥပေဒဝန္ထမ္းဆိုတာ ဥပေဒကိုကြၽမ္းက်င္တယ္။
ကိုယ္ကြၽမ္းက်င္တာနဲ႔
တိုင္းျပည္ကိုေစာင့္ေရွာက္ၾကတယ္။
အဲ့ဒီ့စစ္သားက
အဲ့ဒီ့ဥပေဒဝန္ထမ္းကို တရား႐ုံးမွာ
စြဲခ်က္တင္ တရားစြဲတယ္ဆိုတာ
တိုင္းျပည္အတြက္
သိပ္႐ုပ္ပ်က္ဆင္းပ်က္ႏိုင္ပါတယ္။
ဆရာတို႔ကတရားလည္းျပန္စြဲေရာ
တပ္ကထြက္ၿပီး
ဘယ္ေရာက္မွန္းမသိျပန္ဘူး။
ကိုယ့္သိကၡါ ကိုယ္ခ်
ကိုယ့္အရွက္ကိုယ္ခြဲ။
သူရဦးေအာင္ကိုေျပာတယ္။
‘ႏိုင္ငံေတာ္အစိုးရေအာက္မွာျပည္ထဲေရးဝန္ႀကီးဌာနမရွိဘူး’ လို႔၊
မွားေနလို႔လား၊
၂၀၀၈ ေျခ/ဥမွာ အဲ့လိုပဲ အဓိပၸါယ္သက္ေရာက္ေအာင္ေရးထားတာပဲ။
ျဖစ္သင့္ေသာအေျခအေန
“စစ္သားသည္ စစ္တိုက္ကြၽမ္းက်င္သည္၊ထို႔ေၾကာင့္ စစ္တိုက္ျခင္းျဖင့္တိုင္းျပည္ကို ကာကြယ္မည္၊
စစ္တိုက္ျခင္းျဖင့္
တိုင္းျပည္ကိုခ်စ္ေၾကာင္းျပမည္။
က်န္သည့္ ႏိုင္ငံေရးကြၽမ္းက်င္သူမ်ား
အသိပညာရွင္၊ အတတ္ပညာရွင္မ်ား၊
လူငယ္မ်ား တိုင္းျပည္တိုးတက္ေအာင္
သစၥာရွိရွိလုပ္ၾကပါ။
က်ဳပ္တို႔ တိုင္းျပည္ကိုတစ္ကယ္ခ်စ္တာမို႔
က်ဳပ္တို႔ စစ္တန္းလ်ား က်ဳပ္တို႔ျပန္မည္” ဟုလို႔သာ
တပ္ခ်ဳပ္က ေၾကညာခဲ့လွ်င္
တစ္တိုင္းျပည္လုံး
ေပ်ာ္လိုက္မယ့္ျဖစ္ျခင္း။
(ဒါေပမယ့္ မျဖစ္ခဲ့ဘူး။
အဲ့ဒီ့အတြက္ဆိုး႐ြားတဲ့ကံၾကမၼာဟာ
မင္းတို႔ဘက္ေရာ
ငါတို႔ျပည္သူဘက္ေရာလာမွာပဲ)။
မွတ္ခ်က္
က်ေတာ္သည္
ယခု Post အား မ်က္ရည္ျဖင့္ေရးပါသည္။
က်ေတာ့္ ဦးခ်ိဳ ကိုလြမ္းလို႔ငိုသည္ထက္
‘ယခုတပ္မေတာ္သည္
ယခင္တပ္မေတာ္ကဲ့သို႔
ျပည္သူကို
မေစာင့္ေရွာက္၍
ဝမ္းနည္းတာကပိုပါသည္’။
ျပည္သူက
ခင္ဗ်ားတို႔ေစာင့္ေရွာက္တာ
လိုခ်င္ေနတာ
လိုအပ္ေနတာပါ။
က်ေတာ္ေတာင္
ယခုကဲ့သို႔ ငိုမိပါက
တပ္ရင္း ၁၀၆ ရဲေဘာ္မ်ား၏
‘ဝိညဥ္မ်က္ရည္မ်ား’က
ပို၍ထိခိုက္ခံစားေနၾကပါလိမ့္မည္။
စာႂကြင္း
ေလာကႀကီးက သိပ္က်ဥ္းသည္။
ေနာက္ကစစ္ကူ လိုက္သြားေသာ တပ္မွ
တပ္ဖြဲ႕ေခါင္းေဆာင္ ‘ဗိုလ္မႉးကိုေလး’ သည္
က်ေတာ္ႏွင့္
သာယာဝတီ၊အင္းစိန္ေထာင္၂ေထာင္တြင္
တစ္ခန္းထဲေနခဲ့ရသည့္ထူးဆန္းသည့္
အျဖစ္အပ်က္ကိုလည္းက်ေတာ္ႀကဳံေတြ႕ခဲ့ရပါသည္။
သူကလည္းစစ္တပ္လုပ္ရပ္အမွားမ်ားကို
ေဝဖန္ေထာက္ျပေသာေၾကာင့္ေရာက္လာသူပါ။
(ဗိုလ္မႉးကိုေလး ယခု လူ႔ေလာကတြင္ရွိတုန္းလား
မရွိေတာ့ဘူးလား က်ေတာ္ မသိေတာ့ပါ။
ေမးေသာသူတိုင္း မရွိေတာ့၍
မေမးရဲေတာ့ပါ၊
က်ေတာ့္အား ၄ႏွစ္ပညာမ်ိဳးစုံသင္ေပးခဲ့သူပါ၊ေထာင္တြင္ျပသနာျဖစ္လွ်င္ေထာင္ဆူခဲ့လွ်င္
ဘယ္ကိုသြားဘယ္တိုက္မွာ ဘယ္သူရွိတယ္ဘယ္သူ႔ကိုကယ္ရမယ္အေသးစိတ္ စီမံထားခဲ့သူပါ၊
ဦးခ်ိဳ က်ဆုံးခဲ့ေပမယ့္ဦးခ်ိဳကိုကယ္ဖို႔ေရာက္လာသူဗိုလ္မႉးကိုေလးသက္ရွိထင္ရွား ရွိေနပါေစ)။
ညီညီလြင္(ဓာတုေဗဒ)
(က်ေတာ္ခ်စ္ေသာ ဦးခ်ိဳ ဓါတ္ပုံေလးက်ေတာ့္ညီေလးထံမွခြင့္ေတာင္း၍Friends မ်ားအားျပခ်င္ေသာေၾကာင့္
Photo Edit လုပ္ရာ က်ေတာ့္ SystemSomething Wrong ေနပါေသာေၾကာင့္Post အသစ္ျပန္တင္လိုက္ရပါေၾကာင္း)
ကူးယူေဖာ္ျပခြင့္ရရွိသည္။
Photos Credit
Unicode
ဝိညာဉ်များ၏မျက်ရည်
အချိန်က ၁၉၆၉-၇၀ ပါတ်ဝန်းကျင်။
ကူမင်တန် တရုတ်ဖြူများ
မြန်မာပြည်သို့ဝင်ရောက်ကျူးကျော်ချိန်။
မင်္ဂလာဒုံတပ်ရင်း ၁၀၆၊
တပ်ရင်းမှူး ဗိုလ်မှူးကြီးစိန်ရ။
အထက်အမိန့်ကျလာ၍
ကူမင်တန်တရုတ်များအား နှိမ်နင်းရန်
ဗိုလ်ကြီးမောင်ချို၊
ဗိုလ်ကြီးအုန်းကျော်၊
ဗိုလ်ကြီးကိုကိုကြီး တို့ကို ကွပ်ကဲခိုင်း၍
တပ်ရင်း၁၀၆ တပ်ဖွဲ့ဝင်များအားစေလွှတ်လိုက်သည်။
ဗိုလ်ကြီး၃ ယောက်ကွပ်ကဲလာသောတပ်
ကူမင်တန်တရုတ်ဖြူများရှိရာသို့
တက်ကြွစွာချီတက်လာကြ၏။
စစ်သားများ နားနေချိန်တွင်
သီချင်းဆိုသူကဆို၊
ဘာဂျာလေးအိတ်ထဲကထုတ် မှုတ်သူကမှုတ်၊
မယ်ဒလင်တီးသူကတီး နှင့်
ကျန်ရစ်ခဲ့သောမိသားစုများအား
ကိုယ့်နည်းကိုယ့်ဟန်ဖြင့်
အလွမ်းဖြေနေကြပါသည်။
ဗိုလ်ကြီး၃ ယောက်မှလည်း၊
တစ်ခြားတပ်သားများနှင့်ရွာထဲဝင်ကာ
ရွာသားများအလုပ်များကို
ကူညီလုပ်ကိုင်ပေးရင်း
ရင်းနှီးခင်မင်သွားကာ ရွာသူရွာသားများကလည်း
စစ်သားများအတွက်ထမင်းဟင်းများချက်ပြုတ်ကာ
စားသောက်ပျော်ရွှင်နေကြသည်မှာ
တွေးကြည့်ရုံနှင့်မျက်ရည်လည်လောက်ပါသည်။
မနက်အာရုံတက်ချိန်
ရွာသားများအိပ်မောကျနေချိန်တွင်
တပ်ရင်း၁၀၆ တိတ်ဆိတ်စွာ ထွက်ခွာခဲ့ကြသည်။
ရွာသူရွာသားများနိုးချိန်တွင်
တပ်ဖွဲ့ဝင်များမရှိတော့။
ကားတစ်တန်
ခြေလျင်တစ်တန်ဖြင့် ချီတက်လာကြသော
၁၀၆ တပ်ဖွဲ့ဝင်များသည်
တစ်ဖြည်းဖြည်းနှင့်ရန်သူ့နယ်မြေနှင့်နီးကပ်ရာသို့
ရောက်လာခဲ့ကြသည်။
တောကိုဖြတ် တောင်ကိုကျော်နှင့်
သတိကြီးစွာထား၍ တိတ်ဆိတ်စွာ စည်းကမ်းတစ်ကျ
ချီတက်လာသော မြန်မာ့တပ်မတော်သားများ
ရန်သူကိုချေမှုန်းရန်အသင့်အနေအထားဖြင့်
အနီရောင်နယ်မြေသို့ချဉ်းကပ်လာကြသည်။
ဗိုလ်ကြီးမောင်ချို မှ
ညာဘက်လက်သီးဆုပ်၍
အပေါ်သို့မြှောက်ကာ ထိုင်ချလိုက်သည်နှင့်
ဆင့်ကဲဆင့်ကဲအချက်ပြကာ
တပ်ဖွဲ့ဝင်များအားလုံး တိတ်ဆိတ်စွာထိုင်လိုက်ကြ၏။
ရှေ့တွင်သတ်ကွင်း၊
ယင်းသတ်ကွင်းကိုရှောင်သွားဖို့ရာ
ဘေးပါတ်ပါတ်လည်တွင်တောင်ကြီးများနှင့်
ဂျောက်ကြီးများရှိနေသည်။
ရှေ့ခရီးဆက်ဖို့
ယင်းသတ်ကွင်းကို ဖြတ်ရတော့မည်။
ဖြတ်သင့်မဖြတ်သင့် ဗိုလ်ကြီး ၃ယောက်
ဆုံးဖြတ်ရတော့မည်။
သူတို့၃ယောက် မဲခွဲဆုံးဖြတ်တော့
ဖြတ်မည်က ၂ယောက်၊
မဖြတ်ဘူးက ၁ယောက် နှင့်
ဖြတ်မည့်ဘက်ကနိုင်သွားသည်။
မည်သူကဖြတ်မည်
မည်သူကတော့မဖြတ်ဘူးဆိုတာတော့
နံမည်အတိအကျမမှတ်မိတော့ပါ။
သိတော့သိပေမယ့်မှားမှာစိုးလို့နဲ့
ဒါကကျတော်ပြောချင်သည့်အဓိကမဟုတ်၍
ထားခဲ့လိုက်ပါသည်။
ရန်သူကပါတ်လည်ရှိတောင်ကုန်းများတွင်
ရှိနေနိုင်သည်။
ဖြတ်ကိုဖြတ်ရတော့မည်။
ဗိုလ်ကြီး၃ယောက်နှင့်
ဗိုလ်များ၊တပ်ကြပ်ကြီးများ
မြေပုံတွင်သေချာတွက်ချက်၍
ဖြတ်မည့်စည်းလမ်းကြောင်းများချ၊
ရှေ့ ပွိုင့် ၂ ယောက်လွှတ်၍
စံနစ်တကျတက်ကာ
သတ်ကွင်းကိုစတင်ဖြတ်ကြပါတော့သည်။
သတ်ကွင်းအလယ်ခန့်အရောက်တွင်
ရုတ်တရက်
ဝီစီမှုတ်သံစထွက်လာခဲ့သည်။
ထို့နောက် ခရာမှုတ်သံများကျယ်လောင်စွာ
နေရာအနှံ့မှထွက်ပေါ်လာသည်။
(တရုတ်ဖြူတပ်များ စတိုက်လျှင်
ယခုလို ဝီစီမှုတ်၊ ခရာသံများနှင့်
စစ်သားအုပ်လိုက်ကြီး တန်း၍
သေနတ်တစ်ချက်ချင်းပစ်ကာ
လမ်းလျှောက်တက်လာခြင်းသည်
တရုတ်ပြည်ကွန်မြူနစ်
စစ်ရေးအဓိပတိ ‘ဆွန်ဇူး’ စစ်ကျမ်းထဲကအတိုင်းပင်)။
“နေရာယူ”
ဗိုလ်ကြီး မောင်ချိုမှ
ကျယ်လောင်ပြတ်သားစွာအော်လိုက်သည့်နောက်တွင်
ယင်းနေရာ၌
ဝီစီသံ၊ ခရာသံ၊ သေနတ်သံများ၊ အော်ဟစ်သံများ
ချောက်ခြားဘွယ်ရာအတိဖြစ်ခဲ့ပါသည်။
ဗိုလ်ကြီးမောင်ချို မှ ကျည်ထိ၍လဲကျသွားသော
ဝါယာလက်စက်တပ်သားဆီအတင်းပြေးသည်။
စက်ကိုကိုင်ကာ
တပ်ရင်းကိုဆက်သွယ်ပါတော့သည်။
တုန်ရီသောလက်များဖြင့်
စက်ကိုကိုင်ကာ နားထောင်နေသော
၁၀၆ တပ်ရင်းမှူးဗိုလ်မှူးကြီးစိန်ရ
(ဦးနေဝင်းလက်ထက်တွင် ပို့/ဆက်ဝန်ကြီး)
မှ ဒလဇတ်ညွှန်ကြားနေပါသည်။
‘မောင်ချို အားတင်းထား၊
ငါတို့ တပ်ကူလွှတ်လိုက်ပြီ၊
ရောက်ခါနီးပြီ၊ ရဲဘော်တွေကို တောင့်ခိုင်းထား’
မျက်ရည်ဝဲနေသည့်ကြားမှ ဒလဇတ်အော်နေခြင်းဖြစ်သည်။
ဗိုလ်ကြီးမောင်ချို အခြေအနေကိုမော့ကြည့်သည်။
ဘေးပါတ်ပါတ်လည်တွင်
ညကမှ ရွာသားများနှင့်ပျော်ရွှင်ကခုန်ခဲ့ကြသည့်
သူ၏တပ်သားများ၊
မယ်ဒလင်တီးဖျော်ဖြေခဲ့သော
မင်းသားရူး သူ၏ တပ်သား၊
ဘာဂျာအမှုတ်ကောင်းသည့်သူ၏တပ်သား၊
အမိန့်ကိုအမြဲမလွဲမသွေ
နားထောင်တတ်သူ
သူ၏ ဒုတပ်ကြပ်
ဘေးတွင် အတုန်းအရုန်းလဲကျနေကြသည်။
မီးခိုးများ ဖုန်များဖြင့်
ရှင်းရှင်းလင်းလင်းမမြင်ရ၊
ဗိုလ်ကြီးအုန်းကျော် ကသူနှင့်မလှမ်းမကမ်းတွင်
သေနတ်ဒါဏ်ရာများဖြင့်
ကျဆုံးသွားပြီကိုတွေ့လိုက်ရသည်။
ဗိုလ်ကြီးမောင်ချို အံကိုကြိတ်၍
တောက်ခေါက်လိုက်သည်။
ပြီးတော့
မှောက်လျက်သားနှင့်စက်ကိုပြန်ကိုင်ကာ
သူအရေးတကြီးသတင်းပို့ရမည့်သူ၏တာဝန်ကို
ကျေပွန်အောင်သူလုပ်တော့သည်။
ရန်သူ့အင်အား၊ လက်နက်၊ တိုက်ပွဲအခြေအနေကို
တိကျ တည်ငြိမ် အေးစက်သောအသံဖြင့်
သတင်းပို့၏။
ဗိုလ်မှူးကြီးစိန်ရက
ဗိုလ်ကြီးမောင်ချိုအသံကိုကြားသည်နှင့်
အခြေအနေကိုသိ၍
” မောင်ချို တောင့်ထား၊တောင့်ထား”
ရှီုက်သံဖြင့်အော်ပါသည်။
သူ့ပါတ်ပါတ်လည်တွင်ကား
အနည်းငယ်မျှသာကျန်ရစ်တော့သော
၁၀၆ တပ်အရာရှိများ။
ပြီးတော့သူတို့မျက်ရည်များ။
ပို့ရမည့်သတင်းအားလုံးပို့ပြီးသောအခါ
ဗိုလ်ကြီးမောင်ချို
ခေါင်းတစ်ချက်ထပ်မော့ကြည့်သည်၊
မြင်ကွင်းကို ရှင်းလင်းစွာတွေ့လိုက်ရသည်၊
သူ့ရဲဘော်များ
အတုန်းအရုန်း ကျဆုံးသွားကြပြီဖြစ်သည်၊
တောက်တစ်ချက်ခေါက် အံတစ်ချက်ကြိတ်ကာ
သူ့ ကာဘိုင်သေနတ်ကိုဆွဲယူပြီး
ကျဆုံးသွားပြီဖြစ်တဲ့
ဘေးကရဲဘော်တစ်ယောက်သေနတ်ကိုယူ
ပြီးတော့
သူ့၉မမ ပစ္စတိုကြီးကိုထုတ်
Safty Trigger ဖြုတ် မောင်းတင် အိတ်ထဲပြန်ထည့်၊
ပြီးတော့မတ်တပ်ထရပ်လိုက်သည်။
ဝါယာလက်စက်က
တပ်ရင်းမှူးဗိုလ်မှူးကြီးစိန်ရ၏
တုန်ရီ၍ကျယ်လောင်လွန်းလှသည့် အော်သံက
ထွက်ပေါ်နေဆဲ၊
“မောင်ချို” “မောင်ချို” “မောင်ချို”
သေနတ် ၂ လက်ကို
ဘယ်ညာပိုက်၍ မောင်းခလုတ်နှိပ်
အတွဲလိုက်ပစ်ကာ
“ကျား” ဟု ငယ်သံပါအောင်အော်၍
ပစ်တက်တက်လာသော
ဗိုလ်ကြီးမောင်ချိုအား
ရန်သူတရုတ်ဖြူတပ်များ
ရုတ်တရက် ငေးကြည့်ပြီးကြောင်နေကာ
တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်၏။
ခဏကြာသော်
သေနတ်၂လက်ပြုတ်ကျသွားပြီး
လဲကျလာသောခန္ဓာကိုယ်
မြေကြီးသို့မထိမိခင်
‘ဗိုလ်ကြီးမောင်ချို’ ၏
အသက်ဝိညာဉ်
ကုန်ဆုံးခဲ့ပြီဖြစ်သည်။
‘တပ်ကြပ်ကြီး မောင်တူး’ (နံမည်အရင်း မှားမည်စိုး၍လွှဲထား)။
‘ဗိုလ်ကြီးမောင်ချို’ မနီးမဝေးတွင်
သေနတ်မှန်၍လဲကျနေသည်၊၊
တိုက်ပွဲပြီးချိန်တွင် တရုတ်စစ်သားများက
လဲကျနေသော ၁၀၆ တပ်ဖွဲ့ဝင်များအား
တစ်ယောက်မကျန် ဘက်နက်များဖြင့်
လိုက်ထိုးသတ်သည်။
သေပြီဆိုတာကို
သေချာအောင်လုပ်ခြင်းဖြစ်သည်။
တပ်ကြပ်ကြီး မောင်တူးနေရာရောက်လာသော
တရုတ်စစ်သားမှမောင်တူးအား
ဘက်နက်ဖြင့် ထိုးလိုက်သည့်အခါ
သေချင်ယောင်ဆောင်နေသော
မောင်တူး၏လည်ပင်းကိုရှပ်ထိသွားသည်။
နာလွန်းပေမယ့် မလှုပ်၊
ဝီစီမှုတ်၍ပြန်မထွက်သွားခင်
တရုတ်ဖြူစစ်သားတစ်ချို့
ဗိုလ်ကြီးမောင်ချို ၏ဝိညဉ်မဲ့ခန္ဓာကိုယ်ဘေးတွင်
သူကိုင်သော ကာဘိုင်သေနတ်အား
စိုက်၍သူ့ဦးထုပ်အားသေနတ်ပေါ်တင်၍
ထွက်ခွာသွားကြတော့သည်။
ခံစားချက်မျိုးစုံနှင့်မောင်တူး
မျက်ရည်သွင်သွင်ကျကာ
နောက်ကစစ်ကူတပ်ရောက်လာပြီး
မောင်တူး ကံကောင်းထောက်မစွာ
အသက်ရှင်ကျန်ရစ်သည်။
ဗိုလ်ကြီးမောင်ချိုနှင့်
ဗိုလ်ကြီးအုန်းကျော်ကျဆုံးပြီး
ဗိုလ်ကြီးကိုကိုကြီးမှာ
ဒါဏ်ရာဖြင့်တောင်အောက်လိမ့်ဆင်းသွားရာမှ
တရုတ်ဖြူတပ်များ
ဖမ်းဆီးခြင်းခံရပြီး
၎င်းတို့မှ ဒါဏ်ရာပျောက်ကင်းသည်ထိ
ကုသပေးပြီး စည်းရုံးမရသည့်အဆုံးတွင်
ပြန်လွှတ်ပေးခဲ့သည်။
တပ်ကြပ်ကြီးမောင်တူးနှင့်
ဗိုလ်ကြီးကိုကိုကြီးတို့၂ ယောက်သာ
အသက်ရှင်ကျန်ရစ်၍
နောင်တွင်
‘နေ့မြင်ညပျောက် ၁၀၆’ ဟူ၍တောင်စကား
ပေါ်ခဲ့သည်။
ယင်းတိုက်ပွဲတွင် ပါဝင်ခေါင်းဆောင်လာသော
ဗိုလ်ကြီးမောင်ချိုသည်
အမှန်တကယ်က
သူ့နားရက်ဖြစ်သည်၊
သူငယ်ချင်းဗိုလ်ကြီးတစ်ယောက်
မင်္ဂလာဆောင်ရှိ၍
သူ့အစား လိုက်ပါသွားခဲ့ရခြင်းဖြစ်သည်။
ယင်းတိုက်ပွဲတွင်ကျဆုံးပြီး
‘သူရ တံဆိပ်’အား
ထိုက်တန်စွာရရှိခဲ့သည်။
နောင်တွင်
ယင်းအသက်ဘေးမှ
လွတ်မြောက်ခဲ့သူ တပ်ကြပ်ကြီးမောင်တူးမှ
ထိုတိုက်ပွဲအကြောင်း
စာအုပ်ရေးထုတ်ခဲ့ပါသည်။
ထိုအဖြစ်ဆိုးကြီး
မဖြစ်ခင် ၂လ ခန့်အလို
ရန်ကုန်
မင်္ဂလာဒုံ ဂေါက်ကွင်းဘူတာနဘေးကွင်းကြီး
အသက် ၃၀နှစ်နီးပါးခန့်ရှိသည့်
လူလတ်ပိုင်းတစ်ယောက်ကပြေး၍
နောက်မှ ၇ နှစ်ရွယ်ကောင်လေးတစ်ယောက်
အတင်းပြေးလိုက်နေသည်။
‘ဦး ကိုရအောင်လိုက်မယ်ဟေ့’ ဟုအော်ကာ
အတင်းပြေးလိုက်လာနေသောကောင်လေးကိုကြည့်၍
ထိုလူမှာ သနားလာပုံရသည်၊
မောသလိုလုပ်၍ အမိခံလိုက်သည်၊
ကောင်လေးမှ ထိုသူအားအတင်းဖက်နမ်း၍
‘ သားနိုင်ပြီ၊ ဦးရှုံးပြီ၊ ဦးကုန်းပိုးရတော့မယ်၊ဟေး လုပ်တော့’ ဟုဆိုကာ
ထိုသူ့အပေါ် အတင်းခွတက်ပါတော့သည်။
တက်ပြီးမှအမြင့်ကြောက်၍မျက်စေ့မျက်နှာပျက်ကာဒူးတွေတုန်လာပြီး
‘ဦး သားကိုကယ်ပါဦး၊ သားပြုတ်ကျရင်
သေမှာ၊ သားမထိမ်းနိုင်တော့ဘူး ဝူး ဝူး’ နှင့်
လျှပ်စီးလက်သလိုဖြစ်ပျက်နေသော ထိုကောင်လေးအားထိုလူမှ
‘အောင်မယ်လေးသားရယ် ဒါကြောက်စရာလား၊
ဒါနဲ့များစစ်ဗိုလ်လုပ်ချင်သေးတယ်’
‘ဦးရှိပါတယ်သားရယ်၊
ဘာမှမဖြစ်စေရပါဘူး၊
‘ညီညီ’
မင်းက စစ်ဗိုလ်လုပ်ချင်တဲ့စိတ်ရှိသေးလို့လား’
‘ဟာ ‘ဦးချို’ ကလည်း လုပ်မှာပဲ’ ဆိုတော့
ထိုလူ အားရပါးရအော်ရယ်နေပါတော့တယ်။
နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။
ကျတော် ထိုင်နေကျ
ကျတော့် Friends တွေသိတဲ့
တောင်ကုန်းပေါ်က
သစ်ပင်လေးအောက်မှာ
ဒီစာအဆုံးသတ်ကိုရေးနေမိပါတယ်။
အပေါ်က ကောင်လေးက
ကျတော်ဖြစ်ပြီး
ထိုလူကတော့ ဗိုလ်ကြီးမောင်ချို ပေါ့။
ဗိုလ်ကြီးမောင်ချိုဟာ
ကျတော့်အမေရဲ့ညီမအရင်းအငယ်ဆုံး(အန်တီထွေး)ရဲ့ခင်ပွန်းဖြစ်ပြီး၊
ကျတော်နှင့်အမေက ဦးချို တို့ဆီကျောင်းပိတ်ရက်
စနေ၊တနင်္ဂနွေတိုင်းလိုလိုသွားပါတယ်၊
မင်္ဂလာဒုံ တပ်ရင်း ၁၀၆ ဟာ
ကျတော့်ငယ်ကာလအမှတ်တရတွေထဲမှာပါပါတယ်။
ကိုယ်ချစ်ခင်တဲ့လူပေါင်းများစွာ
ဆုံးရှုံးခဲ့ရဘူးပါတယ်။
ဦးချိုနဲ့အန်တီထွေးတို့မှာ
သားလေး(ကျတော့်ညီလေး)
တစ်ယောက်ထဲပဲရှိပြီး
အန်တီထွေးလည်းမနှစ်ကမှဆုံးပါးသွားခဲ့တာပါ။
ဦးချို ကျဆုံးစဉ်က
ညီလေးက လသားလေးပဲရှိပါသေးတယ်။
သူ့နံမည်က ‘မိုးသိမ်း’ ဖြစ်ပြီး
ကျတော်ရေးတဲ့ Post တိုင်းကိုဖတ်ပြီး
လက်သီးထောင် အားပေးနေကျပေါ့။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့်
ဒုဗိုလ်မှူးကြီးဇော်ဇော်သို့။
• စစ်သားဆိုတာ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တယ်။
ကိုယ်ကျွမ်းကျင်တာနဲ့
တိုင်းပြည်ကိုစောင့်ရှောက်ရတယ်။
• ဥပဒေဝန်ထမ်းဆိုတာ ဥပဒေကိုကျွမ်းကျင်တယ်။
ကိုယ်ကျွမ်းကျင်တာနဲ့
တိုင်းပြည်ကိုစောင့်ရှောက်ကြတယ်။
အဲ့ဒီ့စစ်သားက
အဲ့ဒီ့ဥပဒေဝန်ထမ်းကို တရားရုံးမှာ
စွဲချက်တင် တရားစွဲတယ်ဆိုတာ
တိုင်းပြည်အတွက်
သိပ်ရုပ်ပျက်ဆင်းပျက်နိုင်ပါတယ်။
ဆရာတို့ကတရားလည်းပြန်စွဲရော
တပ်ကထွက်ပြီး
ဘယ်ရောက်မှန်းမသိပြန်ဘူး။
ကိုယ့်သိက္ခါ ကိုယ်ချ
ကိုယ့်အရှက်ကိုယ်ခွဲ။
သူရဦးအောင်ကိုပြောတယ်။
‘နိုင်ငံတော်အစိုးရအောက်မှာပြည်ထဲရေးဝန်ကြီးဌာနမရှိဘူး’ လို့၊
မှားနေလို့လား၊
၂၀၀၈ ခြေ/ဥမှာ အဲ့လိုပဲ အဓိပ္ပါယ်သက်ရောက်အောင်ရေးထားတာပဲ။
ဖြစ်သင့်သောအခြေအနေ
“စစ်သားသည် စစ်တိုက်ကျွမ်းကျင်သည်၊ထို့ကြောင့် စစ်တိုက်ခြင်းဖြင့်တိုင်းပြည်ကို ကာကွယ်မည်၊
စစ်တိုက်ခြင်းဖြင့်
တိုင်းပြည်ကိုချစ်ကြောင်းပြမည်။
ကျန်သည့် နိုင်ငံရေးကျွမ်းကျင်သူများ
အသိပညာရှင်၊ အတတ်ပညာရှင်များ၊
လူငယ်များ တိုင်းပြည်တိုးတက်အောင်
သစ္စာရှိရှိလုပ်ကြပါ။
ကျုပ်တို့ တိုင်းပြည်ကိုတစ်ကယ်ချစ်တာမို့
ကျုပ်တို့ စစ်တန်းလျား ကျုပ်တို့ပြန်မည်” ဟုလို့သာ
တပ်ချုပ်က ကြေညာခဲ့လျှင်
တစ်တိုင်းပြည်လုံး
ပျော်လိုက်မယ့်ဖြစ်ခြင်း။
(ဒါပေမယ့် မဖြစ်ခဲ့ဘူး။
အဲ့ဒီ့အတွက်ဆိုးရွားတဲ့ကံကြမ္မာဟာ
မင်းတို့ဘက်ရော
ငါတို့ပြည်သူဘက်ရောလာမှာပဲ)။
မှတ်ချက်
ကျတော်သည်
ယခု Post အား မျက်ရည်ဖြင့်ရေးပါသည်။
ကျတော့် ဦးချို ကိုလွမ်းလို့ငိုသည်ထက်
‘ယခုတပ်မတော်သည်
ယခင်တပ်မတော်ကဲ့သို့
ပြည်သူကို
မစောင့်ရှောက်၍
ဝမ်းနည်းတာကပိုပါသည်’။
ပြည်သူက
ခင်ဗျားတို့စောင့်ရှောက်တာ
လိုချင်နေတာ
လိုအပ်နေတာပါ။
ကျတော်တောင်
ယခုကဲ့သို့ ငိုမိပါက
တပ်ရင်း ၁၀၆ ရဲဘော်များ၏
‘ဝိညဉ်မျက်ရည်များ’က
ပို၍ထိခိုက်ခံစားနေကြပါလိမ့်မည်။
စာကြွင်း
လောကကြီးက သိပ်ကျဉ်းသည်။
နောက်ကစစ်ကူ လိုက်သွားသော တပ်မှ
တပ်ဖွဲ့ခေါင်းဆောင် ‘ဗိုလ်မှူးကိုလေး’ သည်
ကျတော်နှင့်
သာယာဝတီ၊အင်းစိန်ထောင်၂ထောင်တွင်
တစ်ခန်းထဲနေခဲ့ရသည့်ထူးဆန်းသည့်
အဖြစ်အပျက်ကိုလည်းကျတော်ကြုံတွေ့ခဲ့ရပါသည်။
သူကလည်းစစ်တပ်လုပ်ရပ်အမှားများကို
ဝေဖန်ထောက်ပြသောကြောင့်ရောက်လာသူပါ။
(ဗိုလ်မှူးကိုလေး ယခု လူ့လောကတွင်ရှိတုန်းလား
မရှိတော့ဘူးလား ကျတော် မသိတော့ပါ။
မေးသောသူတိုင်း မရှိတော့၍
မမေးရဲတော့ပါ၊
ကျတော့်အား ၄နှစ်ပညာမျိုးစုံသင်ပေးခဲ့သူပါ၊ထောင်တွင်ပြသနာဖြစ်လျှင်ထောင်ဆူခဲ့လျှင်
ဘယ်ကိုသွားဘယ်တိုက်မှာ ဘယ်သူရှိတယ်ဘယ်သူ့ကိုကယ်ရမယ်အသေးစိတ် စီမံထားခဲ့သူပါ၊
ဦးချို ကျဆုံးခဲ့ပေမယ့်ဦးချိုကိုကယ်ဖို့ရောက်လာသူဗိုလ်မှူးကိုလေးသက်ရှိထင်ရှား ရှိနေပါစေ)။
ညီညီလွင်(ဓာတုဗေဒ)
(ကျတော်ချစ်သော ဦးချို ဓါတ်ပုံလေးကျတော့်ညီလေးထံမှခွင့်တောင်း၍Friends များအားပြချင်သောကြောင့်
Photo Edit လုပ်ရာ ကျတော့် SystemSomething Wrong နေပါသောကြောင့်Post အသစ်ပြန်တင်လိုက်ရပါကြောင်း)
ကူးယူဖော်ပြခွင့်ရရှိသည်။
Photos Credit
No Comments