ဝက္ၿခံ နဲ႔ မ်က္ႏွာျပင္ အမာ႐ြတ္မ်ား””

ဝက္ၿခံ နဲ႔ မ်က္ႏွာျပင္ အမာ႐ြတ္မ်ား''''
Health

ဝက္ၿခံ နဲ႔ မ်က္ႏွာျပင္ အမာ႐ြတ္မ်ား””

သင့္ မ်က္ႏွာျပင္မွာ ဘယ္လို အေၾကာင္းေၾကာင့္ပင္ ျဖစ္ေစ ဝက္ၿခံမ်ား ထြက္လာတဲ့ အခါ သင္ဟာ မညႇစ္ရ မေနႏိုင္ေအာင္ကို ျဖစ္ေနေလ့ ရွိတယ္ မဟုတ္လား။ ဘယ္သို႔ပင္ ထိန္းခ်ဳပ္ထိန္းခ်ဳပ္ ဆိပ္ဆြဲ ညႇစ္ထုတ္ရမွကို ေနသာ ထိုင္သာ ရွိေလ့ ရွိၾကတာေၾကာင့္ မ်က္ႏွာျပင္အေရျပား ႏုႏုေပၚမွာ အမဲကြက္ နဲ႔ အမာ႐ြတ္မ်ား ထင္က်န္ေနေတာ့တာကို စိတ္ပ်က္ဖြယ္ရာေတြ႕ရွိရ ပါေတာ့တယ္။

အမွန္ကေတာ့ ဝက္ၿခံထြက္လာရင္ မညႇစ္မိေအာင္ သတိထားဖို႔ လိုပါတယ္။ အကယ္၍မ်ား မ်က္ႏွာျပင္ေပၚက ဝက္ၿခံတို႔ကို ညႇစ္မိဆိပ္ဆြမိလို႔ အမာ႐ြတ္ေတြ ျဖစ္ေနလို႔ စိတ္သိပ္မညစ္ပါနဲ႔ ။ သင့္ မ်က္ႏွာျပင္ေပၚမွာ ၾကည့္ရဆိုးေနတဲ့ အမာ႐ြတ္မ်ား သက္သာေပ်ာက္ကင္းေစဘို႔ အိမ္တြင္း နည္းလမ္းေကာင္း အခ်ိဳ႕ ေဖာ္ျပ ေပးပါ့မယ္။ အခု ေဖာ္ျပေပးမဲ့ အိမ္တြင္းနည္းလမ္းေကာင္းေလး ေတြဟာ သင္ရဲ႕ အနီးအနား လက္တစ္ကမ္းမွာပင္ ရွိေနတဲ့ အေႀဃံပစၥည္းမ်ားသာ ျဖစ္တာမို႔ သင့္ အတြက္ မခက္ခဲ ေစပါ။

လိုအပ္တဲ့ ပါဝင္ ပစၥည္းအခ်ိဳ႕”””

သင့္ မ်က္ႏွာျပင္က အမာ႐ြတ္ေတြ သက္သာေပ်ာက္ကင္းဖို႔ ျပဳလုပ္ရန္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့….

မုန႔္ဖုတ္ေဆာ္ဒါ လက္ဘက္ရည္းဇြန္း ႏွစ္ဇြန္း စာသံပ႐ိုသီး အရည္ လက္ဘက္ရည္ဇြန္း ႏွစ္ဇြန္း စာသံလြင္ဆီ အနည္းငယ္တို႔ပဲ ျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ားကို ေပါင္းစပ္နည္း”’

မုန႔္ဖုတ္ေဆာ္ဒါ လက္ဘက္ရည္ဇြန္း ႏွစ္ဇြန္းစာကို ပန္းဂံလုံး သန႔္သန႔္တစ္ခုတြင္ ထည့္ပါ။ ထိုအထဲသို႔ သံပ႐ိုရည္ လက္ဘက္ရည္ဇြန္း ႏွစ္ဇြန္းအား ေပါင္းထည့္ပါ။ သံလြင္ဆီကို မထည့္ရပါ။ ထိုပစၥည္း ႏွစ္မ်ိဳးကို ေရာသမ သြားေစရန္ နာနာေခါက္ ေမႊေပးပါ။

အသုံးျပဳပုံ”””

အခုနက ေရာေမႊထားတဲ့ အေရာအစပ္ ပစၥည္းကို ဝက္ၿခံေၾကာင့္ ျဖစ္ေပၚလာရတဲ့ အမာ႐ြတ္မ်ား ေပၚမွာ လိမ္းေပးရမွာ ျဖစ္ပါတယ္ ပထမဦးစြာ မ်က္ႏွာျပင္ကို ေဆးေက်ာသန႔္စင္ၿပီးမ်က္ႏွာသုတ္ပုဝါႏုႏုျဖင့္ ေျခာက္ေသြ႕ေအာင္ သုတ္ပါ။ ၿပီးရင္ အခုနက ေရာေဖ်ာ္ထားတဲ့အႏွစ္မ်ားကို မ်က္ႏွာျပင္ေပၚရွိ ဝက္ၿခံေၾကာင့္ ျဖစ္ေနတဲ့ အမာ႐ြတ္ေတြေပၚမွာ သုတ္လိမ္းေပးပါ။ မိနစ္ အနည္းငယ္ ၾကာေအာင္ ေျခာက္ေသြ႕သည္ အထိထားပါ။ ၿပီးလွ်င္ မ်က္ႏွာကို ေရေအးႏွင့္ သန႔္စင္ေပးပါ။ မ်က္ႏွာသုတ္ပုဝါႏုႏုျဖင့္ ေရမ်ားကို ေျခာက္ေသြ႕ေအာင္ ျပန္သုတ္ပါ။

အခုနက ရွိေနတဲ့ သံလြင္ဆီကို အနည္းငယ္ အပူေပးပါ။ ပူေႏြးလာတဲ့ သံလြင္ဆီ ေႏြးေႏြးကိုမ်က္ႏွာျပင္ေပၚမွာ အႏွံသုတ္လိမ္းၿပီး စက္ဝိုင္းပုံသ႑ာန္ လွည့္၍ ခပ္ဖြဖြ ႏွိပ္ေပးပါ။ သုတ္လိမ္းထါးသည့္ သံလြင္ဆီကို တစ္နာရီခန႔္ ၾကာေအာင္ထားပါ။ ၿပီးေနာက္ ေရၾကက္သီးေႏြး ကေလးျဖင့္ ေဆးေၾကာလိုက္ပါ။ တစ္ပတ္ကို ႏွစ္ႀကိမ္ခန႔္ ဝီရိယစိုက္ကာ ျပဳလုပ္ေပးပါက သင့္မ်က္ႏွာျပင္ေပၚက ဝက္ၿခံေၾကာင့္ အၾကည့္ရဆိုးလွတဲ့ အမာ႐ြတ္ေတြ သိသိသာသာသက္သာပါးလ် လာတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

လွ ပ ႏု ညံ တဲ့ မ်က္ ႏွာ ျပင္ မွာ အ မာ ႐ြတ္ ကင္း စင္ ဖို႔ ဝီ ရိ ယ စိုက္ ၾက ပါ စို႔။

စႏၵီျမင့္မိုရ္#

Unicode

ဝက်ခြံ နဲ့ မျက်နှာပြင် အမာရွတ်များ””

သင့် မျက်နှာပြင်မှာ ဘယ်လို အကြောင်းကြောင့်ပင် ဖြစ်စေ ဝက်ခြံများ ထွက်လာတဲ့ အခါ သင်ဟာ မညှစ်ရ မနေနိုင်အောင်ကို ဖြစ်နေလေ့ ရှိတယ် မဟုတ်လား။ ဘယ်သို့ပင် ထိန်းချုပ်ထိန်းချုပ် ဆိပ်ဆွဲ ညှစ်ထုတ်ရမှကို နေသာ ထိုင်သာ ရှိလေ့ ရှိကြတာကြောင့် မျက်နှာပြင်အရေပြား နုနုပေါ်မှာ အမဲကွက် နဲ့ အမာရွတ်များ ထင်ကျန်နေတော့တာကို စိတ်ပျက်ဖွယ်ရာတွေ့ရှိရ ပါတော့တယ်။

အမှန်ကတော့ ဝက်ခြံထွက်လာရင် မညှစ်မိအောင် သတိထားဖို့ လိုပါတယ်။ အကယ်၍များ မျက်နှာပြင်ပေါ်က ဝက်ခြံတို့ကို ညှစ်မိဆိပ်ဆွမိလို့ အမာရွတ်တွေ ဖြစ်နေလို့ စိတ်သိပ်မညစ်ပါနဲ့ ။ သင့် မျက်နှာပြင်ပေါ်မှာ ကြည့်ရဆိုးနေတဲ့ အမာရွတ်များ သက်သာပျောက်ကင်းစေဘို့ အိမ်တွင်း နည်းလမ်းကောင်း အချို့ ဖော်ပြ ပေးပါ့မယ်။ အခု ဖော်ပြပေးမဲ့ အိမ်တွင်းနည်းလမ်းကောင်းလေး တွေဟာ သင်ရဲ့ အနီးအနား လက်တစ်ကမ်းမှာပင် ရှိနေတဲ့ အဃြေံပစ္စည်းများသာ ဖြစ်တာမို့ သင့် အတွက် မခက်ခဲ စေပါ။

လိုအပ်တဲ့ ပါဝင် ပစ္စည်းအချို့”””

သင့် မျက်နှာပြင်က အမာရွတ်တွေ သက်သာပျောက်ကင်းဖို့ ပြုလုပ်ရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့….

မုန့်ဖုတ်ဆော်ဒါ လက်ဘက်ရည်းဇွန်း နှစ်ဇွန်း စာသံပရိုသီး အရည် လက်ဘက်ရည်ဇွန်း နှစ်ဇွန်း စာသံလွင်ဆီ အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများကို ပေါင်းစပ်နည်း”’

မုန့်ဖုတ်ဆော်ဒါ လက်ဘက်ရည်ဇွန်း နှစ်ဇွန်းစာကို ပန်းဂံလုံး သန့်သန့်တစ်ခုတွင် ထည့်ပါ။ ထိုအထဲသို့ သံပရိုရည် လက်ဘက်ရည်ဇွန်း နှစ်ဇွန်းအား ပေါင်းထည့်ပါ။ သံလွင်ဆီကို မထည့်ရပါ။ ထိုပစ္စည်း နှစ်မျိုးကို ရောသမ သွားစေရန် နာနာခေါက် မွှေပေးပါ။

အသုံးပြုပုံ”””

အခုနက ရောမွှေထားတဲ့ အရောအစပ် ပစ္စည်းကို ဝက်ခြံကြောင့် ဖြစ်ပေါ်လာရတဲ့ အမာရွတ်များ ပေါ်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ် ပထမဦးစွာ မျက်နှာပြင်ကို ဆေးကျောသန့်စင်ပြီးမျက်နှာသုတ်ပုဝါနုနုဖြင့် ခြောက်သွေ့အောင် သုတ်ပါ။ ပြီးရင် အခုနက ရောဖျော်ထားတဲ့အနှစ်များကို မျက်နှာပြင်ပေါ်ရှိ ဝက်ခြံကြောင့် ဖြစ်နေတဲ့ အမာရွတ်တွေပေါ်မှာ သုတ်လိမ်းပေးပါ။ မိနစ် အနည်းငယ် ကြာအောင် ခြောက်သွေ့သည် အထိထားပါ။ ပြီးလျှင် မျက်နှာကို ရေအေးနှင့် သန့်စင်ပေးပါ။ မျက်နှာသုတ်ပုဝါနုနုဖြင့် ရေများကို ခြောက်သွေ့အောင် ပြန်သုတ်ပါ။

အခုနက ရှိနေတဲ့ သံလွင်ဆီကို အနည်းငယ် အပူပေးပါ။ ပူနွေးလာတဲ့ သံလွင်ဆီ နွေးနွေးကိုမျက်နှာပြင်ပေါ်မှာ အနှံသုတ်လိမ်းပြီး စက်ဝိုင်းပုံသဏ္ဍာန် လှည့်၍ ခပ်ဖွဖွ နှိပ်ပေးပါ။ သုတ်လိမ်းထါးသည့် သံလွင်ဆီကို တစ်နာရီခန့် ကြာအောင်ထားပါ။ ပြီးနောက် ရေကြက်သီးနွေး ကလေးဖြင့် ဆေးကြောလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ဝီရိယစိုက်ကာ ပြုလုပ်ပေးပါက သင့်မျက်နှာပြင်ပေါ်က ဝက်ခြံကြောင့် အကြည့်ရဆိုးလှတဲ့ အမာရွတ်တွေ သိသိသာသာသက်သာပါးလျ လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လှ ပ နု ညံ တဲ့ မျက် နှာ ပြင် မှာ အ မာ ရွတ် ကင်း စင် ဖို့ ဝီ ရိ ယ စိုက် ကြ ပါ စို့။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …