လှပထူထဲတဲ့မျက်ခုံးတွေဖြစ်ဖို့ … …. …
- By : Kaung Khant
- Category : beauty-tip
unicode
လှပထူထဲတဲ့မျက်ခုံးတွေဖြစ်ဖို့ … …. … ။ ။
မျက်ခုံးမွှေးဆိုတာက သင့်မျက်နှာပြင်အလှအပ အတွက် အရေးပါတဲ့ပံ့ပိုးမှုကို ပေးတယ်ဆိုတာ သိဖို့လိုပါတယ် ။ နောက်ထပ် မျက်ခုံးမွှေး ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာကတော့ ချွေး ၊ မိုးရေ နဲ့ တခြား အစိုဓာတ်ထိန်းခရင်မ် အရည်တွေကို မျက်စိထဲ ဝင်ရောက်မလာအောင် ကာကွယ်ပေးတာပဲဖြစ်ပါတယ် ။
မျက်ခုံးမွှေးရှည်လာဖို့ ကိုတော့ အချိန်ယူစိတ်ရှည်သည်းခံရမှာ ဖြစ်တယ် ။ ဒါကြောင့်မျက်ခုံးမွှေးထူထဲလှပ စေဖို့နည်းလမ်းတချို့ကိုပြောပြပေးချင်ပါတယ် ။
၁ … ။ ။ မျက်ခုံးမွှေးသန်စွမ်းဖို့အတွက် လိုအပ်တဲ့ ဓာတ်တွေကတော့ ဆံပင်သန်စွမ်းဖို့ လိုအပ်တဲ့ ဓာတ်တွေ နဲ့ အတူတူပါပဲ ။ ဗီတာမင် A ၊ B ၊ C ၊ B 3 နဲ့ E တွေဟာ မျက်ခုံးမွှေးသန်စွမ်းဖို့ လှုံဆော်ပေးနိုင်တဲ့ မရှိမဖြစ် ဗီတာမင်ဓာတ်တွေပဲ ဖြစ်ပါတယ် ။
၂ … ။ ။ မျက်ခုံးမွှေးကို ဘရပ်ရ်ှနဲ့ဖီးတဲ့အခါ မျက်ခုံးမွှေးပေါက်ရာ ဦးတည်ချက်အတိုင်း ဖြီးသင့်ပါတယ် ။ မျက်ခုံးမွှေးကို မျက်နှာဘေးဘက်သို့ အထက် အောက် အတိုင်း ဖြီးပေးပါ ။ အဲ့သည့်နည်းက သင့်မျက်ခုံးမွှေးကို ရှည်စေပါတယ် ။
၃ … ။ ။ မျက်ခုံးမွှေး သန်စွမ်းကျန်းမာစေဖို့ သင့်မျက်ခုံးမွှေးကို အမြဲ အစိုဓာတ်ရှိအောင် ထားသင့်ပါတယ် ။ မျက်ခုံးမွှေးက ခြောက်သွေ့နေရင် ကျွတ်လွယ် စေတာမို့ပါ ။
၄ … ။ ။ ဗီတာမင် အစိုဓာတ်ထိန်း အာနိသင် နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်တဲ့ မျက်ခုံးမွှေးလိမ်း ပစ္စည်းတွေဟာ မျက်ခုံးမွှေးကို သန်စွမ်းစေပါတယ် ။
၅ … ။ ။ မျက်ခုံးမွှေးကို သန်စွမ်းစေတဲ့ အရေးကြီးသတ္ထုဓာတ် ဆာလဖာဓာတ် ပါတဲ့ဖြည့်စွက် ဆေးကို သုံးနိုင်ပါတယ် ။ အသား နဲ့ ပဲတွေကို စားတဲ့နည်းနဲ့ ဆာလဖာဓာတ် ရရှိနိုင်တဲ့အပြင် မျက်ခုံးမွှေးကိုလည်း သန်စွမ်းစေပါတယ် ။
၆ … ။ ။ သံလွင်ဆီ ၊ ကြက်ဆူဆီ နဲ့ ဗက်ဆလင်းဆီတွေကို သုံးပြီးအရေပြားကို လိမ်းပေးနိုင်သလို မျက်ခုံးကိုပါ လိမ်းပေးပါ ။ အကောင်းဆုံး ကတော့ ညအိပ်ယာဝင်ခါနီး လိမ်းပေးပါ ။
၇ … ။ ။ နွားနို့ကို ဂွမ်းစလေးနှစ်ပြီး မျက်ခုံးပေါ်ကို သုတ်လိမ်းပေးပါ ။ နွားနို့မှာ ပရိုတင်းဓာတ် ပါဝင်ပြီး မျက်ခုံးမွှေးအရင်းကို အားဖြည့်ပေးတာမို့ သန်စွမ်းလာဖို့ စိတ်ချရပါတယ် ။
၈ … ။ ။ လတ်ဆတ်တဲ့ သစ်သီးဝလံများ ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို များများစားပါ ။ အရည်များများ သောက်ပေးပါ ။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ များများစားခြင်းကလည်း မျက်ခုံးမွှေးကို ထူထဲသန်စွမ်းစေပါတယ် ။
ကဲ ….. … စွဲဆောင်မှုရှိတဲ့ မျက်ခုံးလှလှလေးရအောင် လက်တွေ့လုပ်ဆောင် ကြည့်ကြပါစို့ ။
စန္ဒီမြင့်မိုရ်
zawgyi
စန္ဒီမြင့်မိုရ်
No Comments