လွန်ခဲ့တဲ့ နှစ်၁၀၀၀ကျော်က ပိုးသတ်ဆေးတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

Health

လွန်ခဲ့တဲ့ နှစ်၁၀၀၀ကျော်က ပိုးသတ်ဆေးတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

ဒီကနေ့ ထုတ်ဝေတဲ့ သုတေသန ဂျာနယ်တစ်ခုမှာ သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ နှစ် ၁၀၀၀ကျော်က ဆေးကျမ်းတစ်ခုမှာ ရေးသားထားတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ဝိုင်နဲ့ သည်းချေရည်တို့ ရောစပ်ပြီး လုပ်တဲ့ ဆေးက ဆီးချိုရောဂါကြောင့် ခြေထောက်မှာဖြစ်တဲ့ အနာတွေကို ရောဂါပိုး ကူးစက်ခြင်း မရှိအောင် အကာအကွယ် ပေးတယ်ဆိုတာကို ထောက်ခံခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်၁၀၀၀ကျော်က ပိုးသတ်ဆေးတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ1

ဂတုံးမျက်ဆံ လို့ နာမည်ပေးထားတဲ့ အဲ့ဒိဆေးက ရောဂါပိုးကူးစက်ခြင်း ပြဿနာတက်နေတဲ့ ဒီကနေ့ခေတ် လူ့အဖွဲ့အစည်းအတွက် အကျိုးများစေနိုင်တဲ့ ကုထုံး တစ်ရပ်လို့ သူတို့က ဆိုပါတယ်။ အဲ့ဒိဆေးက ဘတ်တီးရီးယားတွေနဲ့ ကူးစက်ရောဂါတွေကို နှိမ်နင်းနိုင်တယ်လို့လည်း ဆိုပါတယ်။

အင်္ဂလန်မှာဆိုရင် အနာတွေကို ပိုးကူးလို့ ကုသစရိတ်က တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၁၃၀၀ ကျော်တယ်လို့ ဆိုတယ်။

၂၀၁၅ ခုနှစ်က ဆေးသိပ္ပံပညာကို တိုးတက်စေဖို့ အလယ်ခေတ်လောက်က ရှေးဟောင်းဆေးကျမ်းတွေထဲက ဆေးနည်း တွေကို ရှာဖွေဖော်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲ့ဒိဆေးနည်းတွေထဲက အကောင်းဆုံး ပိုးသတ်ဆေးတွေရဲ့ အစွမ်းကို သိပ္ပံနည်းကျ လေ့လာမှုတွေ လုပ်နေပါတယ်။

အဲဒိဆေးတွေ အလုပ်လုပ်ပုံနဲ့ လက်တွေ့ ဘယ်လို အသုံးချရမယ်ဆိုတာကို ဆက်လက်လေ့လာနေကြပါတယ်။ သုတေသနတစ်ရပ်ကနေ ထွက်ပေါ်လာတဲ့ ဆေးနည်းကတော့ ဂတုံးမျက်ဆံပါပဲ။

“ဆေးရုံ ဆေးခန်းသုံး ဆေးတစ်လက် ပေါ်ထွက်လာဖို့အတွက် ရှေးဟောင်းဆေးကျမ်းထဲက ကုထုံးတွေ ဆေးတွေကို သိပ္ပံနည်းကျ စမ်းသက်ရတာ အလွန်ခက်ခဲပါတယ်။ အမှန်တကယ် အသုံး ချလို့ ရ မရက မသေချာဘဲနဲ့ လိုက်စမ်းနေရတာပါ။

အခုတွေ့တဲ့ ဂတုံးမျက်ဆံ ဆေးကတော့ ဆီးချိုကြောင့် ခြေထောက်တွေမှာ အနာဖြစ်ရင် ပိုးမတွယ်အောင်လို့ အကာအကွယ် ပေးထားတဲ့ ဇီဝဖလင်တစ်မျိုးပါပဲ။ ဆီးချိုကြောင့် အနာတွေ ဖြစ်ရင် တိုင်းပြည်အတွက် ကျန်းမာရေးအရရော စီပွားရေး အရပါ ဝန်ထုတ်ဝန်ပိုး ဖြစ်သွားပါတယ်။

လွန်ခဲ့တဲ့ နှစ်၁၀၀၀ကျော်က ပိုးသတ်ဆေးတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ2

အဲ့ဒိအနာတွေကို လက်ရှိသုံးနေတဲ့ ပိုးသတ်ဆေးတွေနဲ့ ကုမယ်ဆိုရင် စွန့်စားမှု အများကြီးယူရပါတယ်။ နောက်ပြီး ဆီးချိုအနာပိုးတွေက ပိုးသတ်ဆေး တော်တော်များများကို ခံနိုင်ရည်ရှိ နေတယ်။

အဆုံးမှာတော့ ခြေထောက် ဖြတ်ပစ်လိုက်ရတော့တာပါပဲ။ ဂတုံးမျက်ဆံ ဆေးကတော့ လက်ရှိ စမ်းသက်ချက်တွေအရတော့ တော်တော် ထိရောက်တဲ့ ဆေးဖြစ်တယ်”လို့ ယူကေ ဝါးဝစ် တက္ကသိုလ်က သက်ရှိသိပ္ပံဆိုင်ရာ အဏုဇီ၀ ပညာရှင်ဖရီယားဟယ်ရီဆင်က ရှင်းပြပါတယ်။

မောင်ယဿ
REF: CNN, Photo; daily mail

Zawgyi



လွန်ခဲ့တဲ့ နှစ်၁၀၀၀ကျော်က ပိုးသတ်ဆေးတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ3









မောင်ယဿ

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …