International-news
မောင်ယဿ
Unicode
လူ့အသက်ကို ကယ်လိုက်တဲ့ ကြောင်ကလေးကို ဂျပန် ရဲတွေ ဂုဏ်ပြု
ဂျပန်နိုင်ငံ တိုယာမာမြို့လယ်မှာနေတဲ့ ကြောင်လေးတစ်ကောင်က ရေမြောင်းထဲကို ပြုတ်ကျသွားတဲ့သူ တစ်ဦးကို ကယ်ဆယ် နိုင်ခဲ့လို့ ဂျပန်ရဲတွေက ၎င်းကို ဂုဏ်ပြုဆု ချီးမြှင့် ခဲ့ပါတယ် ။ ဇွန်လ ၁၆ရက်နေ့က အသက် ၇၇ နှစ်အရွယ် အဘွားအို တစ်ဦးက ညဖက် ၇နာရီခွဲ လောက်မှာ လမ်းလျှောက် ထွက်လာရင်းက လမ်းဘေး ရေမြောင်းထဲကို ခြေချော်ပြီး လဲကျသွားပါတယ် ။
အဲ့ဒါကို တွေ့ လိုက်တဲ့ ကြောင်မလေး ကိုကိုက သူမရဲ့ အိမ်ရှင်ကို တညောင်ညောင် နဲ့ အော်ခေါ်ပါတယ် ။ အိမ်ရှင် အမျိုးသမီးက သူမရဲ့ကြောင်ရဲ့ ထူးထူးဆန်းဆန်း အပြုအမှုကြောင့် စပ်စုလိုစိတ်နဲ့ အိမ်အပြင်ကို ထွက်ကြည့်ပါတယ် ။ ဒါပေမဲ့ အဘွားအို လဲနေတဲ့နေရာက နည်းနည်း မှောင်ရိပ်ကျနေတာရယ် အဘွားအိုရဲ့ အပေါ်ရုံ အကျီၤကြောင့်ရယ် သူမက မမြင် ဘူးဖြစ်နေပါတယ် ။ ကြောင်မလေး ကိုကို က ခုန်စွခုန်စွ လုပ်ပြီး အဘွားအိုရှိရာ ရေမြောင်းဆီသို့ ပြေးသွားကာ တညောင်ညော် အော်တော့မှပဲ အိမ်ရှင်က ရေမြောင်းထဲမှာ လူတစ်ယောက် မှောက်ခုံကြီး လဲနေတာကို မြင်တော့တာပါပဲ ။
ရေမြောင်းက ၂ပေလောက် ကျယ်ပြီး တစ်ပေခွဲလောက် နက်ပါတယ် ။ ရေမြောင်းထဲမှာ ရေက ၆လက်မလောက် ရှိပါတယ် ။ အဘွားအိုက မြောင်းထဲကို မှောက်ခုံ လဲကျသွားပြီး ကတည်းက ပြန်မထနိုင်တော့ပါဘူး ။ ကံကောင်း ချင်တာက သူမရဲ့ခန္တာကိုယ်နဲ့ တစ်ပြီး မျက်နှာက ရေအောက်မရောက် ဘဲ မြောင်းရေမျက်နှာပြင်နဲ့ ကွက်တိ ဖြစ်နေတာပါပဲ ။ ကြောင်ပိုင်ရှင် အမျိုးသမီးက သူမရဲ့ သား ၂ ယောက်ကို အော်ခေါ်ပြီး အဘွားအိုရဲ့ သမီးကိုလည်း လှမ်းခေါ်ကာ အဘွားအိုကို မထူ လိုက်ကြပါတယ် ။
အဲ့ဒိ နောက်တော့ အဘွားအိုရဲ့ သမီးက ရဲနဲ့ အရေးပေါ်ကို ခေါ်ကာ အဘွားအိုကို ဆေးရုံ ပို့လိုက်ကြပါတယ် ။ မြို့မ ရဲစခန်းက အဘွားကို ကယ်လိုက်နိုင်တဲ့ အတွက် သူတို့၅ယောက်ကို ဂုဏ်ပြုလက်မှတ် ဆုချီးမြှင့်ခဲ့ပါတယ် ။ ကြောင်မလေးကိုကို ကိုတော့ အထူးဆုအနေနဲ့ ကြောင်စာအထုတ်ကြီး တစ်ထုတ်ကို ဆုအဖြစ် ချီးမြှင့်လိုက်ပါတယ် ။ ပိုင်ရှင်ဖြစ်သူက ကြောင်မလေး ကိုကို ကို လက်မောင်းထဲမှာ ပွေ့ပိုက်ရင်း သတင်းထောက်တွေရဲ့ ဓာတ်ပုံ အရိုက်ခံရင်း သူမရဲ့ လုပ်ရပ်အတွက် ဝမ်းသာ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ် ။
မောင်ယဿ
REF: Bangkok post / Photo; kyodo
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …