International-news
မောင်ယဿ REF: UPI
Unicode
လူအုပ်ထဲကို အရပ်ဝတ်နဲ့ ဝင်လာတဲ့ ရဲတွေကို ဟောင်ကောင်ဆန္ဒပြသမားတွေ ဝိုင်းရိုက်နှက်
မနေ့ (တနင်္ဂနွေနေ့)က ဆန္ဒပြလူအုပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်မှု တစ်ခုဖြစ်ခဲ့တယ်လို့ ဟောင်ကောင်ရဲတွေက ဆိုပါတယ်။ ဟောင်ကောင်မြို့လယ်ခေါင်မှာ ထောင်ပေါင်းများစွာသော ဆန္ဒပြသမားတွေက အစိုးရကို ဆန္ဒပြဖို့ ရောက်ရှိနေတုန်း ရဲတွေက တရားမဝင် စုဝေးခွင့်မရှိဟု သတိပေးပြီး လူစုကို ခွဲစေပါတယ်။
ဒါပေမဲ့ လူအုပ်စုကြီးက လူစုခွဲသလိုလိုနဲ့ စီတန်းလှည့်လည် ဆန္ဒပြဖို့ စုဝေး ထွက်ခွာ နေပါတယ်။ အဲ့ဒါနဲ့ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ကာ လူစုကို ရှဲးသွားအောင် လုပ်ပေမဲ့ လူအုပ်စုက ဘေးရှောင်ပြီး ဆက်လက် ချီတက်လို့ ဒုတ်တွေနဲ့ ဝင်ရိုက်ပါတော့ တယ်။
အဲ့လိုဝင်ရိုက်တဲ့ သူတွေထဲမှာ အရပ်ဝတ်တွေ ပါလာလို့ လူအုပ်က အရပ်ဝတ်ရဲတွေကို လူအုပ်နဲ့ ကာပြီး ဝိုင်းရိုက် ကြပါတယ်။ ရဲနဲ့ လူအုပ် ကြားမှာ မထင်မှတ်တဲ့ တိုက်ခိုက်မှုတစ်ခ ုဖြစ်ပွားခဲ့ပါတယ်။ ရဲတွေက အတင်းဝင်လုံးတဲ့အတွက် လူအုပ်က ရှောင်ပေး လိုက်ပါတယ်။
ဆန္ဒပြ သမား၈ယောက်ကို ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။ အဲ့ဒိဖမ်းဆီးခံရတဲ့ လူတွေထဲက လျှူ ဝင်းဟောင် ဆိုသူက သူ့ကို သက်သေခံ တစ်ခုမှမပါတဲ့ လူတွေက လာပြီး ရိုတ်နှက်ပါတယ်။ အဲ့ဒိကိစ္စအတွက် ရဲဌာနက တာဝန်ယူ ပေးရမယ်လို့ ဆိုတယ်။ သူက ဟောင်ကောင် အရပ်သား စုစည်းမှုအသင်း မှ ပြောခွင့်ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ “ဒီနေ့ ဖြစ်ရပ်ကို ရဲတွေက လုံး၀ တာယူရလိမ့်မယ်။ ဘာသက်သေခံ အထောက် အထားမှ မပါတဲ့ လူတွေက ကျနော်ကိုဖမ်းဆီးတယ်။ ရိုက်နှက်တယ်၊ ကျနော်က ခင်ဗျားမှာ ဘာဝရမ်းပါလို့ ကျနော်ကို ဖမ်းတာလဲလို့ မေးတော့ အဲ့ဒိလူတွေက ငြင်းတယ်။
ဘာဝရမ်းမှမပါဘဲ အလွတ်ကြီးကျနော်တို့ ကို ဖမ်းတော့ လူအုပ်ကြီးက မကျေမနပ်ဖြစ်လာတာပေါ့။ လူထုကို ရဲတွေက တမင်ဆွသလိုဖြစ်နေတယ်။ လူအုပ်က လှုတ်လှုတ် ရှားရှားဖြစ်လေ သူတို့အတွက်အခွင့်အရေးပိုရလေ ဖြစ်တာပေါ့”လို့ဆိုတယ်။ ရဲတွေကတော့ သူတို့အနေနဲ့ အရပ်သားတွေကို အင်အားသုံးဖြိုခွင်းရတဲ့ အကြောင်းက သူတို့ရဲ့ အရပ်ဝတ် ရဲအရာရှိ ၂ ကို လူအုပ်ကြီးက ဝိုင်းရိုက်တယ်လို့ ဆိုပါတယ်။
အရပ်သားတွေကို နှိမ်နင်းရင် နောက်ထပ် အရာရှိ၄ယောက်လည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရဲတွေဖက်က ဆိုတယ်။ လပေါင်းများစွာကြာပြီ ဖြစ်တဲ့ ဟောင်ကောင် ဆန္ဒပြပွဲတွေက တဖြည်းဖြည်းနဲ့ အကြမ်းဖက်လှုတ်ရှားမှုဖြစ်လာအောင် အစိုးရဖက် အသွင်တစ်မျိုးပြောင်းပြီး လုပ်ဆောင်နေတယ်လို့ လျှူဝင်းဟောင်က ဆိုတယ်။
မောင်ယဿ REF: UPI
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ကိုဗစ်-၁၉ ကြောင့် ၃၄ နှစ် အရွယ် အမေရိကန် အဆိုတော် ကွယ်လွန်
International-news
ကိုဗစ်-၁၉ ကြောင့် ၃၄ နှစ် အရွယ် အမေရိကန် အဆိုတော် ကွယ်လွန်
ကိုဗစ်-၁၉ ကြောင့် ၃၄ နှစ် အရွယ် အမေရိကန် အဆိုတော် ကွယ်လွန် အမေရိကန် မြူးဇစ် ဝိုင်းတစ်ဝိုင်း ဖြစ်တဲ့ Dream Street ဝိုင်းရဲ့ အဆိုတော်ဟောင်း ဖြစ်သူ ခရစ္စထရူဒေး ဖြစ်သူက ကိုဗစ်-၁၉ ကူးစက် ရောဂါနဲ့ ဇွန်လ ၂ ရက် နေ့က ကွယ်လွန်ခဲ့ ပါတယ် ။ TMZ သတင်းဌာန အဆိုအရ ထရူးဒေး ဟာ ကယ်လီဖိုးနီးယား က ဘာဘန့် ဆေးရုံမှာ ကော်ရိုနာဗိုင်းရက် ရောဂါကြောင့် ဖြစ်တဲ့ ဆင့်ပွားရောဂါ တွေနဲ့ သေဆုံး ခဲ့ရတယ်လို့ ဆိုတယ် ။ ထရူးဒေးရဲ့ တွစ်တာ အကောင့်မှာ …
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ
International-news
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆိုက်ဘေးရီးယားမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ လောင်စာကန် ကနေ ဒီဇယ်ဆီ ခန့်မှန်းချေ တန်၂ သောင်းလောက် ယိုစိမ့်မှု ဖြစ်ခဲ့လို့ တိုင်းပြည်အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ခဲ့ပါတယ် ။ ဒီဇယ်ကွက်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အနီးအနားက မြစ်ချောင်းတွေထဲကို စီးဆင်း သွားခဲ့တယ် ။ လောင်စာဆီ ပေါက်ကျမှု က မော်စကိုမြို့မှ မိုင် ၁၈၀၀ ဝေးတဲ့ နော်အစ် မြို့စွန်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွား ခဲ့တာပါ ။ …
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …