လူသွားတွေနဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးမိ
လူသွားတွေနဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးမိ
International-news
လူသွားတွေနဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးမိ
မောင်ယဿ (သြဂုတ် ၈ )
မြောက်ကယ်ရိုလိုင်းနားက ငါးဖမ်းသမားတစ်ယောက်က လူသွားတွေ နဲ့ ပုံစံတော်တော်ကြီးကို တူတဲ့ ငါးတစ်ကောင်ကို ဖမ်းမိလို့ ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်လိုက်တာ အမေရိကားက အွန်လိုင်သုံးသူတွေရဲ့ ကြားမှာ ကူးစက်မြန်သတင်း တစ်ပုဒ်ဖြစ်သွားပါတယ်။
ဂျန်နက်တီ ပိုင်ယာ ဆိုတဲ့ အပျော်တမ်း ငါးဖမ်းသမားတစ်ယောက်က နက်ဟတ်ကမ်းခြေမှာ ပြီးခဲ့တဲ့ အပတ်က ငါးဖမ်းထွက်ခဲ့ပါတယ်။
သူ့ရဲ့ ငါးမျှားတံမှာ ငါးတစ်ကောင်မိလို့ ဆွဲတင်လိုက်တာ အဲ့ဒိငါးက ထူးထူးခြားခြားကိုပဲ သိုးခေါင်းနဲ့ လူသွားတွေပုံစံဖြစ်နေတာကိုတွေ့ လိုက်ရပါတယ်။ အဲ့ဒါနဲ့ ငါးကို ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင် လိုက်တာပါ။
Big Teeth Big Times ဆိုပြီး ပုံစာနဲ့ တွဲတင်လိုက်တဲ့အဲ့ဒိပုံကို ဆိုယ်ရှယ်မီဒီယာတွေမှာ မျှဝေမှုလုပ်တဲ့ အကြိမ်ရေ သောင်းနဲ့ ချီခဲ့ပါတယ်။
“ တကယ်ပါ၊ ကျနော်ငါးဖမ်းလာတဲ့သက်တမ်းတစ်လျှောက်မှာ ထူးထူးခြားခြား ငါးတွေ ဖမ်းမိတဲ့အခါတိုင်း ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ပါတယ်။
ဒါပေမဲ့ ဒီတစ်ခါလောက်တော့ အုတ်သြသောင်တင်း မဖြစ်ခဲ့ပါဘူး။ လူတွေ က လိုက်ပေးကြတယ်။ ရှယ်ကြတယ်။ ကွန်မန်ကတွေ ပေးကြတယ်။ ကျနော့်အကောင့်မှာ နိုတီတွေ ပလူပျံ သွားတာပဲ” လို့ ဂျန်နက်တီက ဆိုပါတယ်။
သိုးခေါင်းပုံစံငါးက လူသွားတဲ့တော်တော်တူတဲ့ သွားတွေ ရှိတတ်ပါတယ်။ အဲ့ဒိငါးက အစုံစား သတ္တဝါဖြစ်ပြီး မြောက်ကယ်ရိုလိုင်းနားက ကမ်းခြေ တစ်လျှောက်မှာ ကျက်စားပါတယ်။ အများစု က လူလိုသွားမျိုးရှိ တတ်တယ် ဆိုပေမဲ့ အခုဖမ်းမိတဲ့ငါးလိုမျိုး တော်တော်ကြီးကို တူတာကတော့ ရှားပါတယ်။
REF: UPI,Photo:Credit  UPI
Zawgyi
လူသွားတွေနဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးမိ
လူသွားတွေနဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးမိ
မောင်ယဿ (သြဂုတ် ၈ )
REF: UPI
Photo: UPI
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …