လူမျိုးရေး ဘာသာရေး ဆန့်ကျင်မှုဆိုင်ရာ ဥပဒေအတွက် ဆွီဒင်နိုင်ငံမှာ အကြမ်းဖက်မှုများ ဖြစ်ပေါ်

လူမျိုးရေး ဘာသာရေး ဆန့်ကျင်မှုဆိုင်ရာ ဥပဒေအတွက် ဆွီဒင်နိုင်ငံမှာ အကြမ်းဖက်မှုများ ဖြစ်ပေါ်
International-news

လူမျိုးရေး ဘာသာရေး ဆန့်ကျင်မှုဆိုင်ရာ ဥပဒေအတွက် ဆွီဒင်နိုင်ငံမှာ အကြမ်းဖက်မှုများ ဖြစ်ပေါ်

ကမ္ဘာ့ ကုန်သွယ်ရေးရုံး ဝေါ်စရိတ် စင်တာကို လေယာဉ်နဲ့ တိုက်ခဲ့တဲ့ ၉/ ၁၁ ကိစ္စ ပြီးနောက် အမေရိကားနဲ့ ဥရောပနိုင်ငံတွေမှာ မူဆလင်ကြောက်တဲ့ ပြဿနာ တက်လာခဲ့ပါတယ်။ တိုင်းပြည်အသီးသီးက လက်ယာ အစွန်းရောက် ဝါဒသမား (လူမျိုးရေး ဝါဒီ) တွေက မူဆလင်တွေကို ဆန့် ကျင်တဲ့ လှုပ်ရှားမှုတွေကို လုပ်လာ ကြပါတယ်။

လူ့အဖွဲ့အစည်း အတွင်းမှာ မူဆလင်တွေကို အကြမ်းဖက်သမား အဖြစ် သက်မှတ်ပြီး လက်မခံဘဲ ငြင်းပယ် လာကြပါတယ်။ ဥရောပ နိုင်ငံအစိုးရတွေကတော့ မူဆလင်တွေကို ဆန့်ကျင်တဲ့ အပြုအမှုတွေကို လက်မခံဘဲ အကာအကွယ် ဖြစ်စေတဲ့ ဥပဒေတွေကို သက်မှတ် ရတဲ့အထိ ဖြစ်လာရပါတယ်။

လူမျိုးရေး ဘာသာရေး ဆန့်ကျင်မှုဆိုင်ရာ ဥပဒေအတွက် ဆွီဒင်နိုင်ငံမှာ အကြမ်းဖက်မှုများ ဖြစ်ပေါ်1

အဲ့ဒိဥပဒေ ကို ဆန့်ကျင်တဲ့ ရာနဲ့ချီတဲ့ သူတွေက ဆွီဒင်နိုင်ငံ မယ်လ်မိုမြို့မှာ သောကြာနေ့က ဆူပူ အကြမ်းဖက်မှုတွေကို ပြုလုပ် ခဲ့ပါတယ်။ ဆူပူ အကြမ်းဖက်သူ ၃၀၀ ကျော်က ရဲတပ်ဖွဲ့တွေကို တွေ့ကရာ ပစ္စည်းတွေနဲ့ ပစ်ပေါက် ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင် တော်တော်များများ ထိခိုက်ဒဏ်ရာ အနည်းစီရ ခဲ့ကြပြီး ဆူပူတဲ့လူ ၁၅ဦးကို ရဲတွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ဒေသခံ သတင်းဌာန အဆိုအရ သောကြာနေ့ နေ့လည်ပိုင်း လောက်ကစပြီး လက်ယာစွန်းရောက် လူမျိုးရေး ဝါဒီသမာတွေက ရွှေ့ပြောင်းတွေ နေထိုင်တဲ့ နေရာတွေဆီကို လာရောက်ပြီး မီးရှို့ မှုတွေကို လုပ်ခဲ့ပါတယ်။

လူမျိုးရေး ဘာသာရေး ဆန့်ကျင်မှုဆိုင်ရာ ဥပဒေအတွက် ဆွီဒင်နိုင်ငံမှာ အကြမ်းဖက်မှုများ ဖြစ်ပေါ်2

လူ၃ဦးက မူဆလင် တွေရဲ့ ကိုအမ် ကျမ်းစာအုပ်ကို မီးရှို့ ပြီး ခြေထောက်နဲ့ ကန်ခဲ့ ကြကာ လူမျိုးရေးနဲ့ ဘာသာရေး မုန်းတီးမှု စကားတွေ ကို ဟစ်ကြွေးခဲ့ပါတယ်။ အဲ့ဒိ ကိစ္စကြောင့် အဲ့ဒိလူ ၃ဦးကို ရဲတွေက ဖမ်းဆီးပြီး နောက်မှာတော့ ဆူပူမှု စတင်ဖြစ်ပေါ် လာ ခဲ့ပါတယ်လို့ ဆိုပါတယ်။

ဆွီဒင်ရဲတွေက တော့ လက်ယာစွန်းရောက် လူမျိုးရေး ဝါဒီတွေရဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေကို လုံခြုံရေးအရ တားမြစ် ထားတာပါလို့ ဆိုပါတယ်။ ဆွီဒင်နိုင်ငံက လူမျိုးရေး အစွန်းရောက်တွေကို ထောက်ပံ့ပေးနေတာက ဒိန်မတ်နိုင်ငံက စထရမ်ကာ လို့ ခေါ်တဲ့ အမျိုးသားရေး အစွန်းရောက်အဖွဲ့ပါ။

လူမျိုးရေး ဘာသာရေး ဆန့်ကျင်မှုဆိုင်ရာ ဥပဒေအတွက် ဆွီဒင်နိုင်ငံမှာ အကြမ်းဖက်မှုများ ဖြစ်ပေါ်3

လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေက အခြေခံ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်မှု ဖြစ်တဲ့အတွက် ဘယ်လို အကြမ်းဖက်မှုမဆို တားဆီးသွားမယ်လို့ ဆွီဒင်ရဲတွေက ဆိုပါတယ်။

မောင်ယဿ, REF: euronews, Photo; AP

Zawgyi










No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …