
International-news








Unicode

လူမျိုး ဆိုတာမရှိဘူး လူသားဆိုတာပဲ ရှိတယ် ဆိုတဲ့အဆို ကို ဂျာမန် လွှတ်တော်မှာတင်သွင်း

ဒုတိယကမ္ဘာ စစ်ကာအတွင်းက အာဏါရနာဇီ ပါတီ အမျိုးသားရေး အစွန်းရောက် ဝါဒီတွေရဲ့ ရက်စက်မှု ကြောင့် ဂျူးလူမျိုး၆သန်းကျော် အသတ်ခံရပြီး နောက်ပိုင်းမှာ အသစ်ပြန်လည်ရေးဆွဲခဲ့တဲ့ ဂျာမဏီ အခြေခံဥပဒေရဲ့ အပိုဒ် ၃မှာ လိင်ကွဲပြားမှု၊ လူဦးရေ ပမာဏ ၊ လူမျိုး ၊ ဘာသာစကား ၊ မွေးရပ်ဇာတိမြေ ၊ ကိုးကွယ်ယုံကြည်မှု ဘာသာ နဲ့ နိုင်ငံရေး ယုံကြည်မှု တွေကြောင့် မည်သူမဆို မျက်နှာသာရ ဦးစားပေးခံရခြင်း နှိမ်ချဆက်ဆံခံရခြင်းတွေ မရှိစေရလို့ ဆိုထားပါတယ် ။

လက်ရှိ အမေရိကန်မှာဖြစ်ပေါ်နေတဲ့ လူမဲဂျော့ဖလွိုက်ကို လူဖြူရဲတွေ သတ်ဖြတ်ခြင်းခံ လိုက်ရတာနဲ့ ပတ်သက် ပြီး ဆန္ဒပြမှုတွေက ဥရောပကို ကူးစက် လာရာမှ ဂျာမဏီ နိုင်ငံသို့ ရောက်ရှိလာပါတယ် ။ လူမျိုးရေး ခွဲခြားမှု နိုင်ငံရေးမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ နာဇီပါတီရဲ့ အခြေခံဥပဒေကို ၁၉၄၉မှာ ပြောင်းလဲ ရေးဆွဲ ခဲ့ပေမဲ့ လူမျိုးဆိုတဲ့ စကားလုံးတွေက အခြေခံ ဥပဒေထဲမှာ ပါနေသေးတဲ့ အတွက်ကြောင့် လူမျိုးဆိုတဲ့ စကားလုံးတွေကို အပြီးတိုင် ဖျက်သိမ်းလိုက်ဖို့ အတွက် အစိမ်းရောင် ပါတီက ဂျာမန် ပါလီမန်မှာ အရေးပေါ် အဆိုကို တင်ပြ ဆွေးနွေးခဲ့ ပါတယ် ။

လူမျိုးရေးခွဲခြားမှုကို ဖယ်ရှားနိုင်ဖို့အတွက် လူမျိုးဆိုတဲ့ စကားလုံးကို ပြင်းပြင်းထန်ထန် တိုက်ထုတ်ဖို့လိုတဲ့ အကြောင်းကို အစိမ်းရောင် ပါတီရဲ့ တွဲဖက်ခေါင်းဆောင် ရောဘတ် ဟာဘတ်က “လူမျိုး ဆိုတာမရှိဘူး ။ လူသားဆိုတာပဲ ရှိတယ်”လို့ ပြောဆိုခဲ့ပါတယ် ။ သူ့ရဲ့အဆိုကို ထောက်ခံတဲ့အနေနဲ့ ဂျာမန်ကော်မရှင်နာ တစ်ဦးက “လူမျိုးဆိုတဲ့ စကားလုံးက လူမှု အဖွဲ့အစည်းတစ်ခု ဖြစ်အောင် တည်ဆောက်ထားတာပါ ။ လူလူချင်း တန်းဖိုးမဲ့အောင် လုပ်ဖို့နဲ့ နှိမ်ချဆက်ဆံဖို့ အတွက် ဒီဇိုင်းရေးထားတဲ့စကားလုံး သက်သက်သာ ဖြစ်တယ်”လို့ သူက ဆိုပါတယ် ။ အဲ့ဒိကော်မရှင်နာက ဂျူးဆန့်ကျင်ရေးသမားတွေကို ဘဝတစ်လျှောက်လိုက်တိုက်ပွဲ ဝင်ခဲ့သူပါ ။

လူမျိုး-လူသား ပြဿနာကို လက်ဝဲစွန်းရောက် ပါတီဝင်တွေက ထောက်ခံခဲ့ပြီး အခြေံဥပဒေထဲက လူမျိုးဆိုတဲ့ စကားလုံးကို ဖယ်ရှား တွန်းအားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒိပြဿနာပေါ်မှာ ဝေဖန်မှုတွေက ရှိလာခဲ့ပါတယ်။ ပညာရပ်ဆိုင်ရာတွေမှာ မူလလူသား အခြေစိုက်လူသား ဆိုတဲ့ စကားလုံးတွေဖြစ်လာခြင်းနဲ့ တိုင်းရင်းသားဆို တဲ့ စကားလုံးတွေက ရှုပ်ထွေးမှု ရှိလာနိုင်တယ်လို့ ဆို ကြပါတယ် ။

အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီးဂျာမန်အဓိပတိ အိန်ဂျလာမာကယ်ရဲ့ ကွန်ဆာဗေးတစ်တွေကတော့ အသံတိတ် နေပါ တယ် ။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျာမန်အခြေခံဥပဒေကို ပြင်ဆင်လာခဲ့တာ ၆၂ကြိမ်ရှိပါပြီ ။ အဲ့ဒိပြင်ဆင်မှု တွေက ဥရောပမှာ ဂျာမဏီနိုင်ငံ ပါဝင်ပတ်သက်နိုင်မှုနဲ့ အရှေ့ အနောက် ဂျာမဏီ ၂နိုင်ငံပေါင်းစည်းရေးတွေ အတွက်ပဲ ဖြစ်ပါတယ် ။

မောင် ယဿ REF: dailymail photo; daily mail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …