လူမဲအသက္ကိစၥ အတြက္ လုပ္ခတစ္ဝက္ကို သုံးမယ္လို႔ စူပါေမာ္ဒယ္ ဂ်ိဳအန္စေမာက ဆို

လူမဲအသက္ကိစၥ အတြက္ လုပ္ခတစ္ဝက္ကို သုံးမယ္လို႔ စူပါေမာ္ဒယ္ ဂ်ိဳအန္စေမာက ဆို
International-news

လူမဲအသက္ကိစၥ အတြက္ လုပ္ခတစ္ဝက္ကို သုံးမယ္လို႔ စူပါေမာ္ဒယ္ ဂ်ိဳအန္စေမာက ဆို

ကမာၻေပၚမွာ အသားအေရာင္ ခြဲျခားမႈ ဆန႔္က်င္ေရး လူမ်ိဳးေရး ခြဲျခားမႈ ဆန႔္က်င္ေရး ကိစၥေတြကို ေန႔စဥ္နဲ႔ အမွ် ဆႏၵျပပြဲေတြ ျဖစ္ေပၚေနသလိုပဲ အြန္လိုင္းေပၚမွာကလည္း လူမ်ိဳးေရး ခြဲျခားမႈကို အတြင္တြင္ ေအာ္ေျပာေနၾကပါ တယ္ ။ စူပါေမာ္ဒယ္ ဂ်ိဳအန္စေမာ ကလည္း ဖက္ရွင္လုပ္ငန္းေတြ နဲ႔ ေမာ္ဒယ္ ေလာကမွာလည္း လူမ်ိဳးေရး ဆိုင္ရာ ခြဲျခားမႈနဲ႔ အသားအေရာင္ ခြဲျခားမႈေတြကို မလုပ္ဖို႔အတြက္ ေတာင္းဆို လာပါတယ္ ။ သူမက လူမဲအသက္ ကိစၥမွာ ဆႏၵျပသူေတြအတြက္ သူမရဲ႕ လုပ္ခ တစ္ဝက္ကို အသုံးျပဳမယ္ လို႔လည္း ကတိကဝတ္ ျပဳလိုက္ပါတယ္ ။

လူမဲအသက္ကိစၥ အတြက္ ဖြဲ႕ထားတဲ့အဖြဲ႕အစည္းေတြကို ၂၀၂၀ ေနာက္ပိုင္း ရက္ေတြမွာ ဆက္လက္ လႈပ္ရွား ႏိုင္ေအာင္လို႔ေထာက္ပံ့ဖို႔ အတြက္သူမရဲ႕ ပိုင္ဆိုင္မႈေတြကို တစ္ဝက္ ဝက္ၿပီး ကူညီသြားမယ္လို႔ ဆိုတယ္ ။ DonateMyWage.org ကေန သူတို႔ ေ႐ြးခ်ယ္ထားတဲ့ အဖြဲ႕ေတြကို ေငြေၾကးဆိုင္ရာ အကူအညီ ေပးသြားမွာ ျဖစ္ပါ တယ္ ။ အထူးသျဖင့္ ဖက္ရွင္နဲ႔ ေမာ္ဒယ္ေလာကမွာ အသားအေရာင္ ခြဲျခားမႈ ဆန႔္က်င္ေရး အဖြဲ႕ေတြကို ထိေရာက္ေအာင္ ကူညီမယ္လို႔ သိရပါတယ္ ။

ပြာတိုရီကန္သူ စေမာက သူမက်င္လည္ေနတဲ့ ေမာ္ဒယ္ေလာကမွာ ဆိုရင္ အသားအေရာင္ ခြဲျခားမႈက ပိုၿပီး ျဖစ္ေနတဲ့အေၾကာင္း ဆိုပါတယ္ ။ “က်မ ေတြ႕ရသေလာက္ ေအဂ်င္စီေတြ ၊ မဂၢဇင္းေတြ နဲ႔ ကုန္ပစၥည္းေၾကာ္ျငာ ဘရန္းေတြမွာ လူမဲေတြနဲ႔ အသားအေရာင္ ရွိသူေတြကို ေနရာေပးေလ့မရွိၾကပါဘူး ။ အဲ့ဒါဘာကိုဆိုလိုတာလဲ ။ ဖက္ရွင္ေလာက က ဘာရည္႐ြယ္ခ်က္နဲ႔ အဲ့လိုျဖစ္ေနတာလဲ ။အဲ့ဒိ ရည္႐ြယ္ခ်က္ေတြကိုေျပာင္းလဲဖို႔ လိုေနပါၿပီ ။

ဒိလုပ္ငန္းေတြ က လူမဲေတြနဲ႔ လူညိဳေတြဆီကေန ပိုက္ဆံေတြ အမ်ား ႀကီးဝင္ေနတယ္ေလ ။ လူမဲေတြရဲ႕ လုပ္အားေတြ ဂီတေတြ အေတြးအေခၚေတြက ဒီလုပ္ငန္းေတြ လည္ပတ္ဖို႔ အတြက္ အေထာက္အကူ ရေနတယ္ေလ ။ ဒါနဲ႔ ပတ္သက္ၿပီး တစ္ခ်က္ေလာက္ ျပန္ေတြးၾကည့္႐ုံနဲ႔ လူမဲေတြရယ္ အသားအေရာင္ ရွိတဲ့သူ ေတြရဲ႕ အေရးပါမႈကို ျမင္ရႏိုင္ပါတယ္”လို႔ သူမကဆိုတယ္ ။
သူမက သူမရဲ႕ လုပ္ငန္း သက္တမ္းတစ္ေလွ်ာက္မွာ လူမဲေတြနဲ႔အသားအေရာင္ရွိတဲ့ သူေတြ အမ်ားႀကီး အႏွိမ္ခံခဲ့ရတာေတြ ေတြ႕ႀကဳံ ခဲ့ရပါတယ္ ။

မဂၢဇင္း တစ္ခုရဲ႕ မ်က္ႏွာဖုံးေပၚကို လူမဲတစ္ေယာက္ရဲ႕ ပုံတင္ဖို႔ အတြက္ ေတာ္ေတာ္ ခက္ခက္ ခဲခဲ ျဖစ္ေနၾကပါတယ္ ။ ဓာတ္ပုံဆရာေတြကအစ လူမဲပုံဆိုရင္ မ႐ိုက္ခ်င္ၾက ပါဘူး ။ စေမာက ၂၀၁၃ မွာ ကမာၻ႔ေၾကးအႀကီးဆုံး ေမာ္ဒယ္ျဖစ္ခဲ့တာ ေတာင္မွ ၂၀၁၁ မွာ တစ္ခါ ၂၀၁၅ မွာ တစ္ခါ မဂၢဇင္း မ်က္ႏွာဖုံးရွင္ အျဖစ္သာ ေဖာ္ျပ ခံရဖူးပါတယ္ ။ ဖက္ရွင္ေလာကရဲ႕ လူမ်ိဳးေရး ခြဲျခားမႈက အျခားေနရာေတြထက္ပိုမ်ားတယ္လို႔ သူမက ဆိုပါတယ္ ။

ေမာင္ယႆ

REF: cnn photo; CNN

Unicode

လူမဲအသက်ကိစ္စ အတွက် လုပ်ခတစ်ဝက်ကို သုံးမယ်လို့ စူပါမော်ဒယ် ဂျိုအန်စမောက ဆို

ကမ္ဘာပေါ်မှာ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး ကိစ္စတွေကို နေ့စဉ်နဲ့ အမျှ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေသလိုပဲ အွန်လိုင်းပေါ်မှာကလည်း လူမျိုးရေး ခွဲခြားမှုကို အတွင်တွင် အော်ပြောနေကြပါ တယ် ။ စူပါမော်ဒယ် ဂျိုအန်စမော ကလည်း ဖက်ရှင်လုပ်ငန်းတွေ နဲ့ မော်ဒယ် လောကမှာလည်း လူမျိုးရေး ဆိုင်ရာ ခွဲခြားမှုနဲ့ အသားအရောင် ခွဲခြားမှုတွေကို မလုပ်ဖို့အတွက် တောင်းဆို လာပါတယ် ။ သူမက လူမဲအသက် ကိစ္စမှာ ဆန္ဒပြသူတွေအတွက် သူမရဲ့ လုပ်ခ တစ်ဝက်ကို အသုံးပြုမယ် လို့လည်း ကတိကဝတ် ပြုလိုက်ပါတယ် ။

လူမဲအသက်ကိစ္စ အတွက် ဖွဲ့ထားတဲ့အဖွဲ့အစည်းတွေကို ၂၀၂၀ နောက်ပိုင်း ရက်တွေမှာ ဆက်လက် လှုပ်ရှား နိုင်အောင်လို့ထောက်ပံ့ဖို့ အတွက်သူမရဲ့ ပိုင်ဆိုင်မှုတွေကို တစ်ဝက် ဝက်ပြီး ကူညီသွားမယ်လို့ ဆိုတယ် ။ DonateMyWage.org ကနေ သူတို့ ရွေးချယ်ထားတဲ့ အဖွဲ့တွေကို ငွေကြေးဆိုင်ရာ အကူအညီ ပေးသွားမှာ ဖြစ်ပါ တယ် ။ အထူးသဖြင့် ဖက်ရှင်နဲ့ မော်ဒယ်လောကမှာ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး အဖွဲ့တွေကို ထိရောက်အောင် ကူညီမယ်လို့ သိရပါတယ် ။

ပွာတိုရီကန်သူ စမောက သူမကျင်လည်နေတဲ့ မော်ဒယ်လောကမှာ ဆိုရင် အသားအရောင် ခွဲခြားမှုက ပိုပြီး ဖြစ်နေတဲ့အကြောင်း ဆိုပါတယ် ။ “ကျမ တွေ့ရသလောက် အေဂျင်စီတွေ ၊ မဂ္ဂဇင်းတွေ နဲ့ ကုန်ပစ္စည်းကြော်ငြာ ဘရန်းတွေမှာ လူမဲတွေနဲ့ အသားအရောင် ရှိသူတွေကို နေရာပေးလေ့မရှိကြပါဘူး ။ အဲ့ဒါဘာကိုဆိုလိုတာလဲ ။ ဖက်ရှင်လောက က ဘာရည်ရွယ်ချက်နဲ့ အဲ့လိုဖြစ်နေတာလဲ ။အဲ့ဒိ ရည်ရွယ်ချက်တွေကိုပြောင်းလဲဖို့ လိုနေပါပြီ ။

ဒိလုပ်ငန်းတွေ က လူမဲတွေနဲ့ လူညိုတွေဆီကနေ ပိုက်ဆံတွေ အများ ကြီးဝင်နေတယ်လေ ။ လူမဲတွေရဲ့ လုပ်အားတွေ ဂီတတွေ အတွေးအခေါ်တွေက ဒီလုပ်ငန်းတွေ လည်ပတ်ဖို့ အတွက် အထောက်အကူ ရနေတယ်လေ ။ ဒါနဲ့ ပတ်သက်ပြီး တစ်ချက်လောက် ပြန်တွေးကြည့်ရုံနဲ့ လူမဲတွေရယ် အသားအရောင် ရှိတဲ့သူ တွေရဲ့ အရေးပါမှုကို မြင်ရနိုင်ပါတယ်”လို့ သူမကဆိုတယ် ။
သူမက သူမရဲ့ လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ လူမဲတွေနဲ့အသားအရောင်ရှိတဲ့ သူတွေ အများကြီး အနှိမ်ခံခဲ့ရတာတွေ တွေ့ကြုံ ခဲ့ရပါတယ် ။

မဂ္ဂဇင်း တစ်ခုရဲ့ မျက်နှာဖုံးပေါ်ကို လူမဲတစ်ယောက်ရဲ့ ပုံတင်ဖို့ အတွက် တော်တော် ခက်ခက် ခဲခဲ ဖြစ်နေကြပါတယ် ။ ဓာတ်ပုံဆရာတွေကအစ လူမဲပုံဆိုရင် မရိုက်ချင်ကြ ပါဘူး ။ စမောက ၂၀၁၃ မှာ ကမ္ဘာ့ကြေးအကြီးဆုံး မော်ဒယ်ဖြစ်ခဲ့တာ တောင်မှ ၂၀၁၁ မှာ တစ်ခါ ၂၀၁၅ မှာ တစ်ခါ မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ်သာ ဖော်ပြ ခံရဖူးပါတယ် ။ ဖက်ရှင်လောကရဲ့ လူမျိုးရေး ခွဲခြားမှုက အခြားနေရာတွေထက်ပိုများတယ်လို့ သူမက ဆိုပါတယ် ။

မောင်ယဿ

REF: cnn photo; CNN

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …