လူမိသြားေတာ့ ရွက္ရမ္းရမ္းတဲ့ ဘိုင္ယန္

လူမိသြားေတာ့ ရွက္ရမ္းရမ္းတဲ့ ဘိုင္ယန္
Entertainment

လူမိသြားေတာ့ ရွက္ရမ္းရမ္းတဲ့ ဘိုင္ယန္

ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမား ေ႐ႊေဘာလုံးဆု ၅ ႀကိမ္ ရထားတဲ့ ေခာတ္သစ္ ေဘာလုံးေလာကရဲ႕ စူပါစတားျဖစ္သူ ခရစၥတီရာႏို ေရာနယ္ဒို ကို ဂ်ာမန္ခ်န္ပီယံ ကလပ္ ဘိုင္ယန္ျမဴးနစ္က ဂ်ဴဗင္တပ္အသင္းကေန ဂ်ာမဏီကိုေျပာင္းလာဖို႔ ဘယ္ေတာ့မွ ဆြဲေဆာင္မွာ မဟုတ္ဘူးလို႔ဆိုတယ္။

ဒီစကားကို ဘိုင္ယန္ျမဴးနစ္က အလြတ္ႀကီး ထဖြတာ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ ေရာ္နယ္ဒိုရဲ႕ေမြးေန႔မွာ ဘိုင္ယန္အသင္း ဥကၠဌက ေရာ္နယ္ဒိုကို ကားတစ္စီးေမြးေန႔လက္ေဆာင္ ေပးခဲ့ပါတယ္။ အဲ့ဒါနဲ႔ပတ္သက္ၿပီးေတာ့ မီဒီယာေတြမွာ ဘိုင္ယန္က ဒိုေလးကို အရဆြဲေတာ့မွာလာဆိုၿပီး ပြထလာပါတယ္။ ဒီေတာ့ ဘိုင္ယန္ေခါင္ကိုင္ႀကီး ဟာဗတ္ဟိန္နာက “က်ေနာ္တို႔ဆီမွာ ကစားသမားစာရင္းေတြ တန္းစီေနတာပဲဗ်ာ။ ေရာ္နယ္ဒိုလို အဖိုႀကီးေတြကို မလိုပါဘူး။ေတာ္ေတာ္အိုေနပါၿပီ”လို႔ TZမီဒီယာကို ရွင္းရေတာ့တာပါပဲ။ အသက္၃၅ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုကေတာ့ ဂ်ဴဗီရဲ႕ တူရင္းကြင္းမွာ ေျခစြမ္းေတြျပေနတုန္းပါပဲ။ သူက ဒီရာသီမွာ ၁၉ပြဲ ကစားၿပီး ၁၉ဂိုးသြင္းထားပါတယ္။ photo; getty image

အၾကပ္လြန္သြားတဲ့ဘာကာ တိုင္ပတ္ၿပီ

ကမာၻ႔အေကာင္းဆုံးကစားသမားဆု ၆ႀကိမ္ရထားတဲ့ မတ္ဆီနဲ႔ သူ႔အသင္းေဖာ္ေတြကို ကစားတာ အားႀကိဳးမာန္တက္မရွိဘူး ဆိုၿပီး အားကစား နည္းစနစ္ဒါ႐ိုက္တာ အဘီဒယ္က ျပစ္တင္ေျပာဆိုမႈေတြလုပ္တယ္ ။ ေနာက္ၿပီးေတာ့ဘာကာ ကစားသမားေဟာင္းအခ်ိဳ႕ ကလည္း အသင္းသားေတြ ညံ့တယ္ဆိုၿပီးေတာ့ ေဝဖန္ၾကလို႔ ကစားသမားေတြနဲ႔ ကလပ္အသင္းၾကားမွာ စိတ္ခုစရာေတြျဖစ္ ေနပါတယ္။ နဂိုကတည္းက စိတ္ႏုတဲ့ မက္ဆီက ပိုဆိုးတာေပါ့ ။ သူက ဒီရာသီကုန္လို႔ စာခ်ဳပ္သက္တမ္းျပည့္ၿပီး အသင္းက ထြက္သြား ရင္ (ထြက္မယ္ဆိုၿပီး စာတင္ထားတာကလည္းရွိပါတယ္) ဘာကာအသင္းအေနနဲ႔ သူ႔ကို အလြတ္ေျပာင္းေ႐ႊ႕ ေပးလိုက္ရ လိမ့္မယ္။ မက္ဆီနဲ႔ ပတ္သက္ၿပီး တစ္ျပားတစ္ခ်ပ္ေတာင္ ရလိုက္မွာမဟုတ္ဘူး။ စာခ်ဳပ္ခ်ဳပ္ထားႏိုင္မွ ေျပာင္းေ႐ႊ႕ေၾကးကိုစားရမွာ။ အခုေတာ့ လက္လႊတ္လိုက္ရေတာ့မယ္။ ေနရင္းထိုင္ရင္ ကိုယ္ရမယ့္ပိုက္ဆံ မရဘူးျဖစ္ေတာ့မယ္။ အသင္းကစားပုံမေကာင္းလို႔ နည္းျပကိုလည္း ထုတ္ၿပီးၿပီ ၊ၿပီးေတာ့ ကစားသမားေတြကိုလည္း ဝိုင္းေညာ္ေတာ့ ေသခ်ာတာကဘကာတိုင္ပတ္ေတာ့မွာပါ။ ဒီဖက္မွာကလည္း မက္ဆီကိုဝယ္ဖို႔အတြက္ မန္စီတီးကအသင့္ျဖစ္ေနတယ္။ မန္စီးတီး နည္းျပ ဂြာဒီယိုလာက မက္ဆီနဲ႔ ၄ရာသီေလာက္တြဲဖူးတယ္။ သူတို႔၂ေယာက္ေပါင္းၿပီး လာလီဂါဖလား ၂လုံး နဲ႔ ဥေရာပဖလား၂လုံး ရယူဖူးေတာ့ နည္းျပ ကစားသမား အတြဲညီခဲ့ဖူးေတာ့ မန္စီးတီးကိုေရာက္ဖို႔ ကေသခ်ာသေလာက္ရွိေနတယ္။ ဂြာဒီယိုလာကေတာ့ မက္ဆီကို ဘာစီလိုနာမွာပဲ ဆက္ကစားေစခ်င္ပါတယ္ ဆိုၿပီးေတာ့ေျပာတာပဲ။ ဘာစီလိုနာမွာပဲ ကစားသမားသက္တမ္းကို ကုန္ေစခ်င္တယ္လို႔ အင္တာဗ်ဴးမွာ ၿပဳံးေစ့ေစ့ နဲ႔ေျပာေတာ့ ဘာကာက မတ္ဆီနဲ႔ပတ္သက္လာရင္ တိုင္ပတ္ေတာ့မွာ ေသခ်ာပါတယ္။

ေမာင္ယႆ REF: goal.com photo ; getty image

Unicode

လူမိသွားတော့ ရှက်ရမ်းရမ်းတဲ့ ဘိုင်ယန်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ရွှေဘောလုံးဆု ၅ ကြိမ် ရထားတဲ့ ခောတ်သစ် ဘောလုံးလောကရဲ့ စူပါစတားဖြစ်သူ ခရစ္စတီရာနို ရောနယ်ဒို ကို ဂျာမန်ချန်ပီယံ ကလပ် ဘိုင်ယန်မြူးနစ်က ဂျူဗင်တပ်အသင်းကနေ ဂျာမဏီကိုပြောင်းလာဖို့ ဘယ်တော့မှ ဆွဲဆောင်မှာ မဟုတ်ဘူးလို့ဆိုတယ်။

ဒီစကားကို ဘိုင်ယန်မြူးနစ်က အလွတ်ကြီး ထဖွတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့ ရော်နယ်ဒိုရဲ့မွေးနေ့မှာ ဘိုင်ယန်အသင်း ဥက္ကဌက ရော်နယ်ဒိုကို ကားတစ်စီးမွေးနေ့လက်ဆောင် ပေးခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မီဒီယာတွေမှာ ဘိုင်ယန်က ဒိုလေးကို အရဆွဲတော့မှာလာဆိုပြီး ပွထလာပါတယ်။ ဒီတော့ ဘိုင်ယန်ခေါင်ကိုင်ကြီး ဟာဗတ်ဟိန်နာက “ကျနော်တို့ဆီမှာ ကစားသမားစာရင်းတွေ တန်းစီနေတာပဲဗျာ။ ရော်နယ်ဒိုလို အဖိုကြီးတွေကို မလိုပါဘူး။တော်တော်အိုနေပါပြီ”လို့ TZမီဒီယာကို ရှင်းရတော့တာပါပဲ။ အသက်၃၅နှစ်အရွယ် ရော်နယ်ဒိုကတော့ ဂျူဗီရဲ့ တူရင်းကွင်းမှာ ခြေစွမ်းတွေပြနေတုန်းပါပဲ။ သူက ဒီရာသီမှာ ၁၉ပွဲ ကစားပြီး ၁၉ဂိုးသွင်းထားပါတယ်။ photo; getty image

အကြပ်လွန်သွားတဲ့ဘာကာ တိုင်ပတ်ပြီ

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၆ကြိမ်ရထားတဲ့ မတ်ဆီနဲ့ သူ့အသင်းဖော်တွေကို ကစားတာ အားကြိုးမာန်တက်မရှိဘူး ဆိုပြီး အားကစား နည်းစနစ်ဒါရိုက်တာ အဘီဒယ်က ပြစ်တင်ပြောဆိုမှုတွေလုပ်တယ် ။ နောက်ပြီးတော့ဘာကာ ကစားသမားဟောင်းအချို့ ကလည်း အသင်းသားတွေ ညံ့တယ်ဆိုပြီးတော့ ဝေဖန်ကြလို့ ကစားသမားတွေနဲ့ ကလပ်အသင်းကြားမှာ စိတ်ခုစရာတွေဖြစ် နေပါတယ်။ နဂိုကတည်းက စိတ်နုတဲ့ မက်ဆီက ပိုဆိုးတာပေါ့ ။ သူက ဒီရာသီကုန်လို့ စာချုပ်သက်တမ်းပြည့်ပြီး အသင်းက ထွက်သွား ရင် (ထွက်မယ်ဆိုပြီး စာတင်ထားတာကလည်းရှိပါတယ်) ဘာကာအသင်းအနေနဲ့ သူ့ကို အလွတ်ပြောင်းရွှေ့ ပေးလိုက်ရ လိမ့်မယ်။ မက်ဆီနဲ့ ပတ်သက်ပြီး တစ်ပြားတစ်ချပ်တောင် ရလိုက်မှာမဟုတ်ဘူး။ စာချုပ်ချုပ်ထားနိုင်မှ ပြောင်းရွှေ့ကြေးကိုစားရမှာ။ အခုတော့ လက်လွှတ်လိုက်ရတော့မယ်။ နေရင်းထိုင်ရင် ကိုယ်ရမယ့်ပိုက်ဆံ မရဘူးဖြစ်တော့မယ်။ အသင်းကစားပုံမကောင်းလို့ နည်းပြကိုလည်း ထုတ်ပြီးပြီ ၊ပြီးတော့ ကစားသမားတွေကိုလည်း ဝိုင်းညော်တော့ သေချာတာကဘကာတိုင်ပတ်တော့မှာပါ။ ဒီဖက်မှာကလည်း မက်ဆီကိုဝယ်ဖို့အတွက် မန်စီတီးကအသင့်ဖြစ်နေတယ်။ မန်စီးတီး နည်းပြ ဂွာဒီယိုလာက မက်ဆီနဲ့ ၄ရာသီလောက်တွဲဖူးတယ်။ သူတို့၂ယောက်ပေါင်းပြီး လာလီဂါဖလား ၂လုံး နဲ့ ဥရောပဖလား၂လုံး ရယူဖူးတော့ နည်းပြ ကစားသမား အတွဲညီခဲ့ဖူးတော့ မန်စီးတီးကိုရောက်ဖို့ ကသေချာသလောက်ရှိနေတယ်။ ဂွာဒီယိုလာကတော့ မက်ဆီကို ဘာစီလိုနာမှာပဲ ဆက်ကစားစေချင်ပါတယ် ဆိုပြီးတော့ပြောတာပဲ။ ဘာစီလိုနာမှာပဲ ကစားသမားသက်တမ်းကို ကုန်စေချင်တယ်လို့ အင်တာဗျူးမှာ ပြုံးစေ့စေ့ နဲ့ပြောတော့ ဘာကာက မတ်ဆီနဲ့ပတ်သက်လာရင် တိုင်ပတ်တော့မှာ သေချာပါတယ်။

မောင်ယဿ REF: goal.com photo ; getty image

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …