လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
- By : Kaung Khant
- Category : International-news

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ ေတြ႕ရွိ ခဲ့ပါတယ္ ။
ပထမဆုံးအႀကိမ္ ေသြးစ လႉတဲ့ မိန္းကေလး ၃ ပုံ ၁ ပုံ က တစ္ႏွစ္ အၾကာမွာ သံဓာတ္ ခ်ိဳ႕တဲ့လကၡဏါခံစားရၿပီး ေယာက္်ားေလး ၁၅ % က လည္း အဲ့ဒိလကၡဏါ ခံစားရပါတယ္လို႔ ဇြန္လ၅ ရက္ထုတ္ ေဆးပညာဂ်ာနယ္ တစ္ခုက ဆိုပါတယ္ ။ “အေမရိကန္မွာကေတာ့ ေသြးဆုံးရႈံးမႈ ျဖစ္ၿပီ ဆိုတာနဲ႔ သံဓာတ္အားနည္းတဲ့ ျပႆနာ ရွိတတ္ပါတယ္ ။ ေသြးလႉတဲ့ လူငယ္ ေတြမွာ သူတို႔ရဲ႕ ေသြးနီဥေတြထဲမွာ အလိုအေလ်ာက္ သံဓာတ္ေတြ ေလ်ာ့က် သြားပါ တယ္”လို႔အေမရိကန္က ျပည္နယ္ ၂၇ ခုကို ေစတနာ့ဝန္ထမ္း ေသြးလႉေနတဲ့အဖြဲ႕ ဥကၠဌက ဆိုပါတယ္ ။
သုေတသီေတြက ေသြးလႉတဲ့ လူငယ္ေတြမွာ ႐ုတ္တရက္ ႀကီးထြားမႈ က်ဆင္း သြားတာလိုမ်ိဳး အမ်ိဳးသမီး ငယ္ေတြ ဓမၼတာ လာတာမ်ိဳး က်န္းမာေရးအတြက္အေထာက္အကူျဖစ္တဲ့ လတ္ဆတ္ တဲ့ အသီးအႏွံ႔ေတြ မစားတာမ်ိဳး ေတြက သံဓာတ္ခ်ိဳ႕ တဲ့ျခင္းကို ျဖစ္ေပၚ ေစပါတယ္ ။ ဓမၼတာမ်ားတဲ့ အမ်ိဳးသမီး ႀကီးႀကီးငယ္ငယ္ေတြ နဲ႔ ေသြးခဏခဏ လႉတဲ့အမ်ိဳးသားေတြ မွာ သံဓာတ္ ခ်ိဳ႕တဲ့မႈေတြ ျဖစ္ေနႏိုင္တဲ့ အတြက္ သံဓာတ္ အားျဖည့္ေဆး ေတြကို ေသာက္သုံး သင့္ပါတယ္လို႔ အႀကံျပဳ ထားပါတယ္ ။
သံဓာတ္အားနည္းတဲ့ ေနာက္ဆက္တြဲက ေမြးလာတဲ့ ကေလးေတြ ေပါင္မျပည့္တာရယ္ အစာစားလိုစိတ္ မရွိ တာေတြ ျဖစ္တတ္ပါတယ္ ။ ေသြးလႉဘဏ္ ေတြကေတာ့ ေသြးလႉၿပီး ရက္ ၆၀ အတြင္းမွာ ၁၈-၂၈ မီလီဂရမ္ေလာက္ရွိတဲ့ သံဓာတ္ အားျဖည့္ ေဆး အေပ်ာ့ကို ေသာက္သုံးသင့္ပါတယ္လို႔ အႀကံျပဳ ထားတယ္ ။ အဲ့ဒါက သံဓာတ္ကို အျမန္ ျပန္လည္ ျဖည့္တင္းျခင္းပဲ ျဖစ္ပါတယ္ ။ လူငယ္ ( က်ား ) ေတြဆိုရင္ ၁၀ မီလီဂရမ္နဲ႔ လူငယ္( မ ) ဆိုရင္ ၁၅ မီလီဂရမ္ သံဓာတ္အားျဖည့္ေဆးေတြ ေသာက္သင့္ ပါတယ္လို႔ ဆိုတယ္ ။
ေမာင္ယႆ
REF: upi / Photo; upi
Unicode
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ တွေ့ရှိ ခဲ့ပါတယ် ။
ပထမဆုံးအကြိမ် သွေးစ လှူတဲ့ မိန်းကလေး ၃ ပုံ ၁ ပုံ က တစ်နှစ် အကြာမှာ သံဓာတ် ချို့တဲ့လက္ခဏါခံစားရပြီး ယောက်ျားလေး ၁၅ % က လည်း အဲ့ဒိလက္ခဏါ ခံစားရပါတယ်လို့ ဇွန်လ၅ ရက်ထုတ် ဆေးပညာဂျာနယ် တစ်ခုက ဆိုပါတယ် ။ “အမေရိကန်မှာကတော့ သွေးဆုံးရှုံးမှု ဖြစ်ပြီ ဆိုတာနဲ့ သံဓာတ်အားနည်းတဲ့ ပြဿနာ ရှိတတ်ပါတယ် ။ သွေးလှူတဲ့ လူငယ် တွေမှာ သူတို့ရဲ့ သွေးနီဥတွေထဲမှာ အလိုအလျောက် သံဓာတ်တွေ လျော့ကျ သွားပါ တယ်”လို့အမေရိကန်က ပြည်နယ် ၂၇ ခုကို စေတနာ့ဝန်ထမ်း သွေးလှူနေတဲ့အဖွဲ့ ဥက္ကဌက ဆိုပါတယ် ။
သုတေသီတွေက သွေးလှူတဲ့ လူငယ်တွေမှာ ရုတ်တရက် ကြီးထွားမှု ကျဆင်း သွားတာလိုမျိုး အမျိုးသမီး ငယ်တွေ ဓမ္မတာ လာတာမျိုး ကျန်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ လတ်ဆတ် တဲ့ အသီးအနှံ့တွေ မစားတာမျိုး တွေက သံဓာတ်ချို့ တဲ့ခြင်းကို ဖြစ်ပေါ် စေပါတယ် ။ ဓမ္မတာများတဲ့ အမျိုးသမီး ကြီးကြီးငယ်ငယ်တွေ နဲ့ သွေးခဏခဏ လှူတဲ့အမျိုးသားတွေ မှာ သံဓာတ် ချို့တဲ့မှုတွေ ဖြစ်နေနိုင်တဲ့ အတွက် သံဓာတ် အားဖြည့်ဆေး တွေကို သောက်သုံး သင့်ပါတယ်လို့ အကြံပြု ထားပါတယ် ။
သံဓာတ်အားနည်းတဲ့ နောက်ဆက်တွဲက မွေးလာတဲ့ ကလေးတွေ ပေါင်မပြည့်တာရယ် အစာစားလိုစိတ် မရှိ တာတွေ ဖြစ်တတ်ပါတယ် ။ သွေးလှူဘဏ် တွေကတော့ သွေးလှူပြီး ရက် ၆၀ အတွင်းမှာ ၁၈-၂၈ မီလီဂရမ်လောက်ရှိတဲ့ သံဓာတ် အားဖြည့် ဆေး အပျော့ကို သောက်သုံးသင့်ပါတယ်လို့ အကြံပြု ထားတယ် ။ အဲ့ဒါက သံဓာတ်ကို အမြန် ပြန်လည် ဖြည့်တင်းခြင်းပဲ ဖြစ်ပါတယ် ။ လူငယ် ( ကျား ) တွေဆိုရင် ၁၀ မီလီဂရမ်နဲ့ လူငယ်( မ ) ဆိုရင် ၁၅ မီလီဂရမ် သံဓာတ်အားဖြည့်ဆေးတွေ သောက်သင့် ပါတယ်လို့ ဆိုတယ် ။
မောင်ယဿ
REF: upi / Photo; upi
No Comments