လူကို အက်ိဳးျပဳေစတဲ့ သဘာဝဓာတ္မ်ားစြာ ပါဝင္တဲ႕ သစ္ၾကားသီး စားပါ

လူကို အက်ိဳးျပဳေစတဲ့ သဘာဝဓာတ္မ်ားစြာ ပါဝင္တဲ႕ သစ္ၾကားသီး စားပါ
Health

လူကို အက်ိဳးျပဳေစတဲ့ သဘာဝဓာတ္မ်ားစြာ ပါဝင္တဲ႕ သစ္ၾကားသီး စားပါ

အခြံမာသီး တစ္မ်ိဳးျဖစ္တဲ့ သစ္ၾကားသီးမွာ လူကို အက်ိဳးျပဳေစတဲ့ သဘာဝဓာတ္မ်ားစြာ ပါဝင္တာမို႔ သစ္ၾကားသီး စားသုံးျခင္းက က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစပါတယ္။ သစ္ၾကားသီးဟာ ဆီးက်ိန္ကင္ဆာ ကို ကာကြယ္ ေပးႏိုင္တာမို႔ အမ်ိဳးသားမ်ားအတြက္ ေကာင္းမြန္ေသာ သဘာဝ ေဆးတစ္လက္ ျဖစ္ပါတယ္။

သစ္ၾကားသီးမွာ အင္တီေအာက္ဆီဒင့္ မ်ားစြာ ပါဝင္တဲ့အတြက္ ဆီးက်ိတ္ကင္ဆာ ျဖစ္ေပၚမူွကို ဟန႔္တားႏိုင္တယ္လို႔ ဆိုပါတယ္။ ေန႔လည္ပိုင္း ထမင္းစားၿပီးခ်ိန္မွာ သစ္ၾကားသီး လက္တစ္ဆုပ္စာေလာက္ စားသုံးျခင္းအားျဖင့္ သည္းေျခအိတ္ဆိုင္ရာ ေရာဂါမ်ားကို ကာကြယ္ေပးပါတယ္။

သစ္ၾကားသီးကို စားသုံးျခင္းအားျဖင့္ ေသြးတြင္းမေကာင္းတဲံ့ ကိုလက္စထေရာနဲ႔ ထ႐ိုင္ဂလစ္စ႐ိုက္ အဆင့္ကို ေလ်ာ့က်ေစတာေၾကာင့္ ႏွလုံးေရာဂါ ျဖစ္ပြားမူွကို က်ဆင္းေစပါတယ္။ ဦးေႏွာက္နဲ႔ ပတ္သက္လို႔ သစ္ၾကားသီးရဲ႕အက်ိဳးျပဳျခင္းေတြကလည္း အံမခန္းပါပဲ။

ဦးေႏွာက္ဟာ အဆီ ၆၀ ရာခိုင္ႏူွန္းေက်ာ္နဲ႔ တည္ေဆာက္ထားတာ ျဖစ္ၿပီး ဦးေႏွာက္ဆဲလ္မ်ား ေကာင္းစြာ အလုပ္ လုပ္ႏိုင္ဖို႔ရာ အဆီ တည္ေဆာက္မူွမွာ လိုအပ္တဲံ့ အိုမီဂါ၃ အဆီကို သစ္ၾကားသီးကေန မ်ားစြာ ရရွိႏိုင္ပါတယ္။

ဦးေႏွာက္ ရဲ႕ လုပ္ငန္းေဆာင္တာကို ေကာင္းစြာ အလုပ္ လုပ္ႏိုင္မွသာ စိတ္က်ေရာဂါကို သက္သာေစမွာ ျဖစ္ပါတယ္။ သစ္ၾကားသီးဟာ ကိုယ္အေလးခ်ိန္ ေလ်႕ာက်ေစပါတယ္။ ထမင္းမစားမွီ သစ္ၾကားသီး အနည္းငယ္ စားသုံးျခင္းေၾကာင့္ ထမင္းစားခ်င္စိတ္ကို ေလ်ာ့က်ေစၿပီး ဝိတ္ကို ထိန္းေပးႏိုင္ပါတယ္။

အိပ္မေပ်ာ္သူမ်ား သစ္ၾကားသီး စားသုံးျခင္းသည္ အိပ္ေပ်ာ္ျခင္းအက်ိဳးကို ရရွိႏိုင္ပါသည္။
သစ္ၾကားသီးမွာ ပါဝင္တဲ့ မယ္လတိုနင္ဓာတ္ဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ျခင္းကို ေပးပါတယ္။ သစ္ၾကားသီးမွာပါဝင္တဲ့ Alpha Linolenic Acid ဟာ အ႐ိုးက်န္းမာေရးကို ေကာင္းေစၿပီး အိုမီဂါ၃ အဆီဟာ အ႐ိုးထုထည္ဆုံး႐ူံွးမူွကို ကာကြယ္ပါတယ္။

ကင္ဆာျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစၿပီး ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါနဲ႔ အာလ္ဇိုင္းမားလို ေရာဂါမ်ိဳးကို သက္သာေစပါတယ္။ သစ္ၾကားသီးမွာ ပ႐ိုတင္းဓာတ္၊ အမွ်င္ဓာတ္၊ ဗီတာမင္၊ သတၳဳဓာတ္နဲ႔ အင္တီေအာက္ဆီဒင့္ေတြ မ်ားစြာ ပါဝင္ပါတယ္။

သစ္ၾကားသီးမွာ အာဟာရတန္ဘိုး မ်ားစြာ ပါဝင္တာေၾကာင့္ တစ္ေန႔တာအတြက္ လိုအပ္တဲ့ အာဟာရကို ေကာင္းစြာ ေပးစြမ္းႏိုင္ပါတယ္။ သစ္ၾကားသီးမွာ ပါဝင္တဲ့ အဆီဓာတ္ဟာ ခႏၶာကိုယ္ကို အႏၲရာယ္ မျပဳႏိုင္တာမို႔ အဆီတက္မွာ မစိုးရိမ္ရပဲ ကိုယ္အေလးခ်ိန္ကို ေကာင္းစြာ ထိန္ေပးပါတယ္။

ကဲ သစ္ၾကားသီးရဲ႕အက်ိဳးေက်းဇူးကို လက္ေတြ႕သိရေအာင္ ဒီေန႔ပဲ စမ္းသပ္လို႔ စားသုံးၾကည့္လိုက္ၾကပါစို႔….

#စႏၵီျမင့္မိုရ္

photo by google

Unicode

လူကို အကျိုးပြုစေတဲ့ သဘာဝဓာတ်များစွာ ပါဝင်တဲ့ သစ်ကြားသီး စားပါ

အခွံမာသီး တစ်မျိုးဖြစ်တဲ့ သစ်ကြားသီးမှာ လူကို အကျိုးပြုစေတဲ့ သဘာဝဓာတ်များစွာ ပါဝင်တာမို့ သစ်ကြားသီး စားသုံးခြင်းက ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ သစ်ကြားသီးဟာ ဆီးကျိန်ကင်ဆာ ကို ကာကွယ် ပေးနိုင်တာမို့ အမျိုးသားများအတွက် ကောင်းမွန်သော သဘာဝ ဆေးတစ်လက် ဖြစ်ပါတယ်။

သစ်ကြားသီးမှာ အင်တီအောက်ဆီဒင့် များစွာ ပါဝင်တဲ့အတွက် ဆီးကျိတ်ကင်ဆာ ဖြစ်ပေါ်မူှကို ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။ နေ့လည်ပိုင်း ထမင်းစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာလောက် စားသုံးခြင်းအားဖြင့် သည်းခြေအိတ်ဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါတယ်။

သစ်ကြားသီးကို စားသုံးခြင်းအားဖြင့် သွေးတွင်းမကောင်းတဲံ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် အဆင့်ကို လျော့ကျစေတာကြောင့် နှလုံးရောဂါ ဖြစ်ပွားမူှကို ကျဆင်းစေပါတယ်။ ဦးနှောက်နဲ့ ပတ်သက်လို့ သစ်ကြားသီးရဲ့အကျိုးပြုခြင်းတွေကလည်း အံမခန်းပါပဲ။

ဦးနှောက်ဟာ အဆီ ၆၀ ရာခိုင်နူှန်းကျော်နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ဦးနှောက်ဆဲလ်များ ကောင်းစွာ အလုပ် လုပ်နိုင်ဖို့ရာ အဆီ တည်ဆောက်မူှမှာ လိုအပ်တဲံ့ အိုမီဂါ၃ အဆီကို သစ်ကြားသီးကနေ များစွာ ရရှိနိုင်ပါတယ်။

ဦးနှောက် ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းစွာ အလုပ် လုပ်နိုင်မှသာ စိတ်ကျရောဂါကို သက်သာစေမှာ ဖြစ်ပါတယ်။ သစ်ကြားသီးဟာ ကိုယ်အလေးချိန် လျေ့ာကျစေပါတယ်။ ထမင်းမစားမှီ သစ်ကြားသီး အနည်းငယ် စားသုံးခြင်းကြောင့် ထမင်းစားချင်စိတ်ကို လျော့ကျစေပြီး ဝိတ်ကို ထိန်းပေးနိုင်ပါတယ်။

အိပ်မပျော်သူများ သစ်ကြားသီး စားသုံးခြင်းသည် အိပ်ပျော်ခြင်းအကျိုးကို ရရှိနိုင်ပါသည်။
သစ်ကြားသီးမှာ ပါဝင်တဲ့ မယ်လတိုနင်ဓာတ်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို ပေးပါတယ်။ သစ်ကြားသီးမှာပါဝင်တဲ့ Alpha Linolenic Acid ဟာ အရိုးကျန်းမာရေးကို ကောင်းစေပြီး အိုမီဂါ၃ အဆီဟာ အရိုးထုထည်ဆုံးရူံှးမူှကို ကာကွယ်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါနဲ့ အာလ်ဇိုင်းမားလို ရောဂါမျိုးကို သက်သာစေပါတယ်။ သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္ထုဓာတ်နဲ့ အင်တီအောက်ဆီဒင့်တွေ များစွာ ပါဝင်ပါတယ်။

သစ်ကြားသီးမှာ အာဟာရတန်ဘိုး များစွာ ပါဝင်တာကြောင့် တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရကို ကောင်းစွာ ပေးစွမ်းနိုင်ပါတယ်။ သစ်ကြားသီးမှာ ပါဝင်တဲ့ အဆီဓာတ်ဟာ ခန္ဓာကိုယ်ကို အန္တရာယ် မပြုနိုင်တာမို့ အဆီတက်မှာ မစိုးရိမ်ရပဲ ကိုယ်အလေးချိန်ကို ကောင်းစွာ ထိန်ပေးပါတယ်။

ကဲ သစ်ကြားသီးရဲ့အကျိုးကျေးဇူးကို လက်တွေ့သိရအောင် ဒီနေ့ပဲ စမ်းသပ်လို့ စားသုံးကြည့်လိုက်ကြပါစို့….

#စန္ဒီမြင့်မိုရ်

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …