လုံးတီးကားေတြကို မ႐ိုက္ေတာ့ဘူးလို႔ ကီယာႏိုက္ေလးက အ႐ြန္းေဖာက္

လုံးတီးကားေတြကို မ႐ိုက္ေတာ့ဘူးလို႔ ကီယာႏိုက္ေလးက အ႐ြန္းေဖာက္
Fashion and Beauty

လုံးတီးကားေတြကို မ႐ိုက္ေတာ့ဘူးလို႔ ကီယာႏိုက္ေလးက အ႐ြန္းေဖာက္

ကေလး၂ ေယာက္ေမြးၿပီး ေနာက္မွာေတာ့ ကေလးေတြကို ႏို႔တိုက္ ရလြန္းလို႔ သူမရဲ႕ရင္သားပုံပ်က္သြားၿပီ ျဖစ္လို႔ ေနာက္ပိုင္းမွာ ကိုယ္လုံး ျပရတဲ့ ႐ိုက္ကြင္းေတြ ပါတဲ့ ကားေတြ ဆိုရင္ ကိုယ္တိုင္ သ႐ုပ္ မေဆာင္ေတာ့ ဘူးလို႔ ေဟာလီးဝုဒ္ ဆယ္လီ ကီယာႏိုက္ေလး အ႐ြန္းေဖာက္ၿပီး ေျပာသြား ပါတယ္ ။

ကီယာႏိုက္ ေလးက ၿဗိတိန္ သ႐ုပ္ေဆာင္ျဖစ္ၿပီး ကေလးဘ၀ ကတည္းက ႐ုပ္ရွင္ ေလာကမွာ က်င္လည္ ခဲ့သူ ျဖစ္ပါတယ္ ။ ႐ုပ္ရွင္ဆု ေတာ္ေတာ္ မ်ားမ်ားကို ရရွိခဲ့တဲ့ အတြက္ေၾကာင့္ ၿဗိတိသွ် ဘုရင္မႀကီးက ခ်ီးျမင့္ထားတဲ့ ၿဗိတိသွ် အမိန႔္ေပး အရာရွိ ဘြဲ႕ OBE ဆုကို လက္ခံ ရရွိထား သူလည္း ျဖစ္ပါတယ္ ။

၂၀၁၉ က ေမြးခဲ့တဲ့ ဒလီလက္ နဲ႔ ၄ ႏွစ္သား အက္ဒီ တို႔ရဲ႕ မိခင္ျဖစ္သူ ကီယာ ႏိုက္ေလး ( ၃၄ႏွစ္ ) က အရင္ တုန္းက သူမက လုံးတီး အခန္း ေတြမွာ ႐ိုက္ရတာ အဆင္ေျပေပမဲ့ အခုေတာ့ ကေလးက ႏို႔စြဲ လြန္းလို႔ ရင္သား ပုံပ်က္ သြားၿပီး ကိုယ္လုံး အလွျပရတဲ့ အခန္း ေတြမွာ သူမအတြက္ အဆင္ မေျပ ေတာ့ပါဘူး ။ ကင္မရာ သမားက လည္း အဲ့ဒါကို ေရွာင္ၿပီး ႐ိုက္ရလို႔ အဆင္မေျပ ျဖစ္ရတယ္ ။ ဒါေၾကာင့္ ေနာက္ပိုင္း ႐ိုက္ရမယ့္ ႐ုပ္ရွင္ ေတြမွာ လူစားထိုး ရင္ထိုး မထိုးရင္ ဇာတ္ၫႊန္းေျပာင္း ႐ိုက္ရ ေတာ့မယ္လို႔ ဟာသလုပ္ၿပီး ေျပာသြားပါတယ္ ။

သူမက ဖနန္ရွယ္တိုင္းမ္ မဂၢဇင္းကို “ က်မရဲ႕ ရင္သားေတြက ပုံပ်က္သြားပါၿပီ ။ က်မက က်မရဲ႕ခႏၲာကိုယ္နဲ႔ ပတ္သက္ လာရင္ အရမ္း ဂုဏ္ယူပါတယ္ ။ တကယ့္ အံ့အားသင့္ စရာပါ ။ ဒါေပမဲ့ အခုေတာ့ ႐ုပ္ရွင္ ကင္မရာ ေရွ႕မွာ တစ္ကိုယ္လုံး ျပဖို႔ရာအတြက္ အဆင္မေျပ ျဖစ္ေနပါတယ္ ။ အခုေတာ့ ဆုံးျဖတ္ခ်က္ ခ်လိုက္ ပါၿပီ လုံးတီး႐ိုက္ခ်က္ေတြ ပါတဲ့ ကားေတြကို ေရွာင္႐ိုက္ ေတာ့မွာပါ ”လို႔ ဆိုတယ္ ။ သူမက လုံးတီးခန္း ေတြပါတဲ့ ကားေတြကို မ႐ိုက္ခ်င္တဲ့ ေနာက္ထပ္ အေၾကာင္း တစ္ခုကိုလည္း ေျပာသြား ပါေသးတယ္ ။

အဲ့ဒါ ကေတာ့ “ ရွင္တို႔ စဥ္းစားၾကည့္ေလ ။ အႏုပညာ ျပကြက္ တစ္ခုကို ျပဖို႔အတြက္ အိပ္ရာထဲက အခန္းက အေရးႀကီးတဲ့ အပိုင္း ဆိုရင္ ထားလိုက္ပါေတာ့ ေတာ္႐ုံကေတာ့ ပြန္း ႐ုပ္ရွင္ေတြနဲ႔ မထူးဘူး ျဖစ္သြားလိမ့္မယ္ ။ အိပ္ရာ ထဲက အခန္းက ဇာတ္ေကာင္ရဲ႕ ဇာတ္႐ုပ္ကို အတိအက် ေဖာ္ျပရ တဲ့ ဇာတ္လမ္းဆိုရင္ တစ္မ်ိဳးေပါ့ ။

စြန႔္စားခန္း ႐ုပ္ရွင္ေတြ လူစြန႔္စား ကားေတြ အျခားအျခားေသာ ကားေတြမွာ အိပ္ရာထဲမွာ လုံးတီးခြၽတ္ ျပရတာက သိပ္ မဟုတ္ဘူးလို႔ ထင္လို႔ပါ ” လို႔ ဆိုပါတယ္ ။ အရင္တုန္း ကေတာ့ ကင္မရာ ေရွ႕မွာ သူမရဲ႕ ခႏၲာကိုယ္ ေကာက္ေၾကာင္းေတြ ကို ျပရတာ အဆင္ေျပေပမဲ့ ေနာက္ပိုင္ေတာ့ တျဖည္းျဖည္း အဆင္မေျပ ေတာ့ဘူးလို႔ ထင္လာတဲ့ အတြက္ သူမက လုံးတီးခြၽတ္တဲ့ အခန္းေတြကို မ႐ိုက္ ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ တာပါလို႔ ဆိုတယ္ ။

ေမာင္ယႆ

REF: Asian one / Photo; pinterest

Unicode

လုံးတီးကားတွေကို မရိုက်တော့ဘူးလို့ ကီယာနိုက်လေးက အရွန်းဖောက်

ကလေး၂ ယောက်မွေးပြီး နောက်မှာတော့ ကလေးတွေကို နို့တိုက် ရလွန်းလို့ သူမရဲ့ရင်သားပုံပျက်သွားပြီ ဖြစ်လို့ နောက်ပိုင်းမှာ ကိုယ်လုံး ပြရတဲ့ ရိုက်ကွင်းတွေ ပါတဲ့ ကားတွေ ဆိုရင် ကိုယ်တိုင် သရုပ် မဆောင်တော့ ဘူးလို့ ဟောလီးဝုဒ် ဆယ်လီ ကီယာနိုက်လေး အရွန်းဖောက်ပြီး ပြောသွား ပါတယ် ။

ကီယာနိုက် လေးက ဗြိတိန် သရုပ်ဆောင်ဖြစ်ပြီး ကလေးဘ၀ ကတည်းက ရုပ်ရှင် လောကမှာ ကျင်လည် ခဲ့သူ ဖြစ်ပါတယ် ။ ရုပ်ရှင်ဆု တော်တော် များများကို ရရှိခဲ့တဲ့ အတွက်ကြောင့် ဗြိတိသျှ ဘုရင်မကြီးက ချီးမြင့်ထားတဲ့ ဗြိတိသျှ အမိန့်ပေး အရာရှိ ဘွဲ့ OBE ဆုကို လက်ခံ ရရှိထား သူလည်း ဖြစ်ပါတယ် ။

၂၀၁၉ က မွေးခဲ့တဲ့ ဒလီလက် နဲ့ ၄ နှစ်သား အက်ဒီ တို့ရဲ့ မိခင်ဖြစ်သူ ကီယာ နိုက်လေး ( ၃၄နှစ် ) က အရင် တုန်းက သူမက လုံးတီး အခန်း တွေမှာ ရိုက်ရတာ အဆင်ပြေပေမဲ့ အခုတော့ ကလေးက နို့စွဲ လွန်းလို့ ရင်သား ပုံပျက် သွားပြီး ကိုယ်လုံး အလှပြရတဲ့ အခန်း တွေမှာ သူမအတွက် အဆင် မပြေ တော့ပါဘူး ။ ကင်မရာ သမားက လည်း အဲ့ဒါကို ရှောင်ပြီး ရိုက်ရလို့ အဆင်မပြေ ဖြစ်ရတယ် ။ ဒါကြောင့် နောက်ပိုင်း ရိုက်ရမယ့် ရုပ်ရှင် တွေမှာ လူစားထိုး ရင်ထိုး မထိုးရင် ဇာတ်ညွှန်းပြောင်း ရိုက်ရ တော့မယ်လို့ ဟာသလုပ်ပြီး ပြောသွားပါတယ် ။

သူမက ဖနန်ရှယ်တိုင်းမ် မဂ္ဂဇင်းကို “ ကျမရဲ့ ရင်သားတွေက ပုံပျက်သွားပါပြီ ။ ကျမက ကျမရဲ့ခန္တာကိုယ်နဲ့ ပတ်သက် လာရင် အရမ်း ဂုဏ်ယူပါတယ် ။ တကယ့် အံ့အားသင့် စရာပါ ။ ဒါပေမဲ့ အခုတော့ ရုပ်ရှင် ကင်မရာ ရှေ့မှာ တစ်ကိုယ်လုံး ပြဖို့ရာအတွက် အဆင်မပြေ ဖြစ်နေပါတယ် ။ အခုတော့ ဆုံးဖြတ်ချက် ချလိုက် ပါပြီ လုံးတီးရိုက်ချက်တွေ ပါတဲ့ ကားတွေကို ရှောင်ရိုက် တော့မှာပါ ”လို့ ဆိုတယ် ။ သူမက လုံးတီးခန်း တွေပါတဲ့ ကားတွေကို မရိုက်ချင်တဲ့ နောက်ထပ် အကြောင်း တစ်ခုကိုလည်း ပြောသွား ပါသေးတယ် ။

အဲ့ဒါ ကတော့ “ ရှင်တို့ စဉ်းစားကြည့်လေ ။ အနုပညာ ပြကွက် တစ်ခုကို ပြဖို့အတွက် အိပ်ရာထဲက အခန်းက အရေးကြီးတဲ့ အပိုင်း ဆိုရင် ထားလိုက်ပါတော့ တော်ရုံကတော့ ပွန်း ရုပ်ရှင်တွေနဲ့ မထူးဘူး ဖြစ်သွားလိမ့်မယ် ။ အိပ်ရာ ထဲက အခန်းက ဇာတ်ကောင်ရဲ့ ဇာတ်ရုပ်ကို အတိအကျ ဖော်ပြရ တဲ့ ဇာတ်လမ်းဆိုရင် တစ်မျိုးပေါ့ ။

စွန့်စားခန်း ရုပ်ရှင်တွေ လူစွန့်စား ကားတွေ အခြားအခြားသော ကားတွေမှာ အိပ်ရာထဲမှာ လုံးတီးချွတ် ပြရတာက သိပ် မဟုတ်ဘူးလို့ ထင်လို့ပါ ” လို့ ဆိုပါတယ် ။ အရင်တုန်း ကတော့ ကင်မရာ ရှေ့မှာ သူမရဲ့ ခန္တာကိုယ် ကောက်ကြောင်းတွေ ကို ပြရတာ အဆင်ပြေပေမဲ့ နောက်ပိုင်တော့ တဖြည်းဖြည်း အဆင်မပြေ တော့ဘူးလို့ ထင်လာတဲ့ အတွက် သူမက လုံးတီးချွတ်တဲ့ အခန်းတွေကို မရိုက် တော့ဘူးလို့ ဆုံးဖြတ်လိုက် တာပါလို့ ဆိုတယ် ။

မောင်ယဿ

REF: Asian one / Photo; pinterest

No Comments

Leave a Reply

Your email address will not be published.

ဗစ္တိုးရီးယားဆီးကရက္ ဖက္ရွင္ရႈိး အမႈေဆာင္အရာရွိ လိင္ပိုင္ဆိုင္ရာ ေစာ္ကားမႈနဲ႔တရားစြဲခံရ
Fashion and Beauty
ဗစ္တိုးရီးယားဆီးကရက္ ဖက္ရွင္ရႈိး အမႈေဆာင္အရာရွိ လိင္ပိုင္ဆိုင္ရာ ေစာ္ကားမႈနဲ႔တရားစြဲခံရ

ဗစ္တိုးရီးယားဆီးကရက္ ဖက္ရွင္ရႈိး အမႈေဆာင္အရာရွိ လိင္ပိုင္ဆိုင္ရာ ေစာ္ကားမႈနဲ႔တရားစြဲခံရ ဗစ္တိုးရီးယားဆီးကရက္ ဖက္ရွင္ရႈိး အမႈေဆာင္အရာရွိ အိဒ္ရာဇတ္ကေတာ့ တစ္ႏွစ္ထက္ တစ္ႏွစ္ မ႐ိုးရေအာင္ကို တရားစြဲ ခံေနရပါတယ္။ ၿပီးခဲ့တဲ့ အပတ္က ထြက္တဲ့ နယူးေယာက္ခ္တိုင္းမ္ မဂၢဇင္းမွာ ေမာ္ဒယ္ ဘယ္လာဟာဒစ္က သူမကို အဝတ္လဲခန္းက အထြက္မွာ အိဒ္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ လုပ္ခဲ့တယ္လို႔ ေဖာ္ျပပါရွိပါတယ္။ ေမာ္ဒယ္ေတြကို ရႈိးမွာ လမ္းေလွ်ာက္ဖို႔ ျပင္ေပးတဲ့ ေနရာမွာ အိဒ္ကဘာေတြ ဘယ္လိုဝတ္ရမယ္ ဘယ္သူေတြ အရင္ထြက္ ဘယ္သူက ေနာက္မွထြက္ အေသးစိတ္ စစ္ေဆးတဲ့ ေနရာမွာ လုပ္ရပါတယ္။ အဲ့ေတာ့ စကားေတြက နင့္နင့္သီးသီးေတြ ေျပာျဖစ္သြားတာလည္း ပါပါတယ္။ တစ္ခါတစ္ေလ …

မိန္းမသားတို႔ အလွနဲ႔ ျမန္မာ့ခ်ည္ထည္
Fashion and Beauty
မိန္းမသားတို႔ အလွနဲ႔ ျမန္မာ့ခ်ည္ထည္

မိန္းမသားတို႔ အလွနဲ႔ ျမန္မာ့ခ်ည္ထည္ ဟိုးလြန္ေလၿပီးေသာ ရာစုႏွစ္မ်ား ဆီကဆိုလွ်င္ ျပည္တြင္းျဖစ္ကို အားေပးပါဟု ေႂကြးေၾကာ္ေနခ်ိန္တြင္ ႏိုင္ငံျခားျဖစ္ အထည္မ်ားကိုသာ အထင္ႀကီး ဝယ္ယူ ဝတ္ဆင္ခဲ့ၾက ဖူးေပသည္။ ယခုေခတ္ ယခုအခါတြင္ေတာ့ ျမန႔္မာ့႐ိုးရာ ခ်ည္ထည္မ်ားမွာ တစ္ေခတ္ ဆန္းလာၿပီး ႐ိုးရာ ခ်ည္ထည္မ်ားကိုလည္း ႏွစ္သက္စြာ ဝတ္ဆင္ လာၾကၿပီ ျဖစ္သည္။ တိုင္းရင္းသား လူမ်ိဳးမ်ားရဲ႕ ႐ိုးရာ အထည္မ်ားဟာလည္း လွပဆန္းသစ္ၿပီး ခ်ည္သားမ်ားနဲ႔သာ ယက္လုပ္ထားၾကတာ ျဖစ္ပါတယ္။ ျမန္မာ့႐ိုးရာ ခ်ည္ထည္မ်ားနဲ႔ တိုင္းရင္းသား႐ိုးရာ ခ်ည္ထည္မ်ားကို ကမာၻကပင္ စိတ္ဝင္စားလာၾကသည္ကို ေတြ႕ျမင္ရေပသည္။ ခ်ည္ထည္ရဲ႕ ေကာင္းက်ိဳးမ်ားကို ၾကည့္မယ္ဆိုရင္… အသားအေရနဲ႔ ျမန္မာ့ခ်ည္ထည္.. ျမန္မာျဖစ္ ခ်ည္ထည္မ်ားဟာဆိုရင္ ဓာတုပစၥည္းမ်ားနဲ႔ …