လုယက္သူေတြနဲ႔ ဂ်ာမန္ရဲေတြ အျပန္အလွန္တိုက္ခိုက္ ရဲ ဒါဇင္နဲ႔ ခ်ီၿပီးဒဏ္ရာရ

လုယက္သူေတြနဲ႔ ဂ်ာမန္ရဲေတြ အျပန္အလွန္တိုက္ခိုက္ ရဲ ဒါဇင္နဲ႔ ခ်ီၿပီးဒဏ္ရာရ
International-news

လုယက္သူေတြနဲ႔ ဂ်ာမန္ရဲေတြ အျပန္အလွန္တိုက္ခိုက္ ရဲ ဒါဇင္နဲ႔ ခ်ီၿပီးဒဏ္ရာရ

စေနေန႔ ညေနက ဂ်ာမဏီႏိုင္ငံ စတူးဂတ္ၿမိဳ႕မွာ ပတၱေရာင္ရဲေတြက လမ္းေဘးကဆိုင္ေတြနဲ႔ လက္ဆြဲ ေဈးေရာင္းသူေတြ ကို မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တဲ့ စစ္ေဆးမႈေတြကို လုပ္ေနစဥ္မွာ ဆူပူ လုယက္ ေသာင္းက်န္းသူ ေတြက ရဲေတြကို တိုက္ခိုက္ရာ ဒါဇင္နဲ႔ ခ်ီတဲ့ရဲေတြ ထိခိုက္ ဒဏ္ရာရခဲ့ပါတယ္ ။

ဂ်ာမဏီ မွာက စေနညကေန တနဂၤေႏြ ညအထိ ၿမိဳ႕ တိုင္းနီးပါးမွာ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တဲ့ စစ္ေဆးမႈေတြ ကို လုပ္ၾကပါတယ္ ။ ၿမိဳ႕လည္ကေန စၿပီး ၿမိဳ႕စြန္အထိ စစ္ေဆးမႈေတြကို လုပ္ေနစဥ္ စတူးဂတ္ ၿမိဳ႕ အေနာက္ေတာင္ပိုင္းမွာ စစ္ေဆးေနတဲ့ ရဲတပ္ဖြဲ႕ကို ဆူပူေသာင္းက်န္းသူေတြက စတင္တိုက္ခိုက္ျခင္းကို ခံလိုက္ရတာပါ ။

အစပိုင္းက ဆူပူ ေသာင္းက်န္းသူေတြက ဆိုင္ေတြကို လုယက္ဖို႔အတြက္ ႀကိဳးစားေနတာ ျဖစ္ၿပီး ပတၱေရာင္ ရဲကားကို ေတြ႕ တဲ့အခါမွာေတာ့ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ ေျပာင္းသြားတာပါ ။ ရဲကားေတြကို ေက်ာက္တုံးေတြ နဲ႔ အျခားအရာေတြ အျပင္ လမ္းခင္းေက်ာက္တုံးေတြနဲ႔ ပစ္ေပါက္ ခဲ့ပါတယ္လို႔ အခင္း ျဖစ္ပြားရာေနရာက မ်က္ျမင္သက္ေသ ေတြက ဆိုပါတယ္ ။

ဆူပူေသာင္းက်န္းသူေတြက သူတို႔ကို မွတ္မိမွာစိုးတဲ့အတြက္ မ်က္ႏွာေတြ ခႏၲာကိုယ္ေတြကို အကာအကြယ္ ေတြ ကို ဝတ္ထားပါတယ္ ။ အခင္းျဖစ္ပြားေနစဥ္မွာ ရဲေတြက ၿမိဳ႕ထဲက အျခားတပ္ဖြဲ႕ ဝင္ေတြကို ေခၚယူ ခဲ့ပါတယ္ ။ ရဲကားေတြ တစ္စီးၿပီး တစ္စီး ေရာက္လာ ေပမဲ့ ေသာင္းက်န္းသူေတြကို အုပ္စုမ ခြဲႏိုင္တဲ့အျပင္ ေနာက္ထပ္ ေရာက္လာတဲ့ ရဲေတြပါ တိုက္ခိုက္ခံေနရပါတယ္ ။

စတူးဂတ္ၿမိဳ႕ေတာ္ဝန္က အဲ့ဒိကိစၥကို ေျဖရွင္းဖို႔အတြက္ ရဲအင္အား၂၀၀ ေက်ာ္ကို သုံးဖို႔ အမိန႔္ေပးခဲ့ပါတယ္ ။ ရဲေတြအလုံးအရင္းနဲ႔ ေရာက္လာတဲ့ အခါမွာေတာ့ ဆူပူ ေသာင္းက်န္းသူေတြ ထြက္ေျပး ေပ်ာက္ကြယ္သြားပါတယ္ ။ ရဲေတြဖက္က တစ္ဒါဇင္ေက်ာ္ ထိခိုက္ ဒဏ္ရာရခဲ့ၿပီး ေသာင္းက်န္းသူ ၂၀ေက်ာ္ကို ဖမ္းဆီး ထိန္းသိမ္း ႏိုင္ခဲ့ ပါတယ္ ။ အဖမ္းခံထားသူေတြကို စစ္ေမးျခင္း မ်က္ျမင္ သက္ေသေတြရဲ႕ သတင္းေပးမႈ ကိုရယူျခင္းနဲ႔ ဆိုရွယ္မီဒီယာ ေတြေပၚမွာ ေျခရာခံ လိုက္ျခင္းကိစၥေတြကို ရဲေတြက ဆက္လုပ္ၿပီး ကြင္းဆက္ တရားခံေတြကို ေဖာ္ထုတ္ေနပါတယ္ ။

ေမာင္ယႆ

REF: euronews / Photo;AP

Unicode

လုယက်သူတွေနဲ့ ဂျာမန်ရဲတွေ အပြန်အလှန်တိုက်ခိုက် ရဲ ဒါဇင်နဲ့ ချီပြီးဒဏ်ရာရ

စနေနေ့ ညနေက ဂျာမဏီနိုင်ငံ စတူးဂတ်မြို့မှာ ပတ္တရောင်ရဲတွေက လမ်းဘေးကဆိုင်တွေနဲ့ လက်ဆွဲ ဈေးရောင်းသူတွေ ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေကို လုပ်နေစဉ်မှာ ဆူပူ လုယက် သောင်းကျန်းသူ တွေက ရဲတွေကို တိုက်ခိုက်ရာ ဒါဇင်နဲ့ ချီတဲ့ရဲတွေ ထိခိုက် ဒဏ်ရာရခဲ့ပါတယ် ။

ဂျာမဏီ မှာက စနေညကနေ တနင်္ဂနွေ ညအထိ မြို့ တိုင်းနီးပါးမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ ကို လုပ်ကြပါတယ် ။ မြို့လည်ကနေ စပြီး မြို့စွန်အထိ စစ်ဆေးမှုတွေကို လုပ်နေစဉ် စတူးဂတ် မြို့ အနောက်တောင်ပိုင်းမှာ စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ကို ဆူပူသောင်းကျန်းသူတွေက စတင်တိုက်ခိုက်ခြင်းကို ခံလိုက်ရတာပါ ။

အစပိုင်းက ဆူပူ သောင်းကျန်းသူတွေက ဆိုင်တွေကို လုယက်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပြီး ပတ္တရောင် ရဲကားကို တွေ့ တဲ့အခါမှာတော့ သူတို့ရဲ့ ရည်ရွယ်ချက် ပြောင်းသွားတာပါ ။ ရဲကားတွေကို ကျောက်တုံးတွေ နဲ့ အခြားအရာတွေ အပြင် လမ်းခင်းကျောက်တုံးတွေနဲ့ ပစ်ပေါက် ခဲ့ပါတယ်လို့ အခင်း ဖြစ်ပွားရာနေရာက မျက်မြင်သက်သေ တွေက ဆိုပါတယ် ။

ဆူပူသောင်းကျန်းသူတွေက သူတို့ကို မှတ်မိမှာစိုးတဲ့အတွက် မျက်နှာတွေ ခန္တာကိုယ်တွေကို အကာအကွယ် တွေ ကို ဝတ်ထားပါတယ် ။ အခင်းဖြစ်ပွားနေစဉ်မှာ ရဲတွေက မြို့ထဲက အခြားတပ်ဖွဲ့ ဝင်တွေကို ခေါ်ယူ ခဲ့ပါတယ် ။ ရဲကားတွေ တစ်စီးပြီး တစ်စီး ရောက်လာ ပေမဲ့ သောင်းကျန်းသူတွေကို အုပ်စုမ ခွဲနိုင်တဲ့အပြင် နောက်ထပ် ရောက်လာတဲ့ ရဲတွေပါ တိုက်ခိုက်ခံနေရပါတယ် ။

စတူးဂတ်မြို့တော်ဝန်က အဲ့ဒိကိစ္စကို ဖြေရှင်းဖို့အတွက် ရဲအင်အား၂၀၀ ကျော်ကို သုံးဖို့ အမိန့်ပေးခဲ့ပါတယ် ။ ရဲတွေအလုံးအရင်းနဲ့ ရောက်လာတဲ့ အခါမှာတော့ ဆူပူ သောင်းကျန်းသူတွေ ထွက်ပြေး ပျောက်ကွယ်သွားပါတယ် ။ ရဲတွေဖက်က တစ်ဒါဇင်ကျော် ထိခိုက် ဒဏ်ရာရခဲ့ပြီး သောင်းကျန်းသူ ၂၀ကျော်ကို ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ ပါတယ် ။ အဖမ်းခံထားသူတွေကို စစ်မေးခြင်း မျက်မြင် သက်သေတွေရဲ့ သတင်းပေးမှု ကိုရယူခြင်းနဲ့ ဆိုရှယ်မီဒီယာ တွေပေါ်မှာ ခြေရာခံ လိုက်ခြင်းကိစ္စတွေကို ရဲတွေက ဆက်လုပ်ပြီး ကွင်းဆက် တရားခံတွေကို ဖော်ထုတ်နေပါတယ် ။

မောင်ယဿ

REF: euronews / Photo;AP

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …