
International-news









မောင်ယဿ


Unicode

လုပ်ငန်းဖော် တွေရဲ့ စတန့် စွမ်းရည်ကို ပြခဲ့တဲ့ ဒွန်နီယန်

ဟောင်ကောင် မင်းသား ဒွန်နီယန်က တကယ် တော်တဲ့ သိုင်းသမား တစ်ယောက် ဆိုတာကို ကျနော်တို့ သိပါတယ် ။ ဒစ္စနေး ကရိုက်တဲ့ မူလန်း ရုပ်ရှင် ထဲမှာလည်း သူ့ရဲ့ သိုင်းစွမ်းရည်ကို ပြခဲ့လို့ အမေရိကန် ဒါရိုက်တာတွေ အံ့အားသင့် ရလွန်းလို့ သူတို့က မေးစေ့တွေတောင် မြေကြီးပေါ်ကျခဲ့ ရတယ်လို့ ပြောကြပါတယ် ။

အခု ကော်ရိုနာ ဗိုင်းရက်ကာလ အတွင်းမှာ အိမ်တွင်းအောင်းနေရတဲ့ သူတွေ အတွက် အပျင်းပြေ ဟာသ စတန့်ပြကွက် ဗီဒီယိုဖိုင်လေး တစ်ခု တင်ခဲ့ပါတယ် ။ ရုပ်ရှင် တည်းဖြတ်မှု ကောင်းလွန်းလို့ ပရိသတ်တွေ ရှယ်လိုက် ကြတာ လိုင်းပေါ်မှာ အုံးအုံး ထသွားပါတယ် ။ လူတစ်ယောက်က လူတစ်ယောက်ကို ထိုးလိုက်တာ ပုံစံ အမျိုးမျိုးနဲ့ လဲကျသွားပြီး လဲနေတဲ့ သူက ပြန်ထပြီး ထိုးတော့ နောက်တစ်ယာက် ထပ်ပြီး လဲကျသွားတဲ့ စတန့်ခန်း တွေကို ပြသွားတာပါ ။

ဒွန်နီယန်က သူ့ရဲ့ စတန့်အဖွဲ့သားတွေကို စုပြီး အဲ့ဒိ ဗီဒီယိုကလေးကို ရိုက်ပြ လိုက်တာပါ ။ သူတို့ အက်ရှင်ကား တွေကို ဘယ်လို အောင်မြင်အောင် ရိုက်ခဲ့ကြတယ် ဆိုတာကို အဲ့ဒိလို ဗီဒီယိုဖိုင်လေးနဲ့ ပြသ ခဲ့တာပါ ။ ဒွန်နီယန် က သူနာမည်ကြီးခဲ့တဲ့ ဝင်ချွန်းကစားတဲ့ သစ်သားတိုင်မှာ လေ့ကျင့် နေရင်းက ကင်မရာကို ဘေးစောင်းကန် ချက် နဲ့ စကန် လိုက်တဲ့ပုံ နဲ့ စလိုက် တာပါ ။ “ကျနော် အက်ရှင် ဒါရိုက်တာ တစ်ယောက်အဖြစ်နဲ့ အလုပ်လုပ် လာတာ နှစ် ၃၀ ရှိနေပါပြီ ။

ကျနော်က ရုပ်ရှင်တွေ တစ်ကားပြီး တစ်ကားရိုက်လာတာ ကျနော့် စတန့်အဖွဲ့ရဲ့ သစ္စာရှိမှု အလုပ် ကြိုးစားမှု ကို လေးစားလွန်းလို့ ဒီဗီဒီယိုဖိုင်ကို ရိုက်ပြ တာပါ ။ ကျနော်တို့ရဲ့ ရိုက်ကွင်းနောက် ကွယ်က စတန့်သမားတွေ ရာနဲ့ ချီပြီး ရှိပါတယ် ။ သူတို့ရဲ့ စွန့်လွှတ် အနစ်နာခံမှု သူရဲကောင်းဆန်မှုတွေ အတွက် ဂုဏ်ပြု ပေးတာပါ”လို့ ဆိုတယ် ။

အဲ့ဒိ စတန့်ဗီဒီယိုဖိုင်မှာ ဟောင်ကောင် စင်ကာပူ တရုတ် ကနေဒါ ဂျပန် က စတန့်သမားတွေပါပါတယ် ။ တစ်ယောက် တိုက်ခိုက်နေတာ နောက်ဆုံး တိုက်ကွက်ကိုတော့ ဒွန်နီယန်က ဒယ်အိုးနဲ့ ကာကွယ်လို့ နိုင်ပါ တယ် ။ သူက လက်ရှိမှာ အမျိုးသား စတန့်သမားတွေရဲ့ အစွမ်းကို ပြပြီးနောက် အမျိုးသမီး စတန့်သမားတွေရဲ့ အစွမ်းကို ပြတဲ့ ဗီဒီယိုဖိုင်လည်း ရိုက်ပြဦးမယ်လို့ သူကဆိုပါတယ် ။

I’ve been an action director for over 30 years and blessed to have my dedicated, loyal and hard working stunt team with me for so many yrs. Our team (long and short term, worldwide) has probably reached over 100 action brothers. (Unfortunately couldn’t have everyone in our video) So proud to see many of them becoming world renowned action directors and top stunt action heroes behind the scenes. These guys don’t get enough credit. #donnieyenstunteam #bulletproof #forevergrateful #unsungheroes #甄家班

Posted by Donnie Yen 甄子丹 on Wednesday, May 20, 2020

မောင်ယဿ

REF: Asian one / Photo; facebook

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်
International-news
သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ် ရာကယ်ပရက်ဆင်းဂ် ဆိုတာက တလူဂူး နဲ့ တမီးလ် ရုပ်ရှင်လောက ကနေ နာမည်ကြီး လာပြီး ဘောလီးဝုဒ် ကို ခြေချလာတဲ့ မင်းသမီးတစ်လက်ပါ ။ အမျိုးအစားပုံစံကွဲပြားတဲ့ အိန္ဒိယရုပ်ရှင်လောကမှာ တစ်ခုကနေ အခြား တစ်ခုကို ပြောင်းဖို့ဆိုတာက အတော်မလွယ်တဲ့ ကိစ္စပါ ။ ဘာသာစကား ၊ အလေ့အထ နဲ့ အမှုအကျင့် တွေ ကွဲပြားတဲ့ ရုပ်ရှင်လောကတွေမှာ နှံ့အောင်ကျင်လည်နိုင်ဖို့ အတွက် ဘက်ပေါင်းစုံ ကျွမ်းကျင်မှ အဆင်ပြေ နိုင်မှာပါ ။ ရုပ်ရှင်လောက တစ်ခုနဲ့ တစ်ခုအကူးမှာ ကျရှုံး သွားတဲ့ မင်းသမီးတွေ …