လိုင္းေပၚမွာ အတင္း တုတ္ခံေနရတဲ့ ဘီလီအီးလစ္ရွ္
- By : Phoe Linn
- Category : Entertainment

လိုင္းေပၚမွာ အတင္း တုတ္ခံေနရတဲ့ ဘီလီအီးလစ္ရွ္
လူေတြက က်မ ဘာလုပ္ေနတယ္ ဆိုတာထက္ ဘာေတြ ေရးပို႔ေနတယ္ ဆိုတာကို ပိုစိတ္ဝင္စားေနၾကတယ္။ အဲ့ဒီစကားကို ေျပာတာ က မၾကာေသးခင္ကမွ ဂရမၼီဆု ၅ ဆုကို တစ္ႏွစ္တည္းရသြားခဲ့တဲ့ ၁၈ ႏွစ္အ႐ြယ္ အေမရိကန္ အဆိုေတာ္မေလး ဘီလီအီးလစ္ရွ္ပါပဲ။
အေၾကာင္းကေတာ့ “bad guy” အဆိုေတာ္မေလးနဲ႔ သူမထက္ အသက္အမ်ားႀကီး ႀကီးတဲ့ ကေနဒါသား အဆိုေတာ္ ဒရိတ္နဲ႔ စာေတြ အသြားအျပန္ လုပ္ေနတာကို ဝိုင္း ေဝဖန္ေနတဲ့ ကိစၥပါ။ တကယ္ေတာ့ဒရိတ္အသက္က ၃၀ေက်ာ္ေနပါၿပီ။ ကိုယ့္ထက္ အသက္ အမ်ားႀကီး ငယ္တဲ့ အဆိုေတာ္မေလးနဲ႔ ဘာလိုလို လုပ္ေနတာကို လူေတြက ေဝဖန္ေနၾကတာပါ။
ဘီလီက ဗန္နတီဖဲယား ပြဲမွာ မီဒီယာကို “ဒရိတ္က က်မ စကားေျပာဖူးသမွ်ထဲမွာ အလြန္ေကာင္းတဲ့ လူႀကီး လူေကာင္း တစ္ေယာက္ပါ။ ဆိုလိုခ်င္တာက က်မတို႔ စာေတြအျပန္ အလွန္ေရးပို႔တဲ့ေနရာမွာ စာသား လန္းလန္းေလးေတြကို ေရးတတ္တာကိုပါ”လို႔ သူမက ေျပာခဲ့ပါတယ္။ သူတို႔ ၂ ေယာက္ အြန္လိုင္း ေပၚကေန စာေတြ အျပန္အလွန္ ပို႔ေနတာေတြကို လူေတြက စိတ္ဝင္တစား နဲ႔ ကူးယူ ေဖာ္ျပေနၾကတယ္။
အြန္လိုင္းေပၚမွာ သူတို႔ ၂ ေယာက္ ေျပာစကားေတြက ပြ ထ လာလို႔ပါပဲ။ ေဗာက္ မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ဘီလီ (၁၈ႏွစ္) နဲ႔ ဒရိတ္ (၃၃ႏွစ္) တို႔ရဲ႕ ဆက္ဆံ ေရးကို ေမးျမန္းလာမႈကို သူမက ျပန္လည္ ေျဖၾကားခဲ့တာပါ။ “လိုင္းေပၚက လူေတြက အလကားဟာေတြပါ။ စကားေတြကို ဟိုေျပာ ဒီေျပာေတြ သိေျပာတာပဲ။ ေနာက္ၿပီးေတာ့ အရမ္းကိုပဲ စိတ္ခံစား လြယ္ၾကတယ္။
က်မထက္ အသက္ ပိုႀကီးတဲ့ လူတစ္ေယာက္က က်မရဲ႕ ဖန္ မျဖစ္ရေတာ့ဘူးလား။ အင္တာနက္ လိုင္းေပၚမွာ သိပ္ေၾကာက္စရာ ေကာင္းတဲ့ လူေတြရွိတယ္။ လူတကာကို ကိုယ္နဲ႔ မဆိုင္ဘဲနဲ႔ အတင္း တုတ္ေန ၾကတယ္။ ကိုယ့္အေၾကာင္းကို ကိုယ္စိတ္ပူၾကေပါ့။ အခုေတာ့ အျခားတစ္ေယာက္ကိုလည္း အားနာစရာ ေကာင္းေနၿပီ”လို႔ သူမက ဆိုခဲ့ပါတယ္။
ေမာင္ယႆ ref; Hollywood life photo ;vogue
Unicode
လိုင်းပေါ်မှာ အတင်း တုတ်ခံနေရတဲ့ ဘီလီအီးလစ်ရှ်
လူတွေက ကျမ ဘာလုပ်နေတယ် ဆိုတာထက် ဘာတွေ ရေးပို့နေတယ် ဆိုတာကို ပိုစိတ်ဝင်စားနေကြတယ်။ အဲ့ဒီစကားကို ပြောတာ က မကြာသေးခင်ကမှ ဂရမ္မီဆု ၅ ဆုကို တစ်နှစ်တည်းရသွားခဲ့တဲ့ ၁၈ နှစ်အရွယ် အမေရိကန် အဆိုတော်မလေး ဘီလီအီးလစ်ရှ်ပါပဲ။
အကြောင်းကတော့ “bad guy” အဆိုတော်မလေးနဲ့ သူမထက် အသက်အများကြီး ကြီးတဲ့ ကနေဒါသား အဆိုတော် ဒရိတ်နဲ့ စာတွေ အသွားအပြန် လုပ်နေတာကို ဝိုင်း ဝေဖန်နေတဲ့ ကိစ္စပါ။ တကယ်တော့ဒရိတ်အသက်က ၃၀ကျော်နေပါပြီ။ ကိုယ့်ထက် အသက် အများကြီး ငယ်တဲ့ အဆိုတော်မလေးနဲ့ ဘာလိုလို လုပ်နေတာကို လူတွေက ဝေဖန်နေကြတာပါ။
ဘီလီက ဗန်နတီဖဲယား ပွဲမှာ မီဒီယာကို “ဒရိတ်က ကျမ စကားပြောဖူးသမျှထဲမှာ အလွန်ကောင်းတဲ့ လူကြီး လူကောင်း တစ်ယောက်ပါ။ ဆိုလိုချင်တာက ကျမတို့ စာတွေအပြန် အလှန်ရေးပို့တဲ့နေရာမှာ စာသား လန်းလန်းလေးတွေကို ရေးတတ်တာကိုပါ”လို့ သူမက ပြောခဲ့ပါတယ်။ သူတို့ ၂ ယောက် အွန်လိုင်း ပေါ်ကနေ စာတွေ အပြန်အလှန် ပို့နေတာတွေကို လူတွေက စိတ်ဝင်တစား နဲ့ ကူးယူ ဖော်ပြနေကြတယ်။
အွန်လိုင်းပေါ်မှာ သူတို့ ၂ ယောက် ပြောစကားတွေက ပွ ထ လာလို့ပါပဲ။ ဗောက် မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဘီလီ (၁၈နှစ်) နဲ့ ဒရိတ် (၃၃နှစ်) တို့ရဲ့ ဆက်ဆံ ရေးကို မေးမြန်းလာမှုကို သူမက ပြန်လည် ဖြေကြားခဲ့တာပါ။ “လိုင်းပေါ်က လူတွေက အလကားဟာတွေပါ။ စကားတွေကို ဟိုပြော ဒီပြောတွေ သိပြောတာပဲ။ နောက်ပြီးတော့ အရမ်းကိုပဲ စိတ်ခံစား လွယ်ကြတယ်။
ကျမထက် အသက် ပိုကြီးတဲ့ လူတစ်ယောက်က ကျမရဲ့ ဖန် မဖြစ်ရတော့ဘူးလား။ အင်တာနက် လိုင်းပေါ်မှာ သိပ်ကြောက်စရာ ကောင်းတဲ့ လူတွေရှိတယ်။ လူတကာကို ကိုယ်နဲ့ မဆိုင်ဘဲနဲ့ အတင်း တုတ်နေ ကြတယ်။ ကိုယ့်အကြောင်းကို ကိုယ်စိတ်ပူကြပေါ့။ အခုတော့ အခြားတစ်ယောက်ကိုလည်း အားနာစရာ ကောင်းနေပြီ”လို့ သူမက ဆိုခဲ့ပါတယ်။
မောင်ယဿ ref; Hollywood life photo ;vogue
No Comments