လိုင္းေပၚကို ကိုယ္ဘာလုပ္တယ္ ဘယ္ေတြသြားေနတယ္ ဆိုတာ တင္ေနတတ္သူမ်ားအတြက္
- By : Phoe Linn
- Category : Life Style
- Tags: life style

လိုင္းေပၚကို ကိုယ္ဘာလုပ္တယ္ ဘယ္ေတြသြားေနတယ္ ဆိုတာ တင္ေနတတ္သူမ်ားအတြက္
တင္ခ်င္ဦးဟဲ့ လိုင္းေပၚကို
ကံေကာင္းသြားတယ္ ။ ေဖ့စ္ဘုတ္ ဆိုတာ ကေလးသူခိုးေတြ လူေမွာင္ခို ကူးတဲ့ ဂိုဏ္းေတြ အတြက္ သားေကာင္ ရွာစရာ စားက်က္ တစ္ခုျဖစ္တယ္ ဆိုတာကို မသိေတာ့ ကိုယ့္အိမ္က သား သမီးေတြ အေၾကာင္းကို ဓာတ္ပုံ ႐ိုက္ၿပီး လိုင္းေပၚတင္ ေနၾကတယ္ ။
အခု ျဖစ္စဥ္ကေတာ့ ကံေကာင္း လို႔ မေလးရွားက ကေလးမေလး တစ္ေယာက္ ကေလးသူခိုး လက္က လြတ္သြား ရပါတယ္ ။ သူမရဲ႕ အေဖ ျဖစ္သူ ကေတာ့ လိုင္းေပၚမွာ ကိုယ့္သားသမီး ေတြကို တကယ္ ခ်စ္တယ္ ဆိုရင္ သူတို႔ေတြ အေၾကာင္းကို လိုင္းေပၚ မတင္ၾကပါနဲ႔ လို႔ေတာင္ မိတ္ေဆြေတြကို သတိေပးရတဲ့ အထိ ျဖစ္သြား ပါတယ္ ။
ဆီနာဟာရီယံ သတင္းဌာနက ေဖာ္ျပတဲ့ သတင္း ထဲမွာ ကေလး မိဘေတြ ေက်ာင္းသြား အႀကိဳမွာ ကေလး သူခိုးက ကေလးကို ေခၚယူ သြားဖို႔ အခ်ိန္နဲ႔ ႀကဳံလိုက္ရ ပါတယ္လို႔ ဆိုတယ္ ။ အီရွန္တို႔ လင္မယားက ထုံးစံ အတိုင္း သူငယ္ခ်င္း ေတြ မိတ္ေဆြေတြဆီ သိဖို႔ သူတို႔ရဲ႕ သမီးေလးအေၾကာင္း ပုံေတြကို ေန႔စဥ္ လိုင္းေပၚကို တင္ေလ့ ရွိပါတယ္ ။
အခုေတာ့ ကိုယ့္မိသားစု အေၾကာင္းကို ေန႔စဥ္ လိုင္းေပၚ တင္ေနတာ အႏၲရာယ္ကို ဖိတ္ေခၚ ေနတယ္လို႔ သိလိုက္ ရပါၿပီ ။ သူတို႔လင္မယား ကေလးကို ေက်ာင္းႀကိဳ သြားတဲ့ အခ်ိန္မွာ လူ တစ္ေယာက္က အီရွန႔္ သမီးရဲ႕ နာမည္ကို ဆရာမကို ေျပာၿပီး ေခၚခိုင္းပါတယ္ ။
ဆရာမက ကေလးကို ပထမေတာ့ ေခၚထုတ္လာ ပါတယ္ ။ ေက်ာင္းဝ ေရာက္ေတာ့ လူစိမ္းကို ေမးျမန္း စုံစမ္း ပါတယ္ ။ လူစိမ္းကလည္း မဆိုင္းမတြ ေျဖပါတယ္ ။ အဲ့ဒါနဲ႔ ကေလးကို လူစိမ္း လက္ထဲ ထည့္ေပးမိေတာ့မယ့္ အခ်ိန္မွာ အီရွန္တို႔ကား ဝင္လာတာကို ေတြ႕လိုက္လို႔ ခဏေနဦး ဟိုမွာ သူ႔အေဖနဲ႔ အေမ လိုက္လာၿပီလို႔ ေျပာလိုက္တယ္ ။
ဆရာမ ကားဆီကို အာ႐ုံေရာက္ ခ်ိန္မွာ လူစိမ္းက ထြက္ေျပးသြား ပါတယ္ ။ ဆရာမက ပထမေတာ့ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနေပမဲ့ ခ်က္ျခင္း သတိျရပႌး ကေလးသူခိုး ကေလးသူခိုးလို႔ ေအာ္ေပမဲ့ ေနာက္က် သြားပါၿပီ ။ အီရွန္တို႔ လင္မယား လက္ထဲကို ကေလးထည့္ၿပီး အက်ိဳး အေၾကာင္း ေျပာျပပါတယ္ ။
ေက်ာင္းအုပ္ႀကီး ကလည္း အဲ့ဒိကိစၥကို အေရးတႀကီးနဲ႔ မိဘေတြ သိေအာင္ စာထုတ္ ၿပီးသတိေပး လိုက္ပါတယ္ ။ ကေလးမေလးရဲ႕ ကံေကာင္းလို႔ ကေလးသူခိုး လက္ထဲ မပါ သြားတာပါ ။ သူခိုးက အီရွန႔္ ေဖ့စ္ဘုတ္ အေကာင့္ကေန ကေလးရဲ႕ အခ်က္အလက္ေတြ ရသြားတာပါ ။ ဒါေၾကာင့္ ကေလးေတြကို လိုင္းေပၚ အရမ္း မတင္ပါနဲ႔ အႏၲရာယ္ရွိတယ္လို႔ သူက ဆိုတာပါ ။
ေမာင္ယႆ ref: WORLDOF BUZZ
Unicode
လိုင်းပေါ်ကို ကိုယ်ဘာလုပ်တယ် ဘယ်တွေသွားနေတယ် ဆိုတာ တင်နေတတ်သူများအတွက်
တင်ချင်ဦးဟဲ့ လိုင်းပေါ်ကို
ကံကောင်းသွားတယ် ။ ဖေ့စ်ဘုတ် ဆိုတာ ကလေးသူခိုးတွေ လူမှောင်ခို ကူးတဲ့ ဂိုဏ်းတွေ အတွက် သားကောင် ရှာစရာ စားကျက် တစ်ခုဖြစ်တယ် ဆိုတာကို မသိတော့ ကိုယ့်အိမ်က သား သမီးတွေ အကြောင်းကို ဓာတ်ပုံ ရိုက်ပြီး လိုင်းပေါ်တင် နေကြတယ် ။
အခု ဖြစ်စဉ်ကတော့ ကံကောင်း လို့ မလေးရှားက ကလေးမလေး တစ်ယောက် ကလေးသူခိုး လက်က လွတ်သွား ရပါတယ် ။ သူမရဲ့ အဖေ ဖြစ်သူ ကတော့ လိုင်းပေါ်မှာ ကိုယ့်သားသမီး တွေကို တကယ် ချစ်တယ် ဆိုရင် သူတို့တွေ အကြောင်းကို လိုင်းပေါ် မတင်ကြပါနဲ့ လို့တောင် မိတ်ဆွေတွေကို သတိပေးရတဲ့ အထိ ဖြစ်သွား ပါတယ် ။
ဆီနာဟာရီယံ သတင်းဌာနက ဖော်ပြတဲ့ သတင်း ထဲမှာ ကလေး မိဘတွေ ကျောင်းသွား အကြိုမှာ ကလေး သူခိုးက ကလေးကို ခေါ်ယူ သွားဖို့ အချိန်နဲ့ ကြုံလိုက်ရ ပါတယ်လို့ ဆိုတယ် ။ အီရှန်တို့ လင်မယားက ထုံးစံ အတိုင်း သူငယ်ချင်း တွေ မိတ်ဆွေတွေဆီ သိဖို့ သူတို့ရဲ့ သမီးလေးအကြောင်း ပုံတွေကို နေ့စဉ် လိုင်းပေါ်ကို တင်လေ့ ရှိပါတယ် ။
အခုတော့ ကိုယ့်မိသားစု အကြောင်းကို နေ့စဉ် လိုင်းပေါ် တင်နေတာ အန္တရာယ်ကို ဖိတ်ခေါ် နေတယ်လို့ သိလိုက် ရပါပြီ ။ သူတို့လင်မယား ကလေးကို ကျောင်းကြို သွားတဲ့ အချိန်မှာ လူ တစ်ယောက်က အီရှန့် သမီးရဲ့ နာမည်ကို ဆရာမကို ပြောပြီး ခေါ်ခိုင်းပါတယ် ။
ဆရာမက ကလေးကို ပထမတော့ ခေါ်ထုတ်လာ ပါတယ် ။ ကျောင်းဝ ရောက်တော့ လူစိမ်းကို မေးမြန်း စုံစမ်း ပါတယ် ။ လူစိမ်းကလည်း မဆိုင်းမတွ ဖြေပါတယ် ။ အဲ့ဒါနဲ့ ကလေးကို လူစိမ်း လက်ထဲ ထည့်ပေးမိတော့မယ့် အချိန်မှာ အီရှန်တို့ကား ဝင်လာတာကို တွေ့လိုက်လို့ ခဏနေဦး ဟိုမှာ သူ့အဖေနဲ့ အမေ လိုက်လာပြီလို့ ပြောလိုက်တယ် ။
ဆရာမ ကားဆီကို အာရုံရောက် ချိန်မှာ လူစိမ်းက ထွက်ပြေးသွား ပါတယ် ။ ဆရာမက ပထမတော့ ကြောင်တောင်တောင် ဖြစ်နေပေမဲ့ ချက်ခြင်း သတိရြင်္ပီး ကလေးသူခိုး ကလေးသူခိုးလို့ အော်ပေမဲ့ နောက်ကျ သွားပါပြီ ။ အီရှန်တို့ လင်မယား လက်ထဲကို ကလေးထည့်ပြီး အကျိုး အကြောင်း ပြောပြပါတယ် ။
ကျောင်းအုပ်ကြီး ကလည်း အဲ့ဒိကိစ္စကို အရေးတကြီးနဲ့ မိဘတွေ သိအောင် စာထုတ် ပြီးသတိပေး လိုက်ပါတယ် ။ ကလေးမလေးရဲ့ ကံကောင်းလို့ ကလေးသူခိုး လက်ထဲ မပါ သွားတာပါ ။ သူခိုးက အီရှန့် ဖေ့စ်ဘုတ် အကောင့်ကနေ ကလေးရဲ့ အချက်အလက်တွေ ရသွားတာပါ ။ ဒါကြောင့် ကလေးတွေကို လိုင်းပေါ် အရမ်း မတင်ပါနဲ့ အန္တရာယ်ရှိတယ်လို့ သူက ဆိုတာပါ ။
မောင်ယဿ ref: WORLDOF BUZZ
No Comments