လိင်တူချစ်သူများဖြစ်တဲ့ LGBT တွေကို ပိုလန်အစိုးရက ကြိုးစားအားထုတ်ပြီး နှိမ်နင်း နေ

International-news

လိင်တူချစ်သူများဖြစ်တဲ့ LGBT တွေကို ပိုလန်အစိုးရက ကြိုးစားအားထုတ်ပြီး နှိမ်နင်း နေ

သောကြာနေ့က ပိုလန်နိုင်ငံ မြို့တော်ဝါဆောမှာ လိင်တူချစ်သူများဖြစ်တဲ့ LGBT အခွင့် အရး လှုံ့ဆော်သူများ ကို ဖမ်းဆီးတဲ့အတွက် ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ရာက ဆန္ဒပြမှုကို တားဆီးတဲ့ ရဲတွေနဲ့ ဆန္ဒပြသူတွေ လုံထွေး တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပေါ်ခဲ့ပါတယ်။

လိင်တူချစ်သူများဖြစ်တဲ့ LGBT တွေကို ပိုလန်အစိုးရက ကြိုးစားအားထုတ်ပြီး နှိမ်နင်း နေ၁

ဇွန်လလောက် ကတည်းက လိင်တူချစ်သူများ အခွင့်အရေးအတွက် လှုံ့ဆော်မှုများ လုပ်နေတဲ့ မာဂို ဆိုတဲ့ အမျိုးသမီးကို ရဲတွေက ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးမှုများကို လုပ်နေပါတယ်။

လိင်တူချစ်သူများဖြစ်တဲ့ LGBT တွေကို ပိုလန်အစိုးရက ကြိုးစားအားထုတ်ပြီး နှိမ်နင်း နေ၂

သူမက လိင်တူချစ်သူ အခွင့်အရေး ဟစ်ကြွေးသံတွေနဲ့ ပိုလန်နိုင်ငံမှာ လိင်တူ ချစ်သူ လူတန်းစားတစ်ရပ် ပေါ်လာစေဖို့ ဖောင်ဒေးရှင်း တစ်ရပ်ကို ထူထောင်ထားပါတယ်။

သူမက လူငယ်တွေကို လိင်တူချစ်သူ လူတန်းစားတစ်ရပ် ပေါ်ပေါက်လာဖို့ လှုံ့ဆော်တဲ့အပြင် စေတနာဝန်ထမ်းတွေ ခေါ်ယူမှုလည်း လုပ်နေပါတယ်။ တရားရုံးက သူမရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်တဲ့ အနေနဲ့ ၂လတိတိ နေအိမ်အကျယ်ချုပ် ချမှတ် ခဲ့ပါတယ်။

လိင်တူချစ်သူများဖြစ်တဲ့ LGBT တွေကို ပိုလန်အစိုးရက ကြိုးစားအားထုတ်ပြီး နှိမ်နင်း နေ၃

ဒါပေမဲ့ ဆန္ဒပြသူတွေက မာဂိုရဲ့ တရားရုံး ကနေ အိမ်အပြန်လမ်းမှာ ရဲကားတွေကို ပိတ်ဆို့ပြီး တားဆီးမှုတွေကို လုပ်လာပါတယ်။ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက ရဲတွေနဲ့ ရုန့်ရင်းဆန်ခတ်တွေ ဖြစ်ကုန်ပါတယ်။ ရဲတွေက သူတို့ရဲ့ တွစ်တာမှာ “ ကျနော်တို့က တရားခံကို ဖမ်းတယ်။

တရားရုံးက အမိန့်ချတယ်၊ ပြီးတော့ အမိန့်အတိုင်း အိမ်ပြန်ပို့တယ်။ ဒါကို ကျနော်တို့ကို အနှောက်အယှက်ပေးတယ် ။သူတို့ရဲ့ ဒေါသက ကျနော်တို့ အပေါ်ကို ကျရောက်စရာ မလိုဘူးလေ။ ရဲလုပ်ငန်းကို အနှောက်အယှက်ပေးတဲ့ ဘယ်ဥပဒေ ချိုးဖောက်မှုကို မဆို ကျနော်တို့က သည်းခံနေမှာ မဟုတ်ဘူး”လို့ ရေးတင်ခဲ့ပါတယ်။

လိင်တူချစ်သူများဖြစ်တဲ့ LGBT တွေကို ပိုလန်အစိုးရက ကြိုးစားအားထုတ်ပြီး နှိမ်နင်း နေ၎

ရဲကားတွေကို လမ်းပိတ် တားဆီးတဲ့ ဆန္ဒပြသူအချို့ကို ဖမ်းဆီး အရေးယူထားပါတယ်။ သူတို့က ပြီးခဲ့တဲ့ ၂ပတ်လောက် ကတည်းက “ငပိန်းတွေ ကို တားဆီးကြစို့” ဆိုတဲ့ လှုပ်ရှားမှုကို ဝါဆော်မြို့လည် မှာ လိင်တူ ချစ်သူများ အလံဖြစ်တဲ့ သက်တန့် ရောင်စုံ အလံရယ် မင်းမဲ့ စရိုက် (အစိုးရ မလို) ဝါဒ သင်္ကေတတွေကို ဖြန့်ချီ နေခဲ့တာဖြစ်ပါတယ်။

လိင်တူချစ်သူများဖြစ်တဲ့ LGBT တွေကို ပိုလန်အစိုးရက ကြိုးစားအားထုတ်ပြီး နှိမ်နင်း နေ၅

ပြီးခဲ့တဲ့လ ပိုလန် ရွေးကောက်ပွဲမှာ ကတည်းက ပိုလန်သမ္မတ ဒူဒါက LGBT ဝါဒက ကွန်မြူနစ်ဝါဒနဲ့ လူ့အဖွဲ့ အစည်းကို အဆိပ်ခတ်ပြီး အန္တရာယ် ပေးနေတဲ့ ဝါဒ ဖြစ်တဲ့အတွက် ပိုလန်နိုင်ငံမှာ ရှင်သန်မှု မရှိအောင်လို့ တားဆီးပေးမယ် ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။ ပိုလန်က မြို့ တော်တော် များများမှာလည်း လိင်တူချစ်သူ ကင်းမဲ့ဇုံ ဖြစ်အောင် ကြိုးစား အားထုတ် နေကြပါတယ်။

မောင်ယဿ, REF: euronews, Photo; AFP

Zawgyi










No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …