လိင်တူချစ်သူတွေက လိင်ကွဲတွေထက်ပိုပြီး အကြိမ်ရေများများ ဆက်ဆံခံရတယ်လို့ လေ့လာမှုတစ်ရပ်က ဆို
- By : Kaung Khant
- Category : International-news

လိင်တူချစ်သူတွေက လိင်ကွဲတွေထက်ပိုပြီး အကြိမ်ရေများများ ဆက်ဆံခံရတယ်လို့ လေ့လာမှုတစ်ရပ်က ဆို
မောင်ယဿ ( စက်တင်ဘာ ၂၄ )
အမေရိကန် ရောဂါရှာဖွေရေးနဲ့ ထိန်းချုပ်ရေး စင်တာ ( CDC) ရဲ့ သုတေသန အရ လိင်တူချစ်သူ အမျိုးသမီး တွေက လင်ကွဲအမျိုးသမီးတွေ ထက်ပိုပြီး အကြိမ်ရေများစွာ ပိုပြီးလိင်ဆက်ဆံခံရပါတယ်လို့ သိရပါတယ်။
အဲ့ဒိလိုဆက်ဆံ ခံရတဲ့ အထဲမှာ အမျိုးသားတွေက သူမတို့ကို သူမတို့ရဲ့ စိတ်ဆန္ဒမပါဘဲ အတင်းအကြပ် ဆက်ဆံတာမျိုးကို မကြာခဏကြုံတွေ့ရပါတယ်လို့လည်း ဆိုပါတယ်။
အမေရိကားမှာ ဆန္ဒမပါဘဲ လိင်ဆက်ဆံခံရတဲ့ အမျိုးသမီး ပမာဏက ၁၈% လောက်ရှိနေပါတယ်။ ဒါပေမဲ့ လိင်တူ ( အခြောက်နဲ့ ယောက္ကရှာ အမျိုးအမည်ခွဲမရတဲ့သူ )တွေကတော့ ဆန္ဒမပါဘဲ ဆက်ဆံခံရတာ ၃၆ % ကျော်ရှိနေပါတယ် လို့ လေ့လာမှုစာတမ်း က ဆိုပါတယ်။ သုတွေသီတွေက လိင်တူ ၁၄၀၀၀ ကျော်ကို သုတေသနလုပ်ပြီးမှ အဲ့ဒိစာတမ်းကိုရေးသားခဲ့တာပါ။
CDCရဲ့သုတေသီတွေကတော့ “ လိင်တူတွေ မှာဖြစ်နေတဲ့ အန္တရာယ်ရှိတဲ့အခြေအနေကို သိရှိနာလည်နိုင်ဖို့ ရည်ရွယ်ပြီး ဒီစာတမ်းကို ပြုစုခဲ့တာပါ။ သူတို့က တကယ်ပဲ လိင်ပိုင်း ဆိုင်ရာသားကောင်ဖြစ်နေပါတယ်။ အခုတွေ့ရှိမှုက လိင်တူ လူနည်းစုအမျိုးသမီးများအတွက် ပြည်စုံတဲ့ကာကွယ်မှုတွေရဖို့ အတွက် ထောက်ပြတာပါ” လို့ ဆိုကြပါတယ်။
CDC က ၂၀၁၁ ကနေ ၂၀၁၇ အတွင်း ရရှိထားတဲ့ မိသားစုတွင်း လိင်ပိုင်းဆိုင်ရာပြဿနာ သုတေသန လုပ်ငန်းက အချက်အလက်တွေကို ပြန်လည်စစ်ဆေးရာမှ တွေ့ရှိလာတဲ့ အချက်အလက်သစ် တစ်ခုဖြစ်ပါတယ်။
အဲ့ဒိအချက်တွေမှာ ပုံမှန်အတိုင်းလိင်ဆက်ဆံမှုမှာ ဆန္ဒမပါဘဲဆက်ဆံခံရမှုနဲ့ ပုံမှန်မဟုတ်တဲ့ နေရာတွေကို အတင်းအကြပ် ဆက်ဆံခံရမှု ကပိုများတဲ့အတွက်ကြောင့် အမျိုးသမီး အခွင့် အရေးဆိုင်ရာ လှုတ်ရှားမှုတွေမှာ အဲ့ဒိအချက်အလက်တွေကို လည်းထည့်သွင်း သင်တယ်လို့ သုတေသနအဖွဲ့ က ဆိုပါတယ်။
နောက်ထပ်အချက်တစ်ခုက လိင်တူချစ်သူတွေက သာမန်အမျိုးသမီးတွေထက် လိင်ဆက်ဆံဖို့ ဆွဲဆောင်ခံရမှု ၄ ဆ ပိုတယ်ဆိုတဲ့ အချက်ပါပဲ။ အဲ့ဒိအချက်မှာလည်း လိင်တူတွေ က သာမန်အမျိုးသမီးတွေ ဆက်ဆံ ခံရတာနဲ့ မတူဘဲ ဆန္ဒမပါဘဲ ပုံမှန်မဟုတ်တဲ့နေရာတွေကို ဆက်ဆံခံရတာက ပိုများတယ်လို့ အချက်အလက်တွေက ဆိုခဲ့ပါတယ်။
REF: UPI,Photo:Credit UPI
Zawgyi
မောင်ယဿ ( စက်တင်ဘာ ၂၄ )
REF: UPI
Photo: UPI
No Comments