လိင္ဆြဲေဆာင္မႈလုပ္ရတဲ့ ႐ိုက္ကြင္း ေတြအတြက္ စိတ္မသက္မသာ ခံစားရတယ္လို႔ဆိုတဲ့ ရီယာဆန္

လိင္ဆြဲေဆာင္မႈလုပ္ရတဲ့ ႐ိုက္ကြင္း ေတြအတြက္ စိတ္မသက္မသာ ခံစားရတယ္လို႔ဆိုတဲ့ ရီယာဆန္
International-news

လိင္ဆြဲေဆာင္မႈလုပ္ရတဲ့ ႐ိုက္ကြင္း ေတြအတြက္ စိတ္မသက္မသာ ခံစားရတယ္လို႔ဆိုတဲ့ ရီယာဆန္

႐ုပ္ရွင္ကားေတြ ျမဴးဇစ္ ဗီဒီယိုေတြမွာ လိင္ပိုင္းဆိုင္ရာ အပိုင္းေတြကို ၾကည့္မိတဲ့ အခါတိုင္းမွာ ရင္နာရပါတယ္လို႔ ဆိုလာသူကေတာ့ ေဘာလီးဝုဒ္ကို အသက္ငယ္ငယ္နဲ႔ ထိုးေဖာက္ခြင့္ ရခဲ့တဲ့ ရီယာဆန္ပါပဲ ။ သူမရဲ႕ အဘြား ၊အေမ နဲ႔ အမ ေတြက ႐ုပ္ရွင္ မင္းသမီးေတြ ျဖစ္ၾကလို႔ သူမကလည္း ကေလးသ႐ုပ္ေဆာင္ ကေန ႐ုပ္ရွင္ ေလာကထဲကို ဝင္ေရာက္ ခဲ့ရပါတယ္ ။ သူမေက်ာင္းတက္ေနစဥ္ကာလ ၁၆ႏွစ္သမီးမွာ ႐ိုက္ခဲ့တဲ့ ႐ုပ္ရွင္ကားတစ္ကားထဲမွာ လိင္ဆက္ဆံ ခံလိုက္ရတဲ့ အခန္း ပါခဲ့ ပါတယ္ ။ သူမက ႐ုပ္ရွင္ထဲမွာ လူၾကမ္းရဲ႕ သားေကာင္ တစ္ေယာက္အျဖစ္နဲ႔ သ႐ုပ္ေဆာင္ ခဲ့ရပါတယ္ ။ အဲ့ဒိ ႐ုပ္ရွင္က ေအာင္ျမင္ခဲ့ေပမဲ့ သူမရဲ႕ ေက်ာင္းသူ ဘဝကို ေတာ္ေတာ္ ထိခိုက္ခဲ့ရတဲ့အတြက္ ဟင္ဒီ ႐ုပ္ရွင္ေလာကို ေက်ာခိုင္းမိမတတ္ ျဖစ္ခဲ့ရတယ္လို႔ ဆိုတယ္ ။

၁၉၉၈ ခုႏွစ္မွာ အဲ့ဒိ႐ုပ္ရွင္ ထြက္ၿပီး ေနာက္ သူမရဲ႕နာမည္က ေပါက္သြားပါတယ္ ။ အဲ့ဒီေနာက္ ဟင္ဒီ ႐ုပ္ရွင္ ေလာကမွာ သူမရဲ႕ ကားေတြ တစ္ကားၿပီး တစ္ကားထြက္လာခဲ့ပါတယ္ ။ ဒါေပမဲ့ သူမေပါက္သြားတဲ့႐ုပ္ရွင္ရဲ႕ အရိပ္မဲႀကီးက သူမရဲ႕ ဘဝတစ္ေလွ်ာက္လုံးကို လႊမ္းမိုး ေနတယ္လို႔ သူမ ခံစားေနရပါတယ္ ။ စီးပြားေရးအရ ေအာင္ျမင္တဲ့ ႐ုပ္ရွင္ကားေတြ ေနာက္မွာ ရင္နာစရာကိစၥေတြ ရွိေနတတ္တာကို သူမအေနနဲ႔ ျပန္မေျပာခ်င္ လည္း ေျပာေနရပါတယ္လို႔ ဆိုတယ္ ။

“က်မကို ရဲတယ္လို႔ လူေတြကေျပာၾကတယ္။ က်မ ႐ိုက္ခဲ့တဲ့ အခ်ိဳ႕ ကားေတြကို က်မျပန္ၾကည့္တယ္ ။ လူေတြေျပာတာဟုတ္ေလာက္မယ္လို႔ ျပန္ေတြးမိတယ္ ။ က်မလုပ္ခဲ့ ပါတယ္ ။ ဒါေပမဲ့ အဲ့ဒီတုန္းကေရာ အခုေရာ က်မေပ်ာ္လို႔ လုပ္ေနတာ မဟုတ္ပါဘူး ။ လိင္ပိုင္းဆိုင္ရာ အခန္းေတြ ပါတဲ့ ႐ုပ္ရွင္ တစ္ခန္း ႐ိုက္ၿပီးတိုင္း လူမျမင္ကြယ္ရာမွာ က်မ ငိုခဲ့ရပါတယ္ ။ေက်ာင္းတုန္းက ေယာက္်ားေလးေတြ က်မကို ၾကည့္တဲ့ ခံစားခ်က္ေတြကို ဘယ္သူမွ နားလည္ႏိုင္မွာ မဟုတ္ပါဘူး ။

လူေတြက က်မကို မင္းသမီးဆိုး စာရင္းထဲကို ထည့္ထားၾကတယ္။ အဲ့ဒိအတြက္ ဘယ္သူ႔ကိုမွ အျပစ္မတင္ပါဘူး ။ အဲ့ဒိအခ်က္ကပဲ က်မကို ေဘာလီးဝုဒ္မွာ ေအာင္ျမင္ ေက်ာ္ၾကားေစတာပါ ။ လိင္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈ ေကာင္းေကာင္း လုပ္ႏိုင္ဖို႔ အဝတ္အစားေတြ ခ်ဳပ္ရတယ္ ၊မိတ္ကပ္ေတြ လိမ္းရတယ္ ။ ဒါေတြ ကို တစ္ခုမွမႀကိဳက္ခဲ့ပါဘူး”လို႔ သူမက ဆိုပါတယ္ ။
ေက်ာင္းတုန္းက ဆိုရင္ သူမရဲ႕ ေအာင္ျမင္မႈေၾကာင့္ ေက်ာင္းသားေတြက သူမကို အၿမဲ လို စမ္းသပ္မႈေတြ လုပ္ခဲ့လို႔ ေက်ာင္းထြက္ခဲ့ရတဲ့အထိ ျဖစ္ခဲ့ရပါတယ္ ။

႐ုပ္ရွင္ၾကည့္ ပရိသက္ေတြကလည္း ရီယာဆန္ပါရင္ ဒီအခန္းေတြပါမွာပဲဆိုၿပီး ႀကိတ္ႀကိတ္တိုး အားေပး ခဲ့ၾကတယ္ ။ ဒါေၾကာင့္ လိင္ပိုင္းဆိုင္ရာ အခန္းေတြ ေတြ႕ တိုင္းရင္နာရပါတယ္လို႔ သူမက ဆိုလိုက္တာပါ ။

ေမာင္ယႆ

REF: Hindustan times photo; instargram

Unicode

လိင်ဆွဲဆောင်မှုလုပ်ရတဲ့ ရိုက်ကွင်း တွေအတွက် စိတ်မသက်မသာ ခံစားရတယ်လို့ဆိုတဲ့ ရီယာဆန်

ရုပ်ရှင်ကားတွေ မြူးဇစ် ဗီဒီယိုတွေမှာ လိင်ပိုင်းဆိုင်ရာ အပိုင်းတွေကို ကြည့်မိတဲ့ အခါတိုင်းမှာ ရင်နာရပါတယ်လို့ ဆိုလာသူကတော့ ဘောလီးဝုဒ်ကို အသက်ငယ်ငယ်နဲ့ ထိုးဖောက်ခွင့် ရခဲ့တဲ့ ရီယာဆန်ပါပဲ ။ သူမရဲ့ အဘွား ၊အမေ နဲ့ အမ တွေက ရုပ်ရှင် မင်းသမီးတွေ ဖြစ်ကြလို့ သူမကလည်း ကလေးသရုပ်ဆောင် ကနေ ရုပ်ရှင် လောကထဲကို ဝင်ရောက် ခဲ့ရပါတယ် ။ သူမကျောင်းတက်နေစဉ်ကာလ ၁၆နှစ်သမီးမှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားထဲမှာ လိင်ဆက်ဆံ ခံလိုက်ရတဲ့ အခန်း ပါခဲ့ ပါတယ် ။ သူမက ရုပ်ရှင်ထဲမှာ လူကြမ်းရဲ့ သားကောင် တစ်ယောက်အဖြစ်နဲ့ သရုပ်ဆောင် ခဲ့ရပါတယ် ။ အဲ့ဒိ ရုပ်ရှင်က အောင်မြင်ခဲ့ပေမဲ့ သူမရဲ့ ကျောင်းသူ ဘဝကို တော်တော် ထိခိုက်ခဲ့ရတဲ့အတွက် ဟင်ဒီ ရုပ်ရှင်လောကို ကျောခိုင်းမိမတတ် ဖြစ်ခဲ့ရတယ်လို့ ဆိုတယ် ။

၁၉၉၈ ခုနှစ်မှာ အဲ့ဒိရုပ်ရှင် ထွက်ပြီး နောက် သူမရဲ့နာမည်က ပေါက်သွားပါတယ် ။ အဲ့ဒီနောက် ဟင်ဒီ ရုပ်ရှင် လောကမှာ သူမရဲ့ ကားတွေ တစ်ကားပြီး တစ်ကားထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ သူမပေါက်သွားတဲ့ရုပ်ရှင်ရဲ့ အရိပ်မဲကြီးက သူမရဲ့ ဘဝတစ်လျှောက်လုံးကို လွှမ်းမိုး နေတယ်လို့ သူမ ခံစားနေရပါတယ် ။ စီးပွားရေးအရ အောင်မြင်တဲ့ ရုပ်ရှင်ကားတွေ နောက်မှာ ရင်နာစရာကိစ္စတွေ ရှိနေတတ်တာကို သူမအနေနဲ့ ပြန်မပြောချင် လည်း ပြောနေရပါတယ်လို့ ဆိုတယ် ။

“ကျမကို ရဲတယ်လို့ လူတွေကပြောကြတယ်။ ကျမ ရိုက်ခဲ့တဲ့ အချို့ ကားတွေကို ကျမပြန်ကြည့်တယ် ။ လူတွေပြောတာဟုတ်လောက်မယ်လို့ ပြန်တွေးမိတယ် ။ ကျမလုပ်ခဲ့ ပါတယ် ။ ဒါပေမဲ့ အဲ့ဒီတုန်းကရော အခုရော ကျမပျော်လို့ လုပ်နေတာ မဟုတ်ပါဘူး ။ လိင်ပိုင်းဆိုင်ရာ အခန်းတွေ ပါတဲ့ ရုပ်ရှင် တစ်ခန်း ရိုက်ပြီးတိုင်း လူမမြင်ကွယ်ရာမှာ ကျမ ငိုခဲ့ရပါတယ် ။ကျောင်းတုန်းက ယောက်ျားလေးတွေ ကျမကို ကြည့်တဲ့ ခံစားချက်တွေကို ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ပါဘူး ။

လူတွေက ကျမကို မင်းသမီးဆိုး စာရင်းထဲကို ထည့်ထားကြတယ်။ အဲ့ဒိအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး ။ အဲ့ဒိအချက်ကပဲ ကျမကို ဘောလီးဝုဒ်မှာ အောင်မြင် ကျော်ကြားစေတာပါ ။ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ကောင်းကောင်း လုပ်နိုင်ဖို့ အဝတ်အစားတွေ ချုပ်ရတယ် ၊မိတ်ကပ်တွေ လိမ်းရတယ် ။ ဒါတွေ ကို တစ်ခုမှမကြိုက်ခဲ့ပါဘူး”လို့ သူမက ဆိုပါတယ် ။
ကျောင်းတုန်းက ဆိုရင် သူမရဲ့ အောင်မြင်မှုကြောင့် ကျောင်းသားတွေက သူမကို အမြဲ လို စမ်းသပ်မှုတွေ လုပ်ခဲ့လို့ ကျောင်းထွက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ် ။

ရုပ်ရှင်ကြည့် ပရိသက်တွေကလည်း ရီယာဆန်ပါရင် ဒီအခန်းတွေပါမှာပဲဆိုပြီး ကြိတ်ကြိတ်တိုး အားပေး ခဲ့ကြတယ် ။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အခန်းတွေ တွေ့ တိုင်းရင်နာရပါတယ်လို့ သူမက ဆိုလိုက်တာပါ ။

မောင်ယဿ

REF: Hindustan times photo; instargram

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန
International-news
မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန မေလးရွားႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္ ေနာက္ပိုင္းကေန စၿပီးေတာ့ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသား အခ်င္းခ်င္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မႈေတြက တျဖည္းျဖည္း တိုးတက္လာပါတယ္ ။ အရင္က ကေလးအခ်င္ခ်င္းပဲဆို တဲ့စိတ္ နဲ႔ ေျဖသာၾကေပမဲ့ ေနာက္ပိုင္းမွာ ႏွိပ္စက္ခံရတဲ့ကေလးေတြက ေက်ာင္းသြားဖို႔ အတြက္ ျငင္းဆန္ လာၾကတဲ့ အခါမွာေတာ့ ေက်ာင္းသားမိဘေတြက အဲ့ဒိကိစၥေပၚကို အာ႐ုံစိုက္လာၾကပါတယ္ ။ ေက်ာင္းသားအခ်င္းခ်င္း ညႇင္းပန္းႏွိပ္စက္မႈေတြက အမ်ိဳးမ်ိဳးရွိပါတယ္ ။ အခ်ိဳ႕ ေသသြားတဲ့ဖခင္ရဲ႕ နာမည္နဲ႔ နာမည္ေျပာင္ကို လူၾကားထဲမွာ ဝိုင္းေအာ္ေခၚၿပီး အရွက္ခြဲ တဲ့ ကိစၥမ်ိဳးကစၿပီး အတန္းထဲမွာ ကိုယ္ထိ …

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား
International-news
႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား အေျခခံ ဥပေဒကို အေျပာင္းအလဲ လုပ္မယ္ဆိုၿပီး ႐ုရွားသမၼတ ပူတင္က မဲဆႏၵ ခံယူပြဲလုပ္တဲ့အေပၚကို အတိုက္အခံ သမားေတြက ဟာသတစ္ခု လုပ္ေနတာလို႔ ဝိုင္းၿပီး ရႈံ႕ ခ်ေနၾကပါတယ္ ။ ေမာ္စကို စာအုပ္ဆိုင္ေတြ စာအုပ္ေရာင္းေကာင္းေအာင္လို႔ မူရင္း ဥပေဒစာအုပ္ကို ဟိုနားနည္းျပင္ ဒီနားနည္းနည္းျပင္လုပ္ အေျခခံ ဥပေဒျပင္ပါတယ္ဆိုၿပီး လူၾကားေကာင္းေအာင္ လုပ္ေနပါတယ္လို႔ ဆိုၾကတယ္ ။ ကြန္ျမဴနစ္လစ္ဘရာယ္ ျပဳျပင္ေျပာင္းလဲေရး သမားေတြက ကရင္းမလင္း အစိုးရက အသက္ ၆၇ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ပူတင္ကို သမၼတ သက္တမ္းရွည္ေအာင္ လုပ္ဖို႔ ႀကိဳးစားေနတာပါလို႔လည္း ေဝဖန္ ေနၾကပါတယ္ ။ …

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ
International-news
ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ ဂ်ပန္ႏိုင္ငံ က ေဂ်လိဂ္ တတိယတန္းမွာ ကစားေနတဲ့ ဖူကူရွီမား ေဘာလုံး အသင္းက ေကာ္႐ိုနာဗိုင္ဗိုင္းရက္ ျပန႔္ႏွံ႔စဥ္ ကာလအတြင္းမွာ ကလပ္အသင္း ပိုင္ရွင္အေနနဲ႔ သူတို႔ကို ေငြေၾကး မေပး ႏိုင္ေတာ့လို႔ အသင္းသားေတြက အသင္း ဆက္လက္ တည္ၿမဲေအာင္ သီးပင္စားပင္ေတြ စိုက္ပ်ိဳးၿပီး ဝင္ေငြရွာခဲ့ၾကပါတယ္ ။ ဂ်ပန္မွာ ေကာ္႐ိုနာဗိုင္းရက္ေတြ စျပန႔္လို႔ ေဖေဖာ္ဝါရီလမွာ ကလပ္အသင္း ၿပိဳင္ပြဲ ေတြ ရပ္လိုက္ ကတည္းက သူတို႔က နယ္ဖက္က သူတိုရဲ႕ ေလ့က်င့္ေရး ကြင္းတစ္ဝိုက္မွာ သီးပင္စားပင္ေတြနဲ႔ အဓိကကေတာ့ ဟင္းသီးဟင္း႐ြက္ ေတြကို …