လိင္စိတ္ႂကြေဆးေတြက အျမင္အာ႐ုံကို ယာယီအားျဖင့္ထိခိုက္ႏိုင္
- By : Phoe Linn
- Category : Knowledge, Local News

လိင္စိတ္ႂကြေဆးေတြက အျမင္အာ႐ုံကို ယာယီအားျဖင့္ထိခိုက္ႏိုင္
ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ထုတ္ အေမရိကန္ အာ႐ုံေၾကာ ေဗဒဌာန ထုတ္ ေဖာင္တီးယားဂ်ာနယ္မွာ အျမင္ အာ႐ုံပိုင္းဆိုင္ရာ ခြၽတ္ယြင္း ခ်က္ျဖစ္လို႔ ေဆး႐ုံ လာတက္တဲ့ တူရကီလူမ်ိဳး ၁၇ ဦးကို အေသးစိတ္ စစ္ေဆးရာမွ လိင္စိတ္ႂကြ ေဆးေၾကာင့္ အျမင္အာ႐ုံ ယာယီထိ ခိုက္မႈ ရွိတယ္ဆိုတာကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ ဗိုင္ရာဂရာလို လိင္စိတ္ႂကြေဆးေတြက အမ်ိဳးသားေတြအတြက္ အေတာ္အသုံးဝင္တာ မွန္ေသာ္လည္း ရွားရွားပါးပါး ျဖစ္တတ္တာကေတာ့ အျမင္အာ႐ုံကို လာထိခိုက္ေစတာ ကိုပါပဲ။ ဒါက ေဆး႐ုံကို လာတက္လို႔ သိလိုက္ ရတာပါ။ ။
အျပင္မွာ ဘယ္ေလာက္ ျဖစ္ေနတယ္ဆိုတာကိုေတာ့ ခန႔္မွန္းလို႔ မရပါဘူး။ ေဆး႐ုံကသုေတသီေတြက ပန္းေသလို႔ လိင္စိတ္ႂကြေဆးေတြ ေသာက္ရင္းက ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ အေရာင္မကြဲတဲ့ ျပႆနာ ျဖစ္သြားတာပါတဲ့။ ဒါေပမဲ့ အဲ့ဒါက ယာယီျဖစ္ၿပီး ၂ပတ္ ၃ပတ္ေလာက္မွာ ျပန္လည္ ေကာင္းသြားပါတယ္လို႔ ဆိုတယ္။ ေဆး႐ုံလာတက္တဲ့ တူရကီ ၁၇ ေယာက္က သူငယ္အိမ္ က်ယ္သြားတာ မ်က္လုံး ျပာသြားတာ အလင္းဒဏ္ မခံႏိုင္တာ အေရာင္မကြဲတာတို႔ ျဖစ္ေနပါတယ္။ သူတို႔ကို ေသေသခ်ာခ်ာ ေမးၾကည့္ေတာ့ အားလုံးက လိင္စိတ္ႂကြေဆးကို ၁၀၀ မီလီဂရမ္ထက္ ပိုသုံးစြဲတာကို သိလိုက္ရပါတယ္။ သူတို႔က လိင္စိတ္ႂကြေဆးေတြကို ဆရာဝန္ ၫႊန္ၾကားခ်က္နဲ႔ မဟုတ္ဘဲ ကိုယ့္သေဘာနဲ႔ ကိုယ္ေသာက္ေနၾကတဲ့ သူေတြပါ ။
ဒီလို ျဖစ္ရပ္ေတြက အေမရိကန္မွာ အျဖစ္ နည္းပါတယ္။ ဗိုင္ရာဂရာလို ေဆးမ်ိဳးက အေမရိကန္မွာ အသုံးမ်ားၾကတာ မွန္ေပမဲ့ အျမင္ပိုင္းဆိုင္ရာ ထိခိုက္မႈအတြက္ ေဆး႐ုံတတ္ၿပီ လာျပတာ မရွိသေလာက္ပါပဲ။ ဗိုင္ရာဂရာက ပန္းညိဳးေနတာကို လႈံ႕ေဆာ္ဖို႔ အင္ဇိုင္း တစ္မ်ိဳးကို ထုတ္ေနခ်ိန္မွာ မ်က္လုံးက အလင္ခံႏိုင္စြမ္း အဂါေတၤြကို လႈံ႕ေဆာ္တဲ့ ေနာက္ထက္ အင္ဇိုင္းတစ္မ်ိဳးကို ထက္ထုတ္လို႔ ျဖစ္ႏိုင္ေၾကာင္း နယူေယာက္မ်က္ေစ့နား ေဆး႐ုံက ေဒါက္တာရစ္ခ်က္႐ိုဆင္ကဆိုတယ္။ ဒီလိုကန႔္လန႔္ျဖတ္ အင္ဇိုင္းထုတ္တဲ့ စနစ္က လူတိုင္းမွာ မရွိပါဘူး။
ေဆးေသာက္တဲ့ အမ်ိဳးသား ၁၀% ေလာက္ပဲျဖစ္ေလ့ ရွိပါတယ္။ ျပႆနာက ေဆးကိုေလာဘတႀကီး နဲ႔မေသာက္ဖို႔ပါပဲ။ စမ္းေသာက္ၾကည့္လို႔ လိင္ပိုင္းဆိုင္ရာ ေအာင္ျမင္တယ္ဆိုရင္ ေဘးထြက္ ဘာျဖစ္တတ္သလဲ ဆိုတာကိုေစာင့္ ၾကည့္ဖို႔လိုပါတယ္လို႔ ေဒါက္တာ႐ိုဆန္က ဆိုပါတယ္။
ေမာင္ယႆ REF:upi photo;
Unicode
လိင်စိတ်ကြွဆေးတွေက အမြင်အာရုံကို ယာယီအားဖြင့်ထိခိုက်နိုင်
ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် အမေရိကန် အာရုံကြော ဗေဒဌာန ထုတ် ဖောင်တီးယားဂျာနယ်မှာ အမြင် အာရုံပိုင်းဆိုင်ရာ ချွတ်ယွင်း ချက်ဖြစ်လို့ ဆေးရုံ လာတက်တဲ့ တူရကီလူမျိုး ၁၇ ဦးကို အသေးစိတ် စစ်ဆေးရာမှ လိင်စိတ်ကြွ ဆေးကြောင့် အမြင်အာရုံ ယာယီထိ ခိုက်မှု ရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဗိုင်ရာဂရာလို လိင်စိတ်ကြွဆေးတွေက
အမျိုးသားတွေအတွက် အတော်အသုံးဝင်တာ မှန်သော်လည်း ရှားရှားပါးပါး ဖြစ်တတ်တာကတော့ အမြင်အာရုံကို လာထိခိုက်စေတာ ကိုပါပဲ။ ဒါက ဆေးရုံကို လာတက်လို့ သိလိုက် ရတာပါ။ ။
အပြင်မှာ ဘယ်လောက် ဖြစ်နေတယ်ဆိုတာကိုတော့ ခန့်မှန်းလို့ မရပါဘူး။ ဆေးရုံကသုတေသီတွေက ပန်းသေလို့ လိင်စိတ်ကြွဆေးတွေ သောက်ရင်းက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရောင်မကွဲတဲ့ ပြဿနာ ဖြစ်သွားတာပါတဲ့။ ဒါပေမဲ့ အဲ့ဒါက ယာယီဖြစ်ပြီး ၂ပတ် ၃ပတ်လောက်မှာ ပြန်လည် ကောင်းသွားပါတယ်လို့ ဆိုတယ်။ ဆေးရုံလာတက်တဲ့ တူရကီ ၁၇ ယောက်က သူငယ်အိမ် ကျယ်သွားတာ မျက်လုံး ပြာသွားတာ အလင်းဒဏ် မခံနိုင်တာ အရောင်မကွဲတာတို့ ဖြစ်နေပါတယ်။ သူတို့ကို သေသေချာချာ မေးကြည့်တော့ အားလုံးက လိင်စိတ်ကြွဆေးကို ၁၀၀ မီလီဂရမ်ထက် ပိုသုံးစွဲတာကို သိလိုက်ရပါတယ်။ သူတို့က လိင်စိတ်ကြွဆေးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ မဟုတ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ်သောက်နေကြတဲ့ သူတွေပါ ။
ဒီလို ဖြစ်ရပ်တွေက အမေရိကန်မှာ အဖြစ် နည်းပါတယ်။ ဗိုင်ရာဂရာလို ဆေးမျိုးက အမေရိကန်မှာ အသုံးများကြတာ မှန်ပေမဲ့ အမြင်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ဆေးရုံတတ်ပြီ လာပြတာ မရှိသလောက်ပါပဲ။ ဗိုင်ရာဂရာက ပန်းညိုးနေတာကို လှုံ့ဆော်ဖို့ အင်ဇိုင်း တစ်မျိုးကို ထုတ်နေချိန်မှာ မျက်လုံးက အလင်ခံနိုင်စွမ်း အဂါင်္တွေကို လှုံ့ဆော်တဲ့ နောက်ထက် အင်ဇိုင်းတစ်မျိုးကို ထက်ထုတ်လို့ ဖြစ်နိုင်ကြောင်း နယူယောက်မျက်စေ့နား ဆေးရုံက ဒေါက်တာရစ်ချက်ရိုဆင်ကဆိုတယ်။ ဒီလိုကန့်လန့်ဖြတ် အင်ဇိုင်းထုတ်တဲ့ စနစ်က လူတိုင်းမှာ မရှိပါဘူး။
ဆေးသောက်တဲ့ အမျိုးသား ၁၀% လောက်ပဲဖြစ်လေ့ ရှိပါတယ်။ ပြဿနာက ဆေးကိုလောဘတကြီး နဲ့မသောက်ဖို့ပါပဲ။ စမ်းသောက်ကြည့်လို့ လိင်ပိုင်းဆိုင်ရာ အောင်မြင်တယ်ဆိုရင် ဘေးထွက် ဘာဖြစ်တတ်သလဲ ဆိုတာကိုစောင့် ကြည့်ဖို့လိုပါတယ်လို့ ဒေါက်တာရိုဆန်က ဆိုပါတယ်။
မောင်ယဿ REF:upi photo;
No Comments