International-news
မောင်ယဿ
Unicode
လိင်ခွဲခြား ဆက်ဆံမှုကို မိဘတွေ ကနေ စလုပ် လာတာပါလို့ ပြောတဲ့ ခါဂျိုးလ်
လိင် ခွဲခြားဆက်ဆံမှု အပိုင်းနဲ့ ပတ်သက်လာရင် အိမ်က အဖေတို့ အမေတို့ ကနေ စပြီး စဉ်းစားရလ့ိမ်မယ် ။ အမျိုးသား အမျိုးသမီး တန်းတူ အခွင့်အရေး အတွက် ရုန်းကန် နေတဲ့ ဒီကနေ့ အချိန် အခါမှာ အိမ်တွင်း ကိစ္စတွေကို အရင်ဆုံး ပြင်ဆင် သင့်ပါတယ်လို့ ခါဂျိုးလ်က ပြောပါ တယ် ။ လူ့ အဖွဲ့ စည်းတစ်ခုလုံးရဲ့ အခြေခံ အကျဆုံး မိသားစု တစ်စု ရဲ့ တာဝန်ခွဲဝေမှု ပိုင်းကို ကြည့်ရင် လူအဖွဲ့ အစည်းအတွင်း လိင်ခွဲခြား မှုကို ဘယ်လို ထိန်းကျောင်းရမယ်လို့ အဖြေထွက် လာပါလိမ့်မယ် ။
ခါဂျိုးလ် ဆိုတာ မြန်မာ ပရိသတ်နဲ့ အလွန် ရင်းနီးတဲ့ ဘောလီးဝုဒ်က မင်းသမီး တစ်လက်ပါ ။ “ခုချ် ခုချ် ဟိုသာရေ” ဆိုတဲ့ ရှာရွတ်ခန်ရဲ့ရုပ်ရှင် ကားထဲက မင်းသမီးပါ ။ ဘောလီးဝုဒ်က နာမည်ကြီးကား တော်တော်များများနဲ့ အောင်မြင် ခဲ့တဲ့ သူပါ ။ ဇာတ်လမ်းတွေထဲက ယောက်ျားလေး ဆန်ဆန် သူမရဲ့အပြုအမူ တွေက အပြင်မှာလည်း လိင် ခွဲခြား ဆက်ဆံခြင်းကို မနှစ်လို သူပါ ။
စပေါ့ဘွိုင်းအီးနဲ့ လုပ်တဲ့ အင်တာဗျူးမှာ အခု သူမ နောက်ဆုံး ရိုက်ထားတဲ့ ဒေဝီ ဆိုတဲ့ ရုပ်ရှင်ကားက အိန္ဒိယမှာ ဖြစ်ပေါ် နေတဲ့ မုဒိမ်းမှု တွေနဲ့ ပတ်သက်ပြီး မုဒိမ်းကောင် တွေကို အချက်ပေး ခေါင်းလောင်း သံပေး လိုက်တာလို့ ဆိုလိုက်ပါတယ် ။ “လူသားတွေရဲ့ စွမ်းအား ဆိုတာ ကိုယ်တွင်းက လာတာပါ ။
အမျိုးသား တစ်ယောက်ကို ကျမအား စွမ်းအားတွေ ပေးပါလို့ ဒူးထောက် တောင်းစရာ မလိုပါဘူး ။ မင်းကိုယ်တိုင်က သူများ လေးစားတာကို ခံချင်ရင် လေးစားခံတတ်အောင် နေတတ်ရမယ် ။ အမျိုးသမီး တွေက မိသားစုမှာ တစ်ဆင့်နိမ့် အနေနဲ့ ရှိနေတာကိုက မဟုတ်သေး ပါဘူး ။ ကျမတို့က လူ့အဖွဲ့ အစည်း ရဲ့လက်ဝေခံ တွေ မဟုတ်ပါဘူး ။ ဒါပေမဲ့ တာဝန်ခံနိုင်မှု မရှိရင်တော့ ကျမတို့က လက်ရှိအဆင့်ထက်အပေါ်ကိုတက်နိုင်မှာ မဟုတ်ပါဘူး” လို့ဆိုပါတယ်။
ခါဂျိုးလ်က “ကျား၊မ ခွဲခြားတဲ့ကိစ္စက ငယ်ငယ်လေးထဲက ရိုက်သွင်းခံထားရတာဆိုတော့ အသက်ကြီးလာတာနဲ့ အမျှ ကွာခြားချက်ကြီး လာတာပါ။ ယောကျ်ားလေးတွေကို ထမင်းချက် ဟင်းချက် မသင်ပေးပဲ မိန်းကလေးတွေကို သင်ပေးနေတဲ့ ဓလေ့တွေက စပြင်ရမယ့် အချက် ပါပဲ။
အမေကိုယ်တိုင်က ဈေးသွားချက်ပြုတ် နေတာက သားကို ချက်ပြုတ်တဲ့အလုပ်က မိန်းကလေးအလုပ်လို့ ထင်မြင် သွား စေတာပဲ။ သူအသက်ကြီးလာတဲ့ အခါမှာ သူ့မိန်းမကို သူ့အမေလိုပဲချက်ပြုတ်စေချင်နေတယ်။ ဒါက သဘာဝလို့ မြင်လာစေတယ်။ ထမင်းဟင်းမချက်ရင် မိန်းမတာဝန်မကျေ ဘူးဆိုတာကြီးကိုဖြစ်စေလာတာပေါ့” လို့ သူမက ကျားမခွဲခြားမှုက မိသားစုက စတင်တာပါလို့ဆိုပါတယ်။
မောင်ယဿ
REF; spotboye / Photo; pinterset
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …