
International-news







မောင်ယဿ


Unicode

လာလီဂါမှာ ရီးရဲလ်က အမှတ်ပေးဇယား ထိပ်မှာ နေရာယူပြီ

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ စပိန် လာလီဂါပွဲစဉ် ၃၀မှာ ရီးရဲလ်မက်ဒရစ်အသင်းက ရီးရဲလ်ဆိုစီဒက် အသင်းကို ၂ ဂိုး တစ်ဂိုးနဲ့ အနိုင်ရပြီးနောက်မှာတော့ ဒုတိယ နေရာက ဘာစီလိုနာ အသင်းနဲ့အမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံးနေရာကို ယူထားလိုက်ပါတယ် ။ အဲ့ဒိပွဲမှာ ရာမို့စ် နဲ့ ဘန်ဇီမာတို့က တစ်ဂိုးစီ သွင်းယူပြီး အနိုင်ယူ ခဲ့တာပါ ။ ကွင်းလယ်လူ ဗယ်ဗာဒီကတော့ “ ဒီပွဲကို နိုင်လိုက်လို့ တော်တော် ပျော်ပါတယ်ဗျာ ။

တော်တော်ခက်ခက်ခဲခဲ ကစားရမယ့် ပွဲလို့ ကျနော်ထင် ထားတာ ။ နိုင်သွားတော့မှပဲ စိတ်ကို ဒုံးဒုံး ချနိုင်တော့တယ် ။ ကျနော် နောက်ပွဲတွေအတွက် အားဖြစ် ရတာပေါ့ဗျာ အခုလည်း အမှတ်ပေး ဇယားမှာ ထိပ်ဆုံးရောက်နေတော့ ချံပီယံဖြစ်ဖို့အတွက် မျှော်လင့်ရတာပေါ့”လို့ ဆိုတယ် ။ လက်ရှိက ရီးရဲလ် တိုက်စစ်မှာ ဟာဇတ်နဲ့ အတွဲမိဖို့ အတွက် ဘန်ဇီမာ အနေနဲ့ အတော်ကြိုးစား ယူနေရပါတယ် ။ အလှုပ် ကစားသမား၂ ယောက်ဖြစ်တဲ့ အတွက် ဟာဇတ် အတွက် နေရာလွတ်ရအောင် ဘန်ဇီမာက ပုံဖော်တဲ့ နေရာမှာ အလွဲလွဲ အချော်ချော်တွေ ရှိခဲ့ပေမဲ့ ဒီပွဲမှာတော့ တစ်ဖက် အသင်းကို အချိပ်အဆက်မိမိ ထိုးဖောက် နိုင် ခဲ့ပါတယ် ။

ရီးရဲလ် တိုက်စစ်က ပုံပေါ်လာပြီလို့ဆိုရမှာပါ ။ “ကျနော်တို့ ၂ယောက် နားလည်မှု ပိုရှိနေပါပြီ ။ သူက တစ်ချက်ထိ ကစားချင်တာ အဲ့ဒါကို ပုံလိုက်ဖမ်းနေရတယ် ။ သူ့ပုံစံကို ကျနော်ကြိုက်ပါတယ်”လို့ဆိုတယ် ။

နောက်ပွဲတွေ အတွက် ရီးရဲလ် တိုက်စစ်မှာ လူကာဂျိုဗစ် တစ်ယောက်အနေနဲ့ ပြန်ပါလာနိုင်ဖွယ်ရာရှိနေပါတယ် ။ လက်ရှိမှာ သူက ခြေထောက်ဒဏ်ရာ အကင်းသေလာပြီ ဖြစ်တဲ့ အတွက် လေ့ကျင့်ခန်းတွေ ပြန်ဆင်း နေပါပြီ ။

နည်းပြဖြစ်သူ ဇီဒီန်းကတော့ သူ့ကို သိပ်စိတ်မချသေးပေမဲ့ ပွဲစဉ်တွေ မှာ ဒုတိယ ပွဲထွက် စာရင်းထဲကို သူ့ကို ထည့်ထား ပေးထားပါတယ် ။ အစ္စကို ၊ ဖာနန်ဒက်ဇ် နဲ့ဗက်ဇ်ကပ် တို့ကတော့ ဒဏ်ရာကြောင့် လေ့ကျင့် ရေး ကွင်းကို ဆင်းမလာနိုင်သေးပါဘူး ။ လာမယ့်ကြာသပတေးနေ့မှာတော့ ဗလင်စီယာနဲ့ကစားရမယ့်ပွဲအတွက် ရီရဲလ် အသင်းက အသင့်ဖြစ်နေပါတယ် ။

မောင်ယဿ

REF: Asian bookie / Photo; Ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …