
လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ စဉ်တွေထဲက ဒုတိယအကျော့ ပြန်ကန်ပွဲတွေ ကစားပြီးနောက်မှာတော့ စပိန် နာမည်ကြီး ရီရယ်မက်ဒရစ်ကို အင်္ဂလန်ကလပ် မန်စီတီးက အနိုင်ယူပြီး အီတလီက စီရီးအေဘီလူးကြီး ဂျူဗင်တပ်ကို ပြင်သစ်အသင်း လိုင်းယွန်းက အနိုင်ယူခဲ့ကာ ကွာတာဖိုင်နယ်မှာ တွေ့ ဆုံ ကြတော့မှာ ဖြစ်ပါတယ်။
ကိုဗစ်ကြောင့် ချန်ပီယံလိဂ် ဘောလုံပွဲတွေ မနားခင် ဖေဖော်ဝါရီလအတွင်းက မန်စီတီးကွင်းမှာ မန်စီတီးက ရီရဲမက်ဒရစ်အသင်းကို ကို ၂-၁ဂိုးနဲ့ အနိုင်ယူ ထားတာကို ရီရဲက အိမ်ကွင်းမှာ အနိုင်အဖြစ် မပြောင်း နိုင်ဘဲ ၂-၁ဂိုးနဲ့ ထပ်ရှုံးလို့ ၂ပွဲပေါင်း ရလဒ် ၄-၂ဂိုးနဲ့ ပြိုင်ပွဲ က ထွက်ခွာခဲ့ရပါတယ်။
မန်စီတီးကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့သိက္ခာအကြီးဆုံး ရီရဲမက်ဒရစ်ကို ကောင်းစွာ အနိုင်ယူပြီး ကွာတာဖိုင်နယ် တက်ရောက်ခဲ့တာပါ။ ကွာတာဖိုင်နယ်ကို တက်ရောက်ခွင့်အတွက် အကောင်းဆုံး အရှုံးသမားကတော့ စီရီးအေ ဘီလူးကြီး ဂျူဗင်တပ်ပါပဲ။
ကိုဗစ်မတိုင်ခင် ပထမအကျော့ လိုင်းယွန်းကွင်း မှာ ၁-၀ ဂိုးနဲ့ ရှုံး တာကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ရော်နယ်ဒို က ၂ဂိုးသွင်းပြီး ချေဖြတ်ခဲ့ ပေမဲ့ ပြန်ပေးလိုက်ရတဲ့ ၁ဂိုးကြောင့် ၂ပွဲပေါင်း ရလဒ် ၂-၂ဂိုးမှာ အဝေးကွင်း သွင်းဂိုနဲ့ လိုင်းယွန်းတို့ က ကွာတားဖိုင်နယ်ကို တက်ရောက် သွားခဲ့ပါတယ်။
ဒီအပတ် သြဂုတ်လ ၁၃ ၊ ၁၄ ၊ ၁၅ နဲ့ ၁၆ ရက်တွေမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေကို စ ကစားမှာ ဖြစ်ပါတယ်။ ၁၃ရက်နေ့မှာ ဗလင်စီယာကို နိုင်လာတဲ့ အတ္တလန်တာနဲ့ ဒေါ့မွန်ကို နိုင်လာတဲ့ ပဲရစ်စိန့်ဂျာမိန်း ၊
၁၄ရက်နေ့မှာ စပါးအသင်းကို အနိုင်ကစားလာတဲ့ အာဘီလစ်ပ်ဇစ်နဲ့ လီဗာပူးကို နိုင်ခဲ့တဲ့ အသလက်တီကို မက်ဒရစ် ၊ ၁၅ရက်နေ့မှာ နာပိုလီကို နိုင်လာတဲ့ ဘာစီလိုနာနဲ့ ချယ်ဆီးကို အနိုင်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၊ ၁၆ရက်နေ့မှာ မန်စီတီးနဲ့ လိုင်းယွန်း တို့ ပွဲတွေရဲ့ ပထမအကျော့ ပွဲတွေ ရှိပါတယ်။
မောင်ယဿ, REF: UPI, Photo: UPI
Zawgyi
လာမယ့္ အပတ္ထဲမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ကြာတာဖိုင္နယ္ပြဲစဥ္မ်ား
ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲ စဥ္ေတြထဲက ဒုတိယအေက်ာ့ ျပန္ကန္ပြဲေတြ ကစားၿပီးေနာက္မွာေတာ့ စပိန္ နာမည္ႀကီး ရီရယ္မက္ဒရစ္ကို အဂၤလန္ကလပ္ မန္စီတီးက အႏိုင္ယူၿပီး အီတလီက စီရီးေအဘီလူးႀကီး ဂ်ဴဗင္တပ္ကို ျပင္သစ္အသင္း လိုင္းယြန္းက အႏိုင္ယူခဲ့ကာ ကြာတာဖိုင္နယ္မွာ ေတြ႕ ဆုံ ၾကေတာ့မွာ ျဖစ္ပါတယ္။
ကိုဗစ္ေၾကာင့္ ခ်န္ပီယံလိဂ္ ေဘာလုံပြဲေတြ မနားခင္ ေဖေဖာ္ဝါရီလအတြင္းက မန္စီတီးကြင္းမွာ မန္စီတီးက ရီရဲမက္ဒရစ္အသင္းကို ကို ၂-၁ဂိုးနဲ႔ အႏိုင္ယူ ထားတာကို ရီရဲက အိမ္ကြင္းမွာ အႏိုင္အျဖစ္ မေျပာင္း ႏိုင္ဘဲ ၂-၁ဂိုးနဲ႔ ထပ္ရႈံးလို႔ ၂ပြဲေပါင္း ရလဒ္ ၄-၂ဂိုးနဲ႔ ၿပိဳင္ပြဲ က ထြက္ခြာခဲ့ရပါတယ္။
မန္စီတီးကေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ရဲ႕သိကၡာအႀကီးဆုံး ရီရဲမက္ဒရစ္ကို ေကာင္းစြာ အႏိုင္ယူၿပီး ကြာတာဖိုင္နယ္ တက္ေရာက္ခဲ့တာပါ။ ကြာတာဖိုင္နယ္ကို တက္ေရာက္ခြင့္အတြက္ အေကာင္းဆုံး အရႈံးသမားကေတာ့ စီရီးေအ ဘီလူးႀကီး ဂ်ဴဗင္တပ္ပါပဲ။
ကိုဗစ္မတိုင္ခင္ ပထမအေက်ာ့ လိုင္းယြန္းကြင္း မွာ ၁-၀ ဂိုးနဲ႔ ရႈံး တာကို ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမား ေရာ္နယ္ဒို က ၂ဂိုးသြင္းၿပီး ေခ်ျဖတ္ခဲ့ ေပမဲ့ ျပန္ေပးလိုက္ရတဲ့ ၁ဂိုးေၾကာင့္ ၂ပြဲေပါင္း ရလဒ္ ၂-၂ဂိုးမွာ အေဝးကြင္း သြင္းဂိုနဲ႔ လိုင္းယြန္းတို႔ က ကြာတားဖိုင္နယ္ကို တက္ေရာက္ သြားခဲ့ပါတယ္။
ဒီအပတ္ ၾသဂုတ္လ ၁၃ ၊ ၁၄ ၊ ၁၅ နဲ႔ ၁၆ ရက္ေတြမွာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပြဲေတြကို စ ကစားမွာ ျဖစ္ပါတယ္။ ၁၃ရက္ေန႔မွာ ဗလင္စီယာကို ႏိုင္လာတဲ့ အတၱလန္တာနဲ႔ ေဒါ့မြန္ကို ႏိုင္လာတဲ့ ပဲရစ္စိန႔္ဂ်ာမိန္း ၊
၁၄ရက္ေန႔မွာ စပါးအသင္းကို အႏိုင္ကစားလာတဲ့ အာဘီလစ္ပ္ဇစ္နဲ႔ လီဗာပူးကို ႏိုင္ခဲ့တဲ့ အသလက္တီကို မက္ဒရစ္ ၊ ၁၅ရက္ေန႔မွာ နာပိုလီကို ႏိုင္လာတဲ့ ဘာစီလိုနာနဲ႔ ခ်ယ္ဆီးကို အႏိုင္ယူခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ ၊ ၁၆ရက္ေန႔မွာ မန္စီတီးနဲ႔ လိုင္းယြန္း တို႔ ပြဲေတြရဲ႕ ပထမအေက်ာ့ ပြဲေတြ ရွိပါတယ္။
ေမာင္ယႆ, REF: UPI, Photo: UPI
No Comments