လယ်စိုက်ခင်းတွေနဲ့ ပျော်နေတဲ့ ဘောလီးဝုဒ်စတား ဆယ်လ်မန်ခန်း

လယ်စိုက်ခင်းတွေနဲ့ ပျော်နေတဲ့ ဘောလီးဝုဒ်စတား ဆယ်လ်မန်ခန်း
Cele News

လယ်စိုက်ခင်းတွေနဲ့ ပျော်နေတဲ့ ဘောလီးဝုဒ်စတား ဆယ်လ်မန်ခန်း

ကိုဗစ်-၁၉ကြောင့် အိန္ဒိယ ရုပ်ရှင်လုပ်ငန်းတစ်ခုလုံး တစ်ခုလုံး ရပ်တန့်သွားရာ ရုပ်ရှင်လောက သားတွေ တော်တော်များများက အိမ်တွင်းအောင်းပြီး အနားယူ နေကြတာ များပါတယ်။ အချို့ က စာဖတ်ကြတယ်။

အချို့ကတော့ ပျော်ပျော်ပါးပါး နီးစပ်ရာတွေနဲ့ ဝိုင်းဖွဲ့ကြတယ်။ အချို့က ဂီတတူရီယာ တစ်မျိုးမျိုးကို သင်ယူနေကြတယ်။ အချို့ကတော့ ကာယလေ့ကျင့်ခန်းတွေ လုပ်ကြတယ်။

လယ်စိုက်ခင်းတွေနဲ့ ပျော်နေတဲ့ ဘောလီးဝုဒ်စတား ဆယ်လ်မန်ခန်း1

မင်းသားကြီး ဆယ်လ်မန်ခန်းကတော့ အများနဲ့မတူ ဘဲ ထူးထူး ခြားခြား လယ်စိုက်တာကို သင်ပြီး လယ်စိုက် နေပါတယ်။ ကိုဗစ်-၁၉ ရောဂါ စဖြစ်ပြီ ဆိုကတည်းက မင်းသားကြီးက မြို့ပေါ်က အိမ်ကိုစွန့် ပြီး သူ့ရဲ့ မိသားစု တွေကိုခေါ်ကာ တောပိုင်းမှာ သူဝယ်ထားတဲ့ လယ်တောယာအိမ်ကိုပြောင်းရွေ့ နေထိုင်ခဲ့ ပါတယ်။

တောကိုရောက်ပြီး မကြာမီမှာပဲ တစ်နွေလုံး တူတွေ တူမတွေနဲ့ တောလည်ခရီး သွားလိုက် ရွာနီးစပ်ချုပ်က အကြီးအကဲတွေကို ခေါ်ယူပြီး စားရေး သောက်ရေး ခက်ခဲတဲ့ မိသားစုတွေအတွက် အလှူတွေ လုပ်လိုက်နဲ့ အချိန်တွေကို ဖြုန်းနေပါတယ်။

လယ်စိုက်ခင်းတွေနဲ့ ပျော်နေတဲ့ ဘောလီးဝုဒ်စတား ဆယ်လ်မန်ခန်း2

တောပိုင်းက အခက်အခဲဖြစ်နေတဲ့ မိသားစုတွေ ကို စားသောက်စရာတွေ ဝေဖို့အတွက် ငွေကို နီးစပ်ရာဘဏ်ကနေ ထုတ်ပြီး မြို့ပေါ်ဆိုင်တွေကနေ ဝယ်ပြီး အလှူလုပ်တာ လှည်းတွေ ကုန်တင်ကားတွေနဲ့ သူ့ရဲ့ လယ်တောအိမ်မှာ လူမပြတ်ဘူး ဖြစ်နေပါတယ်။

မိုးရာသီဝင်လာတော့ မင်သားကြီးက လယ်ထွန်စက် အမောင်း လိုက်သင်ပါတယ်။ ပြီးတော့ စပါး ပျိုးကျဲတာနဲ့ စပါး စိုက်တာကိုသင်ပြီး ကိုယ်တိုင် စပါးစိုက် နေပါတော့တယ်။ အဲ့ဒိပုံတွေကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထား ပါတယ်။

လယ်စိုက်ခင်းတွေနဲ့ ပျော်နေတဲ့ ဘောလီးဝုဒ်စတား ဆယ်လ်မန်ခန်း3

အခြေခံ လယ်စိုက်နည်းတွေကိုတော့ သူ ကောင်းကောင်း တတ်နေပြီလို့ ပုံမှာ ပုံစာ ရေးတင်ခဲ့ပါတယ်။ သူက သူ့ရဲ့ပန်ဗယ်လယ်တောအိမ်မှာ လယ်သမားလုပ်နေရတာ တော်တော် ပျော်နေပုံ ရပါတယ်။ “ လူတွေ စားဖို့ အတွက် စပါးစိုက်ရတာက တော်တော် ပျော်စရာ ကောင်းပါတယ်။

နေပူမရှောင် မိုးရွာမရှောင် လုပ်ရတာတော့ တော်တော် ပင်ပန်းပါတယ်။ အခု အသားတွေတောင် တော်တော် မဲသွားပြီ။ အခု ကျနော့်လယ်တွေ အကုန်လုံး စိုက်ပြီးသွားပါပြီ။ နားလိုက်ဦးမယ်။

လယ်စိုက်ခင်းတွေနဲ့ ပျော်နေတဲ့ ဘောလီးဝုဒ်စတား ဆယ်လ်မန်ခန်း4

ဒါပေမဲ့ နေ့တိုင်း စပါးခင်တွေ ဆီကိုတော့ ရောက်တယ်။ ကျနော်စိုက်တဲ့ စပါးပင်တွေ ကြီးလာတာကို မြင်ရတာ ကျေနပ်ရပါတယ်” လို့ သူက တွစ်တာမှာလည်း ရေးတင်ခဲ့ပါတယ်။

မောင်ယဿ, REF: Bollywood life, Photo; instargram

Zawgyi

လယ္စိုက္ခင္းေတြနဲ႕ ေပ်ာ္ေနတဲ့ ေဘာလီးဝုဒ္စတား ဆယ္လ္မန္ခန္း

ကိုဗစ္-၁၉ေၾကာင့္ အိႏၵိယ ႐ုပ္ရွင္လုပ္ငန္းတစ္ခုလုံး တစ္ခုလုံး ရပ္တန႔္သြားရာ ႐ုပ္ရွင္ေလာက သားေတြ ေတာ္ေတာ္မ်ားမ်ားက အိမ္တြင္းေအာင္းၿပီး အနားယူ ေနၾကတာ မ်ားပါတယ္။ အခ်ိဳ႕ က စာဖတ္ၾကတယ္။

အခ်ိဳ႕ကေတာ့ ေပ်ာ္ေပ်ာ္ပါးပါး နီးစပ္ရာေတြနဲ႔ ဝိုင္းဖြဲ႕ၾကတယ္။ အခ်ိဳ႕က ဂီတတူရီယာ တစ္မ်ိဳးမ်ိဳးကို သင္ယူေနၾကတယ္။ အခ်ိဳ႕ကေတာ့ ကာယေလ့က်င့္ခန္းေတြ လုပ္ၾကတယ္။

မင္းသားႀကီး ဆယ္လ္မန္ခန္းကေတာ့ အမ်ားနဲ႔မတူ ဘဲ ထူးထူး ျခားျခား လယ္စိုက္တာကို သင္ၿပီး လယ္စိုက္ ေနပါတယ္။ ကိုဗစ္-၁၉ ေရာဂါ စျဖစ္ၿပီ ဆိုကတည္းက မင္းသားႀကီးက ၿမိဳ႕ေပၚက အိမ္ကိုစြန႔္ ၿပီး သူ႔ရဲ႕ မိသားစု ေတြကိုေခၚကာ ေတာပိုင္းမွာ သူဝယ္ထားတဲ့ လယ္ေတာယာအိမ္ကိုေျပာင္းေ႐ြ႕ ေနထိုင္ခဲ့ ပါတယ္။

ေတာကိုေရာက္ၿပီး မၾကာမီမွာပဲ တစ္ေႏြလုံး တူေတြ တူမေတြနဲ႔ ေတာလည္ခရီး သြားလိုက္ ႐ြာနီးစပ္ခ်ဳပ္က အႀကီးအကဲေတြကို ေခၚယူၿပီး စားေရး ေသာက္ေရး ခက္ခဲတဲ့ မိသားစုေတြအတြက္ အလႉေတြ လုပ္လိုက္နဲ႔ အခ်ိန္ေတြကို ျဖဳန္းေနပါတယ္။

ေတာပိုင္းက အခက္အခဲျဖစ္ေနတဲ့ မိသားစုေတြ ကို စားေသာက္စရာေတြ ေဝဖို႔အတြက္ ေငြကို နီးစပ္ရာဘဏ္ကေန ထုတ္ၿပီး ၿမိဳ႕ေပၚဆိုင္ေတြကေန ဝယ္ၿပီး အလႉလုပ္တာ လွည္းေတြ ကုန္တင္ကားေတြနဲ႔ သူ႔ရဲ႕ လယ္ေတာအိမ္မွာ လူမျပတ္ဘူး ျဖစ္ေနပါတယ္။

မိုးရာသီဝင္လာေတာ့ မင္သားႀကီးက လယ္ထြန္စက္ အေမာင္း လိုက္သင္ပါတယ္။ ၿပီးေတာ့ စပါး ပ်ိဳးက်ဲတာနဲ႔ စပါး စိုက္တာကိုသင္ၿပီး ကိုယ္တိုင္ စပါးစိုက္ ေနပါေတာ့တယ္။ အဲ့ဒိပုံေတြကို သူ႔ရဲ႕ အင္စတာဂရမ္မွာ တင္ထား ပါတယ္။

အေျခခံ လယ္စိုက္နည္းေတြကိုေတာ့ သူ ေကာင္းေကာင္း တတ္ေနၿပီလို႔ ပုံမွာ ပုံစာ ေရးတင္ခဲ့ပါတယ္။ သူက သူ႔ရဲ႕ပန္ဗယ္လယ္ေတာအိမ္မွာ လယ္သမားလုပ္ေနရတာ ေတာ္ေတာ္ ေပ်ာ္ေနပုံ ရပါတယ္။ “ လူေတြ စားဖို႔ အတြက္ စပါးစိုက္ရတာက ေတာ္ေတာ္ ေပ်ာ္စရာ ေကာင္းပါတယ္။

ေနပူမေရွာင္ မိုး႐ြာမေရွာင္ လုပ္ရတာေတာ့ ေတာ္ေတာ္ ပင္ပန္းပါတယ္။ အခု အသားေတြေတာင္ ေတာ္ေတာ္ မဲသြားၿပီ။ အခု က်ေနာ့္လယ္ေတြ အကုန္လုံး စိုက္ၿပီးသြားပါၿပီ။ နားလိုက္ဦးမယ္။

ဒါေပမဲ့ ေန႔တိုင္း စပါးခင္ေတြ ဆီကိုေတာ့ ေရာက္တယ္။ က်ေနာ္စိုက္တဲ့ စပါးပင္ေတြ ႀကီးလာတာကို ျမင္ရတာ ေက်နပ္ရပါတယ္” လို႔ သူက တြစ္တာမွာလည္း ေရးတင္ခဲ့ပါတယ္။

ေမာင္ယႆ REF: Bollywood life Photo; instargram

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …