
International-news







မောင်ယဿ REF: euronews
Photo; the local france

Unicode

လယ်ယာထွက် ပစ္စည်းတွေအပေါ် အခွန်တိုးကောက်တာကို လုံးဝ ဆန့်ကျင်တယ်လို့ သမ္မတဆို

ဘရီးဇစ်ဖြစ်သွားပြီးတဲ့နောက်မှာ အင်္ဂလန်က အီးယူက ထွက်သွားလို့ အီးယူဘတ်ဂျက်မှာ လိုငွေ ဟာကွက်ကြီး တစ်ခု ဖြစ်လာပါတယ်။ အင်္ဂလန်က နှစ်စဉ် အီးယူအတွက် ယူရိုကုဋေ ၇၅၀၀ လောက် သုံးတဲ့အတွက် အဲ့ဒိလိုငွေအတွက် အီးယူရဲ့ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဂျာမဏီတို့လို နိုင်ငံတွေမှာ ဝန်ပိလာပါတယ်။

နိုင်ငံငယ်တွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ပေးရင်း ကိုယ့်နိုင်ငံ တိုးတက်အောင်လည်း လုပ်ရဦးမယ်ဆိုတော့ အီးယူက နိုင်ငံကြီးတွေမှာ တာဝန်ကြီးလာပါတယ်။ ပြင်သစ်က အီးယူမှာ လယ်ယာ ထွက်ကုန်တွေကို အဓိက ဖြန့်ဖြူးတဲ့ နိုင်ငံဖြစ်လို့ လယ်ယာထွက် ပစ္စည်းတွေအပေါ် အခွန်စည်းကျပ်မှု တိုးမြှင့်မယ်လို့ ကောလာဟလ ထွက်နေတဲ့အပေါ် ပြင်သစ်သမ္မတ မာခွန်က လုံးဝ ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံ ဘရက်ဆဲလ်မြို့တွင် အီးယူဘတ်ဂျက်ကိစ္စ ဆွေးနွေးမှုမှာ မတင်မကျ နဲ့ ပြီးသွားခဲ့ပေမဲ့ စနေနေ့ က မြို့တော်ပါရီတွင် ပြုလုပ်ခဲ့သော ပြင်သစ်နိုင်ငံရဲ့ အကျော်ကြားဆုံး လယ်ယာထွက်ကုန် ပြပွဲတွင် သူက အထက်ပါစကားကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမျိုးသား အကျိုးစီးပွားကို ကာကွယ်တဲ့သဘော သက်ရောက်နေပေမဲ့ သူ့ရဲ့ သဘောက မှန် မမှန်ကတော့ စောင့်ကြည့်ရမှာပါ။

အီးယူက အကြီးဆုံး ပြင်သစ်ရဲ့ လယ်ယာလုပ်ငန်းတွေကို သူက အကာအကွယ်ပေးတဲ့ အနေနဲ့ လယ်ယာထွက်ကုန်တွေကို အခွန်တိုးကောက်ခြင်း မလုပ်ပါဘူးလို့ ပွင့်လင်းစွာ ပြောသွားပါတယ်။ ပြင်သစ်က ဥရောပမှာ ဘုံလယ်ယာစိုက်ပျိုးရေးပေါ်လစီ (CAP) ရဲ့ အဓိကနိုင်ငံတစ်ခု ဖြစ်ပါတယ်။

ဘက်ဂျက်လိုငွေ ဖြည်ဆည်းဖို့ လယ်ယာလုပ်ငန်းတွေကနေ အခွန်မတိုးကောက်ပါဘူလို့ ဆိုပေမဲ့ ၁၉၆၂ ခုနှစ်က စတင်ကျင့်သုံးတဲ့ အဲ့ဒိဥပဒေမှာ ဘတ်ဂျက်လိုငွေကို လယ်ယာထွက်ကုန်တွေကို အခွန်စည်းကျပ်ပြီး ဖြည့်မယ်လို့ သဘောတူညီခဲ့ကြပါတယ်။ ၂၀၁၈က အခွန်စည်းကျပ်မှု တိုးမြှင့် လိုက်တဲ့အတွက် ယူရို ကုဋေ ၅၈၀၀ တိုးရခဲ့ပါတယ်။

မောင်ယဿ REF: euronews
Photo; the local france

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …